CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Tuesday, February 2, 2016
ရခုိင္တြင္ လုံၿခဳံေရးအရ ခရီးသြားမ်ားအား စစ္ေဆးမႈမ်ားျပဳလုပ္(ရခိုင်တွင် လုံခြုံရေးအရ ခရီးသွားများအား စစ်ဆေးမှုများပြုလုပ်)
ရခုိင္ျပည္နယ္တြင္ လုံၿခဳံေရးအရ တင္းက်ပ္မႈမ်ားရွိေနရာ ရန္ကုန္ - စစ္ေတြ အေဝးေျပး ကားလမ္းတစ္ေလွ်ာက္တြင္ ဇန္န၀ါရီလဆန္းပိုင္းမွ စတင္ကာ စစ္ေဆးမႈမ်ား ရွိေနေၾကာင္း သိရွိရသည္။
စစ္ေတြမွ ရန္ကုန္သုိ႔ သြားမည့္ ခရီးသည္တင္ကားမ်ားႏွင့္ ခရီးသြားမ်ားအား ရဲတပ္ဖဲြ႕ႏွင့္ လူဝင္မႈႀကီးၾကပ္ေရး၊ စစ္တပ္ပါဝင္ေသာ ပူးေပါင္းတပ္ဖဲဲြ႔မ်ားက စစ္ေဆးမႈမ်ား ျပဳလုပ္ေနျခင္းျဖစ္သည္။
“စစ္တာကေတာ့ ခရီးသည္ေတြရဲ႕မွတ္ပုံတင္ေတြ ၿပီးေတာ့ အထုပ္အပုိးေတြကုိ စစ္ေဆးတာပါ၊ လုံၿခဳံေရးအရေပါ့။ မူးယစ္ေဆးဝါးေတြ၊ ေဖာက္ခဲြေရး ပစၥည္းေတြကုိ စစ္ေဆးတာပါ” ဟု စစ္ေတြၿမိဳ႕ အေဝးေျပး ကားဂိတ္အတြင္းရွိ အေဝးေျပးကားမ်ား ခရီးသည္မ်ားအား စစ္ေေဆးေနသည့္ စစ္ေတြၿမိဳ႕ မူးယစ္တပ္ဖဲြ႔မွ အရာရွိတစ္ဦးက ေျပာသည္။
စစ္ေတြမွ ရန္ကုန္သုိ႔သြားမည့္ ကားမ်ားမွ ခရီးသည္မ်ားအား စစ္ေဆးျခင္းျဖစ္ၿပီး ဂိတ္မွ ခရီးသည္မ်ားအား ဓာတ္ပုံ႐ုိက္ထားမႈမ်ား ရွိေၾကာင္း ခရီးသည္မ်ားထံမွ သိရသည္။
“ရန္ကုန္သုိ႔ ထြက္မယ့္ ေအာင္ျပည့္စုံဂိတ္မွာ သက္ဆုိင္ရာ အဖဲြ႔အစည္းက ထင္တယ္။ အထုပ္ေတြကုိ စစ္ေဆးတယ္။ ၿပီးေတာ့ အထုပ္ေရာ လူေတြကုိတဲြၿပီး ဓာတ္ပုံ႐ုိက္တယ္။ လမ္းတစ္ေလွ်ာက္မွာေတာ့ မွတ္ပုံတင္ေတြကုိ စစ္ေဆးတယ္’’ ဟု ခရီးသြားတစ္ဦးျဖစ္သူ ကိုေဇာ္၀င္းက ေျပာသည္။
ယင္းသုိ႔ စစ္ေဆးမႈမ်ားသည္ လာမည့္ အစုိးရသစ္ လက္ထက္တြင္ ပဋိပကၡမ်ား မျဖစ္ပြားေစေရးအတြက္ လုံၿခဳံေရး စစ္ေဆးျခင္း ျဖစ္ႏုိင္ေၾကာင္း ရခုိင္ျပည္နယ္ အစုိးရအဖဲြ႔ ျပည္နယ္ဥပေဒခ်ဳပ္ ဦးလွသိန္းကေျပာသည္။
“လာမည့္အစုိးရသစ္ လဲႊေျပာင္းတဲ့အခါ တည္ၿငိမ္ ေအးခ်မ္းဖုိ႔အတြက္ ေဒသတြင္း လုံၿခဳံေရးအရ စစ္ေဆးတာလုိ႔ေတာ့ သိထားတယ္။ နယ္လုံဝန္ႀကီး ေျပာတာကေတာ့ အစုိးရသစ္ လဲႊေျပာင္းတဲ့အခါ ပဋိပကၡေတြ မျဖစ္ေစခ်င္ဘူး။ တည္တည္ၿငိမ္ၿငိမ္နဲ႔ သြားေစခ်င္တယ္။ အဲဒါေၾကာင့္ ထင္တယ္’’ ဟု ဦးလွသိန္းက ေျပာသည္။
ရခုိင္ျပည္နယ္တြင္ ရန္ကုန္ စစ္ေတြ အေဝးေျပးကားမ်ား ခရီးသည္မ်ားအား အမ္းဂိတ္ႏွင့္ အမ္းၿမိဳ႕နယ္ ၾကက္ေရဆန္းဂိတ္မ်ားတြင္ ယခင္က ပုံမွန္စစ္ေဆးမႈမ်ား ရွိခဲ့ေသာ္လည္း ယခုေနာက္ပုိင္းတြင္ စစ္ေတြၿမိဳ႕နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္ ေျမာက္ဦးၿမိဳ႕နယ္ တုိ႔တြင္ လုံၿခဳံေရးဂိတ္မ်ား တုိးခ်လာျခင္းျဖစ္သည္။
ရခုိင္ျပည္နယ္တြင္ ၂၀၁၅ ခုႏွစ္ ႏွစ္ကုန္ပုိင္းႏွင့္ ၂၀၁၆ ဇန္နဝါရီ လဆန္းပုိင္းတြင္ ရခိုင္လက္နက္ကုိင္အဖဲြ႔ AA ႏွင့္ အစုိးရတပ္ၾကား တုိက္ပဲြမ်ား ျဖစ္ပြားခဲ့သည့္ေနာက္ပုိင္း ေဒသတြင္း AA လက္နက္ကုိင္အဖဲြ႔ ႏွင့္ဆက္ႏႊယ္မႈ သံသယျဖင့္ ဖမ္းဆီးမႈမ်ားလည္း ရွိခဲ့ေၾကာင္း သိရသည္။
သတင္း - MMK
photo - httpabbsoluteright.blogspot.com
The Ladies News Journal
https://www.facebook.com/News.TheLadies
...............
ရခိုင်ပြည်နယ်တွင် လုံခြုံရေးအရ တင်းကျပ်မှုများရှိနေရာ ရန်ကုန် - စစ်တွေ အဝေးပြေး ကားလမ်းတစ်လျှောက်တွင် ဇန်နဝါရီလဆန်းပိုင်းမှ စတင်ကာ စစ်ဆေးမှုများ ရှိနေကြောင်း သိရှိရသည်။
စစ်တွေမှ ရန်ကုန်သို့ သွားမည့် ခရီးသည်တင်ကားများနှင့် ခရီးသွားများအား ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေး၊ စစ်တပ်ပါဝင်သော ပူးပေါင်းတပ်ဖဲဲွ့များက စစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။
“စစ်တာကတော့ ခရီးသည်တွေရဲ့မှတ်ပုံတင်တွေ ပြီးတော့ အထုပ်အပိုးတွေကို စစ်ဆေးတာပါ၊ လုံခြုံရေးအရပေါ့။ မူးယစ်ဆေးဝါးတွေ၊ ဖောက်ခွဲရေး ပစ္စည်းတွေကို စစ်ဆေးတာပါ” ဟု စစ်တွေမြို့ အဝေးပြေး ကားဂိတ်အတွင်းရှိ အဝေးပြေးကားများ ခရီးသည်များအား စစ်ေဆေးနေသည့် စစ်တွေမြို့ မူးယစ်တပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။
စစ်တွေမှ ရန်ကုန်သို့သွားမည့် ကားများမှ ခရီးသည်များအား စစ်ဆေးခြင်းဖြစ်ပြီး ဂိတ်မှ ခရီးသည်များအား ဓာတ်ပုံရိုက်ထားမှုများ ရှိကြောင်း ခရီးသည်များထံမှ သိရသည်။
“ရန်ကုန်သို့ ထွက်မယ့် အောင်ပြည့်စုံဂိတ်မှာ သက်ဆိုင်ရာ အဖွဲ့အစည်းက ထင်တယ်။ အထုပ်တွေကို စစ်ဆေးတယ်။ ပြီးတော့ အထုပ်ရော လူတွေကိုတွဲပြီး ဓာတ်ပုံရိုက်တယ်။ လမ်းတစ်လျှောက်မှာတော့ မှတ်ပုံတင်တွေကို စစ်ဆေးတယ်’’ ဟု ခရီးသွားတစ်ဦးဖြစ်သူ ကိုဇော်ဝင်းက ပြောသည်။
ယင်းသို့ စစ်ဆေးမှုများသည် လာမည့် အစိုးရသစ် လက်ထက်တွင် ပဋိပက္ခများ မဖြစ်ပွားစေရေးအတွက် လုံခြုံရေး စစ်ဆေးခြင်း ဖြစ်နိုင်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကပြောသည်။
“လာမည့်အစိုးရသစ် လွှဲပြောင်းတဲ့အခါ တည်ငြိမ် အေးချမ်းဖို့အတွက် ဒေသတွင်း လုံခြုံရေးအရ စစ်ဆေးတာလို့တော့ သိထားတယ်။ နယ်လုံဝန်ကြီး ပြောတာကတော့ အစိုးရသစ် လွှဲပြောင်းတဲ့အခါ ပဋိပက္ခတွေ မဖြစ်စေချင်ဘူး။ တည်တည်ငြိမ်ငြိမ်နဲ့ သွားစေချင်တယ်။ အဲဒါကြောင့် ထင်တယ်’’ ဟု ဦးလှသိန်းက ပြောသည်။
ရခိုင်ပြည်နယ်တွင် ရန်ကုန် စစ်တွေ အဝေးပြေးကားများ ခရီးသည်များအား အမ်းဂိတ်နှင့် အမ်းမြို့နယ် ကြက်ရေဆန်းဂိတ်များတွင် ယခင်က ပုံမှန်စစ်ဆေးမှုများ ရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် စစ်တွေမြို့နယ် ကျောက်တော်မြို့နယ် မြောက်ဦးမြို့နယ် တို့တွင် လုံခြုံရေးဂိတ်များ တိုးချလာခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂၀၁၆ ဇန်နဝါရီ လဆန်းပိုင်းတွင် ရခိုင်လက်နက်ကိုင်အဖွဲ့ AA နှင့် အစိုးရတပ်ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်နောက်ပိုင်း ဒေသတွင်း AA လက်နက်ကိုင်အဖွဲ့ နှင့်ဆက်နွှယ်မှု သံသယဖြင့် ဖမ်းဆီးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။
သတင်း - MMK
photo - httpabbsoluteright.blogspot.com
The Ladies News Journal
https://www.facebook.com/News.TheLadies
ရခုိင္တြင္ လုံၿခဳံေရးအရ ခရီးသြားမ်ားအား စစ္ေဆးမႈမ်ားျပဳလုပ္(ရခိုင်တွင် လုံခြုံရေးအရ ခရီးသွားများအား စစ်ဆေးမှုများပြုလုပ်)
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
February 02, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment