ေဒၚေအာင္ဆန္းစုၾကည္ (Credit: AFP) |
NLD ပါတီကလည္း ရဲေတြရဲ့ စုံစမ္းမႈကို ေစာင့္ၾကည့္ေနသလို ေဒၚေအာင္ဆန္းစုၾကည္ရဲ့ လုံၿခဳံေရးအတြက္
ျပင္ဆင္မႈေတြ လုပ္ထားတယ္လို႔ ဆိုပါတယ္။
ရဲလြင္ျမင့္ဆိုတဲ့ လူက ပုဒ္မ ၅၉ (စ) ကိုဆိုင္းငံ့ထားရင္ ေဒၚေအာင္ဆန္းစုၾကည္ကို သတ္ပစ္ဖို႔ သူ႔ကို
ေသနတ္တစ္လက္သာ ေပးၿပီး ေလ့က်င့္ဖို႔ အခ်ိန္တစ္လ ေပးမယ္ဆိုရင္ ေသေအာင္ ပစ္သတ္မယ္လို႔ ေရးထားတာ ျဖစ္ပါတယ္။
အဲဒီလို ေျပာဆိုတဲ့အေပၚ တရားစြဲေပးဖို႔ အမႈဖြင့္သူ မရွိေသးေပမယ့္ ရဲေတြက စုံစမ္း ရွာေဖြေနတာ ျဖစ္တယ္လို႔လည္း သိရပါတယ္။
စစ္တပ္အတြင္း အႏိုင္က်င့္မႈကို စုံစမ္းအေရးယူမယ္
ေနာက္ျမန္မာ သတင္းတပုဒ္မွာေတာ့ အခုတေလာ ေဖ့စ္ဘြတ္ေပၚမွာ ပ်ံ႕ႏွံ႕ေနတဲ့ ျမန္မာစစ္တပ္အတြင္းက ႀကီးႏိုင္ငယ္ညင္းတဲ့ ဗီဒီယိုနဲ႔ ပတ္သက္ၿပီး စုံစမ္း စစ္ေဆးမႈေတြ လုပ္သြားမယ္လို႔ ျမန္မာ စစ္တပ္က ေျပာလိုက္ပါတယ္။
ဗီဒီယို တစ္ခုမွာ ေတြ႔ရတာကေတာ့ တန္းစီေနတဲ့ စစ္သား တခ်ဳိ႕ကို တျခား စစ္သားေတြက ပိုသက္တမ္းရင့္တဲ့ စစ္သားေတြက ဝိုင္းၿပီး ထိုးႏွက္ ကန္ခဲ့တဲ့ ပုံကို ေတြ႔ခဲ့ရပါတယ္။
အဲဒီ ဗီဒီယိုနဲ႔ စစ္တပ္အတြင္း အႏိုင္က်င့္တဲ့အေၾကာင္းကို ႏိုင္ငံတကာ မီဒီယာကပါ ေဖာ္ျပလာၿပီးတဲ့ေနာက္ ျမန္မာ စစ္တပ္က စုံစမ္း စစ္ေဆးမႈေတြ လုပ္သြားမယ္လို႔ တုန္႔ျပန္လိုက္ပါတယ္။
ဒီလို ဆက္ဆံမႈကို လက္မခံႏိုင္တဲ့အေၾကာင္း၊ စစ္သင္တန္း တစ္ခုမွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး အေသးစိတ္ကိုေတာ့ မသိရေသးဘူးလို စစ္အရာရွိ ခင္ေမာင္ခ်ဳိက ေျပာသြားခဲ့ပါတယ္။
အဲဒီ ဗီဒီယိုအျပင္ စစ္သားတခ်ဳိ႕က စစ္သားငယ္တခ်ဳိ႕ကို ကြ်မ္းထိုးခိုင္းၿပီး အႏိုင္က်င့္ေနတဲ့ ဗီဒီယိုေတြလည္း ထြက္ေပၚလာပါတယ္။
ABC Radio Australia
http://www.radioaustralia.net.au/burmese
..........................................
ဒေါ်အောင်ဆန်းစုကြည် (Credit: AFP)
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉ (စ)ကို ဆိုင်းငံ့ထားရင် ဒေါ်အောင်ဆန်းစုကြည်ကို သေနတ်နဲ့ သေအောင် ပစ်သတ်ပေးမယ်လို့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တဲ့ ရဲလွင့်မြင့်ကို တောင်ဥက္ကလာပ ရဲတပ်ဖွဲ့က စုံစမ်းနေတယ်လို့ သိရပါတယ်။
NLD ပါတီကလည်း ရဲတွေရဲ့ စုံစမ်းမှုကို စောင့်ကြည့်နေသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် ပြင်ဆင်မှုတွေ လုပ်ထားတယ်လို့ ဆိုပါတယ်။
ရဲလွင်မြင့်ဆိုတဲ့ လူက ပုဒ်မ ၅၉ (စ) ကိုဆိုင်းငံ့ထားရင် ဒေါ်အောင်ဆန်းစုကြည်ကို သတ်ပစ်ဖို့ သူ့ကို သေနတ်တစ်လက်သာ ပေးပြီး လေ့ကျင့်ဖို့ အချိန်တစ်လ ပေးမယ်ဆိုရင် သေအောင် ပစ်သတ်မယ်လို့ ရေးထားတာ ဖြစ်ပါတယ်။
အဲဒီလို ပြောဆိုတဲ့အပေါ် တရားစွဲပေးဖို့ အမှုဖွင့်သူ မရှိသေးပေမယ့် ရဲတွေက စုံစမ်း ရှာဖွေနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
စစ်တပ်အတွင်း အနိုင်ကျင့်မှုကို စုံစမ်းအရေးယူမယ်
နောက်မြန်မာ သတင်းတပုဒ်မှာတော့ အခုတလော ဖေ့စ်ဘွတ်ပေါ်မှာ ပျံ့နှံ့နေတဲ့ မြန်မာစစ်တပ်အတွင်းက ကြီးနိုင်ငယ်ညင်းတဲ့ ဗီဒီယိုနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုတွေ လုပ်သွားမယ်လို့ မြန်မာ စစ်တပ်က ပြောလိုက်ပါတယ်။
ဗီဒီယို တစ်ခုမှာ တွေ့ရတာကတော့ တန်းစီနေတဲ့ စစ်သား တချို့ကို တခြား စစ်သားတွေက ပိုသက်တမ်းရင့်တဲ့ စစ်သားတွေက ဝိုင်းပြီး ထိုးနှက် ကန်ခဲ့တဲ့ ပုံကို တွေ့ခဲ့ရပါတယ်။
အဲဒီ ဗီဒီယိုနဲ့ စစ်တပ်အတွင်း အနိုင်ကျင့်တဲ့အကြောင်းကို နိုင်ငံတကာ မီဒီယာကပါ ဖော်ပြလာပြီးတဲ့နောက် မြန်မာ စစ်တပ်က စုံစမ်း စစ်ဆေးမှုတွေ လုပ်သွားမယ်လို့ တုန့်ပြန်လိုက်ပါတယ်။
ဒီလို ဆက်ဆံမှုကို လက်မခံနိုင်တဲ့အကြောင်း၊ စစ်သင်တန်း တစ်ခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အသေးစိတ်ကိုတော့ မသိရသေးဘူးလို စစ်အရာရှိ ခင်မောင်ချိုက ပြောသွားခဲ့ပါတယ်။
အဲဒီ ဗီဒီယိုအပြင် စစ်သားတချို့က စစ်သားငယ်တချို့ကို ကျွမ်းထိုးခိုင်းပြီး အနိုင်ကျင့်နေတဲ့ ဗီဒီယိုတွေလည်း ထွက်ပေါ်လာပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
No comments:
Post a Comment