Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 1, 2016

ေဒၚေအာင္ဆန္းစုၾကည္၏ မွ်ေ၀ျခင္း အစီအစဥ္ျဖင့္ ခ်ိဳ႕တဲ့ေက်ာင္းသား ေက်ာင္းသူမ်ားအား ကူညီမည္



အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္၏ ျပည္သူသို႔ ပန္ၾကားခ်က္ႏွင့္ မွ်ေ၀ျခင္း စီမံခ်က္အရ ေက်ာင္းသုံး ဗလာစာအုပ္၊ သင္႐ိုးညႊန္းတမ္း စာအုပ္မ်ား၊ ေက်ာင္း၀တ္စုံမ်ားကို ၿမိဳ႕နယ္ ၊ ရပ္ကြက္ ၊ ေက်းရြာအုပ္စုမ်ားရွိ လိုအပ္သည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားထံ ျပန္လည္ေ၀ငွ ကူညီမည္ျဖစ္ေၾကာင္း ေဖေဖာ္၀ါရီ ၁ ရက္တြင္ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ထုတ္ျပန္သည္။

ထုတ္ျပန္ခ်က္အရ ပိုလွ်ံလ်က္ရွိေသာ ေက်ာင္းသုံး ဗလာစာအုပ္ ၊ သင္႐ိုးညႊန္းတမ္း စာအုပ္မ်ား ၊ ေက်ာင္း၀တ္စုံမ်ားကို ၿမိဳ႕နယ္ ၊ ရပ္ကြက္ ၊ ေက်းရြာအုပ္စုမ်ားရွိ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္႐ုံးသို႔ ေပးပို႔လွဴဒါန္းျခင္း ျပဳလုပ္ႏိုင္ေၾကာင္း သိရသည္။

“အလွဴခံရမယ့္ စာရင္းကို ဗဟိုကို ပို႔ေပးရမယ္ ။ ေ၀ေပးတာက ကိုယ့္ၿမိဳ႕နယ္အတြင္း ကိုယ္ေ၀ရမွာ ။ ေဖေဖာ္၀ါရီ ၇ ရက္မွ ၁၄ ရက္အတြင္း ၿမိဳ႕နယ္မွာ ရွိတဲ့ ရပ္ကြက္၊ ေက်းရြာအလိုက္ ခ်ိဳ႕တဲ့တဲ့ ေက်ာင္းသားစာရင္း ေကာက္ရမယ္ ။ ၁၅ ရက္ကေန ၂၂ ရက္အတြင္းကို ၿမိဳ႕နယ္ကို ပို႔ေပးရမယ္ ။ ၿမိဳ႕နယ္က တစ္ဆင့္ ခ႐ိုင္တိုင္းေပါ့ ။ အဆင့္ဆင့္ ပို႕ေပးရမယ္။ ခ်ိဳ႕တဲ့ ေက်ာင္းသား၊ ေက်ာင္းသူ စာရင္းေကာက္ၿပီးတဲ့ အခါမွာ ေဖေဖာ္၀ါရီ ၁၅ ကေန မတ္လ ၃၁ ရက္အထိ တစ္လခြဲအတြင္း ကိုယ့္ ၿမိဳ႕နယ္ထဲမွာ အလွဴခံရမယ္ ။ ေက်ာင္းသုံး ပုံႏွိပ္စာအုပ္ေတြ ေနာက္တစ္ခါ လုပ္ငန္းရွင္ေတြဆီကေန ဗလာစာအုပ္ေတြ အလွဴခံရမယ္” အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္မွ တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ တစ္ဦးက The Ladies သို႕ေျပာသည္။

အလွဴခံ၍ ရရွိလာသည့္ ပစၥည္းမ်ားကို ဧၿပီ ၁ ရက္မွ ၃၁ ရက္အတြင္း လိုအပ္ေနသည့္ ေက်ာင္းသား ၊ ေက်ာင္းသူမ်ားထံ လိုက္လံေ၀ငွရမည္ျဖစ္ၿပီး ယင္းစာရင္းကို ဗဟိုသို႔ ပို႔ေပးရမည္ ျဖစ္ေၾကာင္း သိရသည္။

“အရမ္းကိုေကာင္းတဲ့ အစီအစဥ္လို႔ပဲ ဆိုခ်င္တာေပါ့ ။ တခ်ိဳ႕ပိုက္ဆံရွိ သားသမီးေတြဆိုရင္ ပုံႏွိပ္စာအုပ္ေတြက အျပင္က၀ယ္တာ တစ္မ်ိဳး၊ ေက်ာင္းက ၀ယ္တာတစ္မ်ိဳးေပါ့ ။ ပိုေနတာေတြ ရွိတက္တယ္ ။ ေက်ာင္း၀တ္စုံေတြ ဆိုလည္း ပိုက္ဆံရွိ သားသမီးေတြ အမ်ားႀကီးရွိတယ္ ။ အဲ့ဒါမွာ တကယ္တမ္း လိုအပ္ေနတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေလးေတြဆီ ေရာက္သြားမယ္ဆိုရင္ တကယ္ကို ေကာင္းတဲ့မြန္ျမတ္တဲ့ အစီအစဥ္လို႔ ကၽြန္ေတာ္က ယူဆပါတယ္” ဟု တြံေတးမဲဆႏၵနယ္ ၂ မွ တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေနႏိုင္ဦး က The Ladies သို႔ ေျပာသည္။

သတင္း - ေဇာ္မင္းထြန္း
The Ladies News Journal
https://www.facebook.com/News.TheLadies
...............................


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူသို့ ပန်ကြားချက်နှင့် မျှဝေခြင်း စီမံချက်အရ ကျောင်းသုံး ဗလာစာအုပ်၊ သင်ရိုးညွှန်းတမ်း စာအုပ်များ၊ ကျောင်းဝတ်စုံများကို မြို့နယ် ၊ ရပ်ကွက် ၊ ကျေးရွာအုပ်စုများရှိ လိုအပ်သည့် ကျောင်းသား၊ ကျောင်းသူများထံ ပြန်လည်ဝေငှ ကူညီမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁ ရက်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ ပိုလျှံလျက်ရှိသော ကျောင်းသုံး ဗလာစာအုပ် ၊ သင်ရိုးညွှန်းတမ်း စာအုပ်များ ၊ ကျောင်းဝတ်စုံများကို မြို့နယ် ၊ ရပ်ကွက် ၊ ကျေးရွာအုပ်စုများရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ ပေးပို့လှူဒါန်းခြင်း ပြုလုပ်နိုင်ကြောင်း သိရသည်။

“အလှူခံရမယ့် စာရင်းကို ဗဟိုကို ပို့ပေးရမယ် ။ ဝေပေးတာက ကိုယ့်မြို့နယ်အတွင်း ကိုယ်ဝေရမှာ ။ ဖေဖော်ဝါရီ ရ ရက်မှ ၁၄ ရက်အတွင်း မြို့နယ်မှာ ရှိတဲ့ ရပ်ကွက်၊ ကျေးရွာအလိုက် ချို့တဲ့တဲ့ ကျောင်းသားစာရင်း ကောက်ရမယ် ။ ၁၅ ရက်ကနေ ၂၂ ရက်အတွင်းကို မြို့နယ်ကို ပို့ပေးရမယ် ။ မြို့နယ်က တစ်ဆင့် ခရိုင်တိုင်းပေါ့ ။ အဆင့်ဆင့် ပို့ပေးရမယ်။ ချို့တဲ့ ကျောင်းသား၊ ကျောင်းသူ စာရင်းကောက်ပြီးတဲ့ အခါမှာ ဖေဖော်ဝါရီ ၁၅ ကနေ မတ်လ ၃၁ ရက်အထိ တစ်လခွဲအတွင်း ကိုယ့် မြို့နယ်ထဲမှာ အလှူခံရမယ် ။ ကျောင်းသုံး ပုံနှိပ်စာအုပ်တွေ နောက်တစ်ခါ လုပ်ငန်းရှင်တွေဆီကနေ ဗလာစာအုပ်တွေ အလှူခံရမယ်” အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက The Ladies သို့ပြောသည်။

အလှူခံ၍ ရရှိလာသည့် ပစ္စည်းများကို ဧပြီ ၁ ရက်မှ ၃၁ ရက်အတွင်း လိုအပ်နေသည့် ကျောင်းသား ၊ ကျောင်းသူများထံ လိုက်လံဝေငှရမည်ဖြစ်ပြီး ယင်းစာရင်းကို ဗဟိုသို့ ပို့ပေးရမည် ဖြစ်ကြောင်း သိရသည်။

“အရမ်းကိုကောင်းတဲ့ အစီအစဉ်လို့ပဲ ဆိုချင်တာပေါ့ ။ တချို့ပိုက်ဆံရှိ သားသမီးတွေဆိုရင် ပုံနှိပ်စာအုပ်တွေက အပြင်ကဝယ်တာ တစ်မျိုး၊ ကျောင်းက ၀ယ်တာတစ်မျိုးပေါ့ ။ ပိုနေတာတွေ ရှိတက်တယ် ။ ကျောင်းဝတ်စုံတွေ ဆိုလည်း ပိုက်ဆံရှိ သားသမီးတွေ အများကြီးရှိတယ် ။ အဲ့ဒါမှာ တကယ်တမ်း လိုအပ်နေတဲ့ ကျောင်းသား၊ ကျောင်းသူလေးတွေဆီ ရောက်သွားမယ်ဆိုရင် တကယ်ကို ကောင်းတဲ့မွန်မြတ်တဲ့ အစီအစဉ်လို့ ကျွန်တော်က ယူဆပါတယ်” ဟု တွံတေးမဲဆန္ဒနယ် ၂ မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေနိုင်ဦး က The Ladies သို့ ပြောသည်။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal
https://www.facebook.com/News.TheLadies

No comments:

Post a Comment