On Fri, 2016-02-05 10:35
Issue No.No.1000 Friday, February 5, 2016
(ဓာတ္ပံု − စိုင္းေဇာ္)
၅၉(စ)ဆုိင္းငံ့လုိက္ပါ က ေဒၚေအာင္ဆန္းစုၾကည္အား လုပ္ႀကံမည္ဟု ေဖ့စ္ဘြတ္ခ္တြင္ ေရးသားသူကို အေရးယူႏုိင္ရန္ ဥပေဒပညာရွင္မ်ားႏွင့္ တုိင္ပင္ ေနၿပီး ေဒၚေအာင္ဆန္းစုၾကည္ ၏ လုံၿခဳံေရးကိုလည္း အထူး သတိထားေနေၾကာင္းအမ်ဳိးသား ဒီမုိကေရစီအဖြဲ႕ခ်ဳပ္ဗဟိုအလုပ္အမႈေဆာင္ဦး၀င္းထိန္က ေျပာသည္။
ေဒၚေအာင္ဆန္းစုၾကည္ သမၼတျဖစ္ႏုိင္ရန္ လႊတ္ေတာ္ တြင္ ပုဒ္မ ၅၉(စ)ကုိ ဆုိင္းငံ့ထား မည့္ အေရးႀကီးအဆုိတင္သြင္း မည္ဟု သတင္းမ်ားထြက္ေပၚ ေနခ်ိန္၌ ရဲလြင္ျမင့္(Ye Lwin Myint)အမည္ျဖင့္ ေဖ့စ္ဘြတ္ခ္ အသုံးျပဳသူတစ္ဦးက ‘‘ဖြ မဆုိစေကာင္း ၅၉ (စ)ႀကီး ဆုိင္းငံ့လုိက္တယ္ဆုိပါစုိ႔။ AWM ဒါမွမဟုတ္ AS 50 တစ္လက္ေလာက္ရယ္ ေလ့က်င့္ခ်ိန္ တစ္လေလာက္ရယ္ပဲေပးပါ။ ေသေအာင္သတ္ေပးပါ့မယ္။(အတည္ေျပာတာပါ)’’ဟု ေရးသားခဲ့ျခင္းျဖစ္သည္။
AS 50 ႏွင့္ AWM တုိ႔မွာ လက္ေျဖာင့္ေသနတ္အမ်ဳိးအမည္မ်ားျဖစ္သည္။ Ye Lwin Myint အမည္ျဖင့္ ေဖ့စ္ဘြတ္ခ္သုံးစြဲသူက ေဖေဖာ္၀ါရီ ၃ ရက္ ည ၁၀ နာရီခန္႔တြင္ ယင္းသို႔ ေရးသားခဲ့ျခင္းျဖစ္ၿပီး အေကာင့္ပုိင္ရွင္ကို အေရးယူရန္ ဥပေဒ ပညာရွင္မ်ားႏွင့္ တုိင္ပင္ေနေၾကာင္း ဦး၀င္းထိန္ကေျပာၾကားသည္။
ဦး၀င္းထိန္က ‘‘ဥပေဒနား လည္တဲ့သူေတြနဲ႔ တုိင္ပင္ေနပါ တယ္။ အီလက္ထရြန္နစ္ဥပေဒ ေတြဘာေတြရွိတယ္ဆုိေတာ့ ဒါ ကအက်ဳံး၀င္ပါတယ္။ အက်ဳံး၀င္ တယ္ဆုိတာက မအူပင္ ကိစၥနဲ႔ ကန္ႀကီးေထာင့္က ကိစၥ၊ အဲဒါ ထက္ဆုိးတာေပါ့’’ဟု ေျပာသည္။ ထုိ႔အျပင္ေဒၚေအာင္ဆန္းစုၾကည္ ၏ လုံၿခဳံေရးအတြက္ အထူးသတိထားသြားမည္ျဖစ္ေၾကာင္း ၎ကေျပာသည္။
ေဒၚေအာင္ဆန္းစုၾကည္ကို ရည္ရြယ္ ေရးသားေသာ ၿခိမ္း ေျခာက္စာေရးသားသူကို အေရး ယူရန္ ႏုိင္ငံေရးအသုိင္းအ၀ုိင္းက ေတာင္းဆုိခဲ့ေသာ္လည္း ေဖေဖာ္ ၀ါရီ ၄ရက္ ည ၉နာရီခန္႔အထိ တ ရားလုိျပဳ တုိင္ၾကားသူ မရွိေသးေသာေၾကာင့္ အမႈမဖြင့္ရေသးေၾကာင္း ေတာင္ဥကၠလာပၿမိဳ႕နယ္ရဲစခန္းမွဴးဒုတိယရဲမွဴးျမင့္လြင္သန္းက ေျပာသည္။
တရားလႊတ္ေတာ္ေရွ႕ေနဦး ေရာဘတ္စန္းေအာင္က အဆုိပါ အမႈသည္ ရဲအေရးပုိင္အမႈျဖစ္ ေသာေၾကာင့္ ရဲတပ္ဖြဲ႕က တရား လုိျပဳလုပ္ကာ တရားခံကို စုံစမ္း ေဖာ္ထုတ္သင့္ေၾကာင္း ေျပာၾကား သည္။
‘‘ဒါက ကာယကံရွင္ဟုတ္္၊ မဟုတ္ အရင္ဆုံးစစ္ရမယ္။ တ ကယ္ဟုတ္ရင္ အစုိးရက တရား လုိလုပ္္စြဲရမယ္။ ေနျပည္ေတာ္ မႈခင္းတပ္ဖြဲ႕မွာ Cyber Crime Department ရွိတယ္ေလ။ သူတုိ႔ တာ၀န္ယူလုပ္ရမယ္။ သတင္းရ ရင္ ရခ်င္း အမႈဖြင့္ရမယ္ဆုိတာ ရဲတပ္ဖြဲ႕ဥပေဒမွာ ပါၿပီးသား။ ရဲ တာ၀န္ရဲအလုပ္လုပ္ရမယ္။ ဒါ ရဲ အေရးပုိင္တဲ့အမႈပါ’’ဟု ဦးေရာ ဘတ္စန္းေအာင္က ေျပာၾကားသည္။
ရဲလြင္ျမင့္ အေကာင့္သုံးစြဲသူသည္ ရန္ကုန္ၿမိဳ႕ ေတာင္ဥကၠလာပၿမိဳ႕နယ္တြင္ ဖြင့္လွစ္ထားေသာ Bee Wash ကားေရေဆးလုပ္ငန္း၌ ရွယ္ယာ ထည့္၀င္ထားသူတစ္ဦးျဖစ္ေၾကာင္း ေဖ့စ္ဘြတ္ခ္သုံးစြဲသူမ်ားက အခ်င္းခ်င္းမွ်ေ၀အသိေပးထားၾကသည္။
ထုိ႔ေၾကာင့္ အဆုိပါ ကား ေရေဆးလုပ္ငန္းမွ တာ၀န္ရွိသူ မ်ားက ရဲလြင္ျမင့္၏ လုပ္ရပ္မွာ လုပ္ငန္းႏွင့္ မသက္ဆုိင္ေၾကာင္း ရွင္းလင္းခဲ့သည္။
Bee Wash ကားေရးေဆး လုပ္ငန္းရွယ္ယာရွင္တစ္ဦးျဖစ္သူ ကိုလင္းထက္ရွိန္းကလည္း အ ေကာင့္ပုိင္ရွင္ ရဲလြင္ျမင့္၏ လုပ္ ရပ္သည္ က်န္ရွယ္ယာရွင္မ်ားႏွင့္မသက္ဆုိင္ေၾကာင္း အေလးအနက္ေျပာသည္။ ရဲလြင္ျမင့္ကို ၎တို႔လည္းဆက္သြယ္၍ မရေတာ့ ေၾကာင္းေျပာၾကားသည္။
ရဲလြင္ျမင့္ အေကာင့္ပုိင္ရွင္၏ ဖုန္းနံပါတ္ႏွစ္ခုကို ၎ႏွင့္ သိကၽြမ္းသူ အခ်ဳိ႕က လူမႈကြန္ရက္တြင္ တင္ခဲ့ၿပီး ယင္းဖုန္းနံပါတ္မ်ားသို႔ ဆက္သြယ္ေသာ္လည္း စက္ပိတ္ထားသည္။
လက္ရွိအခ်ိန္သည္အစုိးရ အကူးအေျပာင္းကာလ ျဖစ္ေန ေသာေၾကာင့္ ႏုိင္ငံေရးမတည္ၿငိမ္ ေအာင္ဖန္တီးသူမ်ား၏ အႏၲရာယ္ အျပင္ ေဒၚေအာင္ဆန္းစုၾကည္၏ လုံၿခဳံေရးအထူးသတိထားရန္လုိ အပ္ေနၿပီး ရဲတပ္ဖြဲ႕က အထူးတာ ၀န္ယူေပးရန္လုိအပ္ေၾကာင္း ဦး ေရာဘတ္စန္းေအာင္က တုိက္ တြန္းသည္။
‘‘အာဏာ အလႊဲအေျပာင္း ကာလ ျဖစ္တဲ့အတြက္ ဆုိေတာ့ အာဏာ လက္မလႊတ္ခ်င္တဲ့သူ ေတြရဲ႕ အႏၲရာယ္ကိုလည္းသတိ ထားရမယ္။ ေဒၚေအာင္ဆန္းစုၾကည္က သာမန္ပုဂၢဳိလ္ မဟုတ္ ဘူး။ ဗုိလ္ခ်ဳပ္မွဴးႀကီးေဟာင္းသန္း ေရႊကုိယ္တုိင္အသိအမွတ္ျပဳထား တဲ့ တုိင္းျပည္ေခါင္းေဆာင္သစ္။ အဲဒီေတာ့ ျပည္ထဲေရး၀န္ႀကီးဌာန က တာ၀န္ရွိတယ္။ ဒါကအေရး ႀကီးတဲ့ကိစၥ၊ ဟုတ္မွန္ရင္ ေပါ့လုိ႔ မရဘူး’’ ဟု ၎က ဆက္လက္ေျပာသည္။
ရဲလြင္ျမင့္ကို အေရးယူေပးရန္ ႏုိင္ငံေရးပါတီအသုိင္းအ၀ုိင္းႏွင့္ ျပည္သူလူထုက လူမႈကြန္ရက္မွ တစ္ဆင့္ ေတာင္းဆုိေနၾကသည္။ ရန္ကုန္တုိင္းေဒသႀကီး လႊတ္ေတာ္ကုိယ္စားလွယ္ဦးေန ဘုန္းလတ္ကလည္း‘‘ေဖေဖာ္၀ါရီ ၄ ရက္က ယူနီေဖာင္းအေရာင္ကို ေဒၚ ေအာင္ဆန္းစုၾကည္ရဲ႕ ထဘီအေရာင္နဲ႔ တူတယ္လုိ႔ ႏႈိင္းေရးၿပီး လူမႈကြန္ရက္ကို တင္ခဲ့တဲ့ ခ်စ္သမီးကို ေထာင္ဒဏ္ ၆ လခ်ပါတယ္။ တပ္ခ်ဳပ္ပုံကိုေျခေထာက္နဲ႔ နင္းထားတဲ့ ဓာတ္ပုံကို ‘‘ဒီပုံကို Share ရင္ ေထာင္က်တတ္တယ္။ မShare ပါနဲ႔’’ဆုိတဲ့ စာသားနဲ႔တင္ မိတဲ့ ကုိပက္ထရစ္ခြန္ဂ်ာလီကို လည္း ေထာင္ ၆ လခ်ၿပီးပါၿပီ။ အ ခုေဒၚေအာင္ဆန္းစုၾကည္ကို ေသ နတ္နဲ႔ပစ္သတ္လုပ္ႀကံေပးမယ္ လုိ႔ အဓိပၸာယ္ရတဲ့ စာသားေတြသူ႔ ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ တင္လာတဲ့ ရဲလြင္ျမင့္(Ye Lwin Myint)အမည္ရ အေကာင့္ပုိင္ရွင္ ကို ျမန္မာႏုိင္ငံရဲ႕ တရားစီရင္ေရး မ႑ဳိင္က ဘယ္လိုစီရင္ဆုံးျဖတ္ မလဲဆုိတာ ေစာင့္ၾကည့္ရပါမယ္’’ ဟု ၎၏ေဖ့စ္ဘြတ္ခ္တြင္ ေရး သားခဲ့သည္။
လက္ရွိ အခ်ိန္တြင္ ေဒၚ ေအာင္ဆန္းစုၾကည္ အပါအ၀င္ လႊတ္ေတာ္ကုိယ္စားလွယ္မ်ားလုံ ၿခဳံေရးကို
သတင္းရဲတပ္ဖြဲ႕၀င္မ်ား ကသာတာ၀န္ယူထားၿပီး သမၼတ ႏွင့္ ဒုသမၼတ နာမည္စာရင္းမ်ား ထြက္ၿပီးမွသာ အထူးလုံၿခံဳေရးစ တင္ယူမည္ျဖစ္ေၾကာင္းလက္ရွိ ႏုိင္ငံေတာ္ သမၼတ၏ လုံၿခဳံေရး ေဆာင္ရြက္ေနေသာ အထူးတာ ၀န္ရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ဦးက ေျပာသည္။
7Daydaily
................................
၅၉(စ)ဆိုင်းငံ့လျှင် ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံမည်ဟု ဖေ့စ်ဘွတ်ခ်တွင် ခြိမ်းခြောက်သူကို အရေးယူနိုင်ရန် ပြင်ဆင်
Byအောင်သစ်လွင်
On Fri, 2016-02-05 10:35
Issue No.No.1000 Friday, February 5, 2016
(ဓာတ်ပုံ − စိုင်းဇော်)
၅၉(စ)ဆိုင်းငံ့လိုက်ပါ က ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံမည်ဟု ဖေ့စ်ဘွတ်ခ်တွင် ရေးသားသူကို အရေးယူနိုင်ရန် ဥပဒေပညာရှင်များနှင့် တိုင်ပင် နေပြီး ဒေါ်အောင်ဆန်းစုကြည် ၏ လုံခြုံရေးကိုလည်း အထူး သတိထားနေကြောင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်ဦးဝင်းထိန်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ရန် လွှတ်တော် တွင် ပုဒ်မ ၅၉(စ)ကို ဆိုင်းငံ့ထား မည့် အရေးကြီးအဆိုတင်သွင်း မည်ဟု သတင်းများထွက်ပေါ် နေချိန်၌ ရဲလွင်မြင့်(Ye Lwin Myint)အမည်ဖြင့် ဖေ့စ်ဘွတ်ခ် အသုံးပြုသူတစ်ဦးက ‘‘ဖွ မဆိုစကောင်း ၅၉ (စ)ကြီး ဆိုင်းငံ့လိုက်တယ်ဆိုပါစို့။ AWM ဒါမှမဟုတ် AS 50 တစ်လက်လောက်ရယ် လေ့ကျင့်ချိန် တစ်လလောက်ရယ်ပဲပေးပါ။ သေအောင်သတ်ပေးပါ့မယ်။(အတည်ပြောတာပါ)’’ဟု ရေးသားခဲ့ခြင်းဖြစ်သည်။
AS 50 နှင့် AWM တို့မှာ လက်ဖြောင့်သေနတ်အမျိုးအမည်များဖြစ်သည်။ Ye Lwin Myint အမည်ဖြင့် ဖေ့စ်ဘွတ်ခ်သုံးစွဲသူက ဖေဖော်ဝါရီ ၃ ရက် ည ၁၀ နာရီခန့်တွင် ယင်းသို့ ရေးသားခဲ့ခြင်းဖြစ်ပြီး အကောင့်ပိုင်ရှင်ကို အရေးယူရန် ဥပဒေ ပညာရှင်များနှင့် တိုင်ပင်နေကြောင်း ဦးဝင်းထိန်ကပြောကြားသည်။
ဦးဝင်းထိန်က ‘‘ဥပဒေနား လည်တဲ့သူတွေနဲ့ တိုင်ပင်နေပါ တယ်။ အီလက်ထရွန်နစ်ဥပဒေ တွေဘာတွေရှိတယ်ဆိုတော့ ဒါ ကအကျုံးဝင်ပါတယ်။ အကျုံးဝင် တယ်ဆိုတာက မအူပင် ကိစ္စနဲ့ ကန်ကြီးထောင့်က ကိစ္စ၊ အဲဒါ ထက်ဆိုးတာပေါ့’’ဟု ပြောသည်။ ထို့အပြင်ဒေါ်အောင်ဆန်းစုကြည် ၏ လုံခြုံရေးအတွက် အထူးသတိထားသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ် ရေးသားသော ခြိမ်း ခြောက်စာရေးသားသူကို အရေး ယူရန် နိုင်ငံရေးအသိုင်းအဝိုင်းက တောင်းဆိုခဲ့သော်လည်း ဖေဖော် ၀ါရီ ၄ရက် ည ၉နာရီခန့်အထိ တ ရားလိုပြု တိုင်ကြားသူ မရှိသေးသောကြောင့် အမှုမဖွင့်ရသေးကြောင်း တောင်ဥက္ကလာပမြို့နယ်ရဲစခန်းမှူးဒုတိယရဲမှူးမြင့်လွင်သန်းက ပြောသည်။
တရားလွှတ်တော်ရှေ့နေဦး ရောဘတ်စန်းအောင်က အဆိုပါ အမှုသည် ရဲအရေးပိုင်အမှုဖြစ် သောကြောင့် ရဲတပ်ဖွဲ့က တရား လိုပြုလုပ်ကာ တရားခံကို စုံစမ်း ဖော်ထုတ်သင့်ကြောင်း ပြောကြား သည်။
‘‘ဒါက ကာယကံရှင်ဟုတ််၊ မဟုတ် အရင်ဆုံးစစ်ရမယ်။ တ ကယ်ဟုတ်ရင် အစိုးရက တရား လိုလုပ််စွဲရမယ်။ နေပြည်တော် မှုခင်းတပ်ဖွဲ့မှာ Cyber Crime Department ရှိတယ်လေ။ သူတို့ တာဝန်ယူလုပ်ရမယ်။ သတင်းရ ရင် ရချင်း အမှုဖွင့်ရမယ်ဆိုတာ ရဲတပ်ဖွဲ့ဥပဒေမှာ ပါပြီးသား။ ရဲ တာဝန်ရဲအလုပ်လုပ်ရမယ်။ ဒါ ရဲ အရေးပိုင်တဲ့အမှုပါ’’ဟု ဦးရော ဘတ်စန်းအောင်က ပြောကြားသည်။
ရဲလွင်မြင့် အကောင့်သုံးစွဲသူသည် ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်တွင် ဖွင့်လှစ်ထားသော Bee Wash ကားရေဆေးလုပ်ငန်း၌ ရှယ်ယာ ထည့်ဝင်ထားသူတစ်ဦးဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်သုံးစွဲသူများက အချင်းချင်းမျှဝေအသိပေးထားကြသည်။
ထို့ကြောင့် အဆိုပါ ကား ရေဆေးလုပ်ငန်းမှ တာဝန်ရှိသူ များက ရဲလွင်မြင့်၏ လုပ်ရပ်မှာ လုပ်ငန်းနှင့် မသက်ဆိုင်ကြောင်း ရှင်းလင်းခဲ့သည်။
Bee Wash ကားရေးဆေး လုပ်ငန်းရှယ်ယာရှင်တစ်ဦးဖြစ်သူ ကိုလင်းထက်ရှိန်းကလည်း အ ကောင့်ပိုင်ရှင် ရဲလွင်မြင့်၏ လုပ် ရပ်သည် ကျန်ရှယ်ယာရှင်များနှင့်မသက်ဆိုင်ကြောင်း အလေးအနက်ပြောသည်။ ရဲလွင်မြင့်ကို ၎င်းတို့လည်းဆက်သွယ်၍ မရတော့ ကြောင်းပြောကြားသည်။
ရဲလွင်မြင့် အကောင့်ပိုင်ရှင်၏ ဖုန်းနံပါတ်နှစ်ခုကို ၎င်းနှင့် သိကျွမ်းသူ အချို့က လူမှုကွန်ရက်တွင် တင်ခဲ့ပြီး ယင်းဖုန်းနံပါတ်များသို့ ဆက်သွယ်သော်လည်း စက်ပိတ်ထားသည်။
လက်ရှိအချိန်သည်အစိုးရ အကူးအပြောင်းကာလ ဖြစ်နေ သောကြောင့် နိုင်ငံရေးမတည်ငြိမ် အောင်ဖန်တီးသူများ၏ အန္တရာယ် အပြင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအထူးသတိထားရန်လို အပ်နေပြီး ရဲတပ်ဖွဲ့က အထူးတာ ၀န်ယူပေးရန်လိုအပ်ကြောင်း ဦး ရောဘတ်စန်းအောင်က တိုက် တွန်းသည်။
‘‘အာဏာ အလွှဲအပြောင်း ကာလ ဖြစ်တဲ့အတွက် ဆိုတော့ အာဏာ လက်မလွှတ်ချင်တဲ့သူ တွေရဲ့ အန္တရာယ်ကိုလည်းသတိ ထားရမယ်။ ဒေါ်အောင်ဆန်းစုကြည်က သာမန်ပုဂ္ဂိုလ် မဟုတ် ဘူး။ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်း ရွှေကိုယ်တိုင်အသိအမှတ်ပြုထား တဲ့ တိုင်းပြည်ခေါင်းဆောင်သစ်။ အဲဒီတော့ ပြည်ထဲရေးဝန်ကြီးဌာန က တာဝန်ရှိတယ်။ ဒါကအရေး ကြီးတဲ့ကိစ္စ၊ ဟုတ်မှန်ရင် ပေါ့လို့ မရဘူး’’ ဟု ၎င်းက ဆက်လက်ပြောသည်။
ရဲလွင်မြင့်ကို အရေးယူပေးရန် နိုင်ငံရေးပါတီအသိုင်းအဝိုင်းနှင့် ပြည်သူလူထုက လူမှုကွန်ရက်မှ တစ်ဆင့် တောင်းဆိုနေကြသည်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးနေ ဘုန်းလတ်ကလည်း‘‘ဖေဖော်ဝါရီ ၄ ရက်က ယူနီဖောင်းအရောင်ကို ဒေါ် အောင်ဆန်းစုကြည်ရဲ့ ထဘီအရောင်နဲ့ တူတယ်လို့ နှိုင်းရေးပြီး လူမှုကွန်ရက်ကို တင်ခဲ့တဲ့ ချစ်သမီးကို ထောင်ဒဏ် ၆ လချပါတယ်။ တပ်ချုပ်ပုံကိုခြေထောက်နဲ့ နင်းထားတဲ့ ဓာတ်ပုံကို ‘‘ဒီပုံကို Share ရင် ထောင်ကျတတ်တယ်။ မShare ပါနဲ့’’ဆိုတဲ့ စာသားနဲ့တင် မိတဲ့ ကိုပက်ထရစ်ခွန်ဂျာလီကို လည်း ထောင် ၆ လချပြီးပါပြီ။ အ ခုဒေါ်အောင်ဆန်းစုကြည်ကို သေ နတ်နဲ့ပစ်သတ်လုပ်ကြံပေးမယ် လို့ အဓိပ္ပာယ်ရတဲ့ စာသားတွေသူ့ ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာတဲ့ ရဲလွင်မြင့်(Ye Lwin Myint)အမည်ရ အကောင့်ပိုင်ရှင် ကို မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး မဏ္ဍိုင်က ဘယ်လိုစီရင်ဆုံးဖြတ် မလဲဆိုတာ စောင့်ကြည့်ရပါမယ်’’ ဟု ၎င်း၏ဖေ့စ်ဘွတ်ခ်တွင် ရေး သားခဲ့သည်။
လက်ရှိ အချိန်တွင် ဒေါ် အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များလုံ ခြုံရေးကို
သတင်းရဲတပ်ဖွဲ့ဝင်များ ကသာတာဝန်ယူထားပြီး သမ္မတ နှင့် ဒုသမ္မတ နာမည်စာရင်းများ ထွက်ပြီးမှသာ အထူးလုံခြုံရေးစ တင်ယူမည်ဖြစ်ကြောင်းလက်ရှိ နိုင်ငံတော် သမ္မတ၏ လုံခြုံရေး ဆောင်ရွက်နေသော အထူးတာ ၀န်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
7Daydaily
No comments:
Post a Comment