ရန္ကုန္တုိင္းေဒသႀကီး စက္မႈဇုန္တစ္ခုက အလုပ္သမားတခ်ဳိ႔ကို ေတြ႔ရစဥ္။ Photo: RFA |
ဒီကိစၥနဲ႔ပတ္သက္ၿပီး အလုပ္သမား၊ အလုပ္ရွင္နဲ႔ အလုပ္သမားဝန္ႀကီးဌာန သံုးပြင္႔ဆိုင္ေဆြးေႏြးပြဲကို ဇန္န၀ါရီလ ၃၁-ရက္ေန႔က စက္မႈကုန္သည္ႀကီးမ်ား အသင္းခ်ဳပ္မွာက်င္းပရာမွာ အလုပ္သမားမ်ားကိုခန္႔ထားတဲ့ အခါမွာ ခ်ဳပ္ဆိုရမယ့္ စာခ်ဳပ္အပါအခ်က္အလက္မ်ား အပါအဝင္ ျပင္ဆင္သင္႔တာေတြကို အလုပ္သမား နဲ႔ အလုပ္ရွင္ဘက္က တင္ျပၾကရာ အလုပ္သမားဝန္ႀကီးဌာနက ျပင္ဆင္ဖို႔မရွိဘူးလို႔ ျငင္းဆိုလိုက္ပါတယ္။ အစည္းအေဝးကို တက္ေရာက္သူ စက္မႈကုန္သည္ ႀကီးမ်ား အသင္းခ်ဳပ္က တြဲဘက္အတြင္းေရးမွဴး ဦးေအးလြင္က ေျပာပါတယ္။
"အလုပ္သမားဥပေဒေတြ၊ ခံစားခြင့္ဆိုင္ရာဥပေဒေတြ ၊ နည္းဥပေဒေတြ စတင္ေရးဆြဲထဲက အလုပ္သမားနဲ႔ အလုပ္ရွင္မ်ားနဲ႔ ပါဝင္တဲ့အဖြဲ႔ေတြနဲ႔ နည္းဥပေဒၾကမ္း ကို ျပင္ဆင္ဖို႔အၾကံေပးတယ္၊ ထြက္လာတဲ့ ဥပေဒေတြ၊ နည္းဥပေဒေတြက က်ေနာ္တို႔ အလုပ္ရွင္ေတြေရာ၊ အလုပ္သမားေတြေရာ၊ တင္ျပေတာင္းဆိုတဲ့ အခ်က္ အလက္ေတြ ပါမလာဘူး၊ ေနာက္တစ္ခါ အလုပ္ရွင္၊ အလုပ္သမား စာခ်ဳပ္ကိုလည္း ႀကိဳတင္ျပင္ဆင္ၿပီးေတာ့ မထုတ္ျပန္ခင္မွာ တင္ျပတဲ့အခါမွာလည္း သူရဲ႕ နည္းဥပေဒေတြ အားနည္းေနတဲ့အတြက္ အျငင္းပြားဖြယ္ရာေတြကိုတင္ျပခဲ့တယ္၊ စာခ်ဳပ္ထြက္လာေတာ့လည္း ပါမလာဘူး၊ အလုပ္သမားဝန္ႀကီးဌာနဖက္က သူတို႔အေနနဲ႔ သူတို႔ရဲ႕သေဘာထားကိုပဲ အဓိကဦးစားေပးေရးတဲ့ စာခ်ဳပ္ျဖစ္တယ္၊ အဲ့စာခ်ဳပ္က စာမ်က္ႏွာ ၁၇ မ်က္ႏွာရွိတယ္"
ဝန္ႀကီးဌာနက ျပင္ဆင္ဖို႔ ျငင္းဆိုေပမယ့္ အစည္းအေ၀းမွာ စာမ်က္ႏွာ ၁၇-မ်က္ႏွာရွိေနတဲ႔ အလုပ္သမားမ်ားကို ခန္႔ထားရာမွာ ခ်ဳပ္ဆိုရမဲ႔စာခ်ဳပ္ထဲက ေဖါင္းပြေန တဲ႔ စာသားမ်ား တူညီခ်က္မ်ား စတာေတြကို ေပါင္းစုၿပီး စာမ်က္ႏွာ ငါးမ်က္ႏွာရွိစာခ်ဳပ္ကို ျပင္ဆင္ဖို႔ အလုပ္ရွင္အလုပ္သမား အဖြဲ႔ေတြက ဆက္လက္တင္ျပခဲ႔ ပါတယ္။ ဒါေပမဲ႔ အလုပ္သမား ၀န္ႀကီးဌာနက ျပင္ဆင္ခြင္႔မျပဳဘူးလို႔ သိရပါတယ္။
ဒီအစည္းအေ၀းကို ရန္ကုန္ၿမိဳ႕UMFCCI စက္မႈကုန္သည္ႀကီးမ်ား အသင္းခ်ဳပ္မွာ က်င္းပတာျဖစ္ၿပီး အလုပ္သမား၀န္ႀကီးဌာနက ဒုတိယ၀န္ႀကီး အပါအ၀င္ ဝန္ႀကီး ဌာနက ညႊန္ခ်ဳပ္နဲ႔ ညႊန္ၾကားေရးမွဴးမ်ား၊ အလုပ္သမားသမဂၢအသီးအသီးက ဥကၠဌ အတြင္းေရးမွဴးမ်ား၊ လုပ္ငန္းရွင္မ်ား ကိုယ္စလွယ္မ်ား အျပင္ILO ဌာေန ကိုယ္စားလွယ္နဲ႔ UMFCCI ဥကၠဌနဲ႔ အတြင္းေရးမွဴးအဖြဲ႔ တက္ေရာက္တာျဖစ္ပါတယ္။
RFA Burmese
http://www.rfa.org/burmese
...................
ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်တစ်ခုက အလုပ်သမားတချို့ကို တွေ့ရစဉ်။ Photo: RFA
အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အလုပ်သမားများနဲ့ ပတ်သက်တဲ့ ဥပဒေများ နည်းဥပဒေများထဲက အငြင်းပွားဖွယ်ရာတွေကို ပြင်ဆင်ပေးဖို့ သုံးပွင့်ဆိုင်အစည်းအဝေးမှာ တင်ပြရာမှာ အလုပ်သမားဝန်ကြီးဌာန က ပြင်ဆင်ပေးဖို့ မရှိကြောင်း တုန့်ပြန်လိုက်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အလုပ်သမား၊ အလုပ်ရှင်နဲ့ အလုပ်သမားဝန်ကြီးဌာန သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို ဇန်နဝါရီလ ၃၁-ရက်နေ့က စက်မှုကုန်သည်ကြီးများ အသင်းချုပ်မှာကျင်းပရာမှာ အလုပ်သမားများကိုခန့်ထားတဲ့ အခါမှာ ချုပ်ဆိုရမယ့် စာချုပ်အပါအချက်အလက်များ အပါအဝင် ပြင်ဆင်သင့်တာတွေကို အလုပ်သမား နဲ့ အလုပ်ရှင်ဘက်က တင်ပြကြရာ အလုပ်သမားဝန်ကြီးဌာနက ပြင်ဆင်ဖို့မရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။ အစည်းအဝေးကို တက်ရောက်သူ စက်မှုကုန်သည် ကြီးများ အသင်းချုပ်က တွဲဘက်အတွင်းရေးမှူး ဦးအေးလွင်က ပြောပါတယ်။
"အလုပ်သမားဥပဒေတွေ၊ ခံစားခွင့်ဆိုင်ရာဥပဒေတွေ ၊ နည်းဥပဒေတွေ စတင်ရေးဆွဲထဲက အလုပ်သမားနဲ့ အလုပ်ရှင်များနဲ့ ပါဝင်တဲ့အဖွဲ့တွေနဲ့ နည်းဥပဒေကြမ်း ကို ပြင်ဆင်ဖို့အကြံပေးတယ်၊ ထွက်လာတဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေက ကျနော်တို့ အလုပ်ရှင်တွေရော၊ အလုပ်သမားတွေရော၊ တင်ပြတောင်းဆိုတဲ့ အချက် အလက်တွေ ပါမလာဘူး၊ နောက်တစ်ခါ အလုပ်ရှင်၊ အလုပ်သမား စာချုပ်ကိုလည်း ကြိုတင်ပြင်ဆင်ပြီးတော့ မထုတ်ပြန်ခင်မှာ တင်ပြတဲ့အခါမှာလည်း သူရဲ့ နည်းဥပဒေတွေ အားနည်းနေတဲ့အတွက် အငြင်းပွားဖွယ်ရာတွေကိုတင်ပြခဲ့တယ်၊ စာချုပ်ထွက်လာတော့လည်း ပါမလာဘူး၊ အလုပ်သမားဝန်ကြီးဌာနဖက်က သူတို့အနေနဲ့ သူတို့ရဲ့သဘောထားကိုပဲ အဓိကဦးစားပေးရေးတဲ့ စာချုပ်ဖြစ်တယ်၊ အဲ့စာချုပ်က စာမျက်နှာ ၁၇ မျက်နှာရှိတယ်"
ဝန်ကြီးဌာနက ပြင်ဆင်ဖို့ ငြင်းဆိုပေမယ့် အစည်းအဝေးမှာ စာမျက်နှာ ၁၇-မျက်နှာရှိနေတဲ့ အလုပ်သမားများကို ခန့်ထားရာမှာ ချုပ်ဆိုရမဲ့စာချုပ်ထဲက ဖေါင်းပွနေ တဲ့ စာသားများ တူညီချက်များ စတာတွေကို ပေါင်းစုပြီး စာမျက်နှာ ငါးမျက်နှာရှိစာချုပ်ကို ပြင်ဆင်ဖို့ အလုပ်ရှင်အလုပ်သမား အဖွဲ့တွေက ဆက်လက်တင်ပြခဲ့ ပါတယ်။ ဒါပေမဲ့ အလုပ်သမား ၀န်ကြီးဌာနက ပြင်ဆင်ခွင့်မပြုဘူးလို့ သိရပါတယ်။
ဒီအစည်းအဝေးကို ရန်ကုန်မြို့UMFCCI စက်မှုကုန်သည်ကြီးများ အသင်းချုပ်မှာ ကျင်းပတာဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာနက ဒုတိယဝန်ကြီး အပါအဝင် ဝန်ကြီး ဌာနက ညွှန်ချုပ်နဲ့ ညွှန်ကြားရေးမှူးများ၊ အလုပ်သမားသမဂ္ဂအသီးအသီးက ဥက္ကဌ အတွင်းရေးမှူးများ၊ လုပ်ငန်းရှင်များ ကိုယ်စလှယ်များ အပြင်ILO ဌာနေ ကိုယ်စားလှယ်နဲ့ UMFCCI ဥက္ကဌနဲ့ အတွင်းရေးမှူးအဖွဲ့ တက်ရောက်တာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
No comments:
Post a Comment