ရခိုင္ စစ္ေဘးဒုကၡသည္ေတြအတြက္ ျပည္နယ္အစိုးရက လံုးခ်င္းေနအိမ္ေတြေဆာက္လုပ္ေပးေနစဥ္ Photo: Min Thein Aung/ RFA |
1 February 2016
ၿပီးခဲ့တဲ့ ႏွစ္ရက္ေလာက္ကစတင္ကာ ဒုကၡသည္ေတြဆႏၵရွိတဲ့ ေက်းရြာေတြမွာ ေနရာခ်ထားေပးေနတာလို႔ က်ီရာျပင္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးတင္ေအးေမာင္ က ေျပာပါတယ္။
"သူတို႔ေနခ်င္တဲ့ေနရာမွာပဲ ရခိုင္ျပည္နယ္အစိုးရအဖြဲ႔ကေနၿပီးေတာ့ အိမ္ေတြေဆာက္ေပးပါတယ္၊ သူတို႔ဇာတိျဖစ္တဲ့ ရြာမျပင္ေနရာမွာပဲခင္ဗ်၊ ေတာင္ဦးဇာတိ ကိုေတာ့ ေတာင္ဦးေက်းရြာမွာပဲ ေျမကြက္ေတြဝယ္ၿပီးေတာ့ ေဆာက္ လုပ္ေပးပါတယ္ခင္ဗ်ာ"
က်ီရာျပင္ေက်းရြာမွာရွိတဲ့ စစ္ေဘးဒုကၡသည္ အိမ္ေထာင္စု ၂၄ စု အနက္ ၁၂ စု ကို ေျမာက္ဦးၿမိဳ႕နယ္ ေတာင္ဦး၊ ငစြယ္ကန္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္ ရြာမျပင္၊ ပုဏၰားကြ်န္းၿမိဳ႕နယ္ သရက္ခ်ိဳ စတဲ့ ေက်းရြာေတြမွာ ေနရာခ်ထားေပး တာျဖစ္ၿပီး က်န္တဲ့အိမ္ေထာင္စုေတြကေတာ့ က်ီရာျပင္ေက်းရြာမွာပဲ ေနရာခ်ထားေပးတယ္လို႔ ေျပာပါတယ္။ ဒါ့အျပင္ ေစတီေတာင္ေက်းရြာမွာရွိတဲ့ အိမ္ေထာင္စု ၁၆ စု ကိုလည္း ေစတီေတာင္ေက်းရြာအျပင္ သူတို႔ ေဆြမ်ိဳးေတြရွိတဲ့ အျခားေက်းရြာေတြမွာ ေနရာခ်ထားေပးသလို ေက်ာက္ေတာ္ၿမိဳ႕နယ္ ရြာမျပင္ ေက်းရြာ မွာရွိေနတဲ့ အိမ္ေထာင္စု ၁၈ စုကိုလည္း ရြာမျပင္ေက်းရြာမွာပဲ မေန႔က အၿပီးေနရာခ်ထား ေပးခဲ့တယ္လို႔လည္း သိရပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလကုန္ပိုင္းက ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ အစိုးရတပ္မေတာ္နဲ႔ ရကၡိဳင့္တပ္မေတာ္ တို႔ ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေတြေၾကာင့္ ဘာအီ၊ သံတံတား စတဲ့ ေက်းရြာေတြက ေဒသခံ ၂၀၀ ေက်ာ္ဟာ ေျမာက္ဦး ၿမိဳ႕နယ္ က်ီရာျပင္၊ ေစတီေတာင္နဲ႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ ရြာမျပင္ေက်းရြာေတြကို ထြက္ေျပး ခိုလံႈခဲ့ၾကရတာပါ။
ဒုကၡသည္ေတြက သူတို႔ရဲ႕ မူလေနရာကိုျပန္လိုၾကေပမယ့္ နယ္ေျမတည္ၿငိမ္မႈ မရွိတာေၾကာင့္ အစိုးရက သြားခြင့္မျပဳဘဲ နီးစပ္ရာေက်းရြာေတြမွာ အခုလိုေနရာခ် ထားေပးတာလို႔ သိရပါတယ္။
RFA Burmese
http://www.rfa.org/burmese
.........................................................
ရခိုင် စစ်ဘေးဒုက္ခသည်တွေ အတွက် ပြည်နယ်အစိုးရ နေ အိမ်တွေဆောက်
1 February 2016
ရခိုင် စစ်ဘေးဒုက္ခသည်တွေအတွက် ပြည်နယ်အစိုးရက လုံးချင်းနေအိမ်တွေဆောက်လုပ်ပေးနေစဉ် Photo: Min Thein Aung/ RFA
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျီရာပြင်ကျေးရွာနဲ့ စေတီတောင်ကျေးရွာမှာရှိနေတဲ့ စစ်ဘေးဒုက္ခသည် တွေကို နီးစပ်ရာကျေးရွာတွေမှာ ပြည်နယ်အစိုးရက လုံးချင်း နေအိမ်တွေဆောက်လုပ်ပြီး နေရာချထားပေးနေပါတယ်။
ပြီးခဲ့တဲ့ နှစ်ရက်လောက်ကစတင်ကာ ဒုက္ခသည်တွေဆန္ဒရှိတဲ့ ကျေးရွာတွေမှာ နေရာချထားပေးနေတာလို့ ကျီရာပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်အေးမောင် က ပြောပါတယ်။
"သူတို့နေချင်တဲ့နေရာမှာပဲ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကနေပြီးတော့ အိမ်တွေဆောက်ပေးပါတယ်၊ သူတို့ဇာတိဖြစ်တဲ့ ရွာမပြင်နေရာမှာပဲခင်ဗျ၊ တောင်ဦးဇာတိ ကိုတော့ တောင်ဦးကျေးရွာမှာပဲ မြေကွက်တွေဝယ်ပြီးတော့ ဆောက် လုပ်ပေးပါတယ်ခင်ဗျာ"
ကျီရာပြင်ကျေးရွာမှာရှိတဲ့ စစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၂၄ စု အနက် ၁၂ စု ကို မြောက်ဦးမြို့နယ် တောင်ဦး၊ ငစွယ်ကန်၊ ကျောက်တော်မြို့နယ် ရွာမပြင်၊ ပုဏ္ဏားကျွန်းမြို့နယ် သရက်ချို စတဲ့ ကျေးရွာတွေမှာ နေရာချထားပေး တာဖြစ်ပြီး ကျန်တဲ့အိမ်ထောင်စုတွေကတော့ ကျီရာပြင်ကျေးရွာမှာပဲ နေရာချထားပေးတယ်လို့ ပြောပါတယ်။ ဒါ့အပြင် စေတီတောင်ကျေးရွာမှာရှိတဲ့ အိမ်ထောင်စု ၁၆ စု ကိုလည်း စေတီတောင်ကျေးရွာအပြင် သူတို့ ဆွေမျိုးတွေရှိတဲ့ အခြားကျေးရွာတွေမှာ နေရာချထားပေးသလို ကျောက်တော်မြို့နယ် ရွာမပြင် ကျေးရွာ မှာရှိနေတဲ့ အိမ်ထောင်စု ၁၈ စုကိုလည်း ရွာမပြင်ကျေးရွာမှာပဲ မနေ့က အပြီးနေရာချထား ပေးခဲ့တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်ပိုင်းက ကျောက်တော်မြို့နယ်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဘာအီ၊ သံတံတား စတဲ့ ကျေးရွာတွေက ဒေသခံ ၂၀၀ ကျော်ဟာ မြောက်ဦး မြို့နယ် ကျီရာပြင်၊ စေတီတောင်နဲ့ ကျောက်တော်မြို့နယ် ရွာမပြင်ကျေးရွာတွေကို ထွက်ပြေး ခိုလှုံခဲ့ကြရတာပါ။
ဒုက္ခသည်တွေက သူတို့ရဲ့ မူလနေရာကိုပြန်လိုကြပေမယ့် နယ်မြေတည်ငြိမ်မှု မရှိတာကြောင့် အစိုးရက သွားခွင့်မပြုဘဲ နီးစပ်ရာကျေးရွာတွေမှာ အခုလိုနေရာချ ထားပေးတာလို့ သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
No comments:
Post a Comment