Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 2, 2016

၂၈ ႏွစ္အတြင္းမွာ ပထမဆုံးအၾကိမ္ ကေလးတစ္ေယာက္ဖြားျမင္ခဲ့တဲ့ အီတလီျမိဳ႔ေလး


အီတလီႏိုင္ငံ၊ အေနာက္ေျမာက္ပုိင္း Piedmont ေဒသက၊ Ostana ဆုိတဲ့ျမိဳ႔ေလးမွာ ၂၈ ႏွစ္အတြင္း ပထမဆုံးအၾကိမ္ ကေလးတစ္ေယာက္ဖြားျမင္ခဲ့ပါတယ္။

Ostana ျမိဳ႔ေတာ္၀န္က Pablo လုိ႔အမည္ေပးထားတဲ့ အခုကေလးေလးေမြးဖြားမွဳ ဟာ ျမိဳ႔သူျမိဳ႔သားေတြအတြက္ေတာ့ အိပ္မက္ေတြအမွန္တကယ္ ျဖစ္လာသလုိပဲလုိ႔ ေျပာၾကားခဲ့ပါတယ္။

Ostana ျမိဳ႔ေလးဟာ လြန္ခဲ့တဲ့ ႏွစ္ ၁၀၀ အတြင္းမွာ လူဦးေရသိသိသာသာက်ဆင္းလာခဲ့ျပီး၊ ယခု ေမြးကင္းစ ကေလးအပါအ၀င္မွ လူဦးေရ ၈၅ ေယာက္သာ ရွိေနပါတယ္။ ဒီ ၈၅ ေယာက္ထဲကမွ လူတစ္၀က္ေလာက္ဟာ ေမြးကတည္းက ဒီျမိဳ႔မွာၾကီးျပင္းခဲ့သူေတြပါ။

၂၀ ရာစုအေစာပုိင္းမွာ Ostana ျမိဳ႔ေလးမွာ လူေပါင္း ၁၀၀၀ ၀န္းက်င္ေလာက္ေနထုိင္ခဲ့ၾကေပမယ့္၊ ဒုတိယကမၻာစစ္ျဖစ္ပြားျပီးေနာက္ပုိင္းမွာ ကေလးေမြးဖြားမွဳႏွဳန္းဟာ တျဖည္းျဖည္း က်ဆင္းလာခဲ့တာ ျဖစ္တယ္လုိ႔ ျမိဳ႔ေတာ္၀န္ Giacomo Lombardo က ေျပာျပပါတယ္။၏

“ ၁၉၇၅ ခုႏွစ္ကစျပီး ကေလးေမြးဖြားမွဳႏွဳန္းသိသိသာသာက်ခဲ့တယ္ဗ်။ ၁၉၇၆ ခုႏွစ္နဲ႔ ၈၇ ခုႏွစ္ၾကားမွာ ကေလး ၁၇ ေယာက္ပဲဖြားျမင္ခဲ့ၾကတယ္။ ၈၇ ခုႏွစ္မွာ ေနာက္ဆုံးကေလးတစ္ေယာက္ဖြားျမင္ခဲ့ျပီး၊ ဘယ္သူမွ ကေလးမေမြးၾကေတာ့တာ အခု Pablo ေလးအထိပဲ”

ယခုအခါ Ostana ျမိဳ႔ေလးဟာ လူေတြအေျခခ်ေနထိုင္ဖုိ႔အတြက္ အလုပ္အကုိင္အသစ္ေတြဖန္တီးေပးလ်က္ ရွိျပီး၊ ေနာက္ထပ္ဆြဲေဆာင္မွဳအေနနဲ႔ စီးပြားေရးလုပ္ငန္းေတြကို အခြန္မေကာက္တာမ်ိဳး၊ စတဲ့ အစီအစဥ္ေတြ လည္း ေဖာ္ေဆာင္ေပးထားတယ္လုိ႔သိရပါတယ္။

Pablo ေလးေမြးဖြားမွဳကို တစ္ျမိဳ႔လုံးက ပါတီေပးကာၾကိဳဆုိခဲ့ၾကျပီး၊ ျမိဳ႔၀င္ေပါက္မွာလည္း ငွက္က်ားရုပ္တု စုိက္ထူကာ ဂုဏ္ျပဳခဲ့ၾကပါတယ္။

( Ye Wint )

#သစ္ထူးလြင္(ဗဟုသုတ)
#knowledge.thithtoolwin.com

Ref: Metro

.........................................

၂၈ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ကလေးတစ်ယောက်ဖွားမြင်ခဲ့တဲ့ အီတလီမြို့လေး

အီတလီနိုင်ငံ၊ အနောက်မြောက်ပိုင်း Piedmont ဒေသက၊ Ostana ဆိုတဲ့မြို့လေးမှာ ၂၈ နှစ်အတွင်း ပထမဆုံးအကြိမ် ကလေးတစ်ယောက်ဖွားမြင်ခဲ့ပါတယ်။

Ostana မြို့တော်ဝန်က Pablo လို့အမည်ပေးထားတဲ့ အခုကလေးလေးမွေးဖွားမှု ဟာ မြို့သူမြို့သားတွေအတွက်တော့ အိပ်မက်တွေအမှန်တကယ် ဖြစ်လာသလိုပဲလို့ ပြောကြားခဲ့ပါတယ်။

Ostana မြို့လေးဟာ လွန်ခဲ့တဲ့ နှစ် ၁၀၀ အတွင်းမှာ လူဦးရေသိသိသာသာကျဆင်းလာခဲ့ပြီး၊ ယခု မွေးကင်းစ ကလေးအပါအဝင်မှ လူဦးရေ ၈၅ ယောက်သာ ရှိနေပါတယ်။ ဒီ ၈၅ ယောက်ထဲကမှ လူတစ်ဝက်လောက်ဟာ မွေးကတည်းက ဒီမြို့မှာကြီးပြင်းခဲ့သူတွေပါ။

၂၀ ရာစုအစောပိုင်းမှာ Ostana မြို့လေးမှာ လူပေါင်း ၁၀၀၀ ၀န်းကျင်လောက်နေထိုင်ခဲ့ကြပေမယ့်၊ ဒုတိယကမ္ဘာစစ်ဖြစ်ပွားပြီးနောက်ပိုင်းမှာ ကလေးမွေးဖွားမှုနှုန်းဟာ တဖြည်းဖြည်း ကျဆင်းလာခဲ့တာ ဖြစ်တယ်လို့ မြို့တော်ဝန် Giacomo Lombardo က ပြောပြပါတယ်။၏

“ ၁၉၇၅ ခုနှစ်ကစပြီး ကလေးမွေးဖွားမှုနှုန်းသိသိသာသာကျခဲ့တယ်ဗျ။ ၁၉၇၆ ခုနှစ်နဲ့ ၈၇ ခုနှစ်ကြားမှာ ကလေး ၁၇ ယောက်ပဲဖွားမြင်ခဲ့ကြတယ်။ ၈၇ ခုနှစ်မှာ နောက်ဆုံးကလေးတစ်ယောက်ဖွားမြင်ခဲ့ပြီး၊ ဘယ်သူမှ ကလေးမမွေးကြတော့တာ အခု Pablo လေးအထိပဲ”

ယခုအခါ Ostana မြို့လေးဟာ လူတွေအခြေချနေထိုင်ဖို့အတွက် အလုပ်အကိုင်အသစ်တွေဖန်တီးပေးလျက် ရှိပြီး၊ နောက်ထပ်ဆွဲဆောင်မှုအနေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အခွန်မကောက်တာမျိုး၊ စတဲ့ အစီအစဉ်တွေ လည်း ဖော်ဆောင်ပေးထားတယ်လို့သိရပါတယ်။

Pablo လေးမွေးဖွားမှုကို တစ်မြို့လုံးက ပါတီပေးကာကြိုဆိုခဲ့ကြပြီး၊ မြို့ဝင်ပေါက်မှာလည်း ငှက်ကျားရုပ်တု စိုက်ထူကာ ဂုဏ်ပြုခဲ့ကြပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ဗဟုသုတ)
#knowledge.thithtoolwin.com

Ref: Metro

No comments:

Post a Comment