Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 1, 2016

သံတမန္ေတြက လႊတ္ေတာ္နဲ႔ အစိုးရကို ကူညီသြားမွာျဖစ္ေၾကာင္းေျပာ


ျပည္သူ႔လႊတ္ေတာ္ က်င္းပတာကို တက္ေရာက္ ေလ့လာခဲ့တဲ့ ဥေရာပသမဂၢ သံအမတ္ Dr. Roland Kobia က ဒီကေန႔ဟာ ျမန္မာနုိင္ငံအတြက္ အေရးႀကီးတဲ့ေန႔ျဖစ္ေၾကာင္းနဲ႔ ဥေရာပသမဂၢ အဖဲြ႔ဝင္နုိင္ငံေတြအေနနဲ႔ လႊတ္ေတာ္ခ်င္း ပူးေပါင္းေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း ေျပာလိုက္ပါတယ္။

ျမန္မာနုိင္ငံဆုိင္ရာ ဥေရာပသမဂၢ သံအမတ္ Mr. Kobia က ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးအၿပီးမွာ သတင္းမီဒီယာေတြကို ေျပာလိုက္တာျဖစ္ပါတယ္။

"ဒီကေန႔ဟာ ျမန္မာနုိင္ငံအတြက္ အေရးႀကီးတဲ့ေန႔ျဖစ္ပါတယ္။ နွစ္ေပါင္းမ်ားစြာၾကာၿပီးမွ ပထမဆုံုးအႀကိမ္ ဒီမိုကေရစီစနစ္အရ ေရြးခ်ယ္တင္ေျမွာက္လိုက္တဲ့ ပါလီမန္လည္း ျဖစ္ပါတယ္၊ ဥေရာပသမဂၢအေနနဲ႔ ေထာက္ခံတယ္ဆိုတာကို ျပသလိုတဲ့အတြက္ ဒီမွာေရာက္ရိွလာျခင္း ျဖစ္ပါတယ္၊ အခုက်င္းပေနတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ဥေရာပသမဂၢ လႊတ္ေတာ္ကိုယ္စားလွယ္ေတြအၾကား ေဆြးေႏြးပဲြေတြျဖစ္လာဖို႔ စီစဥ္သြားမွာ ျဖစ္ပါတယ္၊ ဒီျမန္မာျပည္က လႊတ္ေတာ္ကလည္း တက္ၾကြလႈပ္ရွားတဲ့ လႊတ္ေတာ္ ျဖစ္ေစခ်င္ပါတယ္"လို႔ ေျပာသြားတာ ျဖစ္ပါတယ္။

အလားတူ တက္ေရာက္ေလ့လာခဲ့တဲ့ ျမန္မာနုိင္ငံဆုိင္ရာ ၿဗိတိန္သံအမတ္ Andrew Patrick က ၿဗိတိန္နုိင္ငံဟာ အရင္လႊတ္ေတာ္ကတည္းက ကူညီေဆာင္ရြက္ေပးေနတာေတြ ရိွခဲ့ၿပီး အခုလႊတ္ေတာ္အသစ္မွာလည္း လႊတ္ေတာ္ဆိုင္ရာ သုေတသနဌာန ၊ လႊတ္ေတာ္ စာၾကည့္တိုက္အျပင္ အစိုးရသစ္ ဝန္ႀကီးဌာနေတြကိုလည္း ကူညီသြားမယ္လို႔ ေျပာပါတယ္။

ျမန္မာနုိင္ငံဆုိင္ရာ အေမရိကန္သံရံုးကလည္း ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးက်င္းပတဲ့အေပၚ ဝမ္းေျမာက္ဂုဏ္ယူေၾကာင္းနဲ႔ ျပဳျပင္ေျပာင္းလဲေရးကို ေရွ႕ဆက္တိုးကာ ေဖၚေဆာင္နုိင္ပါေစေၾကာင္း ဆုေတာင္းေပးလိုက္ပါတယ္။

ဒီကေန႔ ပထမဆံုးအႀကိမ္ က်င္းပတဲ့ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးကို လႊတ္ေတာ္ကိုယ္စားလွယ္ ၄ဝဝ ေက်ာ္အျပင္ ေလ့လာသူ ၂ဝဝ ေက်ာ္ေလာက္ တက္ေရာက္တယ္လို႔ ခန္႔မွန္းၾကပါတယ္။

RFA Burmese
https://www.facebook.com/RFA-Burmese
................


ပြည်သူ့လွှတ်တော် ကျင်းပတာကို တက်ရောက် လေ့လာခဲ့တဲ့ ဥရောပသမဂ္ဂ သံအမတ် Dr. Roland Kobia က ဒီကနေ့ဟာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့နေ့ဖြစ်ကြောင်းနဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ် Mr. Kobia က ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးမှာ သတင်းမီဒီယာတွေကို ပြောလိုက်တာဖြစ်ပါတယ်။

"ဒီကနေ့ဟာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့နေ့ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာကြာပြီးမှ ပထမဆုုံးအကြိမ် ဒီမိုကရေစီစနစ်အရ ရွေးချယ်တင်မြှောက်လိုက်တဲ့ ပါလီမန်လည်း ဖြစ်ပါတယ်၊ ဥရောပသမဂ္ဂအနေနဲ့ ထောက်ခံတယ်ဆိုတာကို ပြသလိုတဲ့အတွက် ဒီမှာရောက်ရှိလာခြင်း ဖြစ်ပါတယ်၊ အခုကျင်းပနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဥရောပသမဂ္ဂ လွှတ်တော်ကိုယ်စားလှယ်တွေအကြား ဆွေးနွေးပွဲတွေဖြစ်လာဖို့ စီစဉ်သွားမှာ ဖြစ်ပါတယ်၊ ဒီမြန်မာပြည်က လွှတ်တော်ကလည်း တက်ကြွလှုပ်ရှားတဲ့ လွှတ်တော် ဖြစ်စေချင်ပါတယ်"လို့ ပြောသွားတာ ဖြစ်ပါတယ်။

အလားတူ တက်ရောက်လေ့လာခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ် Andrew Patrick က ဗြိတိန်နိုင်ငံဟာ အရင်လွှတ်တော်ကတည်းက ကူညီဆောင်ရွက်ပေးနေတာတွေ ရှိခဲ့ပြီး အခုလွှတ်တော်အသစ်မှာလည်း လွှတ်တော်ဆိုင်ရာ သုတေသနဌာန ၊ လွှတ်တော် စာကြည့်တိုက်အပြင် အစိုးရသစ် ဝန်ကြီးဌာနတွေကိုလည်း ကူညီသွားမယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပတဲ့အပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်းနဲ့ ပြုပြင်ပြောင်းလဲရေးကို ရှေ့ဆက်တိုးကာ ဖေါ်ဆောင်နိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။

ဒီကနေ့ ပထမဆုံးအကြိမ် ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို လွှတ်တော်ကိုယ်စားလှယ် ၄ဝဝ ကျော်အပြင် လေ့လာသူ ၂ဝဝ ကျော်လောက် တက်ရောက်တယ်လို့ ခန့်မှန်းကြပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese

No comments:

Post a Comment