CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Monday, February 1, 2016
ႏုိင္ငံသစ္ကုိ တည္ေဆာက္ျခင္း (ေဒါက္တာခင္ေမာင္ညိဳ )
ႏုိင္ငံသစ္ကုိ တည္ေဆာက္ျခင္း
|| ေဒါက္တာခင္ေမာင္ညိဳ ||
သယံဇာတက်ိန္စာ ( Resource Curse ) နဲ႔ ပတ္သက္ၿပီး ကုိဘသစ္ကုိ ကၽြန္ေတာ္ ေမးျမန္းဖူးသည္။
“သယံဇာတေတြကုိ လုိခ်င္တဲ့ သူေတြက အဲဒီ သယံဇာတရွိတဲ့ ႏုိင္ငံေတြကုိ ကၽြန္ျပဳရာကစၿပီး ဒီစကား ေပၚခဲ့တယ္” ဟု သူ ေျပာခဲ့သည္။
“ဥပမာဗ်ာ၊ ျမန္မာျပည္မွာ ကၽြန္းသစ္ေတြရွိလုိ႔ အဂၤလိပ္ေတြက ျမန္မာကုိ ကုိလုိနီျပဳတယ္ ဆုိတာမ်ဳိးကုိ သယံဇာတ က်ိန္စာလုိ႔ ေခၚတာေပါ့။ ဒုတိယ ကမၻာစစ္အတြင္းမွာ ဂ်ပန္ဟာ အေမရိကန္ကုိ စစ္ေၾကညာၿပီး ပုလဲဆိပ္ကမ္းကုိ တုိက္တယ္ "
“အခ်ဳိ႕က စစ္မေၾကညာဘဲ အလစ္၀င္တုိက္တယ္ ေျပာတယ္”
“ဂ်ပန္ေတြကေတာ့ သူတုိ႔ ေၾကးနန္း ပုိ႔ပါတယ္။ တနဂၤေႏြေန႔ ျဖစ္ေနလုိ႔ အေမရိကန္ေတြ မဖတ္မိတာလုိ႔ ေျပာတာပဲ။ ဒါကုိ ခဏထားပါ။ အဂၤလိပ္၊ ျပင္သစ္၊ အေမရိကန္ တုိ႔ဟာ မဟာမိတ္ဖြဲ႕တယ္။ အဲဒီအခ်ိန္မွာ ဂ်ပန္ဟာ အေရွ႕ေတာင္အာရွကုိ သိမ္းတယ္။ သူတုိ႔ဟာ ထုိင္းကုိ မသိမ္းဘဲ ျမန္မာျပည္ကုိ ေက်ာ္၀င္လာတယ္။ ဘာေၾကာင့္လဲ ဆုိေတာ့ ျမန္မာျပည္မွာ ေရနံထြက္တာကုိး။ အဲဒါေၾကာင့္ ျမန္မာဟာ စစ္ေျမျပင္ႀကီး ျဖစ္ခဲ့ရတယ္”
“Resource Curse လုိ႔ ေျပာတာေပါ့ ဟုတ္လား”
“ဟုတ္ပါတယ္။ ဒါကုိ သဘာ၀က်ိန္စာလုိ႔ ဆုိတာပါပဲ”
( ၂ )
ကုိဘသစ္စကားကုိ ကၽြန္ေတာ္ ေထာက္ခံပါသည္။ " ဒါေပမဲ့ သယံဇာတ ဆုိတာ ႏုိင္ငံ တစ္ႏုိင္ငံရဲ႕ အခြင့္အေရးပဲ မဟုတ္လား။ ဒါေတြကုိ ပုိင္ဆုိင္ၿပီး ႏုိင္ငံေတာ္ကုိ တုိးတက္ေအာင္ လုပ္လုိ႔ မရဘူးလား " ။ ဒီေမးခြန္းကုိ ကုိဘသစ္က ေမးခဲ့ပါသည္။
“သယံဇာတရွိတာနဲ႔ သယံဇာတ က်ိန္စာသင့္ၿပီး ႏုိင္ငံဟာ ဆင္းရဲရတာပဲလား”
“ႏုိင္ငံတုိင္းေတာ့ မဟုတ္ပါဘူး။ ကၽြန္ေတာ္ ႏိႈင္းယွဥ္ၿပီး ေျပာရရင္ေတာ့ ေနာ္ေ၀နဲ႔ ႏုိင္ဂ်ီးရီးယားတုိ႔ပါပဲ။ ေနာ္ေ၀ေရာ၊ ႏုိင္ဂ်ီးရီးယားေရာဟာ သဘာ၀ဓာတ္ေငြ႕ေတြ အေတာ္ေလးကုိ ထြက္တဲ့ ႏုိင္ငံေတြ ျဖစ္တယ္။ ဒါကုိ ျပည္ပ ေရာင္းစားရင္း ခ်မ္းသာလာၾကတာေပါ့။ ေနာ္ေ၀ဟာ စီမံကိန္းခ်ၿပီး စနစ္တက် စီမံခန္႔ခြဲတယ္။ ဒါေၾကာင့္ ေနာက္ အႏွစ္ ၅၀ ေလာက္အထိ ေနာ္ေ၀ ျပည္သူျပည္သားေတြ စား၀တ္ေနေရး ပူစရာမရွိဘူး၊ ေလာေလာဆယ္လည္း အလုပ္သမား အခြင့္အေရးေတြကုိ သတ္သတ္မွတ္မွတ္ ေပးတယ္။ ေနာ္ေ၀ဟာ ဖြံ႕ၿဖဳိးၿပီး နုိင္ငံစာရင္းထဲ ပါေနပါၿပီ။ ဒါေပမဲ့ ႏုိင္ဂ်ီးရီးယား ျပည္သူေတြကေတာ့ ဒုကၡေတြ ေရာက္ေနတယ္။ ျပည္တြင္းစစ္ေတြ ျဖစ္ေနတယ္။ လူေတြ ဆင္းရဲေနၾကတယ္။ ဒါကုိ ခင္ဗ်ား ဘယ္လုိေျပာမလဲ”
“ေအးဗ်ာ၊ စီမံခန္႔ခြဲမႈ မတတ္ရင္ေတာ့ ျပသ၁နာ တက္တာပါပဲ”
“ဟုတ္ပါတယ္။ လစ္ဗ်ားမွာ တစ္ေန႔ကုိ ေရနံက ၀င္ေငြေဒၚလာ သန္း ႏွစ္ရာရွိတယ္။ ေခါင္းေဆာင္လုပ္တဲ့ ကဒါဖီဟာ ဒီေငြေတြကုိ ႏုိင္ငံေတာ္ ဖြံ႕ၿဖဳိးေရးအတြက္ မသံုးဘူး။ လက္၀ါးႀကီး အုပ္ထားတယ္။ ျပည္သူေတြ ဆင္းရဲမြဲေတလာတယ္။ ဒီေတာ့ ေတာ္လွန္ေရး တစ္ရပ္ျဖစ္လာၿပီး ကဒါဖီလည္း အသတ္ခံရေတာ့တယ္”
( ၃ )
ကုိဘသစ္ကုိ “သယံဇာတ မရွိဘဲ ခ်မ္းသာတဲ့ ႏုိင္ငံရွိလား” ဆုိေတာ့ သူက စင္ကာပူကုိ လက္ညွိဳးထုိးျပသည္။
“စင္ကာပူက အေနအထား ေကာင္းတယ္။ မဟာဗ်ဴဟာက်တဲ့ ေနရာမွာ ေရာက္ေနတယ္။ သူ႕ရဲ႕ စီမံခန္႔ခြဲမႈဟာ ေကာင္းတယ္။ သူ႕ကုိ ယံုၾကည္ၾကတယ္။ ရင္းႏွီးျမွဳပ္ႏွံမႈေတြ အမ်ားႀကီး ၀င္လာတယ္။ ဒါေတြ ၿခဳံေျပာရင္ စင္ကာပူခ်မ္းသာတာ ပညာေၾကာင့္လုိ႔ ေျပာၾကတယ္”
“ပညာေၾကာင့္ ဟုတ္လား”
“ဟုတ္တယ္။ စီမံခန္႔ခြဲေရး ပညာ ၊ အုပ္ခ်ဳပ္ေရး ပညာေတြမွာ သူတုိ႔ ေတာ္ၾကတယ္။ လူေတြ အလုပ္ လုပ္ခ်င္လာေအာင္ ေဆာင္ရြက္ႏုိင္တဲ့ ႏုိင္ငံေပါ့။ ဆုေပး၊ ဒဏ္ေပးတဲ့ စနစ္မ်ဳိးကုိ အေတာ္ေလး က်င့္သံုးတယ္။ ပညာတတ္ေတြ ျဖစ္ေလေတာ့ အဲဒီစနစ္ကုိ က်င့္သံုးတာ ထိေရာက္မႈရွိတယ္”
“ဒီမုိကေရစီ မဆန္ဘူးလုိ႔ ေျပာတယ္ မဟုတ္လား”
“ဟုတ္ပါတယ္။ လီကြမ္ယူးက အေနာက္တုိင္း ဒီမုိကေရစီအတုိင္း အေရွ႕တုိင္းမွာ မက်င့္သံုးႏုိင္ဘူးလုိ႔ ဆုိတယ္။ ၿပီးေတာ့ ႏုိင္ငံေလးက ငယ္ငယ္ေလးဆုိေတာ့ အတုိက္အခံ ပါတီကုိလည္း ေနရာေပးတယ္”
“PR စနစ္လား ကုိဘသစ္”
“သေဘာထားခ်င္း ဆင္ပါတယ္။ ပါလီမန္ (လႊတ္ေတာ္)မွာ အတုိက္အခံေတြကုိ ေျပာဆုိခြင့္ေတြ ေပးထားတယ္။ ဒါေပမဲ့ ဆႏၵျပတာေတြ ၊ ဆူပူတာေတြကုိေတာ့ သတိထားတယ္။ သူတုိ႔ဟာ ျမန္မာျပည္က နမူနာကုိလည္း ယူတယ္”
“ဘယ္လုိမ်ဳိးလဲ”
“ဗုိလ္ခ်ဳပ္ေအာင္ဆန္းဟာ အင္မတန္ေတာ္တဲ့ ေခါင္းေဆာင္လုိ႔ သူတုိ႔ နားလည္တယ္။ အဂၤလိပ္နဲ႔ ဆက္ဆံတာေရာ၊ တုိင္းရင္းသားေတြနဲ႔ ဆက္ဆံတာေရာ၊ လြတ္လပ္ေရး ရၿပီးတဲ့ေနာက္ လုပ္ရမယ့္ အႀကံအစည္ေတြ ခ်မွတ္တာ အင္မတန္ ေတာ္တယ္။ ဒါေပမဲ့ ဗုိလ္ခ်ဳပ္ေအာင္ဆန္း သတိမျပဳမိတာက သူ႕ကုိ မႀကဳိက္တဲ့ လူေတြရွိလာႏုိင္တာကုိပဲ။ ဒီအတြက္ ဗုိလ္ခ်ဳပ္ေအာင္ဆန္းဟာ ထိေရာက္တဲ့ အကာအကြယ္ကုိ မယူခဲ့ဘူး။ သူ က်ဆံုးသြားတယ္။ သူက်ဆံုးသြားတဲ့အတြက္ တုိင္းျပည္ နစ္နာမႈေတြ အမ်ားႀကီးျဖစ္တယ္။ ဒါကုိၾကည့္ၿပီး လီကြမ္ယူးက စင္ကာပူ ေခါင္းေဆာင္မ်ား အကာအကြယ္ အျပည့္ယူၿပီး လံုၿခဳံေရးအတြက္ အစီအမံေတြ ေသေသခ်ာခ်ာ ခ်ထားတာ ျဖစ္တယ္”
“ဟုတ္ပါတယ္ ။ ဗုိလ္ခ်ဳပ္ က်ဆံုးသြားတာ ကၽြန္ေတာ္တုိ႔ ႏုိင္ငံအတြက္ ေရႊေတာင္ႀကီး ၿပဳိသြားသလုိပါပဲ။ ခုထက္ထိ ျပည္တြင္းစစ္လည္း မၿပီးေသးဘူး။ ျပည္သူေတြလည္း ဆင္းရဲတြင္း နက္ေနတယ္။ ၿပီးေတာ့ ကမၻာ႔ အဆင္းရဲဆံုး ႏုိင္ငံမ်ား စာရင္းမွာ ပါ၀င္ေနေသးတယ္။ အေတာ္ဆုိးတာ”
“အာဏာရွင္ ႏွိပ္စက္တယ္လုိ႔ ေျပာႏုိင္ပါတယ္။ ဒါေပမဲ့ ဒီလုိ ျဖစ္တာဟာ ဗုိလ္ခ်ဳပ္ေအာင္ဆန္း မရွိတဲ့အတြက္ အဓိကက်တဲ့ အျဖစ္အပ်က္လုိ႔ ဆုိရမယ္။ ေနာက္တစ္ခုက ပညာေရးကုိလည္း အဖ်က္အဆီး ခံလုိက္ရတယ္”
“တကယ္ေတာ့ ကၽြန္ေတာ္တုိ႔ဟာ စိတ္ဓာတ္ပါ အဖ်က္ဆီး ခံလုိက္ရတာပါ။ ျပည္သူေတြမွာ ေငြလည္းမရွိ၊ စိတ္ဓာတ္လည္း ပ်က္နဲ႔ Fail State တစ္ခု ျဖစ္ခဲ့တာ ႏွေျမာစရာ ေကာင္းလွပါတယ္”
“အာဏာရွင္ေတြနဲ႔ အေပါင္းအပါေတြဟာ သူတုိ႔ကိုယ္ သူတုိ႔ တတ္တယ္၊ သိတယ္ ထင္ၿပီး အမိန္႔ေတြေပး၊ ဥပေဒေတြ ျပဳနဲ႔ အဖတ္ဆယ္လုိ႔ မရေအာင္ ပ်က္စီးတာပါပဲ။ ႏုိင္ငံတကာ အမီလုိက္ဖုိ႔ အမ်ားႀကီး ႀကဳိးစားၾကရမယ္။ ေနာက္တက္လာမယ့္ အစုိးရ ဘယ္က စကုိင္ရမယ္ဆုိတာကုိ မသိေတာ့ပါဘူး”
“ေဒၚေအာင္ဆန္းစုၾကည္က ၿငိမ္းခ်မ္းေရးကုိ စလုပ္မယ္လုိ႔ ဆုိတယ္”
“လြတ္လပ္ေရး ရၿပီး ကတည္းက မရခဲ့တဲ့ ၿငိမ္းခ်မ္းေရးလည္း လုပ္ရတာ လြယ္ပါ့မလား”
“အစုိးရ မဟုတ္တဲ့ လက္နက္ကုိင္ အဖြဲ႕အစည္းေတြက ၊ ေမွာင္ခုိ အခြန္ေတြ အမ်ားႀကီး ရေနတယ္။ ပုိ႔ကုန္သြင္းကုန္၊ ေက်ာက္စိမ္း၊ ဘိန္း စတဲ့ အခြန္ေတြရတဲ့ ေနရာေတြကုိ သူတုိ႔ရထားတယ္။ အစုိးရကလည္း ျပည္တြင္းက လက္၀ါးႀကီးအုပ္ ခ်မ္းသာေအာင္ ႀကဳိးစားၿပီး အစြမ္းကုန္ ခ်မ္းသာေနၾကတယ္။ ဒါေတြကုိ ေပ်ာက္ေအာင္လုပ္ဖုိ႔ အေတာ္ေလး ညိွႏိႈင္းရမယ္”
“သစ္ေတာေတြလည္း ေျပာင္ၿပီ၊ ေသနတ္ေတြကလည္း အသံေတြ ထြက္ေနတယ္။ ဒီအတြက္ ၿငိမ္းခ်မ္းေရး ခ်ဳိးျဖဴေလးမွာ နားခုိစရာ ေနရာမရွိဘူး”
“ႀကဳိးစားၾကရမွာေပါ့။ တစ္ေယာက္ကုိ တစ္ေယာက္ ေလးစားတဲ့ ႏုိင္ငံေတာ္ႀကီး တည္ေဆာက္မွသာ ကမၻာကလည္း ေလးစားလာမွာပါ”
“ေကာင္းဗ်ာ”
ေဒါက္တာခင္ေမာင္ညိဳ
The Ladies News Journal
..............
နိုင်ငံသစ်ကို တည်ဆောက်ခြင်း
|| ဒေါက်တာခင်မောင်ညို ||
သယံဇာတကျိန်စာ ( Resource Curse ) နဲ့ ပတ်သက်ပြီး ကိုဘသစ်ကို ကျွန်တော် မေးမြန်းဖူးသည်။
“သယံဇာတတွေကို လိုချင်တဲ့ သူတွေက အဲဒီ သယံဇာတရှိတဲ့ နိုင်ငံတွေကို ကျွန်ပြုရာကစပြီး ဒီစကား ပေါ်ခဲ့တယ်” ဟု သူ ပြောခဲ့သည်။
“ဥပမာဗျာ၊ မြန်မာပြည်မှာ ကျွန်းသစ်တွေရှိလို့ အင်္ဂလိပ်တွေက မြန်မာကို ကိုလိုနီပြုတယ် ဆိုတာမျိုးကို သယံဇာတ ကျိန်စာလို့ ခေါ်တာပေါ့။ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ဂျပန်ဟာ အမေရိကန်ကို စစ်ကြေညာပြီး ပုလဲဆိပ်ကမ်းကို တိုက်တယ် "
“အချို့က စစ်မကြေညာဘဲ အလစ်ဝင်တိုက်တယ် ပြောတယ်”
“ဂျပန်တွေကတော့ သူတို့ ကြေးနန်း ပို့ပါတယ်။ တနင်္ဂနွေနေ့ ဖြစ်နေလို့ အမေရိကန်တွေ မဖတ်မိတာလို့ ပြောတာပဲ။ ဒါကို ခဏထားပါ။ အင်္ဂလိပ်၊ ပြင်သစ်၊ အမေရိကန် တို့ဟာ မဟာမိတ်ဖွဲ့တယ်။ အဲဒီအချိန်မှာ ဂျပန်ဟာ အရှေ့တောင်အာရှကို သိမ်းတယ်။ သူတို့ဟာ ထိုင်းကို မသိမ်းဘဲ မြန်မာပြည်ကို ကျော်ဝင်လာတယ်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာပြည်မှာ ရေနံထွက်တာကိုး။ အဲဒါကြောင့် မြန်မာဟာ စစ်မြေပြင်ကြီး ဖြစ်ခဲ့ရတယ်”
“Resource Curse လို့ ပြောတာပေါ့ ဟုတ်လား”
“ဟုတ်ပါတယ်။ ဒါကို သဘာဝကျိန်စာလို့ ဆိုတာပါပဲ”
( ၂ )
ကိုဘသစ်စကားကို ကျွန်တော် ထောက်ခံပါသည်။ " ဒါပေမဲ့ သယံဇာတ ဆိုတာ နိုင်ငံ တစ်နိုင်ငံရဲ့ အခွင့်အရေးပဲ မဟုတ်လား။ ဒါတွေကို ပိုင်ဆိုင်ပြီး နိုင်ငံတော်ကို တိုးတက်အောင် လုပ်လို့ မရဘူးလား " ။ ဒီမေးခွန်းကို ကိုဘသစ်က မေးခဲ့ပါသည်။
“သယံဇာတရှိတာနဲ့ သယံဇာတ ကျိန်စာသင့်ပြီး နိုင်ငံဟာ ဆင်းရဲရတာပဲလား”
“နိုင်ငံတိုင်းတော့ မဟုတ်ပါဘူး။ ကျွန်တော် နှိုင်းယှဉ်ပြီး ပြောရရင်တော့ နော်ဝေနဲ့ နိုင်ဂျီးရီးယားတို့ပါပဲ။ နော်ဝေရော၊ နိုင်ဂျီးရီးယားရောဟာ သဘာဝဓာတ်ငွေ့တွေ အတော်လေးကို ထွက်တဲ့ နိုင်ငံတွေ ဖြစ်တယ်။ ဒါကို ပြည်ပ ရောင်းစားရင်း ချမ်းသာလာကြတာပေါ့။ နော်ဝေဟာ စီမံကိန်းချပြီး စနစ်တကျ စီမံခန့်ခွဲတယ်။ ဒါကြောင့် နောက် အနှစ် ၅၀ လောက်အထိ နော်ဝေ ပြည်သူပြည်သားတွေ စားဝတ်နေရေး ပူစရာမရှိဘူး၊ လောလောဆယ်လည်း အလုပ်သမား အခွင့်အရေးတွေကို သတ်သတ်မှတ်မှတ် ပေးတယ်။ နော်ဝေဟာ ဖွံ့ဖြိုးပြီး နိုင်ငံစာရင်းထဲ ပါနေပါပြီ။ ဒါပေမဲ့ နိုင်ဂျီးရီးယား ပြည်သူတွေကတော့ ဒုက္ခတွေ ရောက်နေတယ်။ ပြည်တွင်းစစ်တွေ ဖြစ်နေတယ်။ လူတွေ ဆင်းရဲနေကြတယ်။ ဒါကို ခင်ဗျား ဘယ်လိုပြောမလဲ”
“အေးဗျာ၊ စီမံခန့်ခွဲမှု မတတ်ရင်တော့ ပြသ၁နာ တက်တာပါပဲ”
“ဟုတ်ပါတယ်။ လစ်ဗျားမှာ တစ်နေ့ကို ရေနံက ၀င်ငွေဒေါ်လာ သန်း နှစ်ရာရှိတယ်။ ခေါင်းဆောင်လုပ်တဲ့ ကဒါဖီဟာ ဒီငွေတွေကို နိုင်ငံတော် ဖွံ့ဖြိုးရေးအတွက် မသုံးဘူး။ လက်ဝါးကြီး အုပ်ထားတယ်။ ပြည်သူတွေ ဆင်းရဲမွဲတေလာတယ်။ ဒီတော့ တော်လှန်ရေး တစ်ရပ်ဖြစ်လာပြီး ကဒါဖီလည်း အသတ်ခံရတော့တယ်”
( ၃ )
ကိုဘသစ်ကို “သယံဇာတ မရှိဘဲ ချမ်းသာတဲ့ နိုင်ငံရှိလား” ဆိုတော့ သူက စင်ကာပူကို လက်ညှိုးထိုးပြသည်။
“စင်ကာပူက အနေအထား ကောင်းတယ်။ မဟာဗျူဟာကျတဲ့ နေရာမှာ ရောက်နေတယ်။ သူ့ရဲ့ စီမံခန့်ခွဲမှုဟာ ကောင်းတယ်။ သူ့ကို ယုံကြည်ကြတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ၀င်လာတယ်။ ဒါတွေ ခြုံပြောရင် စင်ကာပူချမ်းသာတာ ပညာကြောင့်လို့ ပြောကြတယ်”
“ပညာကြောင့် ဟုတ်လား”
“ဟုတ်တယ်။ စီမံခန့်ခွဲရေး ပညာ ၊ အုပ်ချုပ်ရေး ပညာတွေမှာ သူတို့ တော်ကြတယ်။ လူတွေ အလုပ် လုပ်ချင်လာအောင် ဆောင်ရွက်နိုင်တဲ့ နိုင်ငံပေါ့။ ဆုပေး၊ ဒဏ်ပေးတဲ့ စနစ်မျိုးကို အတော်လေး ကျင့်သုံးတယ်။ ပညာတတ်တွေ ဖြစ်လေတော့ အဲဒီစနစ်ကို ကျင့်သုံးတာ ထိရောက်မှုရှိတယ်”
“ဒီမိုကရေစီ မဆန်ဘူးလို့ ပြောတယ် မဟုတ်လား”
“ဟုတ်ပါတယ်။ လီကွမ်ယူးက အနောက်တိုင်း ဒီမိုကရေစီအတိုင်း အရှေ့တိုင်းမှာ မကျင့်သုံးနိုင်ဘူးလို့ ဆိုတယ်။ ပြီးတော့ နိုင်ငံလေးက ငယ်ငယ်လေးဆိုတော့ အတိုက်အခံ ပါတီကိုလည်း နေရာပေးတယ်”
“PR စနစ်လား ကိုဘသစ်”
“သဘောထားချင်း ဆင်ပါတယ်။ ပါလီမန် (လွှတ်တော်)မှာ အတိုက်အခံတွေကို ပြောဆိုခွင့်တွေ ပေးထားတယ်။ ဒါပေမဲ့ ဆန္ဒပြတာတွေ ၊ ဆူပူတာတွေကိုတော့ သတိထားတယ်။ သူတို့ဟာ မြန်မာပြည်က နမူနာကိုလည်း ယူတယ်”
“ဘယ်လိုမျိုးလဲ”
“ဗိုလ်ချုပ်အောင်ဆန်းဟာ အင်မတန်တော်တဲ့ ခေါင်းဆောင်လို့ သူတို့ နားလည်တယ်။ အင်္ဂလိပ်နဲ့ ဆက်ဆံတာရော၊ တိုင်းရင်းသားတွေနဲ့ ဆက်ဆံတာရော၊ လွတ်လပ်ရေး ရပြီးတဲ့နောက် လုပ်ရမယ့် အကြံအစည်တွေ ချမှတ်တာ အင်မတန် တော်တယ်။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်း သတိမပြုမိတာက သူ့ကို မကြိုက်တဲ့ လူတွေရှိလာနိုင်တာကိုပဲ။ ဒီအတွက် ဗိုလ်ချုပ်အောင်ဆန်းဟာ ထိရောက်တဲ့ အကာအကွယ်ကို မယူခဲ့ဘူး။ သူ ကျဆုံးသွားတယ်။ သူကျဆုံးသွားတဲ့အတွက် တိုင်းပြည် နစ်နာမှုတွေ အများကြီးဖြစ်တယ်။ ဒါကိုကြည့်ပြီး လီကွမ်ယူးက စင်ကာပူ ခေါင်းဆောင်များ အကာအကွယ် အပြည့်ယူပြီး လုံခြုံရေးအတွက် အစီအမံတွေ သေသေချာချာ ချထားတာ ဖြစ်တယ်”
“ဟုတ်ပါတယ် ။ ဗိုလ်ချုပ် ကျဆုံးသွားတာ ကျွန်တော်တို့ နိုင်ငံအတွက် ရွှေတောင်ကြီး ပြိုသွားသလိုပါပဲ။ ခုထက်ထိ ပြည်တွင်းစစ်လည်း မပြီးသေးဘူး။ ပြည်သူတွေလည်း ဆင်းရဲတွင်း နက်နေတယ်။ ပြီးတော့ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံများ စာရင်းမှာ ပါ၀င်နေသေးတယ်။ အတော်ဆိုးတာ”
“အာဏာရှင် နှိပ်စက်တယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ဒီလို ဖြစ်တာဟာ ဗိုလ်ချုပ်အောင်ဆန်း မရှိတဲ့အတွက် အဓိကကျတဲ့ အဖြစ်အပျက်လို့ ဆိုရမယ်။ နောက်တစ်ခုက ပညာရေးကိုလည်း အဖျက်အဆီး ခံလိုက်ရတယ်”
“တကယ်တော့ ကျွန်တော်တို့ဟာ စိတ်ဓာတ်ပါ အဖျက်ဆီး ခံလိုက်ရတာပါ။ ပြည်သူတွေမှာ ငွေလည်းမရှိ၊ စိတ်ဓာတ်လည်း ပျက်နဲ့ Fail State တစ်ခု ဖြစ်ခဲ့တာ နှမြောစရာ ကောင်းလှပါတယ်”
“အာဏာရှင်တွေနဲ့ အပေါင်းအပါတွေဟာ သူတို့ကိုယ် သူတို့ တတ်တယ်၊ သိတယ် ထင်ပြီး အမိန့်တွေပေး၊ ဥပဒေတွေ ပြုနဲ့ အဖတ်ဆယ်လို့ မရအောင် ပျက်စီးတာပါပဲ။ နိုင်ငံတကာ အမီလိုက်ဖို့ အများကြီး ကြိုးစားကြရမယ်။ နောက်တက်လာမယ့် အစိုးရ ဘယ်က စကိုင်ရမယ်ဆိုတာကို မသိတော့ပါဘူး”
“ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးကို စလုပ်မယ်လို့ ဆိုတယ်”
“လွတ်လပ်ရေး ရပြီး ကတည်းက မရခဲ့တဲ့ ငြိမ်းချမ်းရေးလည်း လုပ်ရတာ လွယ်ပါ့မလား”
“အစိုးရ မဟုတ်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေက ၊ မှောင်ခို အခွန်တွေ အများကြီး ရနေတယ်။ ပို့ကုန်သွင်းကုန်၊ ကျောက်စိမ်း၊ ဘိန်း စတဲ့ အခွန်တွေရတဲ့ နေရာတွေကို သူတို့ရထားတယ်။ အစိုးရကလည်း ပြည်တွင်းက လက်ဝါးကြီးအုပ် ချမ်းသာအောင် ကြိုးစားပြီး အစွမ်းကုန် ချမ်းသာနေကြတယ်။ ဒါတွေကို ပျောက်အောင်လုပ်ဖို့ အတော်လေး ညှိနှိုင်းရမယ်”
“သစ်တောတွေလည်း ပြောင်ပြီ၊ သေနတ်တွေကလည်း အသံတွေ ထွက်နေတယ်။ ဒီအတွက် ငြိမ်းချမ်းရေး ချိုးဖြူလေးမှာ နားခိုစရာ နေရာမရှိဘူး”
“ကြိုးစားကြရမှာပေါ့။ တစ်ယောက်ကို တစ်ယောက် လေးစားတဲ့ နိုင်ငံတော်ကြီး တည်ဆောက်မှသာ ကမ္ဘာကလည်း လေးစားလာမှာပါ”
“ကောင်းဗျာ”
ဒေါက်တာခင်မောင်ညို
The Ladies News Journal
ႏုိင္ငံသစ္ကုိ တည္ေဆာက္ျခင္း (ေဒါက္တာခင္ေမာင္ညိဳ )
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
February 01, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment