Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 2, 2016

ရွားပါးေရာဂါေၾကာင့္ လူသားအျဖစ္ကေန သစ္ပင္ဘ၀ကူးေျပာင္းေနတဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံသား


လက္ကေနတဆင့္ၾကီးထြားေနတဲ့ ၾကြက္ႏို႔ပုံစံအနာေတြေၾကာင့္ သစ္ပင္လူသားလုိ႔နာမည္ေက်ာ္ေနတဲ့ ဘဂၤလားေဒ့ရွ္အမ်ိဳးသားတစ္ဦးကို မၾကာမီကပဲ ေဆးရုံပုိ႔ေဆာင္ခဲ့ရပါတယ္။

အသက္ ၂၅ ႏွစ္အရြယ္သာရွိေသးတဲ့ Abul Bajandar ဟာ Epidermodysplasia Verruciformis လုိ႔ေခၚတဲ့ ရွားပါးတဲ့မ်ိဳးရိုးဗီဇလုိက္အေရျပားေရာဂါ တစ္မ်ိဳးကို ႏွစ္ ၂၀ ေက်ာ္ၾကာခံစားေနရသူျဖစ္ပါတယ္။

အခုအခါမွာေတာ့၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ ဒါကာျမိဳ႔ေဆးရုံ (DMCH) က အေရျပားေလာင္ကၽြမ္းဒဏ္ရာကုသမွဳဌာနမွာ တင္ထားျပီး၊ ကၽြမ္းက်င္ဆရာ၀န္ေတြပါ၀င္တဲ့ဘုတ္အဖြဲ႔တစ္ဖြဲ႔ကိုဖြဲ႔စည္းျပီး ခြဲစိတ္ကုသသြားမွာျဖစ္ပါတယ္။
သစ္ပင္လူသားေခၚ Mr Bajandar ဟာ ဂါလီနင္းသူတစ္ဦးျဖစ္ျပီး၊ အရင္ကလည္း Khulna ျမိဳ႔မွာရွိတဲ့ Gazi ေဆးရုံကို တက္ေရာက္ကုသခဲ့ဖူးတယ္လုိ႔ သိရပါတယ္။

Bajandra ဟာ သူ႔ရဲ့လက္မွာ သစ္ကိုင္းပုံစံအသားပုိေတြ ၾကီးထြားလာမွဳကို အသက္ ၁၀ ႏွစ္အရြယ္မွာ စတင္သတိျပဳမိခဲ့ျပီး၊ မိမိဘာသာ လွီးထုတ္ဖုိ႔ ၾကိဳးစားခဲ့တယ္လုိ႔ ဆုိပါတယ္။ ထို႔ေနာက္မွာေတာ့ သူ႔ရဲ့ အသားပုိအနာေတြၾကီးထြားမွဳဟာ အခ်ိန္နဲဲ႔အမွ် ျမန္ဆန္မ်ားျပားလာခဲ့ျပီး၊ အစားစားဖုိ႔ ဇြန္း ခက္ရင္းမကိုင္ႏိုင္တဲ့ဘ၀၊ သြားတိုက္ဖုိ႔ သြားတုိက္တံေတာင္မကိုင္ႏိုင္တဲ့ဘ၀ကို ဆုိက္ေရာက္ခဲ့ရပါတယ္။

ဒီေရာဂါဟာ ခုခံအားစနစ္ခ်ိဳ႔ယြင္းမွဳေၾကာင့္ လိင္ကတဆင့္ကူးစက္တတ္တဲ့ HPV ပိုး၀င္ေရာက္မွဳေၾကာင့္ျဖစ္ရတယ္လုိ႔ဆုိပါတယ္။ HPV ပုိးအမ်ိဳးအစား အမ်ားအျပားရွိျပီး၊ အမ်ားစုဟာ သားအိမ္ေခါင္းကင္ဆာကို ျဖစ္ေစႏိုင္တဲ့ပုိးေတြျဖစ္ေၾကာင္း WHO ရဲ့ ေၾကျငာခ်က္အရသိရွိရပါတယ္။

သစ္ပင္လူသား Bajandra ဟာ သူေနထုိင္ရာရြာကေလးမွာနာမည္ၾကီးခဲ့ျပီးေနာက္၊ ဒါကာျမိဳက ဆရာ၀န္ေတြက သိရွိကာ၊ အခမဲ့ခြဲစိတ္ကုသမွဳေပးဖုိ႔ ကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။

“ ခြဲစိတ္ကုသမွဳက ေတာ္ေတာ္ရွည္လ်ားတဲ့လုပ္ငန္းစဥ္တစ္ခုျဖစ္ျပီး ေအာ္ပေရးရွင္းအမ်ားၾကီးလုပ္ရပါလိမ့္မယ္။ ခြဲစိတ္ကုသမွဳလုပ္ငန္းစဥ္တစ္ခုလုံးဟာ ေျခာက္လအထိ ၾကာျမင့္ႏိုင္ပါတယ္” လုိ႔  ေဒါက္တာ Lal Sen က CNN သတင္းဌာနကို ေျပာၾကားခဲ့ပါတယ္။
Mr Bajandar အရင္ နာမည္ေက်ာ္ခဲ့တဲ့ အင္ဒိုနီးရွားႏိုင္ငံက Dede Koswara ဆုိသူ သစ္ပင္လူသားဟာ ေသဆုံးသြားခဲ့ျပီျဖစ္ျပီး၊ ေသဆုံးရတဲ့ အေၾကာင္းရင္းကေတာ့ အဆုိပါေရာဂါေၾကာင့္မဟုတ္ဘူးလုိ႔ သိရွိရပါတယ္။


( Ye Wint )

#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com

Ref: CNN , DailyMail


.............................................

ရှားပါးရောဂါကြောင့် လူသားအဖြစ်ကနေ သစ်ပင်ဘဝကူးပြောင်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား
 
လက်ကနေတဆင့်ကြီးထွားနေတဲ့ ကြွက်နို့ပုံစံအနာတွေကြောင့် သစ်ပင်လူသားလို့နာမည်ကျော်နေတဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသားတစ်ဦးကို မကြာမီကပဲ ဆေးရုံပို့ဆောင်ခဲ့ရပါတယ်။

အသက် ၂၅ နှစ်အရွယ်သာရှိသေးတဲ့ Abul Bajandar ဟာ Epidermodysplasia Verruciformis လို့ခေါ်တဲ့ ရှားပါးတဲ့မျိုးရိုးဗီဇလိုက်အရေပြားရောဂါ တစ်မျိုးကို နှစ် ၂၀ ကျော်ကြာခံစားနေရသူဖြစ်ပါတယ်။

အခုအခါမှာတော့၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ဆေးရုံ (DMCH) က အရေပြားလောင်ကျွမ်းဒဏ်ရာကုသမှုဌာနမှာ တင်ထားပြီး၊ ကျွမ်းကျင်ဆရာဝန်တွေပါ၀င်တဲ့ဘုတ်အဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းပြီး ခွဲစိတ်ကုသသွားမှာဖြစ်ပါတယ်။
သစ်ပင်လူသားခေါ် Mr Bajandar ဟာ ဂါလီနင်းသူတစ်ဦးဖြစ်ပြီး၊ အရင်ကလည်း Khulna မြို့မှာရှိတဲ့ Gazi ဆေးရုံကို တက်ရောက်ကုသခဲ့ဖူးတယ်လို့ သိရပါတယ်။

Bajandra ဟာ သူ့ရဲ့လက်မှာ သစ်ကိုင်းပုံစံအသားပိုတွေ ကြီးထွားလာမှုကို အသက် ၁၀ နှစ်အရွယ်မှာ စတင်သတိပြုမိခဲ့ပြီး၊ မိမိဘာသာ လှီးထုတ်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ ထို့နောက်မှာတော့ သူ့ရဲ့ အသားပိုအနာတွေကြီးထွားမှုဟာ အချိန်နဲဲ့အမျှ မြန်ဆန်များပြားလာခဲ့ပြီး၊ အစားစားဖို့ ဇွန်း ခက်ရင်းမကိုင်နိုင်တဲ့ဘဝ၊ သွားတိုက်ဖို့ သွားတိုက်တံတောင်မကိုင်နိုင်တဲ့ဘဝကို ဆိုက်ရောက်ခဲ့ရပါတယ်။

ဒီရောဂါဟာ ခုခံအားစနစ်ချို့ယွင်းမှုကြောင့် လိင်ကတဆင့်ကူးစက်တတ်တဲ့ HPV ပိုးဝင်ရောက်မှုကြောင့်ဖြစ်ရတယ်လို့ဆိုပါတယ်။ HPV ပိုးအမျိုးအစား အများအပြားရှိပြီး၊ အများစုဟာ သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေနိုင်တဲ့ပိုးတွေဖြစ်ကြောင်း WHO ရဲ့ ကြေငြာချက်အရသိရှိရပါတယ်။

သစ်ပင်လူသား Bajandra ဟာ သူနေထိုင်ရာရွာကလေးမှာနာမည်ကြီးခဲ့ပြီးနောက်၊ ဒါကာမြိုက ဆရာဝန်တွေက သိရှိကာ၊ အခမဲ့ခွဲစိတ်ကုသမှုပေးဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

“ ခွဲစိတ်ကုသမှုက တော်တော်ရှည်လျားတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး အော်ပရေးရှင်းအများကြီးလုပ်ရပါလိမ့်မယ်။ ခွဲစိတ်ကုသမှုလုပ်ငန်းစဉ်တစ်ခုလုံးဟာ ခြောက်လအထိ ကြာမြင့်နိုင်ပါတယ်” လို့  ဒေါက်တာ Lal Sen က CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
Mr Bajandar အရင် နာမည်ကျော်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံက Dede Koswara ဆိုသူ သစ်ပင်လူသားဟာ သေဆုံးသွားခဲ့ပြီဖြစ်ပြီး၊ သေဆုံးရတဲ့ အကြောင်းရင်းကတော့ အဆိုပါရောဂါကြောင့်မဟုတ်ဘူးလို့ သိရှိရပါတယ်။


( Ye Wint )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref: CNN , DailyMail

No comments:

Post a Comment