Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 1, 2016

သူ႕နာမည္က တိုက္ခ်ီဒို တဲ့



“ သူ႕နာမည္က တိုက္ခ်ီဒို ” တဲ့

ဟိုးးးးးအရင္ သူ႔အေၾကာင္းကို ေသခ်ာမသိခင္တုန္းက ဒီေခြးက ဘာလဲကြာဆိုၿပီး ေတာ္ေတာ္ အျမင္ကပ္ခဲ့တာ။
ေဒၚေအာင္ဆန္းစုၾကည္ ကလည္း သြားေလရာအၿမဲေခၚတယ္။
( အလုပ္ကိစၥႏွင့္သြားရတဲ့ ေနရာမ်ားမွာေတာ့ မေခၚပါဘူး ) ။

အန္တီစု လႊတ္ေတာ္တတ္ဖို႔ ေနျပည္ေတာ္ ကိုသြားရင္ သူအၿမဲပါတတ္တယ္ ။
အန္တီ ျပည္ပခရီးရက္ရွည္ထြက္ၿပီးလို႔ အိမ္ျပန္ေရာက္ၿပီဆိုရင္ အန္တီ့အနားကေနတဖဝါးမွမခြာေတာ့ဘူး ။

ညေရာက္ရင္ အန္တီ့ေျခေထာက္ကို ဖတ္ၿပီးအိပ္တယ္ လို႔ အန္တီကေတာ့ ေျပာဖူးတယ္ ။
အန္တီက ဆတ္ေျပာေသးတယ္ '' က်မထင္တယ္ သူ႔က ဒီေျခေထာက္ေတြကိုဖက္ထားတာဟာ သူ႔ကို
ဒီေျခေထာက္ေတြက ဘဲ သူ႔ကို ထားထားသြားတတ္လြန္းလို႔ က်မကို ဘယ္မွ သြားမရေအာင္ ဖက္ထားတာလို႔ ထင္တယ္ '' လို႔ ေဆာင္းပါထဲ မွာ ေရးဖူးတယ္ ။

ေနာက္တခါ အန္တီ ထမင္းစားေနၿပီဆိုရင္ ရစ္သီရစ္သီ လာလုပ္ျပန္ၿပီ ... အဲ့ဒီအခ်ိန္က်ရင္ အန္တီက
ထမင္းစားတာ ခဏရပ္ၿပီး သူ႔ကို ထမင္းေကြၽးဖို႔ လုပ္ရျပန္ၿပီ။
အန္တီ့ခမ်ာ ထမင္းကိုေကာင္းေကာင္းမစားရရွာပါဘူး .... ။

ဘာေၾကာင့္အန္တီက ဒီေခြးေလးကို ခုလို ဂရုစိုက္ေနရတာတုန္း ဆိုတာသိလိုက္ရေတာ့ တိုက္ခ်ီဒိုကို အျမင္ကပ္တတ္တဲ့စိတ္ေတြ လုံးဝမရွိေတာ့တဲ့ အျပင္ ခ်စ္ပါခ်စ္သြားမိေတာ့တယ္ ။

တိုက္ခ်ီဒိုဆိုတာ အန္တီ့ရဲ႕ သားအငယ္ေလးက ျမန္မာျပည္ကို အလည္ခဏလာၿပီး ႏိုင္ငံျခားကို ျပန္ရေတာ့မယ့္ အခ်ိန္မွာ သူ႔အေမ နားမွာ သက္ေတာ္ေစာင့္ထားခဲ့မယ္ဆိုၿပီး လသားအ႐ြယ္ဘဲရွိေသးတဲ့ ဒီေခြးေလးတိုက္ခ်ီဒိုကို ဝယ္လာၿပီး သူ႔အေမ ကို လက္ေဆာင္ေပးခဲတာတဲ့။

ဒီလိုသိလိုက္ရေတာ့ မွ အားလုံးကို သေဘာေပါက္နားလည္သြားေတာ့တယ္။

ေဒၚစု တေယာက္ဘယ္လိုခံစားခ်က္နဲ႔ တိုက္ခ်ီဒိုေလးကို ဆတ္ဆံေနတာလဲဆိုတာ ေတြးရင္း ေတြးရင္းနဲ႔
စိတ္မေကာင္ဘူးဗ်ာ ........ ။
©shwemanthu

Credit ~ Thant Zin Aung
............................
“ သူ့နာမည်က တိုက်ချီဒို ” တဲ့

ဟိုးးးးးအရင် သူ့အကြောင်းကို သေချာမသိခင်တုန်းက ဒီခွေးက ဘာလဲကွာဆိုပြီး တော်တော် အမြင်ကပ်ခဲ့တာ။
ဒေါ်အောင်ဆန်းစုကြည် ကလည်း သွားလေရာအမြဲခေါ်တယ်။
( အလုပ်ကိစ္စနှင့်သွားရတဲ့ နေရာများမှာတော့ မခေါ်ပါဘူး ) ။

အန်တီစု လွှတ်တော်တတ်ဖို့ နေပြည်တော် ကိုသွားရင် သူအမြဲပါတတ်တယ် ။
အန်တီ ပြည်ပခရီးရက်ရှည်ထွက်ပြီးလို့ အိမ်ပြန်ရောက်ပြီဆိုရင် အန်တီ့အနားကနေတဖဝါးမှမခွာတော့ဘူး ။

ညရောက်ရင် အန်တီ့ခြေထောက်ကို ဖတ်ပြီးအိပ်တယ် လို့ အန်တီကတော့ ပြောဖူးတယ် ။
အန်တီက ဆတ်ပြောသေးတယ် '' ကျမထင်တယ် သူ့က ဒီခြေထောက်တွေကိုဖက်ထားတာဟာ သူ့ကို
ဒီခြေထောက်တွေက ဘဲ သူ့ကို ထားထားသွားတတ်လွန်းလို့ ကျမကို ဘယ်မှ သွားမရအောင် ဖက်ထားတာလို့ ထင်တယ် '' လို့ ဆောင်းပါထဲ မှာ ရေးဖူးတယ် ။

နောက်တခါ အန်တီ ထမင်းစားနေပြီဆိုရင် ရစ်သီရစ်သီ လာလုပ်ပြန်ပြီ ... အဲ့ဒီအချိန်ကျရင် အန်တီက
ထမင်းစားတာ ခဏရပ်ပြီး သူ့ကို ထမင်းကျွေးဖို့ လုပ်ရပြန်ပြီ။
အန်တီ့ခမျာ ထမင်းကိုကောင်းကောင်းမစားရရှာပါဘူး .... ။

ဘာကြောင့်အန်တီက ဒီခွေးလေးကို ခုလို ဂရုစိုက်နေရတာတုန်း ဆိုတာသိလိုက်ရတော့ တိုက်ချီဒိုကို အမြင်ကပ်တတ်တဲ့စိတ်တွေ လုံးဝမရှိတော့တဲ့ အပြင် ချစ်ပါချစ်သွားမိတော့တယ် ။

တိုက်ချီဒိုဆိုတာ အန်တီ့ရဲ့ သားအငယ်လေးက မြန်မာပြည်ကို အလည်ခဏလာပြီး နိုင်ငံခြားကို ပြန်ရတော့မယ့် အချိန်မှာ သူ့အမေ နားမှာ သက်တော်စောင့်ထားခဲ့မယ်ဆိုပြီး လသားအရွယ်ဘဲရှိသေးတဲ့ ဒီခွေးလေးတိုက်ချီဒိုကို ဝယ်လာပြီး သူ့အမေ ကို လက်ဆောင်ပေးခဲတာတဲ့။

ဒီလိုသိလိုက်ရတော့ မှ အားလုံးကို သဘောပေါက်နားလည်သွားတော့တယ်။

ဒေါ်စု တယောက်ဘယ်လိုခံစားချက်နဲ့ တိုက်ချီဒိုလေးကို ဆတ်ဆံနေတာလဲဆိုတာ တွေးရင်း တွေးရင်းနဲ့
စိတ်မကောင်ဘူးဗျာ ........ ။
©shwemanthu

Credit ~ Thant Zin Aung

No comments:

Post a Comment