ကမာၻ႔က်န္းမာေရးအဖြဲ႕အစည္းက Zika virus အေမရိကန္ႏိုင္ငံအႏုံ႔အျပားသို႔ ကူးစက္ျပန္႔ႏွံ႔လာႏိုင္တယ္လို႔ သတိေပးေျပာၾကားလိုက္ပါတယ္။
ေရာဂါလကၡဏာေတြျဖစ္တဲ့ အနည္းငယ္ကိုယ္ပူျခင္း၊ မ်က္လံုးအေျမွးပါးေရာင္ရမ္းျခင္းနဲ႔ ေခါင္းကိုက္ျခင္း စတာေတြ ျဖစ္ေစတတ္တဲ့ ကူးစက္မႈကို အေမရိကေတာင္ပိုင္းနဲ႔ေျမာက္ပိုင္း ႏွင့္ ကာေရဘီယန္နိင္ငံ၂၁နိုင္ငံမွာ ေတြ႕ရိွျပီးျဖစ္ပါတယ္။
အဲ့ဒါက ဦးေႏွာက္ေကာင္းစြာ မဖြံ႔ၿဖိဳးေသးတဲ့ ကေလးငယ္ေထာင္ေပါင္းမ်ားစြာ ေမြးဖြားတာနဲ႔ ဆက္ႏြယ္ေနၿပီး တခ်ိဳ႕ႏိုင္ငံေတြမွာဆုိ အမ်ိဳးသမီးေတြမွာ ကေလးမရနိုုင္တာလဲ ျဖစ္ေစနိင္ပါသတဲ့။မည္သည့္ ကုသမႈမ်ိဳး သို႔ ကာကြယ္ေဆးမ်ိဳးမွ ဒီေရာဂါအတြက္ေတာ့ မထုတ္လုပ္နိုင္ေသးပါဘူး။
ဗိုင္းရပ္စ္ကို ၁၉၄၇ခုႏွစ္ အာဖရိကမွာ စတင္ေတြ႕ရိွခဲ့တာ ျဖစ္ပါတယ္။ အာရွတိုက္ရဲ႕ အခ်ိဳ႕အစိတ္အပိုင္းေတြ နဲ႔ ပစိဖိတ္ကၽြန္းစုေတြေပၚမွာလည္း ေရာဂါျဖစ္ပြားေနတဲ့လူေတြကိုလည္း ေတြ႕ရိွခဲ့ရပါတယ္။
ဒါေပမယ့္ အေမရိကန္ႏိုင္ငံမွာေတာ့ ျမန္ျမန္ဆန္ဆန္ကိုျပန္႔ႏွံ႔ေနၿပီး ၂၀၁၅ခုႏွစ္ ေမလတုန္းကေတာ့ ဘရာဇီးႏိုင္ငံမွာ ကူးစက္မႈကို စတင္ေတြ႕ရိွခဲ့တာပါ။
မ်ားျပားလွတဲ့ ျခင္ေတြက ဗိုင္းရပ္စ္ကို သယ္ေဆာင္ၾကၿပီး သဘာ၀ဒဏ္ကိုခံနိုင္ၾကတာကလည္း ကူးစက္မႈကို ျမန္ျမန္ဆန္ဆန္ ျပန္႔ပြားေအာင္ ကူညီေနသလိုျဖစ္ေနပါတယ္။
( Michelle )
#သစ္ထူးလြင္(က်န္းမာေရး)
#www.health.thithtoolwin.com
Ref: BBC
............................................................
ခြင်သယ်ဆောင်လာတဲ့ Zika virus ကြောင့်ဖြစ်တဲ့ရောဂါဟာ အမေရိကန်မှာ ပျံ့နှံ့မှု မြန်ဆန်လာ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက Zika virus အမေရိကန်နိုင်ငံအနုံ့အပြားသို့ ကူးစက်ပြန့်နှံ့လာနိုင်တယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။
ရောဂါလက္ခဏာတွေဖြစ်တဲ့ အနည်းငယ်ကိုယ်ပူခြင်း၊ မျက်လုံးအမြှေးပါးရောင်ရမ်းခြင်းနဲ့ ခေါင်းကိုက်ခြင်း စတာတွေ ဖြစ်စေတတ်တဲ့ ကူးစက်မှုကို အမေရိကတောင်ပိုင်းနဲ့မြောက်ပိုင်း နှင့် ကာရေဘီယန်နိင်ငံ၂၁နိုင်ငံမှာ တွေ့ရှိပြီးဖြစ်ပါတယ်။
အဲ့ဒါက ဦးနှောက်ကောင်းစွာ မဖွံ့ဖြိုးသေးတဲ့ ကလေးငယ်ထောင်ပေါင်းများစွာ မွေးဖွားတာနဲ့ ဆက်နွယ်နေပြီး တချို့နိုင်ငံတွေမှာဆို အမျိုးသမီးတွေမှာ ကလေးမရနိုုင်တာလဲ ဖြစ်စေနိင်ပါသတဲ့။မည်သည့် ကုသမှုမျိုး သို့ ကာကွယ်ဆေးမျိုးမှ ဒီရောဂါအတွက်တော့ မထုတ်လုပ်နိုင်သေးပါဘူး။
ဗိုင်းရပ်စ်ကို ၁၉၄၇ခုနှစ် အာဖရိကမှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အာရှတိုက်ရဲ့ အချို့အစိတ်အပိုင်းတွေ နဲ့ ပစိဖိတ်ကျွန်းစုတွေပေါ်မှာလည်း ရောဂါဖြစ်ပွားနေတဲ့လူတွေကိုလည်း တွေ့ရှိခဲ့ရပါတယ်။
ဒါပေမယ့် အမေရိကန်နိုင်ငံမှာတော့ မြန်မြန်ဆန်ဆန်ကိုပြန့်နှံ့နေပြီး ၂၀၁၅ခုနှစ် မေလတုန်းကတော့ ဘရာဇီးနိုင်ငံမှာ ကူးစက်မှုကို စတင်တွေ့ရှိခဲ့တာပါ။
များပြားလှတဲ့ ခြင်တွေက ဗိုင်းရပ်စ်ကို သယ်ဆောင်ကြပြီး သဘာဝဒဏ်ကိုခံနိုင်ကြတာကလည်း ကူးစက်မှုကို မြန်မြန်ဆန်ဆန် ပြန့်ပွားအောင် ကူညီနေသလိုဖြစ်နေပါတယ်။
( Michelle )
#သစ်ထူးလွင်(ကျန်းမာရေး)
#www.health.thithtoolwin.com
Ref: BBC
No comments:
Post a Comment