Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 23, 2016

YouTube မွာစံခ်ိန္ခ်ိဳးခဲ့တဲ့ Adele ရဲ႕ Hello



အဂၤလိပ္အဆုိေတာ္ Adele ရဲ႕ Hello ဟာ ေနာက္ထပ္ စံခ်ိန္တစ္ခုကို ထပ္မံခ်ိဳးဖ်က္လုိက္ပါၿပီ။ အဲ့ဒါကေတာ့ You Tube မွာ ၾကည့္ရႈမွဳႏွဳန္း တစ္ဘီလ်ံကုိ အျမန္ဆံုး ေရာက္ရွိလာခဲ့တဲ့ သီခ်င္းဗီဒီယုိ ျဖစ္လာတာ ျဖစ္ပါတယ္။

"Hello" သီခ်င္းဟာ Adele ရဲ႕ဒီေလးႏွစ္အတြင္းမွာ ဂီတလုပ္ငန္းေတြရပ္နားထားၿပီး ပထမဆံုးထြက္ရွိခဲ့တဲ့ သီခ်င္းတစ္ပုဒ္ျဖစ္ၿပီး ထုတ္ျပန္ၿပီး ၈၈ရက္အၾကာ ၿပီးခဲ့တဲ့ တနလၤာေန႔တုန္းက ၾကည့္ရႈသူအေရအတြက္ တစ္ဘီလ်ံျပည့္ခဲ့တာျဖစ္ပါတယ္။ Google ကုမၸဏီက ပုိင္ဆုိင္တဲ့ You Tube မွာ ၾကည့္ရႈသူတစ္ဘီလ်ံရွိတဲ့ ဗီဒီယုိဟာ ၁၈ခုသာရွိတာျဖစ္ၿပီး ယခုလုိ Adele ရဲ႕ Hello ပါပါဝင္လာခဲ့တာျဖစ္ပါတယ္။

Hello ဟာ ေတာင္ကုိရီးယားအဆုိေတာ္ PSY ရဲ႕ Gangnam Style သီခ်င္းဗီဒီယိုရဲ႕ အျမန္ဆံုးတစ္ဘီလ်ံျပည့္ေအာင္ၾကည့္ရႈမွဳႏွဳန္း စံခ်ိန္ကုိ အလြယ္တကူခ်ိဳးဖ်က္ခဲ့တာပါ။ ၂၀၁၂ခုႏွစ္ကထြက္ရွိခဲ့တဲ့ အဲ့ဒီသီခ်င္း ဗီဒီယိုဟာ စထြက္ၿပီး ရက္ေပါင္း၁၆၀အၾကာမွာမွ ၾကည့္ရႈသူတစ္ဘီလ်ံျပည့္ခဲ့လုိ႔ Adele ရဲ႕ သီခ်င္းက ႏွစ္ဆနီးပါးျမန္တဲ့ ရက္ေပါင္းနဲ႔ စံခ်ိန္သစ္တင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ Hello ဟာ 'Gangnam Style' သီခ်င္းရဲ႕ ၾကည့္ရႈမႈအမ်ားဆံုး ဗီဒီယိုစံခ်ိန္ကုိေတာ့ လုိက္မွီဖို႔အလွမ္းေဝးေနဆဲျဖစ္ပါတယ္။ 'Gangnam Style' သီခ်င္းဟာ ၿပီးခဲ့တဲ့ အဂၤါေန႔က ၾကည့္ရႈသူအေရအတြက္ ၂.၅ဘီလ်ံရွိခဲ့ၿပီး အနီးဆံုးၿပိဳင္ဘက္ သီခ်င္းဗီဒီယုိျဖစ္တဲ့ Taylor Swift ရဲ႕ 'Blank Space' သီခ်င္းကုိ တစ္ဘီလ်ံေက်ာ္ေက်ာ္ အသာရထားပါတယ္။

Hello သီခ်င္းဟာ 25 အယ္လ္ဘမ္မထြက္ခင္ တစ္လအလုိမွာထြက္ရွိခဲ့ၿပီး အဲ့ဒီသီခ်င္းၾကည့္ရွုမွဳႏွဳန္းက အယ္လ္ဘမ္ေရာင္းခ်တဲ့အခ်ိန္မွာ အက်ိဳးသက္ေရာက္မွဳမ်ားစြာရွိခဲ့တာပါ။ '25' အယ္လ္ဘမ္ဟာ ၿဗိတိန္နဲ႔ အေမရိကန္ျပည္ေထာင္စုမွာ ေရာင္းအားအေကာင္းဆံုးစံခ်ိန္တင္ခဲ့ၿပီး ၂၀၁၅ ႏုိဝင္ဘာေႏွာင္းပုိင္းမွထြက္ရွိခဲ့ေပမယ့္ ႏွစ္ႏုိင္ငံလံုးရဲ႕ ေရာင္းအားအေကာင္းဆံုး ထိပ္ဆံုးေနရာကုိ သိမ္းပုိက္ခဲ့တာျဖစ္ပါတယ္။

(Blue Lion)

#သစ္ထူးလြင္(နာမည္ႀကီးပုဂၢိဳလ္မ်ား)
#celebrity.thithtoolwin.com

Ref: Gadgets360

........................................................

YouTube မှာစံချိန်ချိုးခဲ့တဲ့ Adele ရဲ့ Hello


အင်္ဂလိပ်အဆိုတော် Adele ရဲ့ Hello ဟာ နောက်ထပ် စံချိန်တစ်ခုကို ထပ်မံချိုးဖျက်လိုက်ပါပြီ။ အဲ့ဒါကတော့ You Tube မှာ ကြည့်ရှုမှုနှုန်း တစ်ဘီလျံကို အမြန်ဆုံး ရောက်ရှိလာခဲ့တဲ့ သီချင်းဗီဒီယို ဖြစ်လာတာ ဖြစ်ပါတယ်။

"Hello" သီချင်းဟာ Adele ရဲ့ဒီလေးနှစ်အတွင်းမှာ ဂီတလုပ်ငန်းတွေရပ်နားထားပြီး ပထမဆုံးထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး ထုတ်ပြန်ပြီး ၈၈ရက်အကြာ ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက ကြည့်ရှုသူအရေအတွက် တစ်ဘီလျံပြည့်ခဲ့တာဖြစ်ပါတယ်။ Google ကုမ္ပဏီက ပိုင်ဆိုင်တဲ့ You Tube မှာ ကြည့်ရှုသူတစ်ဘီလျံရှိတဲ့ ဗီဒီယိုဟာ ၁၈ခုသာရှိတာဖြစ်ပြီး ယခုလို Adele ရဲ့ Hello ပါပါဝင်လာခဲ့တာဖြစ်ပါတယ်။

Hello ဟာ တောင်ကိုရီးယားအဆိုတော် PSY ရဲ့ Gangnam Style သီချင်းဗီဒီယိုရဲ့ အမြန်ဆုံးတစ်ဘီလျံပြည့်အောင်ကြည့်ရှုမှုနှုန်း စံချိန်ကို အလွယ်တကူချိုးဖျက်ခဲ့တာပါ။ ၂၀၁၂ခုနှစ်ကထွက်ရှိခဲ့တဲ့ အဲ့ဒီသီချင်း ဗီဒီယိုဟာ စထွက်ပြီး ရက်ပေါင်း၁၆၀အကြာမှာမှ ကြည့်ရှုသူတစ်ဘီလျံပြည့်ခဲ့လို့ Adele ရဲ့ သီချင်းက နှစ်ဆနီးပါးမြန်တဲ့ ရက်ပေါင်းနဲ့ စံချိန်သစ်တင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် Hello ဟာ 'Gangnam Style' သီချင်းရဲ့ ကြည့်ရှုမှုအများဆုံး ဗီဒီယိုစံချိန်ကိုတော့ လိုက်မှီဖို့အလှမ်းဝေးနေဆဲဖြစ်ပါတယ်။ 'Gangnam Style' သီချင်းဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ကြည့်ရှုသူအရေအတွက် ၂.၅ဘီလျံရှိခဲ့ပြီး အနီးဆုံးပြိုင်ဘက် သီချင်းဗီဒီယိုဖြစ်တဲ့ Taylor Swift ရဲ့ 'Blank Space' သီချင်းကို တစ်ဘီလျံကျော်ကျော် အသာရထားပါတယ်။

Hello သီချင်းဟာ 25 အယ်လ်ဘမ်မထွက်ခင် တစ်လအလိုမှာထွက်ရှိခဲ့ပြီး အဲ့ဒီသီချင်းကြည့်ရှုမှုနှုန်းက အယ်လ်ဘမ်ရောင်းချတဲ့အချိန်မှာ အကျိုးသက်ရောက်မှုများစွာရှိခဲ့တာပါ။ '25' အယ်လ်ဘမ်ဟာ ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စုမှာ ရောင်းအားအကောင်းဆုံးစံချိန်တင်ခဲ့ပြီး ၂၀၁၅ နိုဝင်ဘာနှောင်းပိုင်းမှထွက်ရှိခဲ့ပေမယ့် နှစ်နိုင်ငံလုံးရဲ့ ရောင်းအားအကောင်းဆုံး ထိပ်ဆုံးနေရာကို သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။



(Blue Lion)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref: Gadgets360

No comments:

Post a Comment