CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Friday, January 22, 2016
ေ၀ဖန္မႈ ဇာတ္လမ္းမ်ိဳးစံု ေနာက္ကြယ္က.... မိသားစုလိုက္ ကတ္ေၾကးနဲ႔ထိုးခံရတဲ့ Tomorrow ဂ်ာနယ္ရဲ႕ Contributor ကိုေက်ာ္စြာျမင့္တို႔ရဲ႕ ျဖစ္ရပ္မွန္ - ေနာ္ရာေမာင္
Fri, 01/22/2016 - 12:59
(တရားခံအား တစ္ပတ္ၾကာသည္အထိ မဖမ္းမိေသး)
“ရင္ဘတ္ေတြေအာင့္တာ မခံႏိုင္ဘူး အခုတေလာ ႏွလံုးေဆးပါ ေသာက္ေနရတယ္”လို႔ ေျပာရင္း အိပ္ခန္းထဲသိ႔ုသြားကာ အိပ္ယာထဲ မလႈပ္မယွက္လွဲ ေနရသူကေတာ့ အခုတစ္ေလာမွာ နာမည္ႀကီး ေနတဲ့ Tomorrow ဂ်ာနယ္က ကိုေက်ာ္စြာျမင့္ရဲ႕ ဇနီးျဖစ္သူပဲ ျဖစ္ပါတယ္။
အခင္းျဖစ္ထားၿပီး ေသြးစြန္းထားတဲ့ ေနအိမ္မွာ သံဃာေတာ္ေတြပင့္ၿပီး အိမ္တတ္အလွဴ လုပ္တဲ့ေန႔ ျဖစ္ေပမယ့္ ဧည့္သည္ေတြကို ဧည့္မခံႏိုင္ေအာင္ ေနမေကာင္း ျဖစ္ေနတာက ျပင္ပ ကတ္ေၾကး ဒဏ္ရာေတြအျပင္ အၾကမ္းဖက္မႈ တစ္ခုရဲ႕ ေနာက္ကြယ္က မျမင္ရႏိုင္တဲ့ စိတ္ဒဏ္ရာနဲ႔ လကၡဏာေတြဆိုတာ ျငင္းဖြယ္ရာမရွိ ျဖစ္ေနပါတယ္။
ဒါေပမယ့္ ကိုယ့္ရဲ႕ ေနအိမ္အတြင္းမွာ ကိုယ့္မိသားစုကို အဲဒီလို အၾကမ္းဖက္မႈမ်ိဳးေတြ ျပဳမူသြားတဲ့ တရားခံဆိုသူကိုေတာ့ လိုက္လံဖမ္းဆီးေနေပမယ့္ အခင္းျဖစ္ၿပီး တစ္ပတ္ၾကာတဲ့အထိ လံုး၀ ဖမ္းမမိေသးပါဘူး။ ဒါေပမယ့္ ထူးဆန္းတာက ကတ္ေၾကးနဲ႔ အခ်က္ေပါင္းမ်ားစြာထိုးၿပီး ထြက္ေျပးေနတယ္ဆိုတဲ့ တရားခံကသူရဲ႕ လူမႈကြန္ယက္ စာမ်က္ႏွာကို ဘယ္သူမွ ၾကည့္လို႔မရေတာ့ေအာင္ ရပ္ဆိုင္းပစ္လိုက္ႏိုင္သလို အေရွာင္အတိမ္းလည္း ကၽြမ္းက်င္တယ္လို႔ ဆိုရမလိုပါပဲ။
အခင္းျဖစ္တဲ့ေန႔...။
ဇန္န၀ါရီ ၁၀ရက္ ည ၁၀နာရီမွ ၁၁နာရီၾကား။
တနဂၤေႏြေန႔မွာပံုမွန္ ေဖာင္ပိတ္ေနက် အခ်ိန္ထက္ အနည္းငယ္ ေစာေနလို႔ ၀န္ထမ္းေတြနဲ႔စုၿပီး ထမင္းစားၾကဖို႔ လုပ္ေနတုန္း ရံုးကို ဖုန္းတစ္ႀကိမ္ဝင္လာၿပီး ရံုးမွ သတင္းေထာက္ တစ္ေယာက္က “အစ္မေရ ကိုေက်ာ္စြာျမင့္တို႔ မိသားစု သူ႔အိမ္ထဲမွာ ကတ္ေၾကးနဲ႔အထိုးခံရလို႔။ အခု စံျပေဆး႐ံု ေရာက္ေနတယ္”လို႔ လာေျပာတာနဲ႔ ညဆယ့္တစ္နာရီခြဲေက်ာ္ အခ်ိန္ႀကီး ကၽြန္မတို႔ တစ္႐ံုးလံုး စံျပေဆး႐ံုႀကီးကို အသည္းအသန္ အေျပးသြားရပါေတာ့တယ္။
ေဆး႐ံုေရာက္တဲ့ အခ်ိန္မွာေတာ့ ေမးျမန္းေနတဲ့ ရဲတခ်ိဳ႕နဲ႔ လူေတြ၀ိုင္းေနတဲ့ ၾကားထဲမွာ ေခါင္းတစ္ခုလံုး ေသြးေတြရဲရဲနီေနတဲ့ ကိုေက်ာ္စြာျမင့္ကို ျမင္လိုက္ရၿပီး အဲဒီအခ်ိန္မွာ ၀တ္ထားတဲ့ ကိုေက်ာ္စြာျမင့္ အက်ီအေရာင္က အနက္ျဖစ္ေနေတာ့ ေသြးေတြ ဘယ္ေလာက္ရြဲေနတယ္ဆိုတာ ခပ္လွမ္းလွမ္းကေနဆို မျမင္သာေပမယ့္ အနီးကပ္ၾကည့္ရင္ေတာ့ ရင္ဘတ္နဲ႔ေက်ာဘက္မွာ ရြဲအိုင္ေနတဲ့ ေသြးကြက္ေတြက ျမင္မေကာင္းေအာင္ စိုနစ္ေနပါတယ္။ အဲဒီအခ်ိန္ကလည္း ခြဲစိတ္ခန္း မ၀င္ခင္ အခ်ိန္ဆိုေတာ့ ဘယ္နားက ဒဏ္ရာမွန္းမသိပဲ ထြက္ေနတဲ့ေသြးေတြက ညာဘက္ နားထင္ကေန တစ္ခ်ိန္လံုး စီးက်ေနသလို ဘယ္ဘက္နားေအာက္နား ကတ္ေၾကး အထိုးခံရတဲ့ ဒဏ္ရာကေတာ့ အျပင္းဆံုးလို႔ဆိုရမလို ေသြးထြက္အမ်ားဆံုး ျဖစ္ေနၿပီး အဲဒီအခ်ိန္မွာ နားတစ္ခုလံုး မၾကားရေတာ့ဘူးလို႔ အႀကိမ္ႀကိမ္ ေျပာျပေနတဲ့ ကိုေက်ာ္စြာျမင့္ေၾကာင့္ ေတာ္ေတာ္ စိတ္မေကာင္းျဖစ္ခဲ့ရပါတယ္။
၁၀မိနစ္ေလာက္ အၾကာမွာေတာ့ ဟိုမွာ ငါ့မိန္းမခြဲစိတ္ခန္းက ထြက္လာၿပီ သြားေပးပါဦး၊ လုပ္ပါဦးလို႔ ထေအာ္လိုက္တဲ့ ကိုေက်ာ္စြာျမင့္ေၾကာင့္ ကၽြန္မတို႔လည္း ခြဲစိတ္ခန္းက ထြက္လာတဲ့ ကိုေက်ာ္စြာျမင့္ ဇနီးဆီကို အလန္႔တၾကား ေျပးသြားလိုက္ေတာ့ မ်က္ႏွာတစ္ခုလံုး ရစရာမရွိေအာင္ ဖူးေယာင္ေနၿပီး ဒဏ္ရာကေသြးေတြကလည္း တစ္ကိုယ္လံုးရြဲေနေအာင္ ဒဏ္ရာမ်ားလွတဲ့ ကိုေက်ာ္စြာျမင့္ရဲ႕ ဇနီးျဖစ္သူကို ျမင္လိုက္ရပါတယ္။
ခြဲစိတ္ခန္းက ထြက္ထြက္ခ်င္းမွာပဲ လူနာအမ်ားၾကားမွာ ရတဲ့ကုတင္ေပၚကို အျမန္တင္ေပးလိုက္ခ်ိန္မွာ လံုး၀ၿငိမ္က်သြားတဲ့ ကိုေက်ာ္စြာျမင့္ ဇနီးေၾကာင့္ အနားရွိသူမ်ားအားလံုး အလန္႔တၾကား ျဖစ္ၾကရသလို အနားမွာရွိေနတဲ့ လူေတြအားလံုးကလည္း ၀ိုင္းႏိုးလိုက္ၾကတာ အနားကို ဆရာ၀န္ေတြ ၀ိုင္းအံုလာတဲ့ အထိပါပဲ။
ေရာက္လာတဲ့ ဆရာ၀န္ေတြေတာ့ အေတြ႔အႀကံဳ ရွိၿပီးသားသူေတြပီပီ မ်က္ႏွာကို ေနရာတက်ကိုင္ၿပီး ပါးႏွစ္ဖက္ကို တစ္ဖ်တ္ဖ်တ္႐ိုက္ရင္း..နာမည္ကိုေခၚရင္း ႏိုးေပးတာ ႏွစ္မိနစ္ေလာက္ အၾကာမွာေတာ့ အိမ္မက္က လန္႔ႏိုးလာသူလိုမ်ိဳး ဟင္းဆိုတဲ့ အသံအႀကီးနဲ႔အတူ ျပန္ႏိုးလာခဲ့ပါတယ္။
အဲဒီလို သတိေမ့ေမ့သြားတာဟာ ခြဲစိတ္ခန္းက ထြက္လာၿပီး ၁၂နာရီေလာက္ကေန ဇန္န၀ါရီ ၁၁ရက္နံနက္ ေလးနာရီေလာက္အထိ မၾကာမၾကာဆိုသလို ဇတ္က်ိဳးက်သြားရင္း အႀကိမ္ႀကိမ္ ျဖစ္ခဲ့ရတာမို႔ ႀကံဳရာလူက နည္းလမ္းေပါင္းစံုနဲ႔ အႀကိမ္ႀကိမ္ ႏိုးခဲ့ရတာပါပဲ။ ဒီလို သတိေမ့ေမ့သြားတာဟာ မထင္မွတ္ပဲ တိုက္ခိုက္ခံလိုက္ရတဲ့ ကတ္ေၾကးဒဏ္ရာမ်ားရဲ႕ အစိမ္းခ်ဳပ္ခံရတဲ့ ေနရာက နာက်င္မႈအျပင္ ၀႐ုန္းသုန္းကား ျဖစ္ခဲ့ရတဲ့ အခင္းျဖစ္စဥ္အေပၚ ထိတ္လန္႔သြားတဲ့ စိတ္ပိုင္းဆိုင္ရာေတြလည္း မ်ားစြာပါေနမယ္လို႔ ဆရာ၀န္တစ္ဦးက သံုးသပ္ေျပာခဲ့ပါတယ္။
ခြဲစိတ္ခန္းကထြက္ၿပီး အခ်ိန္အနည္းငယ္ အၾကာမွာေတာ့ မီးယပ္ခ်မ္းလို တစ္ကိုယ္လံုး တုန္ဆင္းေနတဲ့ ကိုေက်ာ္စြာျမင့္ဇနီးကို ရွိရွိသမွ် ေစာင္ေတြပတ္ရင္းကာ ေႏြးေထြးေအာင္ လုပ္ေပးၿပီး အေတာ္ေလးအၾကာမွာေတာ့ ကိုေက်ာ္စြာျမင့္ရဲ႕ ဇနီးျဖစ္သူ စကားစေျပာလို႔ ရလာတာကို ေတြ႔ရပါတယ္။
သူစေျပာတာကေတာ့ ကိုေက်ာ္စြာႀကီး ဘာျဖစ္သြားလဲ။ ဘယ္နားေတြထိသြားလဲ။ ေကာင္မေလး အခုဘယ္မွာလဲ စတာေတြျဖစ္ၿပီး အေတာ္ေလး သက္သာလာခ်ိန္မွာေတာ့ အခင္းျဖစ္စဥ္အက်ဥ္းကို အခုလိုပဲ ေျပာျပခဲ့ပါတယ္။
“သူက အိမ္က ကေလးေတြကို ေၾကးအိုးဆီခ်က္ေတြ ၀ယ္ေပးဖို႔ တစ္ေယာက္ထည့္ေပးပါလို႔ ေျပာတယ္။ ညီမကလည္း အဓိ႒ာန္၀င္ထားလို႔ဆိုၿပီး အိမ္က ကေလးမေလးကိုပဲ ထည့္ေပးလိုက္မိတာ အရမ္းမွားသြားတယ္။ အခ်ိန္က လႊတ္လိုက္တဲ့ အခ်ိန္ထက္ ေတာ္ေတာ္ၾကာေနလို႔ စိတ္ပူေနတဲ့အခ်ိန္မွာ ေကာင္မေလး ျပန္ေရာက္လာၿပီး သူ႔ကို အဲဒီတစ္ေယာက္က အတင္းအဓမၼ လုပ္တယ္လို႔ဆိုၿပီး ေျပာတယ္။ ၿပီးေတာ့ ေကာင္မေလးက ကားေပၚကေနလည္း ခုန္ခ်ခဲ့တယ္လို႔ေျပာၿပီး ဒဏ္ရာေတြကိုျပတယ္။ အဲဒီအခ်ိန္မွာ ကိုရဲသူ၀င္းက ၀င္လာၿပီး ေအးေအးေဆးေဆး ညႇိႏိႈင္းဖို႔ေျပာတယ္။ ညီမက အခုလို အရြယ္မေရာက္ေသးတဲ့ ကေလးကို ဒီလိုလုပ္တာ အရမ္းလြန္ေနၿပီ ဒါေပမယ့္ ညီမေယာက်္ား ဘုရားရွိခိုးေနလို႔ အခုေတာ့ျပန္လိုက္ပါ။ ေနာက္ေန႔ မနက္က်မွပဲ ဆက္ေျပာၾကမယ္လို႔ ေျပာတယ္။ အဲဒီအခ်ိန္မွာ ကေလးမေလးကိုလည္း ညီမမွာ ေမးရေသးတယ္။ ဘယ္လိုေတြျဖစ္တာလဲ အခုလို ျဖစ္တာေသခ်ာရဲ႕လား။ ဟုတ္ရဲ႕လားေပါ့။ ကေလးမေလးက သူျပဳမူပံုအားလံုးကို ေျပာျပတယ္။ အဲဒါကို ကိုရဲသူ၀င္းက ၀င္လာၿပီးေျပာတယ္ အခုျဖစ္သြားတာအတြက္ သူမွာစုထားတဲ့ သိန္း၃၀ေပးမယ္ေပါ့ေလ။ ၿပီးေတာ့ သူ႔အေနနဲ႔ အခုခ်ိန္မွာ အဲဒီေလာက္ပဲရွိလို႔ပါေပါ့ေလ။ အဲဒါညီမက ေျပာလိုက္တယ္။ ဒီအခ်ိန္မွာ အခုလိုမ်ိဳးလာၿပီး ေျပာေနတာ ဘာသေဘာလဲေပါ့။ ေျဖရွင္းမယ္ဆိုရင္လည္း ဘယ္လိုေျဖရွင္းမယ္ ဆိုတာပဲေျပာ။ ပိုက္ဆံအေၾကာင္း လာမေျပာနဲ႔ ဒီအခ်ိန္က ကိုယ့္လုပ္ရပ္အေပၚ တာ၀န္ယူေျဖရွင္းရမယ့္ အခ်ိန္လို႔ ေျပာလိုက္တယ္။ အဲဒါကို သူကထပ္ၿပီးသိန္း ၅၀ေပးမယ္တို႔ ဘာတို႔ ဆက္ေျပာတယ္။ ညီမလည္း သူနဲ႔စကားဆက္မေျပာခ်င္လို႔ သူ႔ကို ျပန္ခိုင္းတယ္။ ေနာက္ေန႔မနက္မွ ဆက္ရွင္းဖို႔ေျပာတာ သူကမျပန္ဘူး။ အဲဒီလိုနဲ႔ သူက အိမ္ေနာက္ေဖးကို ၀င္လိုက္ထြက္လိုက္ လုပ္ေနတယ္။ ကိုယ့္စိတ္ထဲမွာေတြးတာ သူ႔ခမ်ာ မဟုတ္တာ လုပ္ထားလို႔ စိတ္က ဂဏာမၿငိမ္ျဖစ္ၿပီး ကြမ္းတံေထြးေတြမ်ား ခဏခဏ ေျပးေထြးေနသလားေပါ့”
“အဲဒီအခ်ိန္မွာ သူက ညီမနာမည္ကိုေခၚၿပီး ဘယ္ဘက္ရင္ဘတ္ကို ကတ္ေၾကးနဲ႔ စထိုးလိုက္တယ္။ ျဖစ္ခ်င္ေတာ့ ဘုရားကျပန္လာတဲ့ အ၀တ္အစားျဖစ္ေနလို႔ ပန္းခတ္က အထူဆိုေတာ့ သူ ထိုးၿပီးေမြလိုက္တဲ့ အရွိန္နဲ႔ ပန္းခတ္ကေခ်ာ္ၿပီး ပခံုးကိုသြားထိတယ္။ အဲဒီအခ်ိန္မွာမွ သူငါ့ကိုလုပ္ေနၿပီ ဆိုၿပီးသိလိုက္တာ။ အဲဒီလိုျဖစ္ၿပီး သူက အဆက္မျပတ္ထိုးတယ္။ ကိုယ့္မွာလည္း ေရွာင္ရင္းကို ထိတာ မ်က္လံုးကိုလည္း ထိုးတယ္။ ကံေကာင္းလို႔ မ်က္စိလံုး၀မထိဘူး။ အဲဒီအခ်ိန္မွာ ကိုေက်ာ္စြာက မင္းငါ့မိန္းမကို ဘာလုပ္တာလဲဆိုၿပီး ေျပးလာတယ္။ ကိုေက်ာ္စြာကိုလည္း သူထိုးတယ္။ သမီးမွာ ကိုေက်ာ္စြာကို ထိမွားစိုးလို႔ေလ။ အဲဒီအခ်ိန္မွာ ကိုေက်ာ္စြာေဖေဖက အေပၚက ေနဆင္းလာတယ္ ဘဘႀကီးကိုေတာ့ သူကမထိုးဘူး။ တြန္းပဲထုတ္တယ္။ သူ႔က ညီမကိုပဲ မဲသတ္ေနတာ။ အဲဒီေနာက္ ကေလးေတြနဲ႔ အိပ္ေနတဲ့ မမထြက္လာေတာ့ မမကိုလည္း လွမ္းၿပီးထိုးတာ မမကလဲသြားတုန္း သူကအေပၚကထပ္ထိုးဖို႔ လုပ္တုန္း ညီမကလည္း လက္လွမ္းမွီရာ ဘုရားဆြမ္းေတာ္ ပုဂံေတြနဲ႔ပစ္ၿပီး ကိုေက်ာ္စြာကလည္း သူ႔ကို ၀င္လံုးၿပီး ကတ္ေၾကးကိုဖမ္းတယ္။ အဲဒီလိုေတြျဖစ္ရင္း အိမ္ေနာက္ကေန အိမ္ေရွ႕ထိ ေရာက္သြားေတာ့သူ႔ကို ဒီထက္အေျခေန မဆိုးခင္ ျပန္ဖို႔ေျပာလိုက္ေတာ့ သူ႔ကတ္ေၾကးကို ေကာက္ကိုင္ၿပီး သူ႔ကားနဲ႔ ေျပးထြက္သြားတယ္”ဟု ေျပာျပခဲ့သည္။
အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေကာလဟာလမ်ားစြာ ထြက္ေပၚေနေသာ္လည္း စံျပေဆး႐ံုမွ ေဆးစစ္ခ်က္အရ အဓမၼျပဳက်င့္ရန္ အားထုတ္ျခင္းခံခဲ့ရေသာ ကလးမေလးတြင္ အဓမၼျပဳက်င့္ခံရေသာ လကၡဏာမ်ား ျမင္ေတြ႔ေနရေၾကာင္း အေျဖထြက္လာေနေၾကာင္းႏွင့္ ယင္းအေျဖေၾကာင့္ပင္ ရဲစခန္းတြင္ ဖြင့္ထားေသာအမႈ၏ ပုဒ္မမ်ားေျပာင္းလဲခဲ့ေၾကာင္းလည္း သက္ဆိုင္ရာ ရဲစခန္းမွ သိရသည္။
အဆိုပါျဖစ္စဥ္ က်ဳးလြန္သူ ကိုရဲသူ၀င္းဆိုသူမွာ အသက္၃၀ အရြယ္ခန္႔ရွိၿပီျဖစ္ကာ အၿငိမ္းစား ဒုတိယ ဗိုလ္မွဴးႀကီး သူရစိန္၀င္း၏ သားအငယ္ျဖစ္ၿပီး အခင္းျဖစ္ျဖစ္ခ်င္း အခ်ိန္တြင္ ရဲသူ၀င္းအား အျပင္းအထန္ နာက်င္ေစမႈ ပုဒ္မ (၃၂၆)ျဖင့္ အမႈဖြင့္ထားခဲ့ေသာ္လည္း ထြက္ေပၚလာေသာ ေဆးစစ္ခ်က္အေျဖမ်ားႏွင့္ ျဖစ္စဥ္အေသးစိတ္ အခ်က္အလက္မ်ားအရ ေနအိမ္က်ဴးေက်ာ္ကာ အျပင္းထန္နာက်င္ေစမႈ ပုဒ္မ ၄၅၈၊ မုဒိန္းမႈ ပုဒ္မ ၃၇၆ အပါ၀င္ ပုဒ္မ ၅၁၁တို႔ျဖင့္ ဇန္န၀ါရီ ၁၃ရက္တြင္ ပုဒ္မေျပာင္းလဲ အမႈဖြင့္ခဲ့ေၾကာင္း သိရသည္။
ယင္းျဖစ္စဥ္၏ ရရွိေသာဒဏ္ရာမ်ားေၾကာင့္ ကိုေက်ာ္စြာျမင့္မွာ အခ်က္ ၁၆ခ်က္ခန္႔ ခ်ဳပ္ခဲ့ရသလို ကိုေက်ာ္စြာျမင့္၏ ဇနီးျဖစ္သူမွာ အခ်က္ ၂၀ခန္႔ ခ်ဳပ္ခဲ့ရေၾကာင္း က်န္ႏွစ္ဦးတြင္ တစ္ဦးမွာ ကတ္ေၾကးျဖင့္ထိုးေသာ ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေသာ္လည္း ႀကီးမားေသာ ထိခိုက္မႈမ်ိဳး မဟုတ္၍ ခ်ဳပ္ခဲ့ျခင္းမရွိေၾကာင္း သိရသည္။
တဒဂၤအတြင္းျဖစ္ပြားခဲ့ေသာ ျဖစ္ရပ္ဟုဆိုေသာ္လည္း အၾကမ္းဖက္ခံရသူမ်ား အတြက္မူ မ်က္ႏွာႏွင့္ ဦးေခါင္းမ်ားေပၚမွ ဒဏ္ရာမ်ားစြာအျပင္ စိတ္ဒဏ္ရာမ်ားစြာလည္း ရရွိခဲ့သည္မွာ မလြဲမေသြပင္ ျဖစ္သလို ယင္းကဲ့သို႔ အၾကမ္းဖက္သည့္ ျဖစ္စဥ္မ်ားမွာလည္း အမႈမွန္ေပၚေပါက္ေရးႏွင့္ တရားဥပေဒ စိုးမိုးေရး မည္မွ်အေရးႀကီးသည္ကို မီးေမာင္းထိုးျပေနသလိုပင္။ ။
Tomorrow
..............
ဝေဖန်မှု ဇာတ်လမ်းမျိုးစုံ နောက်ကွယ်က.... မိသားစုလိုက် ကတ်ကြေးနဲ့ထိုးခံရတဲ့ Tomorrow ဂျာနယ်ရဲ့ Contributor ကိုကျော်စွာမြင့်တို့ရဲ့ ဖြစ်ရပ်မှန် - နော်ရာမောင်
Fri, 01/22/2016 - 12:59
(တရားခံအား တစ်ပတ်ကြာသည်အထိ မဖမ်းမိသေး)
“ရင်ဘတ်တွေအောင့်တာ မခံနိုင်ဘူး အခုတလော နှလုံးဆေးပါ သောက်နေရတယ်”လို့ ပြောရင်း အိပ်ခန်းထဲသို့သွားကာ အိပ်ယာထဲ မလှုပ်မယှက်လှဲ နေရသူကတော့ အခုတစ်လောမှာ နာမည်ကြီး နေတဲ့ Tomorrow ဂျာနယ်က ကိုကျော်စွာမြင့်ရဲ့ ဇနီးဖြစ်သူပဲ ဖြစ်ပါတယ်။
အခင်းဖြစ်ထားပြီး သွေးစွန်းထားတဲ့ နေအိမ်မှာ သံဃာတော်တွေပင့်ပြီး အိမ်တတ်အလှူ လုပ်တဲ့နေ့ ဖြစ်ပေမယ့် ဧည့်သည်တွေကို ဧည့်မခံနိုင်အောင် နေမကောင်း ဖြစ်နေတာက ပြင်ပ ကတ်ကြေး ဒဏ်ရာတွေအပြင် အကြမ်းဖက်မှု တစ်ခုရဲ့ နောက်ကွယ်က မမြင်ရနိုင်တဲ့ စိတ်ဒဏ်ရာနဲ့ လက္ခဏာတွေဆိုတာ ငြင်းဖွယ်ရာမရှိ ဖြစ်နေပါတယ်။
ဒါပေမယ့် ကိုယ့်ရဲ့ နေအိမ်အတွင်းမှာ ကိုယ့်မိသားစုကို အဲဒီလို အကြမ်းဖက်မှုမျိုးတွေ ပြုမူသွားတဲ့ တရားခံဆိုသူကိုတော့ လိုက်လံဖမ်းဆီးနေပေမယ့် အခင်းဖြစ်ပြီး တစ်ပတ်ကြာတဲ့အထိ လုံးဝ ဖမ်းမမိသေးပါဘူး။ ဒါပေမယ့် ထူးဆန်းတာက ကတ်ကြေးနဲ့ အချက်ပေါင်းများစွာထိုးပြီး ထွက်ပြေးနေတယ်ဆိုတဲ့ တရားခံကသူရဲ့ လူမှုကွန်ယက် စာမျက်နှာကို ဘယ်သူမှ ကြည့်လို့မရတော့အောင် ရပ်ဆိုင်းပစ်လိုက်နိုင်သလို အရှောင်အတိမ်းလည်း ကျွမ်းကျင်တယ်လို့ ဆိုရမလိုပါပဲ။
အခင်းဖြစ်တဲ့နေ့...။
ဇန်နဝါရီ ၁၀ရက် ည ၁၀နာရီမှ ၁၁နာရီကြား။
တနင်္ဂနွေနေ့မှာပုံမှန် ဖောင်ပိတ်နေကျ အချိန်ထက် အနည်းငယ် စောနေလို့ ၀န်ထမ်းတွေနဲ့စုပြီး ထမင်းစားကြဖို့ လုပ်နေတုန်း ရုံးကို ဖုန်းတစ်ကြိမ်ဝင်လာပြီး ရုံးမှ သတင်းထောက် တစ်ယောက်က “အစ်မရေ ကိုကျော်စွာမြင့်တို့ မိသားစု သူ့အိမ်ထဲမှာ ကတ်ကြေးနဲ့အထိုးခံရလို့။ အခု စံပြဆေးရုံ ရောက်နေတယ်”လို့ လာပြောတာနဲ့ ညဆယ့်တစ်နာရီခွဲကျော် အချိန်ကြီး ကျွန်မတို့ တစ်ရုံးလုံး စံပြဆေးရုံကြီးကို အသည်းအသန် အပြေးသွားရပါတော့တယ်။
ဆေးရုံရောက်တဲ့ အချိန်မှာတော့ မေးမြန်းနေတဲ့ ရဲတချို့နဲ့ လူတွေဝိုင်းနေတဲ့ ကြားထဲမှာ ခေါင်းတစ်ခုလုံး သွေးတွေရဲရဲနီနေတဲ့ ကိုကျော်စွာမြင့်ကို မြင်လိုက်ရပြီး အဲဒီအချိန်မှာ ၀တ်ထားတဲ့ ကိုကျော်စွာမြင့် အကျီအရောင်က အနက်ဖြစ်နေတော့ သွေးတွေ ဘယ်လောက်ရွဲနေတယ်ဆိုတာ ခပ်လှမ်းလှမ်းကနေဆို မမြင်သာပေမယ့် အနီးကပ်ကြည့်ရင်တော့ ရင်ဘတ်နဲ့ကျောဘက်မှာ ရွဲအိုင်နေတဲ့ သွေးကွက်တွေက မြင်မကောင်းအောင် စိုနစ်နေပါတယ်။ အဲဒီအချိန်ကလည်း ခွဲစိတ်ခန်း မဝင်ခင် အချိန်ဆိုတော့ ဘယ်နားက ဒဏ်ရာမှန်းမသိပဲ ထွက်နေတဲ့သွေးတွေက ညာဘက် နားထင်ကနေ တစ်ချိန်လုံး စီးကျနေသလို ဘယ်ဘက်နားအောက်နား ကတ်ကြေး အထိုးခံရတဲ့ ဒဏ်ရာကတော့ အပြင်းဆုံးလို့ဆိုရမလို သွေးထွက်အများဆုံး ဖြစ်နေပြီး အဲဒီအချိန်မှာ နားတစ်ခုလုံး မကြားရတော့ဘူးလို့ အကြိမ်ကြိမ် ပြောပြနေတဲ့ ကိုကျော်စွာမြင့်ကြောင့် တော်တော် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။
၁၀မိနစ်လောက် အကြာမှာတော့ ဟိုမှာ ငါ့မိန်းမခွဲစိတ်ခန်းက ထွက်လာပြီ သွားပေးပါဦး၊ လုပ်ပါဦးလို့ ထအော်လိုက်တဲ့ ကိုကျော်စွာမြင့်ကြောင့် ကျွန်မတို့လည်း ခွဲစိတ်ခန်းက ထွက်လာတဲ့ ကိုကျော်စွာမြင့် ဇနီးဆီကို အလန့်တကြား ပြေးသွားလိုက်တော့ မျက်နှာတစ်ခုလုံး ရစရာမရှိအောင် ဖူးယောင်နေပြီး ဒဏ်ရာကသွေးတွေကလည်း တစ်ကိုယ်လုံးရွဲနေအောင် ဒဏ်ရာများလှတဲ့ ကိုကျော်စွာမြင့်ရဲ့ ဇနီးဖြစ်သူကို မြင်လိုက်ရပါတယ်။
ခွဲစိတ်ခန်းက ထွက်ထွက်ချင်းမှာပဲ လူနာအများကြားမှာ ရတဲ့ကုတင်ပေါ်ကို အမြန်တင်ပေးလိုက်ချိန်မှာ လုံးဝငြိမ်ကျသွားတဲ့ ကိုကျော်စွာမြင့် ဇနီးကြောင့် အနားရှိသူများအားလုံး အလန့်တကြား ဖြစ်ကြရသလို အနားမှာရှိနေတဲ့ လူတွေအားလုံးကလည်း ၀ိုင်းနိုးလိုက်ကြတာ အနားကို ဆရာဝန်တွေ ၀ိုင်းအုံလာတဲ့ အထိပါပဲ။
ရောက်လာတဲ့ ဆရာဝန်တွေတော့ အတွေ့အကြုံ ရှိပြီးသားသူတွေပီပီ မျက်နှာကို နေရာတကျကိုင်ပြီး ပါးနှစ်ဖက်ကို တစ်ဖျတ်ဖျတ်ရိုက်ရင်း..နာမည်ကိုခေါ်ရင်း နိုးပေးတာ နှစ်မိနစ်လောက် အကြာမှာတော့ အိမ်မက်က လန့်နိုးလာသူလိုမျိုး ဟင်းဆိုတဲ့ အသံအကြီးနဲ့အတူ ပြန်နိုးလာခဲ့ပါတယ်။
အဲဒီလို သတိမေ့မေ့သွားတာဟာ ခွဲစိတ်ခန်းက ထွက်လာပြီး ၁၂နာရီလောက်ကနေ ဇန်နဝါရီ ၁၁ရက်နံနက် လေးနာရီလောက်အထိ မကြာမကြာဆိုသလို ဇတ်ကျိုးကျသွားရင်း အကြိမ်ကြိမ် ဖြစ်ခဲ့ရတာမို့ ကြံုရာလူက နည်းလမ်းပေါင်းစုံနဲ့ အကြိမ်ကြိမ် နိုးခဲ့ရတာပါပဲ။ ဒီလို သတိမေ့မေ့သွားတာဟာ မထင်မှတ်ပဲ တိုက်ခိုက်ခံလိုက်ရတဲ့ ကတ်ကြေးဒဏ်ရာများရဲ့ အစိမ်းချုပ်ခံရတဲ့ နေရာက နာကျင်မှုအပြင် ၀ရုန်းသုန်းကား ဖြစ်ခဲ့ရတဲ့ အခင်းဖြစ်စဉ်အပေါ် ထိတ်လန့်သွားတဲ့ စိတ်ပိုင်းဆိုင်ရာတွေလည်း များစွာပါနေမယ်လို့ ဆရာဝန်တစ်ဦးက သုံးသပ်ပြောခဲ့ပါတယ်။
ခွဲစိတ်ခန်းကထွက်ပြီး အချိန်အနည်းငယ် အကြာမှာတော့ မီးယပ်ချမ်းလို တစ်ကိုယ်လုံး တုန်ဆင်းနေတဲ့ ကိုကျော်စွာမြင့်ဇနီးကို ရှိရှိသမျှ စောင်တွေပတ်ရင်းကာ နွေးထွေးအောင် လုပ်ပေးပြီး အတော်လေးအကြာမှာတော့ ကိုကျော်စွာမြင့်ရဲ့ ဇနီးဖြစ်သူ စကားစပြောလို့ ရလာတာကို တွေ့ရပါတယ်။
သူစပြောတာကတော့ ကိုကျော်စွာကြီး ဘာဖြစ်သွားလဲ။ ဘယ်နားတွေထိသွားလဲ။ ကောင်မလေး အခုဘယ်မှာလဲ စတာတွေဖြစ်ပြီး အတော်လေး သက်သာလာချိန်မှာတော့ အခင်းဖြစ်စဉ်အကျဉ်းကို အခုလိုပဲ ပြောပြခဲ့ပါတယ်။
“သူက အိမ်က ကလေးတွေကို ကြေးအိုးဆီချက်တွေ ၀ယ်ပေးဖို့ တစ်ယောက်ထည့်ပေးပါလို့ ပြောတယ်။ ညီမကလည်း အဓိဋ္ဌာန်ဝင်ထားလို့ဆိုပြီး အိမ်က ကလေးမလေးကိုပဲ ထည့်ပေးလိုက်မိတာ အရမ်းမှားသွားတယ်။ အချိန်က လွှတ်လိုက်တဲ့ အချိန်ထက် တော်တော်ကြာနေလို့ စိတ်ပူနေတဲ့အချိန်မှာ ကောင်မလေး ပြန်ရောက်လာပြီး သူ့ကို အဲဒီတစ်ယောက်က အတင်းအဓမ္မ လုပ်တယ်လို့ဆိုပြီး ပြောတယ်။ ပြီးတော့ ကောင်မလေးက ကားပေါ်ကနေလည်း ခုန်ချခဲ့တယ်လို့ပြောပြီး ဒဏ်ရာတွေကိုပြတယ်။ အဲဒီအချိန်မှာ ကိုရဲသူဝင်းက ၀င်လာပြီး အေးအေးဆေးဆေး ညှိနှိုင်းဖို့ပြောတယ်။ ညီမက အခုလို အရွယ်မရောက်သေးတဲ့ ကလေးကို ဒီလိုလုပ်တာ အရမ်းလွန်နေပြီ ဒါပေမယ့် ညီမယောကျ်ား ဘုရားရှိခိုးနေလို့ အခုတော့ပြန်လိုက်ပါ။ နောက်နေ့ မနက်ကျမှပဲ ဆက်ပြောကြမယ်လို့ ပြောတယ်။ အဲဒီအချိန်မှာ ကလေးမလေးကိုလည်း ညီမမှာ မေးရသေးတယ်။ ဘယ်လိုတွေဖြစ်တာလဲ အခုလို ဖြစ်တာသေချာရဲ့လား။ ဟုတ်ရဲ့လားပေါ့။ ကလေးမလေးက သူပြုမူပုံအားလုံးကို ပြောပြတယ်။ အဲဒါကို ကိုရဲသူဝင်းက ၀င်လာပြီးပြောတယ် အခုဖြစ်သွားတာအတွက် သူမှာစုထားတဲ့ သိန်း၃၀ပေးမယ်ပေါ့လေ။ ပြီးတော့ သူ့အနေနဲ့ အခုချိန်မှာ အဲဒီလောက်ပဲရှိလို့ပါပေါ့လေ။ အဲဒါညီမက ပြောလိုက်တယ်။ ဒီအချိန်မှာ အခုလိုမျိုးလာပြီး ပြောနေတာ ဘာသဘောလဲပေါ့။ ဖြေရှင်းမယ်ဆိုရင်လည်း ဘယ်လိုဖြေရှင်းမယ် ဆိုတာပဲပြော။ ပိုက်ဆံအကြောင်း လာမပြောနဲ့ ဒီအချိန်က ကိုယ့်လုပ်ရပ်အပေါ် တာဝန်ယူဖြေရှင်းရမယ့် အချိန်လို့ ပြောလိုက်တယ်။ အဲဒါကို သူကထပ်ပြီးသိန်း ၅၀ပေးမယ်တို့ ဘာတို့ ဆက်ပြောတယ်။ ညီမလည်း သူနဲ့စကားဆက်မပြောချင်လို့ သူ့ကို ပြန်ခိုင်းတယ်။ နောက်နေ့မနက်မှ ဆက်ရှင်းဖို့ပြောတာ သူကမပြန်ဘူး။ အဲဒီလိုနဲ့ သူက အိမ်နောက်ဖေးကို ၀င်လိုက်ထွက်လိုက် လုပ်နေတယ်။ ကိုယ့်စိတ်ထဲမှာတွေးတာ သူ့ခမျာ မဟုတ်တာ လုပ်ထားလို့ စိတ်က ဂဏာမငြိမ်ဖြစ်ပြီး ကွမ်းတံထွေးတွေများ ခဏခဏ ပြေးထွေးနေသလားပေါ့”
“အဲဒီအချိန်မှာ သူက ညီမနာမည်ကိုခေါ်ပြီး ဘယ်ဘက်ရင်ဘတ်ကို ကတ်ကြေးနဲ့ စထိုးလိုက်တယ်။ ဖြစ်ချင်တော့ ဘုရားကပြန်လာတဲ့ အဝတ်အစားဖြစ်နေလို့ ပန်းခတ်က အထူဆိုတော့ သူ ထိုးပြီးမွေလိုက်တဲ့ အရှိန်နဲ့ ပန်းခတ်ကချော်ပြီး ပခုံးကိုသွားထိတယ်။ အဲဒီအချိန်မှာမှ သူငါ့ကိုလုပ်နေပြီ ဆိုပြီးသိလိုက်တာ။ အဲဒီလိုဖြစ်ပြီး သူက အဆက်မပြတ်ထိုးတယ်။ ကိုယ့်မှာလည်း ရှောင်ရင်းကို ထိတာ မျက်လုံးကိုလည်း ထိုးတယ်။ ကံကောင်းလို့ မျက်စိလုံးဝမထိဘူး။ အဲဒီအချိန်မှာ ကိုကျော်စွာက မင်းငါ့မိန်းမကို ဘာလုပ်တာလဲဆိုပြီး ပြေးလာတယ်။ ကိုကျော်စွာကိုလည်း သူထိုးတယ်။ သမီးမှာ ကိုကျော်စွာကို ထိမှားစိုးလို့လေ။ အဲဒီအချိန်မှာ ကိုကျော်စွာဖေဖေက အပေါ်က နေဆင်းလာတယ် ဘဘကြီးကိုတော့ သူကမထိုးဘူး။ တွန်းပဲထုတ်တယ်။ သူ့က ညီမကိုပဲ မဲသတ်နေတာ။ အဲဒီနောက် ကလေးတွေနဲ့ အိပ်နေတဲ့ မမထွက်လာတော့ မမကိုလည်း လှမ်းပြီးထိုးတာ မမကလဲသွားတုန်း သူကအပေါ်ကထပ်ထိုးဖို့ လုပ်တုန်း ညီမကလည်း လက်လှမ်းမှီရာ ဘုရားဆွမ်းတော် ပုဂံတွေနဲ့ပစ်ပြီး ကိုကျော်စွာကလည်း သူ့ကို ၀င်လုံးပြီး ကတ်ကြေးကိုဖမ်းတယ်။ အဲဒီလိုတွေဖြစ်ရင်း အိမ်နောက်ကနေ အိမ်ရှေ့ထိ ရောက်သွားတော့သူ့ကို ဒီထက်အခြေနေ မဆိုးခင် ပြန်ဖို့ပြောလိုက်တော့ သူ့ကတ်ကြေးကို ကောက်ကိုင်ပြီး သူ့ကားနဲ့ ပြေးထွက်သွားတယ်”ဟု ပြောပြခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကောလဟာလများစွာ ထွက်ပေါ်နေသော်လည်း စံပြဆေးရုံမှ ဆေးစစ်ချက်အရ အဓမ္မပြုကျင့်ရန် အားထုတ်ခြင်းခံခဲ့ရသော ကလးမလေးတွင် အဓမ္မပြုကျင့်ခံရသော လက္ခဏာများ မြင်တွေ့နေရကြောင်း အဖြေထွက်လာနေကြောင်းနှင့် ယင်းအဖြေကြောင့်ပင် ရဲစခန်းတွင် ဖွင့်ထားသောအမှု၏ ပုဒ်မများပြောင်းလဲခဲ့ကြောင်းလည်း သက်ဆိုင်ရာ ရဲစခန်းမှ သိရသည်။
အဆိုပါဖြစ်စဉ် ကျုးလွန်သူ ကိုရဲသူဝင်းဆိုသူမှာ အသက်၃၀ အရွယ်ခန့်ရှိပြီဖြစ်ကာ အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး သူရစိန်ဝင်း၏ သားအငယ်ဖြစ်ပြီး အခင်းဖြစ်ဖြစ်ချင်း အချိန်တွင် ရဲသူဝင်းအား အပြင်းအထန် နာကျင်စေမှု ပုဒ်မ (၃၂၆)ဖြင့် အမှုဖွင့်ထားခဲ့သော်လည်း ထွက်ပေါ်လာသော ဆေးစစ်ချက်အဖြေများနှင့် ဖြစ်စဉ်အသေးစိတ် အချက်အလက်များအရ နေအိမ်ကျူးကျော်ကာ အပြင်းထန်နာကျင်စေမှု ပုဒ်မ ၄၅၈၊ မုဒိန်းမှု ပုဒ်မ ၃၇၆ အပါ၀င် ပုဒ်မ ၅၁၁တို့ဖြင့် ဇန်နဝါရီ ၁၃ရက်တွင် ပုဒ်မပြောင်းလဲ အမှုဖွင့်ခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်၏ ရရှိသောဒဏ်ရာများကြောင့် ကိုကျော်စွာမြင့်မှာ အချက် ၁၆ချက်ခန့် ချုပ်ခဲ့ရသလို ကိုကျော်စွာမြင့်၏ ဇနီးဖြစ်သူမှာ အချက် ၂၀ခန့် ချုပ်ခဲ့ရကြောင်း ကျန်နှစ်ဦးတွင် တစ်ဦးမှာ ကတ်ကြေးဖြင့်ထိုးသော ထိခိုက်ဒဏ်ရာများ ရရှိခဲ့သော်လည်း ကြီးမားသော ထိခိုက်မှုမျိုး မဟုတ်၍ ချုပ်ခဲ့ခြင်းမရှိကြောင်း သိရသည်။
တဒင်္ဂအတွင်းဖြစ်ပွားခဲ့သော ဖြစ်ရပ်ဟုဆိုသော်လည်း အကြမ်းဖက်ခံရသူများ အတွက်မူ မျက်နှာနှင့် ဦးခေါင်းများပေါ်မှ ဒဏ်ရာများစွာအပြင် စိတ်ဒဏ်ရာများစွာလည်း ရရှိခဲ့သည်မှာ မလွဲမသွေပင် ဖြစ်သလို ယင်းကဲ့သို့ အကြမ်းဖက်သည့် ဖြစ်စဉ်များမှာလည်း အမှုမှန်ပေါ်ပေါက်ရေးနှင့် တရားဥပဒေ စိုးမိုးရေး မည်မျှအရေးကြီးသည်ကို မီးမောင်းထိုးပြနေသလိုပင်။ ။
Tomorrow
ေ၀ဖန္မႈ ဇာတ္လမ္းမ်ိဳးစံု ေနာက္ကြယ္က.... မိသားစုလိုက္ ကတ္ေၾကးနဲ႔ထိုးခံရတဲ့ Tomorrow ဂ်ာနယ္ရဲ႕ Contributor ကိုေက်ာ္စြာျမင့္တို႔ရဲ႕ ျဖစ္ရပ္မွန္ - ေနာ္ရာေမာင္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 22, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment