Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 13, 2016

Til It Happens to You သီခ်င္းကို ဘ၀အေတြ႔အၾကံဳအေပၚ အေျခခံ ေရးသားခဲ့ဟု ေလဒီ ဂါးဂါးေျပာ

မြန္ရဲ

၀ါရွင္တန္ ၊ ဇန္န၀ါရီ ၇

          အေမရိကန္ ေကာလိပ္၀င္းမ်ား အတြင္း အမိ်ဳးသမီး ေက်ာင္းသူမ်ား လိင္ပိုင္းဆိုင္ရာ အနိုင္က်င့္ ခံေနရျခင္းနွင့္ ပတ္သက္သည့္ မွတ္တမ္းတင္ ရုပ္ရွင္ The Hunting Ground အတြက္ ဇာတ္၀င္ေတး  Til It Happens to You (မင္းၾကံဳရေတာ့မွ..) ကို ဘ၀အေတြ႔အၾကံဳ အေပၚ အေျခခံျပီး ေရးသားခဲ့ေၾကာင္း အဆိုေတာ္ ေလဒီဂါးဂါးက ေျပာဆိုခဲ့သည္။

          ဒါရိုက္တာ ကာဘီဒစ္၏ The Hunting Ground အတြက္ သီခ်င္း ေရးသားေပးခဲ့မႈကို ေလဒီဂါးဂါးက ဘီဗာလီေဟးလ္ရိွ ပင္နီဆူလာ ဟိုတယ္၌ ျပဳလုပ္ေသာ အခမ္းအနား တစ္ခုတြင္ ေျပာဆိုခဲ့ျခင္း ျဖစ္သည္။ ေလဒီဂါးဂါးက လိင္ပိုင္းဆိုင္ရာ အနိုင္က်င့္ခံခဲ့ရ ျပီးေနာက္ နာလန္ထနိုင္ရန္ မနည္းပင္ ၾကိဳးပမ္းခဲ့ရျပီး၊ ယင္းအေတြ႔အၾကံဳမ်ား အေပၚ အေျခခံကာ အဆိုပါ သီခ်င္းကို ေရးသားခဲ့ျခင္း ျဖစ္သည္ဟု ေျပာဆိုခဲ့သည္။

          ''ကြ်န္မ ၀တ္ပံုစားပံု၊ ေနပံုထိုင္ပံုေတြနဲ႔က လိင္ပိုင္းဆိုင္ရာ အနိုင္က်င့္ခ်င္လာေအာင္ လံႈ႕ေဆာ္သလို ျဖစ္ေနတယ္။ ဒါေၾကာင့္ အနိုင္က်င့္တာမွာ ကြ်န္မအျပစ္လည္း ပါတယ္လို႔ ခံယူမိပါတယ္'' ဟု အဆိုေတာ္က ဆိုခဲ့သည္။

          The Hunting Ground မွတ္တမ္းတင္ ရုပ္ရွင္တြင္ လိင္ပိုင္းဆိုင္ရာ အနိုင္က်င့္မႈမ်ားနွင့္ ယင္းအၾကမ္းဖက္မႈမ်ားကို တံု႔ျပန္ရန္ ေက်ာင္းသား လႈပ္ရွားသူမ်ားက ၾကိဳးပမ္းပံုကို အဓိကထား ေဖာ္ျပထားသည္။ ကာဘီဒစ္က ဒါရိုက္တာ အျဖစ္ ရိုက္ကူးျခင္း ျဖစ္ျပီး ေအအီဇီရင္က ထုတ္လုပ္ခဲ့ျခင္း ျဖစ္သည္။ The Hunting Ground  မွာ ေအာ္စကာဆု ေရြးခ်ယ္ပဲြ အေကာင္းဆံုး မွတ္တမ္းတင္ ရုပ္ရွင္ဆု ဆန္ခါတင္ စာရင္းတြင္ ပါ၀င္ခဲ့သည္။

          ဂါးဂါးသည္ သီခ်င္းကို ဒိန္း၀ါရန္နွင့္အတူ ေရးသားခဲ့ျခင္း ျဖစ္သည္။ အင္မတန္ကို စစ္မွန္သည့္ အေၾကာင္းအရာ တစ္ခုတြင္ တစ္စိတ္ တစ္ပိုင္း ပါ၀င္ခြင့္ ရရိွခဲ့သည့္ အတြက္ ေက်းဇူးတင္ေၾကာင္း ဂါဂါးက ရုပ္ရွင္ ထုတ္လုပ္သူမ်ားကို ေက်းဇူးတင္ခဲ့သည္။  

     Source:Hollywood Reporter
http://www.messengernewsjournal.com/entertainment/detail.php?id=50491
...................
Til It Happens to You သီချင်းကို ဘဝအတွေ့အကြုံအပေါ် အခြေခံ ရေးသားခဲ့ဟု လေဒီ ဂါးဂါးပြော « Back

မွန်ရဲ

၀ါရှင်တန် ၊ ဇန်နဝါရီ ရ

          အမေရိကန် ကောလိပ်ဝင်းများ အတွင်း အမျိုးသမီး ကျောင်းသူများ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် ခံနေရခြင်းနှင့် ပတ်သက်သည့် မှတ်တမ်းတင် ရုပ်ရှင် The Hunting Ground အတွက် ဇာတ်ဝင်တေး  Til It Happens to You (မင်းကြံုရတော့မှ..) ကို ဘဝအတွေ့အကြံု အပေါ် အခြေခံပြီး ရေးသားခဲ့ကြောင်း အဆိုတော် လေဒီဂါးဂါးက ပြောဆိုခဲ့သည်။

          ဒါရိုက်တာ ကာဘီဒစ်၏ The Hunting Ground အတွက် သီချင်း ရေးသားပေးခဲ့မှုကို လေဒီဂါးဂါးက ဘီဗာလီဟေးလ်ရှိ ပင်နီဆူလာ ဟိုတယ်၌ ပြုလုပ်သော အခမ်းအနား တစ်ခုတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။ လေဒီဂါးဂါးက လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံခဲ့ရ ပြီးနောက် နာလန်ထနိုင်ရန် မနည်းပင် ကြိုးပမ်းခဲ့ရပြီး၊ ယင်းအတွေ့အကြံုများ အပေါ် အခြေခံကာ အဆိုပါ သီချင်းကို ရေးသားခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

          ''ကျွန်မ ၀တ်ပုံစားပုံ၊ နေပုံထိုင်ပုံတွေနဲ့က လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ချင်လာအောင် လှုံ့ဆော်သလို ဖြစ်နေတယ်။ ဒါကြောင့် အနိုင်ကျင့်တာမှာ ကျွန်မအပြစ်လည်း ပါတယ်လို့ ခံယူမိပါတယ်'' ဟု အဆိုတော်က ဆိုခဲ့သည်။

          The Hunting Ground မှတ်တမ်းတင် ရုပ်ရှင်တွင် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများနှင့် ယင်းအကြမ်းဖက်မှုများကို တုံ့ပြန်ရန် ကျောင်းသား လှုပ်ရှားသူများက ကြိုးပမ်းပုံကို အဓိကထား ဖော်ပြထားသည်။ ကာဘီဒစ်က ဒါရိုက်တာ အဖြစ် ရိုက်ကူးခြင်း ဖြစ်ပြီး အေအီဇီရင်က ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ The Hunting Ground  မှာ အော်စကာဆု ရွေးချယ်ပွဲ အကောင်းဆုံး မှတ်တမ်းတင် ရုပ်ရှင်ဆု ဆန်ခါတင် စာရင်းတွင် ပါ၀င်ခဲ့သည်။

          ဂါးဂါးသည် သီချင်းကို ဒိန်းဝါရန်နှင့်အတူ ရေးသားခဲ့ခြင်း ဖြစ်သည်။ အင်မတန်ကို စစ်မှန်သည့် အကြောင်းအရာ တစ်ခုတွင် တစ်စိတ် တစ်ပိုင်း ပါ၀င်ခွင့် ရရှိခဲ့သည့် အတွက် ကျေးဇူးတင်ကြောင်း ဂါဂါးက ရုပ်ရှင် ထုတ်လုပ်သူများကို ကျေးဇူးတင်ခဲ့သည်။  

     Source:Hollywood Reporter
http://www.messengernewsjournal.com/entertainment/detail.php?id=50491

No comments:

Post a Comment