Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, January 21, 2016
 Ref:wonderslist
ခင်သူဇာ
...........................................................
ရေချိုးခန်း မသုံးရတဲ့ အင်ဒိုနီးရှားက Tidong လူမျိုးတို့ရဲ့ မင်္ဂလာဓလေ့
အင်ဒိုိနီးရှားနို်င်ငံက Tidong လူမျိုးတွေရဲ့ ထုံးတမ်းစဉ်လာတွေက အရမ်းထူးခြားပါတယ်။ ချစ်စရာ အကောင်းဆုံး ဓလေ့တစ်ခုကတော့ သတိုးသမီးကို သတိုးသားက သီချင်းအများကြီး မဆိုပြရင် သတိုးသမီးရဲ့မျက်နှာကို ကြည့်ခွင့်မရနိုင်ပါဘူး ။
သတိုးသားက သတ်မှတ်ထားတဲ့ သီချင်း အရေအတွက်ကို သီဆိုပြီးမှသာ မင်္ဂလာ သတိုးသားနဲ့ သတိုးသမီးကြားမှာ ကာရံထားတဲ့ လိုက်ကာစကို ဖယ်ရှားပစ်တာ ဖြစ်ပါတယ်။ အထူးခြားဆုံးကတော့ သတိုးသားနဲ့သတိုးသမီးက မင်္ဂလာဆောင်ပြီး သုံးရက် သုံးည အတွင်း ရေချိုးခန်းကို အသုံးမပြုရပါဘူး။
Tidong လူမျိုးတို့ရဲ့အယူအဆ အရ သုံးရက်သုံးည ဓလေ့ကို ဖောက်ဖျက်ခဲ့ရင် မင်္ဂလာမောင်နှံမှာ ကံဆိုးခြင်းတွေ ကြုံတွေ့မှာဖြစ်ပါတယ် ။အိ်မ်ထောင်ကွဲခြင်း ၊ သားသမီးမရခြင်း နဲ့ သားသမီး အရွယ် မရောက်ခင် သေဆုံးခြင်း တို့ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မင်္ဂလာ မောင်နှံကို လူများစွာက စောင့်ကြည့်နေပြီး အစာနဲ့ရေ အနည်းငယ်သာ ကျွေးပါတယ်။ သုံးရက်ပြည့်ပြီးနောက်နေ့မှ ရေချိုးပြီး ပုံမှန်ဘဝထဲသို့ ပြန်လည် ၀င်ရောက်ခွင့်ရကြပါတာဖြစ်ပါတယ် ။
 Ref:wonderslist
ခင်သူဇာ
http://www.trend.com.mm/2016/01/21/culture-8638
No comments:
Post a Comment