CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, January 7, 2016
ရှေ့မှာ မာယာလူမျိုး/Bermuda/Island Of Dolls/ Death Valley /တို့လိုကမ္ဘာ့သိပ္ပံပ
မယုံဘူးကွာ။ရှောက်ဖောတာ။အလကားlikeလိုချင်လို့ရွှီးတာ။သောက်ပေါပါကွာတကယ်
ခေတ်လူငယ်ပဲဗျာ။ "အဲ့အိမ်ရှေ့မသွားနဲ့သရဲရှိတယ်" / "အဲ့နေရာကသရဲဒေနေတာကွ"ဆိုတာမျိုးတွေကို
မျက်စိမှိတ်နားပိတ်ပီးယုံရအောင်လဲမူကြိုကလေးမှမဟုတ်ကြတာ။ ငယ်ငယ်က
လာခဲ့ပါတယ်။
………………………
#Suicide_Forest
ဆင့်ခံယူပီးဟင်းလျာအဖြစ်ရောင်းခဲ့တဲ့ပထမကမ္ဘာစစ်ကစားသောက်ဆိုင်တဆိုင်သမိုင်းလို/
ဦးရေဟာ လက်ရှိအလောင်းပြန်ရသလောက်၅၀၀နဲ့၇၀၀ကြားရှိလာပီး ။၂၀၀၂ခုနှစ် ဒီဇင်ဘာ
……………………………………………
ဆိုတဲ့အမျိုးသားတယောက်နဲ့သူ့မိသားစု ၅ယောက်ဟာပျော်ပွဲစားထွက်ခဲ့တယ်။ ဂျပန်ရဲ့
ကိုးကွယ်မူတွေထဲကသရဲတစ္ဆေတွေကိုယုံကြည်ကိုးကွယ်တဲ့ဘာသာတခုကိုကိုးကွယ်တဲ့မိသားစု
၁၉၄၅ခုနှစ် ဒုတိယကမ္ဘာစစ်အပြီးလောက်ထဲကတားမြစ်ထားခဲ့တဲ့သစ်တောကြိုးဝိုင်း (လက်ရှိ
တို့မိသားစုဟာ ဆွဲကြိုးချသူချ အသားကင်ဒုတ်နဲ့ထိုးပီးသတ်သေသူသေနဲ့ တယောက်တနေရာစီ
စပ်မှာလူတွေလမ်းလျှောက်နေတ်ာအော်နေပါတယ်ဆိုတံ့သတင်းတွေနဲ့ပါနာမည်ကြီးလာခဲ့ပြန်
အုပ်ကိုလာရောက်သတ်သေခဲ့သူမှာ လူပေါင်းများစွာရှိခဲ့ပီးအဆိုးဆုံးနှစ်တနှစ်ဖြစ်ခဲ့ပါတယ်။
*The Tree ( Shrah Lotz)
*Grave Halloween (2013)
.…………………………
……………………………………………
ထူးခြားမူတော့ ဒီတောအုပ်ဟာရောက်တဲ့သူတွေရဲ့စိတ်ကိုထိုင်းမှိုင်းစေတဲ့သဘာဝအနေအထားနဲ့
လူတယောက်ရဲ့ဦးနှောက်နဲ့အသိစိတ်ကိုခြောက်ခြားသွားစေမယ့် အနေအထားမျိုးဖြစ်နေပီး
အချစ်ရေးသာယာပီး ပျော်ရွှင်စွာဖြတ်သန်းနေတဲ့လူတွေဖြစ်နေတယ်ဆိုတာကိုသွားတွေ့ရပြန်ပါ
မသိနိုင်တော့ပါဘူး။
'.………………………………………
အကိုးအကားများ
*The Tree ( Shrah Lotz)
* Kuchikama ( Japan Book )
* Kurosagi ( Japan Book )
ထက်ဝန
Htet Wa Na
.................................................................
Suicide_Forest (သို ့) ကိုယ့်ကိုယ်ကိုသတ်သေမူအများဆုံးကမ္ဘာ့နေရာ (သို့) အဖြေရှာမရသောကမ္ဘာ့ကြောက်စရာအကောင်းဆုံးနေရာများထဲမှတခု။
ရှေ့မှာ မာယာလူမျိူး/Bermuda/Island Of Dolls/ Death Valley /တို့လိုကမ္ဘာ့သိပ္ပံပ
ညာနဲ့အဖြေရှာမရတဲ့ "ဖောတာပါကွာ"လို့ပြောလို့မရတဲ့ နေရာတွေအကြောင်းကိုတင်ခဲ့ပီးပီပေါ့။
ခုတခါလဲ ဒီလိုနေရာတွေထဲ၂၀၁၂ခုနှစ်နောက်ပိုင်းမှလူစိတ်ဝင်စားမူများလာတဲ့သိပ္ပံပညာနဲ့အ
ဖြေရှာမရတဲ့ ဂျပန်နိုင်ငံရဲ့အမြင့်ဆုံးတောင်ဖြစ်တဲ့ ဖူဂျီတောင်ရဲ့အနောက်ဖက်ခြမ်းက မရဏတောအုပ်
(သို့) Suicide Forest လို့နာမည်ကြီးတဲ့တောအုပ်တခုအကြောင်းပြောရအောင်။
မယုံဘူးကွာ။ရှောက်ဖောတာ။အလကားlikeလိုချင်လို့ရှီွးတာ။သောက်ပေါပါကွာတကယ်
လဲမရှိပဲနဲ့ဆိုပီးပြောကြလိမ့်မယ်။ ရှေ့ကPostတွေမှာလဲ ကျတော်ကိုယ်တိုင်အဲ့လိုသူများရေးတာဒေ
သတင်းတွေကိုအယုံအကြည်ကိုးမရှိလို့ကိုယ်တိုင်လေ့လာပီးကိုးအထောက်အထားဒေနဲ့တင်ခဲ့တာပါ။
ခေတ်လူငယ်ပဲဗျာ။ "အဲ့အိမ်ရှေ့မသွားနဲ့သရဲရှိတယ်" / "အဲ့နေရာကသရဲဒေနေတာကွ"ဆိုတာမျိူးတွေကို
မျက်စိမှိတ်နားပိတ်ပီးယုံရအောင်လဲမူကြိူကလေးမှမဟုတ်ကြတာ။ ငယ်ငယ်က
အိပ်ရာဝင်ပုံပြင်တွေလို ဖတ်ပီးကြောက်ရယုံရအောင်လဲဒီဖက်ခေတ် social networkတွေ
တိုးတက်နေတဲ့ခေတ်မှာ မရှိတာကိုအရှိမဟုတ်တာကိုအဟုတ်ပြောလို့မရတော့ပါဘူး။ကိုယ်တိုင်ကို
မယုံလို့ရှာပီးတင်တာပါ။ မာယာလူမျိူးဒေမရှိဘူးလို့ပြောလို့မရသလို
Death Valleyကိုမယုံဘူးကွာဆိုပီးသွားအပန်းဖြေလို့လဲမရတော့ပါဘူး။ဒီလိုပဲ Island Dollsကို
မယုံဘူးကွာဆိုပီးသွားလည်ပတ်လို့မရတော့သလိုအခုတခါ Suicide Forest ဟာလဲအလကား
ပါကွာလို့ပြောလို့မရတော့လောက်အောင်တနေ့ထက်တနေ့အထောက်အထားတွေဟာခိုင်မာ
လာခဲ့ပါတယ်။
………………………
#Suicide_Forest
ဒီတောအုပ်က ဂျပန်နိုင်ငံ ဖူဂျီတောင်ရဲ့အနောက်ဖက်ခြမ်းကသစ်ပင်တွေထူထပ်တဲ့တော
အုပ်ကြီးထဲကနေရာတခုပါ။ ဂျပန်လိုနာမည်ကတော့ #Aokigahara လို့ခေါ်ပီးအင်္ဂလိပ်လို
#The_Sea_Of_Threes လို့ခေါ်ကြပြန်ပါတယ်။ ဂျပန်လူမျိူးအများစုကတော့ဒီတောအုပ်
ကို နတ်ဆိုးတောအုပ် / မရဏတောအုပ်လို့ခေါ်ကြပါတယ်။ အကျယ်အားဖြင့် ၃၅စတုရန်းကီလို
မီတာကျယ်ပီး ဒီတောအုပ်ရဲ့ဧရီယာပတ်ပတ်လည်ဟာ ဂျပန်ရုက္ခဗေဒဥယာဉ်ကြီးတခုပါ။
ဒီ Suicide Forest ရဲ့ဧရိယာပြင်ပဟာသာမာန်တောအုပ်တွေလိုပဲဖြစ်ပီး ဧရိယာအတွင်းတား
မြစ်တောအုပ်ထဲမှာတော့ ကျောက်ဂူတွေ စိမ့်စမ်းချောင်းတွေများပြားတဲ့တောအုပ်တခုပါ။ ဒီ
တောအုပ်ရဲ့ ဧရိယာပြင်ပမှာတော့အိမ်ခြေ၅၀၀လောက်နေထိုင်တဲ့ ရွာတခုရှိပီးဒီရွာကလူတွေ
ဟာ ကမ္ဘာလှည့်ခရီးသွားတွေရဲ့လည်ပတ်မူဝင်ငွေနဲ့နေထိုင်စားသောက်ကြပါတယ်။
နှစ်စဉ်သဘာဝတောတောင်အလှတွေကိုလာရောက်ကြည့်ရူတဲ့ ကမ္ဘာလှည့်ခရီးသွားတွေများပြားပီး
ရုက္ခဗေဒပညာရှင်တွေ လိပ်ပြာပညာရှင်တွေလဲလာရောက်လေ့လာလေ့ရှိကြပါတယ်။မီးတောင်
ကျောက်တွေ သဘာဝဆေးရွက်တွေအများအပြားရှိပီးအမြဲစိုထိုင်းနေတဲ့ဒေသတခုပေါ့။
ဂျပန်ရာဇဝင်ထဲ ဒီတောအုပ်မှာဖြစ်ခဲ့တဲ့ဖြစ်ရပ်တွေသမိုင်းတွေ အဖြစ်အပျက်တွေများစွာရှိခဲ့ပြီး
မြန်မာမှာဆိုရင်တော့သမိုင်းအခိုင်အမာရှိခဲ့တဲ့ပုပ္ပားတောင်လိုပေါ့။ ဂျပန် မီဂူဆာရာဇဝင်လို ့
နာမည်ကြီးတဲ့သမန်းဝံပလွေနဲ့လူတွေရဲ့အချစ်ဇာတ်လမ်းလို/လူသေအလောင်းတွေကိုတ
ဆင့်ခံယူပီးဟင်းလျာအဖြစ်ရောင်းခဲ့တဲ့ပထမကမ္ဘာစစ်ကစားသောက်ဆိုင််တဆိုင်သမိုင်းလို/
စသဖြင့်ဂျပန်ရာဇဝင်မှာအထင်အရှားစာပေတွေထဲရှိခဲ့တဲ့ဖြစ်ရပ်တွေ ဖြစ်ခဲ့ရှိခဲ့တဲ့နေရာပေါ့။
ဒါပေမယ့်လွန်ခဲ့တဲ့ဆယ်စုနှစ် နှစ်စုသုံးစုလောက်အထိ ဒီတောအုပ်ဟာနာမည်မကြီးခဲ့ပါဘူး။
ပုံပြင်လိုလိုလူကြီးတွေရှေးမှီနောက်မှီလူကြီးတွေရဲ့အပြောသာရှိခဲ့ပီး ဒီဖက်ခေတ် Social Network
တိုးတက်လာချိန်မှာတော့ဒီတောအုပ်ဟာကမ္ဘာကလူတွေရဲ့စိတ်ဝင်စားမူများလာခဲ့ပီး သွေးပျက်
စရာဖြစ်ရပ်တွေဟာလဲတစထက်တစဖြစ်လာခဲ့ပါတော့တယ်။ ဒီတော့အုပ်ကိုလာရောက်လည်ပတ်သူတွေဟာ
ဒီတားမြစ်ဧရိယာထဲဝင်တာနဲ့အလိုလိုသေကြောင်းကြံကြပီး ကိုယ့်ဟာကိုယ်ဆွဲကြိုးချကြတယ် သတ်သေကြတယ်
ကျောက်ဆောင်တွေပေါ်ကခုန်ချကြတယ် ပါလာတဲ့ဘီးဘောပင်စတဲ့အချွန်တခုခုနဲ့ထိုးသတ်သေကြ
တယ်စသဖြင့် နာမည်ကြီးလာခဲ့ပါတော့တယ်။ဒီတောအုပ်မှာကိုယ့်ဟာကိုယ်သတ်သေတဲ့လူ
ဦးရေဟာ လက်ရှိအလောင်းပြန်ရသလောက်၅၀၀နဲ့ရ၀၀ကြားရှိလာပီး ။၂၀၀၂ခုနှစ် ဒီဇင်ဘာ
လမှာတော့အလောင်းရ၃လောင်းအထိရှိခဲ့ပါတယ်။ ၂၀၀၃ခုနှစ် ၂၀၀၄ခုနှစ်တွေမှာလဲနှစ်စဉ်
တိုးလာခဲ့ပီး တနှစ်ပျမ်းမှအနည်းဆုံး ၃၂ယောက်အထိသတ်သေကြတာကိုဂျပန်အစိုးရရဲ့ကြေငြာ
ချက်များအရတွေ့လာရပါတယ်။ ဒီလိုနဲ့တစထက်တစလူသိများ လူစိတ်ဝင်စားမူများလာခဲ့ပီး
၂၀၀၉ခုနှစ်မှာတော့ ဂျပန်သစ်တောအာဏာပိုင်တွေဟာဒီတောအုပ်ကိုတင်းကြပ်စွာပိတ်ပစ်ခဲ့တဲ့
အထိဖြစ်လာခဲ့ပါတယ်။ Not Enterဆိုတဲ့စာတွေ ဒီနေရာမှာအလောင်းဘယ်နှလောင်းတွေ့ခဲ့တယ်
ပါကပ်ခဲ့ပီးတားမြစ်လာခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေဟာဒီဖက်ခေတ်မှဖြစ်လာခဲ့တာမျိူးမဟုတ်ပဲ
၁၉၄၀ ၁၉၅၀ခုနှစ်တွေလောက်ထဲကဖြစ်ခဲ့တာတွေရှိခဲ့ပါတယ်။ ဒီဖက်ခေတ်မှာဒီတောအုပ်ကို
ခုလိုနာမည်ကြီးလာစေတဲ့အဓိကဖြစ်ရပ်ကလဲရှိနေခဲ့ပြန်ပါတယ်။ ဒီဖြစ်ရပ်ကိုမပြောခင်
အရင်ကအကြောင်းတွေကိုပြန်သွားရအောင်…့
……………………………………………
၁၉၇၇ ခုနှစ်မေလ ၁၃ရက်နေ့မှာ ဒီSuicide Forestဆိုတဲ့တောအုပ်ကို ကာဂျီဆူ
ဆိုတဲ့အမျိူးသားတယောက်နဲ့သူ့မိသားစု ၅ယောက်ဟာပျော်ပွဲစားထွက်ခဲ့တယ်။ ဂျပန်ရဲ့
ကိုးကွယ်မူတွေထဲကသရဲတစေ ္ဆတွေကိုယုံကြည်ကိုးကွယ်တဲ့ဘာသာတခုကိုကိုးကွယ်တဲ့မိသားစု
ပီပီတော်ရုံအပြောတွေ ဒဏ္ဌာရီတွေလောက်ကိုမယုံကြည်တဲ့မိသားစုပေါ့။ဒီလိုနဲ့လာလည်ပတ်ရင််း
၁၉၄၅ခုနှစ် ဒုတိယကမ္ဘာစစ်အပြီးလောက်ထဲကတားမြစ်ထားခဲ့တဲ့သစ်တောကြိူးဝိုင်း (လက်ရှိ
Suicide Forest ) ထဲကိုဝင်ပီးလည်ပတ်ခဲ့ကြတယ်။ နေရောင်သိပ်မတိုးပဲတချိါ့်နေရာတွေဆို
အမြဲမှောင်နေတတ်တဲ့တောအုပ်ဖြစ်တာနဲ့အညီနေမဝင်ခင်တောင်မှမိုးချုပ်နေသလိုဖြစ်နေတတ်
တဲ့နေရာပေါ့။ ဒီလိုနဲ့ ၆ရက်လောက်ကြာတဲ့အထိဘာသတင်းမှမရပဲပြန်မလာခဲ့လို ့ကာဂျီဆူရဲ့
ကားအပိုပစ္စည်းရောင်းတဲ့companyကလုပ်ဖေါ်ကိုင်ဖက်၂ယောက်ဟာ ကာဂျီဆူတို့ဒီတောအုပ်
ကိုပျော်ပွဲစားထွက်တယ်ကြားလို့ သက်ဆိုင်ရာကိုတိုင်ပီးလာရောက်ရှာဖွေခဲ့ရာမှာတော့ ကာဂျီဆူ
တို့မိသားစုဟာ ဆွဲကြိူးချသူချ အသားကင်ဒုတ်နဲ့ထိုးပီးသတ်သေသူသေနဲ ့တယောက်တနေရာစီ
Suicide လုပ်ပီးသေထားတဲ့အလောင်းတွေကိုသက်ဆိုင်ရာကတွေ့ခဲ့ရတယ်။ ဒါပေမယ့် ကာဂျီ
ဆူရဲ့အလောင်းကိုတော့ရှာမရခဲ့ပါဘူး။ ………ဒီလိုပဲ ၁၉၇၉ ခုနှစ်မှာတခါ ၁၉၈၅ ခုနှစ်မှာ
တခါ ၁၉၉၃မှာတခု ခုလိုပဲမိသားစုလိုက် သူငယ်ချင်း၃ယောက်အစုလိုက် Suicideလုပ်ခဲ့ကြပီးနှစ်စဉ်
Suicideလုပ်သူတွေဟာများပြားလာခဲ့ပါတယ်။ ထူးခြားမူကတော့ ဒီ၁၄မိုင်ပတ်လည်
လောက်ရှိတဲ့တောအုပ်ဟာတောရိုင်းတိရစ္ဆာန်ဆိုလို့တကောင်မှ မရှိတာပဲ သာမာန်တောအုပ်တွေ
ထပ်အသံပိုတိတ်ဆိတ်နေတာပါပဲ။ ဒီလိုဖြစ်ရပ်တွေနဲ့တဖြေးဖြေးနာမည်ကြီးလဲခဲ့ပီး သရဲအရမ်း
ခြောက်တဲ့တောအုပ်အဖြစ်ပါနာမည်ကြီးလာခဲ့ပါတယ်။ညနေ၅နာရီဆို ဒီတောအုပ်အပြင်ကအိမ်
တွေဟာအပြင်မထွက်ကြတော့ပဲ အိမ်မှာပဲနေလေ့ရှိကြသလိုညဖက်တွေမှာလဲဒီတောအုပ်အ
စပ်မှာလူတွေလမ်းလျှောက်နေတာ်အော်နေပါတယ်ဆိုတံ့သတင်းတွေနဲ့ပါနာမည်ကြီးလာခဲ့ပြန်
ပါတယ်။ ဒီလိုနဲ့တဖြေးဖြေးနာမည်ကြီးလာပြီးဒီဖက်ခေတ်အရောက်မှာတော့ Suicide Forest လို ့
နာမည်ကြီးလာခဲ့ပြန်ပါတယ်။ ဒီလိုနာမည်ကြီးလာစေတဲ့အချက်ကတော့ စတော့ရှယ်ရာလုပ်
ငန်းပိုင်ရှင် ကူချီတာဆိုတဲ့လူတယောက်ကြောင့်ပါပဲ။ ၂၀၀၂ခုနှစ်မေလ ၄ရက်နေ့မှာရုံးဆင်းချိန်
ပြီးတာနဲ့ ကူချီတာဟာဒီတောအုပ်အစပ်မှာသူ့ကားကိုထားခဲ့ပီးပြန်မလာခဲ့ပါဘူး။နောက်တနေ့့
သက်ဆိုင်ရာကသွားရောက်ရှာဖွေရာမှာတော့ကူချီကာဟာ အလုပ်ကအပြန်ဝတ်ထားတဲ့အကျီင်္
မိုးကာသားအပြာလေးကိုဝတ်ပီးဆွဲကြိူးချသေဆုံးနေပါပီ။ ကူချီကာလိုပဲ ၂၀၀၂ခုနှစ်ထဲဒီတော
အုပ်ကိုလာရောက်သတ်သေခဲ့သူမှာ လူေပေါင်းများစွာရှိခဲ့ပီးအဆိုးဆုံးနှစ်တနှစ်ဖြစ်ခဲ့ပါတယ်။
ဒီလိုနဲ ့ ၂၀၀၃ခုနှစ် ၁၀၅ယောက် ၂၀၀၄ခုနှစ်၁၀၉ယောက် အထိရှိခဲ့ပီး ၂၀၀၉ခုနှစ်မှာ ၂၀၉
ယောက် ၂၀၁၀ခုနှစ်မှာ ၂၄၇ယောက်အထိတိုးလာခဲ့ပါတယ်။ ဒါကြောင့် ဂျပန်အစိုးရဟာဒီတော
အုပ်ကိုပိတ်ခဲ့ပီး နေရာတိုင်းမှာတားမြစ်စာတွေအသက်တချောင်းရခဲလို့တရားရစေမယ့်စာတွေ
အိမ်ပြန်ပါအိမ်မှာသင့်မိသားစုတွေသင်ပြန်အလာကိုစောင့်နေပါတယ်။ ဆိုတဲ့စာမျိူးတွေအထိကပ်
ခဲ့ပြီး သတိဝင်စေရန်နေရာတိုင်းကပ်ခဲ့ပါတယ်။ဒါပေမယ့် နှစ်စဉ်ဒီနေရာမှာလာရောက် Suicide
လုပ်သူအရေအတွက်ဟာများပြားလာနေမြဲပါ။ဒီလိုအဖြစ်ဆိုးတွေများလာတာနဲ့အမျှ ဒီနေရာ
ကိုရေးသားခဲ့တဲ့စာအုပ်တွေ ရုပ်ရှင်တွေဟာလဲရှိလာခဲ့ပါတယ်။ ဒီထဲကမှလူသိများလာတဲ့
*Black Sea Of The Trees (Kuroi Jukai)
*The Tree ( Shrah Lotz)
*Suicide Forest ( Jeremy Bates )
စတဲ့နာမည်ကြီးစာရေးဆရာတွေရဲ့စာအုပ်တွေ
*Forest Of The Living Dead ( 2010 )
*Grave Halloween (2013)
လိုနာမည်ကြီးရုပ်ရှင်ကားမျိူးတွေပါထွက်လာခဲ့ပါတယ်။ ဒီလိုပဲမကြာခင်မှာတကမ္ဘာလုံးကိုပြသ
တော့မယ့် လက်ရှိတကမ္ဘာလုံးစိတ်ဝင်စားနေကြတဲ့ Horror ဇာတ်ကားကြီး #The_Forest ဟာ
လဲ ဒီတောအုပ်ကိုအခြေခံပီးရိုက်ကူးထားခဲ့ပါပြီ။(The Forest ဇာတ်ကားကြီးအကြောင်းသိချင်တဲ့
သူတွေအတွက် ဒီဇာတ်ကားရဲ့သမိုင်းအကျဉ်းကိုတင်ပေးလိုက်ပါတယ်)
.…………………………
#The_Forest ( Supernatural Horror)
၉၅မိနစ်နဲ့ ၁၈စက္ကန့်ကြာတဲ့ဒီဇာတ်ကားကို ဒါရိုက်တာ Jasan Zada က ၂၀၁၀ခုနှစ်
Forest Of The Living Dead ကားထွက်ထဲကရိုက်ကူးဖို့ဆုံးဖြတ်ခဲ့သူပါ။ Shrah Lotz'ရဲ့
The Tree ဆိုတဲ့ စာအုပ်ကိုဖတ်ပီးထဲကဒီဇာတ်ကားကိုရိုက်ကူးဖို ့Shrah Lotz ကိုပဲဇာတ်ညွှန်း
အပ်ခဲ့ပီး Universal က Producer Tory ကိုပြခဲ့ပီး ဂျပန်ကိုပြောင်းလာတဲ့အမေရီကန်မိသားစု
တခုကိုအခြေခံပီးရိုက်ခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့နောက်ခံဂီတကို လက်ရှိ Horror ကားတွေမှာ
အကောင်းဆုံးနောက်ခံတေးဂီတဆုရထားတဲ့Bear McCreay ကတီးပေးထားလဲ့ပါတယ်။ဒီ
ကားကိုလာမယ့် ၁လပိုင်း၈ရက်နေ့မှာတကမ္ဘာလုံးကိုပြသသွားမှာဖြစ်ပါတယ်။
……………………………………………
ဒီတော့ Suicide Forest အကြောင်းပြန်ဆက်ရအောင်။ ဒီလိုသတ်သေမူတွေများ
လာတာနဲ့အညီ သိပ္ပံပညာရှင်တွေဟာလဲဒီတောအုပ်ကိုစမ်းသပ်မူများစွာလုပ်လာခဲ့ပါတယ်။
ထူးခြားမူတော့ ဒီတောအုပ်ဟာရောက်တဲ့သူတွေရဲ့စိတ်ကိုထိုင်းမှိူင်းစေတဲ့သဘာဝအနေအထားနဲ့
လူတယောက်ရဲ့ဦးနှောက်နဲ့အသိစိတ်ကိုခြောက်ခြားသွားစေမယ့် အနေအထားမျိူးဖြစ်နေပီး
သာမာန်လူတယောက်ထက် စိတ်ဖိစီးမူများပီးနှလုံးအားနည်းနေသူဦးနှောက်ပင်ပန်းနေသူတွေအ
များဆုံးသတ်သေကြတာကိုတွေ့ရပါတယ်။လုပ်ငန်းရဲ့ဖိစီးမူဒဏ်တွေ ကျောင်းသူကျောင်းသား
တွေအချစ်ရေးအဆင်မပြေတဲ့စုံတွဲတွေ မိသားစုအဆင်မပြေသူတွေ အထီးကျန်သူတွေ အများဆုံး
သတ်သေခဲ့ကြပီး အဆိပ်သောက်သေမူ အသုံးအဆောင်အချွန်တခုခုနဲ့သတ်သေမူ
ဆွဲကြိူးချသေမူတွေအများဆုံးတွေ့လာရပါတယ်။သတ်သေကြတဲ့ အသက်၃၀-၅၀လူတွေကိုလေ့
လာတွေ့ရှိချက်အရ တနေ့၁၂နာရီအထက်အလုပ်လုပ်ရသူတွေဖြစ်ပီး ၁၄-၂၅ကြားကတော့
ချစ်သူစုံတွဲအဆင်မပြေသူတွေ အထီးကျန်သူတွေကျောင်း၂ခုတက်သူတွေဖြစ်နေကြပြန်ပါ
တယ်။ ဒါတော့ သိပ္ပံနည်းဖက်ကခန့်မှန်းခြေလေ့လာတွေ့ရှိချက်ပေါ့။
ဒီလိုပဲကမ္ဘာမှာ Suicide အလုပ်ဆုံးနေရာတွေအဖြစ်နာမည်ကြီးလာတဲ့နေရာတွေရှိပါ
တယ်။ တရုတ်က ယန်ဇီမြစ်လို အမေရီကန်ကGolden Gate လိုနေရာတွေပေါ့။ ဒါပေမယ့်
Suicide Forest ဟာတော့ ၂၀၁၄ခုနှစ်မှာကမ္ဘာ့Suicide လုပ်မူအများဆုံးစံချိန်ကိုတင်ခဲ့ပါတယ်။
ဒါပေမယ့် ဒီသတ်သေသွားတဲ့လူ ၃ပုံ၁ပုံလောက်ကလဲ လက်ရှိဘဝအခြေအနေစီးပွားရေးလူမူရေး
အချစ်ရေးသာယာပီး ပျော်ရွှင်စွာဖြတ်သန်းနေတဲ့လူတွေဖြစ်နေတယ််ဆိုတာကိုသွားတွေ့ရပြန်ပါ
တယ်။ အလည်အပတ်လာရင်းသတ်သေတဲ့လူတွေဟာလဲရှိနေပြန်ပါတယ်။ ဒီလူတွေကရော
ဘဝနှာပျော်နေပါလျက်နဲ့ဘာလို့သတ်သေကြတာလဲ ,, သတ်သေတဲ့လူတွေကရောဘာလို ့
သတ်သေကြရတာလဲ.,, ဘယ်လိုပဲဖြစ်ဖြစ် လာတဲ့လူ ဒီတောအုပ်ထဲဝင်သွားတဲ့လူ ၉၀%ဟာ
သေခဲ့ကြရပီး ဒီအထဲမှာသက်ဆိုင်ရာသစ်တောရဲအရာရှိ၂၃ဦးအထိလဲပါနေပြန်ပါတယ်။ ဒီလိုနဲ့
၃ရက်ကိုတယောက်နှုန်းအဖြစ် ၂၀၁၅မှာစံချိန်တင်သွားခဲ့ပါပီ။ဘယ်လိုအချက်တွေ ဘယ်လိုပရောဂတွေ
ဘယ်လိုနားမလည်နိုင်တဲ့အချက်တွေနဲ ့ဒီတောအုပ်ထဲက ဝင်သွားပြီးအသက်ပြန်မပါလာတော့
တဲ့လူထောင်ချီဟာ ဘာကြောင့်သေခဲ့ကြသလဲဆိုတာတော့ သူတို့ကိုယ်တိုင်မှလွဲပီးဘယ်သူမှ
မသိနိုင်တော့ပါဘူး။
[ စာရေးသူအမြင် - ကျုပ်အမြင်ပြောပါဆို ဒီတောအုပ်ကြောင့်လူတွေသတ်သေတာမဟုတ်
ပဲ လူတွေကိုယ်တိုင်ကသေချင်လို့ဒီတောကို သွားကြတာလို ့ပဲမြင်ပါတယ်။ ]
'.………………………………………
အကိုးအကားများ
*Black Sea Of The Trees (Kuroi Jukai)
*The Tree ( Shrah Lotz)
*Suicide Forest ( Jeremy Bates )
* Suicide Forest ( Twitter )
* Kuchikama ( Japan Book )
* Kurosagi ( Japan Book )
* Fuji Hakone Izu ( Japan National Park )
[ ဒီ Post ကိုတင်ဖို ့ဂျပန်က သူငယ်ချင်းတွေ ကိုယ်တိုင်ရောက်ဖူးပီးရူခင်းပုံတွေ တောစပ်က
ပုံတွေကိုပေးပို့တဲ့ လေ့လာရေးအဖွဲ့ကအကိုတွေတခြားစာအုပ်တွေပါရှာပေးတဲ့ နန်းနောင်ဆုကိုပါ
အထူးကျေးဇူးပါ ။ ဒါကျတော်သိသလောက်တတ်သလောက်လေ့လာအားနဲ့ တင်ပြတာပါ။ လိုအပ်
ချက်များပါရင်နားလည်ပေးသေချင်လျက်]
ထက်ဝန
Htet Wa Na
https://www.facebook.com/permalink.php?story_fbid=1542447452747334&id=100009462812922&pnref=story
Reviewed by MP4 YoU
on
January 07, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment