Shwe Innlay(ရွှေအင်းလေး) ရဲ့  blog စာမျက်နှာ khunnaymedia.com ၏
Leader ဖြစ်သူ ကိုခွန်နေ အားအလုပ်အကိုင်ရှာဖွေရေးဝက်ဆိုဒ် myword.com.mm မှ တွေ့ဆုံမေးမြန်းမှုများကို Shwe Innlay ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျ ။
www.khunnaymedia.com
အင်တာနက် အခြေပြု လုပ်ငန်းများ မြန်မာနိုင်ငံမှာ တွင်ကျယ်လာတာနဲ့ အမျှ Digital Business လို့ ခေါ်တဲ့ အွန်လိုင်းစီးပွားရေး လုပ်ငန်းများဟာလည်း တစနဲ့ တစ ကျယ်ပြန့် လာပါတယ်။ နည်းပညာခေတ်ကို ပိုမို ရောက်ရှိလာတာနဲ့ အမျှ ကုန်ပစ္စည်းများကို ဈေးကွက်သို့  ရောက်အောင် ဖောက်နိုင်ဖို့ က ပြင်ပ ကြေငြာတစ်ခုထဲတင် မလုံလောက်တော့ပါဘူး။ ဈေးကွက်သို့ ရောက်ဖို့ အများသိဖို့ ဆိုတာ လူများစွာအသုံးပြုပြီး တစ်စုတစ်စည်းထဲရှိနေတက်တဲ့ အွန်လိုင်းကဲ့သို့  နေရာများမှာပါ ထိမိအောင် ဈေးကွက် ဖောက်ထွင်းနိုင်ဖို့ လိုပါတယ်။ အဲ့ဒါကို Digital Marketing လို့ ခေါ်ပါတယ်။ ထိုထဲမှာမှ မြန်မာနိုင်ငံထဲက လူငယ် တစ်ဦးလည်း ဖြစ် Digital Marketer တစ်ဦးလည်း ဖြစ်တဲ့ iMyanmar မှ ကိုခွန်နေကို MyWorld မှ မိမိဖြတ်သန်းခဲ့တဲ့ အလုပ်အတွေ့ အကြုံများနဲ့ လက်ရှိ ကြိုးစားနေတဲ့ အပိုင်းလေးတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။
Q: အကိုအမည် ၊ အသက်နဲ့ လက်ရှိ လုပ်နေတဲ့ အလုပ်အကိုင်နဲ့ ရာထူးလေး သိပါရစေ
ကျွန်တော့်နာမည်က ခွန်နေထွန်းပါ ။ ခွန်နေ လို့ပဲသိကြပါတယ် ။ လက်ရှိ iMyanmarHouse.com မှာ Digital Marketing Manager အဖြစ် SEO အပိုင်းကိုအဓိကလုပ်ဆောင်ပေးနေပါတယ် ။ တစ်ဖက်မှာလည်း ကိုယ်ပိုင် Shwe Innay facebook blog စာမျက်နှာ www.khunnaymedia.com မှာ ကျွန်တော်ဖြတ်သန်းခဲ့တဲ့ လုပ်ငန်းခွင်အတွေ့အကြုံနဲ့ လူငယ်ရေးရာပိုင်းနဲ့ပတ်သက်တဲ့ စာတွေကို မျှဝေပေးလျက်ရှိနေပါတယ် ။ Social Media နဲ့ပတ်သက်ပြီးတော့ လုပ်ငန်းရှင်အချို့ရဲ့  ဖေ့စ်ဘွတ်ခ်ပေ့ခ်ျတွေကိုလည်း တာဝန်ယူပေးထားပါသေးတယ် ။
Q: တစ်ပြိုင်တည်းအလုပ်တွေအများကြီး လုပ်နေရတော့ ကြုံတွေရတဲ့အခက်အခဲနဲ့ ဒီအခက်အခဲကိုဘယ်လိုဖြေရှင်းသလဲ ?
အခက်အခဲကိုဘယ်လိုဖြေရှင်းရသလဲဆိုတဲ့အပေါ် ဖြေရှင်းပုံဖြေရှင်းနည်းက ပုံသေဆုပ်ကိုင်ထားလို့မရဘူး ။ ဘာကြောင့်လဲဆိုတော့ အခက်အခဲဆိုတာ လူတိုင်းတွေ့ကြုံရမှာဖြစ်သလို တစ်ခေါက်နဲ့တစ်ခေါက်က ပုံစံတူဖြစ်မနေနိုင်ဘူးလေ ။ ဒါကြောင့်အခက်အခဲ တွေကိုဖြေရှင်းတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့အကြောင်းအရာပေါ်မူတည်ပြီးမှ ဖြေရှင်းဖို့အဆင်ပြေမှာပါ ။ လက်ရှိအလုပ်တွေကို တစ်ပြိုင်တည်းလုပ်နေရတဲ့အပေါ် အခက်အခဲကတော့အများကြီးရှိခဲ့တယ် ။ အဓိက ကတော့ အချိန်ပါပဲ ။ ဒါကြောင့် တစ်ခါတစ်လေ ရုံးပိတ်ရက်တွေမှာလည်း မနားပဲ အိမ်ကနေ ကိုယ်လုပ်စရာရှိတဲ့အလုပ်တွေကိုဆက်လုပ်ဖြစ်တယ် ။ မနိုင်မနှင်းတွေဖြစ်ပြီး ဖြေရှင်းဖို့ခက်နေပြီဆိုရင်တော့ အချို့အလုပ်တွေကို ခနရပ်ထားပြီး ကိုယ်လုပ်နိုင်တဲ့အတိုင်းအတာလောက်ကိုပဲလုပ်ဖြစ်တော့တယ် ။
Q: ရရှိခဲ့သော ဘွဲ့ နှင့် တက်ရောက်ခဲ့သော တက္ကသိုလ် ကကော ?
လုပ်ငန်းခွင်ကိုစောစောစီးစီးရောက်ခဲ့တဲ့အတွက် ဒဂုံတက္ကသိုလ် ပထမနှစ်ပြီးကတည်းက ကျောင်းဆက်မတက်ဖြစ်ခဲ့ဘူး ။ အမှန်တိုင်းပြောရမယ်ဆို အဲ့ဒီအချိန်ကာလ တုန်းက ပညာရေးပိုင်းကို အတော်လေး စိတ်ပါဝင်စားမှုအားနည်းခဲ့တယ် ။ ပြင်ပမှာရှိတဲ့ လက်တွေ့လုပ်ကိုင်ရမယ့်အလုပ်တွေကိုပဲ စိတ်အားထက်သန်နေမိတယ် ။ ဒါကြောင့်ပဲလုပ်ငန်းခွင်ကိုစောစောစီးစီးရောက်ခဲ့တယ် ။ အလုပ်စလုပ်တဲ့အချိန်တုန်းက ဘာရည်ရွယ်ချက် ၊ ရည်မှန်းချက်မရှိခဲ့ဘူး ။ မတူညီတဲ့ နယ်ပယ်များစွာဖြတ်သန်းပြီးမှ ခုလက်ရှိ Digital Business လောကထဲကိုရောက်လာခဲ့ရတာပါ ။ ဒီဘာသာရပ်ကိုတော့ အွန်လိုင်းကနေပဲလေ့လာသင်ယူပြီး ဖြတ်သန်းနေရသလို ယခုချိန်ထိလည်း သင်ယူရင်းလုပ်ကိုင်နေတုန်းပါပဲ ။
Q: ဝါသနာ နဲ့ အလုပ် ကိုက်ညီမှု ရှိပါသလား ။
ဝါသနာကတော့အများကြီးရှိခဲ့တယ် ။ ဒါပေမယ့် ဝါသနာပါတိုင်း အချို့သောအရာတွေက ကိုယ်နဲ့ကိုက်ညီမှုမရှိရင် စွန့်သင့်ရင် စွန့်ရတာမျိုးရှိတယ် ။ ဝါသနာကို ပုံသေဆုပ်ကိုင်ထားလို့မရဘူး ။ ဘယ်အရာမဆို စိတ်ပါဝင်စားမှုရှိသွားရင် ဝါသနာအဖြစ်ပြောင်းလဲ သွားတာပဲ ။ ဒါကြောင်ပဲ လက်ရှိလုပ်နေတဲ့အလုပ်တွေက ကျွန်တော်နဲ့ကိုက်ညီမှုရှိပါတယ် ။
Q: အလုပ်နဲ့ ပတ်သက်ပြီး တွေ့ ကြုံခဲ့ရတဲ့ အခက်အခဲတွေကို ဘယ်လိုဖြေရှင်း ကျော်ဖြတ်ခဲ့သလဲ ?
Digital Business ကမြန်မာပြည်မှာ ဖွံ့ဖြိုးစဲကာလမှာပဲရှိသေးတယ် ။ အကြောင်းအရာတိုင်းကို ကျွန်တော့်တို့အနေနဲ့ မသိနိုင်ဘူး ။ ကိုယ့်လုပ်ငန်း ဝက်ဆိုဒ် ထိပ်တန်းရောက်ဖို့ Google ကထုတ်ပေးထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်းလုပ်ဖို့ အချို့သောအရာတွေကို နိုင်ငံခြားသားတွေနဲ့ တွဲပြီးလုပ်ကိုင်ရတာမျိုးရှိတယ် ။ စစလုပ်ချင်းတော့ ဘာသာစကားအခက်အခဲအများကြီးရှိခဲ့တယ် ။ အခုချိန်ထိလည်း အားနည်းနေတုန်းပဲ ။ ဒါကကိုဖြေရှင်းဖို့အတွက်လည်း အားတဲ့အချိန်မှာ ကိုယ်ပိုင် Self Study အဖြစ် နိုင်ငံခြားဇာတ်လမ်းတွေကို အင်္ဂလိပ်စာတန်းထိုးနဲ့လေ့လာတာမျိုး ၊ အင်တာနက်ကနေလေ့လာတာမျိုးတွေလုပ်နေရပါတယ် ။
Q: အလုပ်အကိုင်နဲ့ ပတ်သက်ပြီး အနာဂတ်အတွက် ရည်မှန်းချက်က ဘာများဖြစ်မလဲ ?
ရည်မှန်းချက်ကတော့ လက်ရှိလုပ်နေတဲ့ အလုပ်ကို ကိုယ်တိုင်ဦးစီးပြီးလုပ်မယ် ။ ကျွန်တော် blog တွေမှာလည်း ပိုကောင်းမယ့် စာပေမျိုးတွေ မျှဝေပေးနိုင်သူတစ်ယောက်အဖြစ် ကြိုးစားချင်တယ် ။ ပြီးတော့ ကျွန်တော့်လို ကြိုးစားနေကြတဲ့ လူငယ်တွေကိုလည်း လက်ရှိလုပ်နေတဲ့ အလုပ်အပြင် ဘာသာစကားကိုလည်း အချိန်ပေးပြီးလေ့လာစေချင်ပါတယ် ။ နိုင်ငံခြားကုမ္ပဏီတွေမြန်မာပြည်ကို များစွာရောက်လာဖို့ရှိသလို အခုလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ များလာပါတယ် ။ ဒီအချိန်မှာ ကျွန်တော်တို့ဘက်က လိုအပ်တာကိုဖြည့်ထားမယ်ဆိုရင်တော့ အခွင့်အရေး တွေအများကြီးရှိလာမှာပါ ။ အဲ့အချိန်ကျရင် ငွေက ကိုယ့်နောက်ကို လိုက်လာပြီးသားဖြစ်လာပါလိမ့်မယ် ။
အခုလို ဖြေကြာပေးတဲ့ ကိုခွန်နေ ကို MyWorld မှ ကျေးဇူးတင်ပါတယ် ။
MyWorld ၏စာမျက်နှာ ဒီနေရာမှာ>> https://www.facebook.com/MyWorld.com.mm/photos/rpd.100000901209059/713584668777535/?type=3&theater လည်းဝင်ရောက် ဖတ်ရှုနိုင်ပါတယ် ။
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, January 27, 2016
Shwe Innlay(ရွှေအင်းလေး) ရဲ့  blog စာမျက်နှာ khunnaymedia၏ Leader ဖြစ်သူ ကိုခွန်နေ
Shwe Innlay(ရွှေအင်းလေး) ရဲ့  blog စာမျက်နှာ khunnaymedia၏ Leader ဖြစ်သူ ကိုခွန်နေ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 27, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment