Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 13, 2016





ထိုသို့ စစ်ဆေးရာတွင်
.................
ငြုပ်ဆီ ပြုလုပ်ရာတွင် ခရမ်းချဉ်သီးပါဝင်ခြင်းမရှိဘဲ ဆန်ကွဲ ၊ အရောင်မှုန့်၊ ဆိုးဆေးနှင့် အမျိုးအမည်မသိ ဓာတုဗေဒ အချဉ်မှုန့်များအား ရောနှောကျိုချက်၍ PVC ပိုက်များကို အသုံးပြုကာ ထုတ်ပိုးမည့်နေရာသို့ ပို့ဆောင်ခြင်း များကို ဆောင်ရွက်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မန္တလေး အောင်မြေသာစံမြို့နယ်
သီရိမာလာ( အရှေ့) ရပ်ကွက်
သင်္ဘောတန်းရပ် တွင် နေထိုင်ကြသော ပြည်သူများ၏ မီးဘေးအန္တရာယ် စိုးရိမ်ရသည်ဟု တိုင်ကြားချက်အရ သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် မီးသတ်ဦးစီးဌာန၊မြို့နယ်ကျန်းမာရေးဦးစီးဌာန ၊ပါတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ( မန္တလေးတိုင်း) ၊ စက်မှုစစ်ဆေးရေးနှင့် ကြီးကြပ်ရေးဦးစီးဌာန ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ ပါဝင်သော အဖွဲ့သည် ယနေံနံနက် ၁၀ နာရီခွဲခန့်က ပိုင်ရှင် ဦးသန်းထွဋ် ၏ ငုံးမင်းငြုပ်ဆီလုပ်ငန်းအား သွားရောက်စစ်ဆေးခဲ့ကြပါသည်။
ထိုသို့ စစ်ဆေးရာတွင်
(၁)မီးဘေးအန္တရာယ် စိုးရိမ်ရသည်အထိ အိမ်ပေါ်ထပ်တွင် မီးဖိုကြီးထားရှိကာ ဆားနှင့်ငြုပ်ရည်ကြိုခြင်း
(၂)မီးခိုးများကြောင့် ပါတ်ဝန်းကျင်ကို အနှောင့်ယှက်ဖြစ်စေခြင်း
(၃)ခရမ်းချဉ်သီးပါဝင်ခြင်းမရှိဘဲ ဆန်ကွဲ ၊ အရောင်မှုန့်၊ ဆိုးဆေးနှင့် အမျိုးအမည်မသိ ဓာတုဗေဒ အချဉ်မှုန့်များအား ရောနှောကျိုချက်၍ PVC ပိုက်များကို အသုံးပြုကာ ထုတ်ပိုးမည့်နေရာသို့ ပို့ဆောင်ခြင်း များကို ဆောင်ရွက်လျက်ရှိပြီးပူနွေးနေသော အနေအထားအတိုင်း ပလတ်စတစ်အိတ်အတွင်း သွပ်သွင်းထုတ်ပိုးနေသည်ကို စစ်ဆေးတွေ့ရှိရပါသည်။
ထို့အပြင် အဆိုပါ ငုံးမင်း ငြုပ်ဆီအား ကျန်းမာရေးဦးစီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၏ ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ပြီး လုပ်ငန်းအား ပိတ်သိမ်းရန် အသိပေးအကြောင်းကြားထားပြီးဖြစ်ပါကြောင်း အများပြည်သူသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
‪#‎Mandalay‬ City Development Committee

No comments:

Post a Comment