လြန္ခဲ့သည့္ ရက္ပိုင္းအတြင္းက အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္မွ ဦး၀င္းထိန္ႏွင့္ RFAသတင္းဌာနတို႔ အင္တာဗ်ဴးၿပီးသည့္ေနာက္ ေရြးေကာက္ပြဲ အႏိုင္ရ NLDပါတီ၏ သမၼတေလာင္း မည္သူျဖစ္မည္ကို တစ္ႏိုင္ငံလုံးက သိခ်င္လာၾကသည္။ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ RFAမွ ဦးခင္ေမာင္စိုးတို႔ ေမးျမန္းခန္းတြင္လည္း ဦးခင္ေမာင္စိုး၏ ေမးခြန္းကို ေဒၚေအာင္ဆန္းစုၾကည္မွ မစပ္စုရန္ ေျပာၾကားၿပီးသည့္ ေနာက္ပိုင္း သမၼတမည္သူ ျဖစ္လာမည္ကို လူေတြပိုသိခ်င္လာၾကသည္။
အႏိုင္ရ ဒီခ်ဳပ္ပါတီမွ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားသည္ ေဖေဖာ္၀ါရီလ ၁ရက္ေန႔တြင္ ေခၚယူမည့္ ဒုတိယအႀကိမ္ အစည္းအေ၀း မတိုင္ခင္ ဇန္န၀ါရီ ၂၄ရက္ေန႔ ကတည္းက ေနျပည္ေတာ္သို႔ ထြက္ခြာရမည္ျဖစ္ၿပီး ယခု လႊတ္ေတာ္သက္တမ္း၏ ေနာက္ဆုံး ရက္သတၱပတ္အတြင္း On Job Training ဆင္းရမည္ျဖစ္သည္။ NLDပါတီ၏ ၾကားျဖတ္ေရြးေကာက္ပြဲတြင္ အႏိုင္ရရွိခဲ့သလို လာမည့္လႊတ္ေတာ္ သက္တမ္းတြင္လည္း အႏိုင္ရရွိခဲ့သည့္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ တစ္ဦးက “ေဖေဖာ္၀ါရီလမွာစမည့္ လႊတ္ေတာ္ အစည္းအေ၀းေတြကေန ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ိဳးသားလႊတ္ေတာ္ ဥကၠ႒ေတြ၊ ဒုဥကၠ႒ေတြ ေရြးခ်ယ္သြားမယ္လို႔ သိရတယ္။ ျပည္သူေတြ သိခ်င္ေနတဲ့ သမၼတ ေရြးခ်ယ္ပြဲကေတာ့ ဒုတိယ သမၼတေတြကို ေဖေဖာ္၀ါရီလ တတိယ အပတ္ေလာက္မွ ေရြးခ်ယ္ျဖစ္မယ္”ဟု ေျပာၾကားသြားခဲ့သည္။
အႏိုင္ရ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ ပါတီအေနျဖင့္ လာမည့္ငါးႏွစ္တာ ကာလအတြင္း ဒီမိုကေရစီ စနစ္ႏွင့္ မေလ်ာ္ညီေသာ ဥပေဒမ်ားကို ျပင္ဆင္ရန္ သာမက အားေကာင္းေသာ အစိုးရအသစ္ကိုပါ ဖြဲ႔စည္းေပးရမည္ျဖစ္သည္။ ဒီခ်ဳပ္ပါတီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ အေနျဖင့္ အစိုးရ အသစ္ကို ဖြဲ႔စည္းရာတြင္ လက္ရွိအစိုးရအဖြဲ႔၏ ေဖာင္းပြေနေသာ ၀န္ႀကီးဌာနမ်ားကို ဖ်က္သိမ္းျခင္း ေပါင္းစည္းျခင္းမ်ား ျပဳလုပ္ၿပီး က်စ္လစ္ေသာ အစိုးရအဖြဲ႔ကို ဖြဲ႔စည္းသြားမည္ဟုလည္း အရိပ္အႁမြက္ ေျပာဆိုထားၿပီး ျဖစ္သည္။ သို႔ေသာ္ တပ္မေတာ္ အစုအဖြဲ႔မွ တင္ေျမႇာက္မည့္ ဒုတိယ သမၼတ တစ္ဦးမွလႊဲ၍ NLDမွ ေရြးခ်ယ္တင္ေျမႇာက္မည့္ ဒုသမၼတ ႏွစ္ဦး၏ အမည္ကို ယခုတိုင္ လွ်ိဳ႕၀ွက္ထားဆဲျဖစ္သည္။ ထို ဒုသမၼတသံုးဦး အနက္မွ ျမန္မာႏိုင္ငံ၏ အဓိပတိ ႏိုင္ငံေတာ္ သမၼတ တစ္ဦးကို ေရြးခ်ယ္တင္ေျမႇာက္ ေပးရမည္ျဖစ္သည္။
ယခင္ ႏိုင္ငံေရး အခင္းအက်င္းအရ ျပည္ခိုင္ၿဖိဳးပါတီႏွင့္ တပ္မေတာ္တို႔သည္ ႏို၀င္ဘာလက က်င္းပခဲ့သည့္ အေထြေထြ ေရြးေကာက္ပြဲတြင္ ဒီခ်ဳပ္ပါတီ အေနျဖင့္ ျပတ္ျပတ္သားသား ေအာင္ပြဲခံမည္ဟု ထင္မွတ္မထားခဲ့ေပ။ လက္ရွိ တပ္မေတာ္၏ အႀကီးအကဲျဖစ္သူ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္သည္ ၂၀၁၆ခုႏွစ္တြင္ သက္ျပည့္ပင္စင္ယူရန္ ရွိသည့္အတြက္ ယခုလာမည့္ အစိုးရ သက္တမ္းတြင္ တပ္မေတာ္ အစုအဖြဲ႔မွ ေရြးခ်ယ္သည့္ ဒုသမၼတ ျဖစ္လာဖြယ္ရာ ရွိသည္ဟု အမ်ားက ထင္ေၾကးေပးခဲ့သည္။ သို႔ေသာ္ NLD ပါတီက ေရြးေကာက္ပြဲတြင္ ၇၇ ရာခိုင္ႏႈန္းအထိ ျပတ္ျပတ္သားသား ေအာင္ပြဲခံလိုက္ေသာအခါ တပ္ခ်ဳပ္သည္ ႏိုင္ငံေရးနယ္ပယ္သို႔ လာေရာက္ရန္ တြန္႔ဆုတ္သြားၿပီး တပ္မေတာ္ကို မၿပိဳကြဲေစရန္ စီမံအုပ္ခ်ဳပ္ေရး အတြက္ ပိုၿပီးအေလးသာသြားပုံရသည္။ ထို႔ေၾကာင့္ တပ္မေတာ္တြင္ ကကန (ေကာင္စီ)၏ သေဘာတူ ေထာက္ခံခ်က္ျဖင့္ သက္တမ္းတိုးၿပီး တပ္ကိုဦးေဆာင္သြားရန္ အလားအလာမ်ားေနသည္။ တပ္၏ ယခုကာလအတြင္း အေျပာင္းအလဲဆို၍ ယခင္ တိုင္းမွဴး ဗိုလ္ခ်ဳပ္ထြန္းထြန္းေနာင္အား ရာထူးတိုး၍ ကာကြယ္ေရး အမွတ္(၁) တပ္မေတာ္ စစ္ဆင္ေရး အထူးအဖြဲ႔မွဴး (ကစထ-၁) အျဖစ္ တာ၀န္ေပးလိုက္ျခင္းသာ ျဖစ္သည္။ ႏိုင္ငံေတာ္ သမၼတ၏ နာဂပြဲေတာ္ ခရီးစဥ္တြင္ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္သည္ ဗိုလ္ခ်ဳပ္ ထြန္းထြန္းေနာင္ႏွင့္ စအဖခ်ဳပ္ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးကို ေခၚေဆာင္သြားခဲ့သည္။ ထိုေၾကာင့္ တပ္မေတာ္၏ အနာဂတ္ အေျပာင္းအလဲတြင္ ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ ဒုတိယ ကာကြယ္ေရး ဦးစီးခ်ဳပ္တို႔ ေနရာ၌ အေျပာင္းအလဲ ရွိလာမည္ မဟုတ္ဘဲ လက္ရွိ စအဖခ်ဳပ္သည္ ေနာင္အစိုးရ အဖြဲ႔တြင္ ကာကြယ္ေရး ဦးစီးခ်ဳပ္မွ ခန္႔အပ္မည့္ ျပည္ထဲေရး၀န္ႀကီး ျဖစ္လာဖြယ္ရွိသည္။
အႏိုင္ရ ဒီခ်ဳပ္ပါတီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္သည္ ႏိုင္ငံေတာ္ သမၼတ ဦးသိန္းစိန္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္တို႔ႏွင့္ ေတြ႔ဆုံခဲ့ေသာ္လည္း အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးႏွင့္ ပတ္သက္၍ သိသာထင္ရွားေသာ တိုးတက္မႈ တစ္စုံတစ္ရာ မေတြ႔ခဲ့ေပ။ အထူးသျဖင့္ ျပည္ခိုင္ၿဖိဳးပါတီႏွင့္ လည္းေကာင္း၊ တပ္မေတာ္ႏွင့္လည္းေကာင္း ဆက္ဆံေရး ေအးစက္ေနသည္။ ျပည္ေထာင္စုလႊတ္ေတာ္ နာယက ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ သူရဦးေရႊမန္းႏွင့္ နီးကပ္ေသာ ဆက္ဆံေရးရွိေနသည့္ အတြက္ လက္ရွိအစိုးရႏွင့္ တပ္မေတာ္သည္ အႏိုင္ရပါတီကို သတိႀကီးႀကီးျဖင့္ ဆက္ဆံေနသည့္ အေနအထားရွိသည္။ NLDကလည္း အႏိုင္ရ ကိုယ္စားလွယ္မ်ား အားလုံးကို ၾကပ္ၾကပ္မတ္မတ္ ကိုင္တြယ္ေနၿပီး အာဏာလႊဲေျပာင္းေရး အထစ္အေငါ့ မရွိေအာင္ ဂ႐ုစိုက္လ်က္ရွိသည္။ ထိုအေျခအေနအတြင္း ေဒၚေအာင္ဆန္းစုၾကည္သည္ သူရဦးေရႊမန္းႏွင့္အတူ အၿငိမ္းစား ဗိုလ္ခ်ဳပ္မွဴးႀကီး သန္းေရႊအား သြားေရာက္ေတြ႔ဆုံခဲ့သည့္အေပၚ လက္ရွိတပ္မေတာ္ ေခါင္းေဆာင္ပိုင္းက ႏွစ္ႏွစ္ကာကာ မရွိလွေပ။ ထို႔အျပင္ စစ္ဘက္အရပ္ဘက္ ဆက္ဆံေရး ပိုမိုေကာင္းမြန္ လာေစရန္အတြက္ ယုံၾကည္မႈ တည္ေဆာက္ရမည့္ ကာလတြင္ ကာ/လုံဥပေဒၾကမ္းကို တင္သြင္းလာသည္မွာ တပ္မေတာ္၏ စိုးရိမ္ပူပန္မႈမ်ားကို ေဖာ္ျပလွ်က္ရွိသည္။ အထူးသျဖင့္ ေနျပည္ေတာ္၌ က်င္းပခဲ့သည့္ ၿငိမ္းခ်မ္းေရး ညီလာခံတြင္ ႏိုင္ငံေတာ္ သမၼတ ဦးသိန္းစိန္၊ ျပည္ေထာင္စု လႊတ္ေတာ္နာယက သူရဦးေရႊမန္း၊ NLD ပါတီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္၊ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္တို႔ အဖြင့္မိန္႔ခြန္းမ်ား ေျပာၾကားခဲ့ရာတြင္ အခ်င္းခ်င္း အျပန္အလွန္ ဆက္ဆံေရးမွာ ေအးစက္လွ်က္ရွိသည္။ ႏိုင္ငံေတာ္ သမၼတက ပထမဦးဆုံး မိန္႔ခြန္းေျပာၾကားၿပီး သမၼတမိန္႔ခြန္း ေျပာၾကားသည့္ စင္ႏွင့္ပန္းအလွမ်ားကို ျပန္လည္သိမ္းဆည္းၿပီး က်န္သူမ်ားေျပာၾကားမည့္ စင္အေသးတစ္ခုျဖင့္ လဲလွယ္ခဲ့ျခင္းမွာ မလုပ္သင့္မလုပ္ထိုက္ေသာ ကိစၥျဖစ္ၿပီး အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရး အတြက္ စိတ္ပ်က္ဖြယ္ ေကာင္းလွသည္။
ထိုသို႔ေသာ အေျခအေနတြင္ အႏိုင္ရ ဒီခ်ဳပ္ပါတီ အေနျဖင့္ မၾကာမီ လႊတ္ေတာ္သစ္ကို ေခၚယူရေတာ့မည္ ျဖစ္ပါသည္။ လႊတ္ေတာ္တြင္ တိုင္းျပည္၏ အေရးႀကီးသည့္ ရာထူးေနရာမ်ား အတြက္ ေရြးခ်ယ္ ရေတာ့မည္ ျဖစ္သည့္အတြက္ ယခုကတည္းက NLD ဗဟို အလုပ္အမႈေဆာင္မ်ားသည္ ေနျပည္ေတာ္၌ တံခါးပိတ္ အစည္းအေ၀းမ်ားကို က်င္းပၿပီး အလုပ္မ်ားလွ်က္ရွိသည္။ ၿပီးခဲ့သည့္ အစည္းအေ၀းတြင္ အစိုးရအဖြဲ႔ ဖြဲ႔စည္းေရး လ်ာထားမႈမ်ားမွာ မၿပီးျပတ္ေသးဟု သိရွိရသည္။ မီဒီယာမ်ားႏွင့္ ႏိုင္ငံသားမ်ားကလည္း အနာဂတ္ တိုင္းျပည္ကို တာ၀န္ယူမည့္ လူပုဂၢိဳလ္မ်ားကို သိခ်င္ေနၾကသည္။ တခ်ိဳ႕ကလည္း ျဖစ္ႏိုင္ဖြယ္ရွိေသာ လူပုဂၢိဳလ္မ်ားကို ခန္႔မွန္းၿပီး မီဒီယာမ်ားတြင္ ေ၀ဖန္ေရးသားလွ်က္ရွိသည္။
ေဒၚေအာင္ဆန္းစုၾကည္အား သမၼတျဖစ္ရန္ ပိတ္ပင္တားဆီးထားေသာ ၅၉(စ)အား ျပည္ေထာင္စု လႊတ္ေတာ္၌ မျပင္ဆင္ႏိုင္ေသးဘဲ ေဒၚေအာင္ဆန္းစုၾကည္အား ႏိုင္ငံေတာ္ သမၼတအျဖစ္ လ်ာထား၍ မျဖစ္ႏိုင္ေသးေပ။ ထိုေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္ ယုံၾကည္စိတ္ခ်သည့္ ပုဂၢိဳလ္မ်ားထဲမွ တစ္ဦးကေတာ့ လာမည့္ ေဖေဖာ္၀ါရီလအတြင္း ျပည္ေထာင္စု ျမန္မာႏိုင္ငံေတာ္၏ သမၼတအျဖစ္ ေပၚေပါက္လာေတာ့မည္ ျဖစ္သည္။ ထိုကိစၥႏွင့္ပတ္သက္ NLDပါတီ စတင္ထူေထာင္စဥ္ ကတည္းက သစၥာရွိရွိပါ၀င္ခဲ့ေသာ ၀ါရင့္ပုဂၢိဳလ္တစ္ဦးက “ဘယ္သူေတြကို ဘယ္ေနရာမွာ စဥ္းစားေနသလဲဆိုတာ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ဗဟိုအလုပ္အမႈေဆာင္ေတြပဲသိမယ္။ တေလာက သတင္းထြက္လာတဲ့ လ်ာထားတဲ့ သမၼတေလာင္း ငါးဦးအနက္ သုံးဦးက ျငင္းပယ္တယ္ဆိုတာ မွန္ပါတယ္။ အခု ေနာက္ဆုံးက်န္ေနတဲ့ ႏွစ္ဦးထဲက သမၼတ ျဖစ္ႏိုင္ေခ် အရွိဆုံးသူရဲ႕ အမည္ကို ေန႔နံနဲ႔သဲလြန္စ ေပးရရင္ေတာ့ ၆၅၇ဗ်ာ။ ဒါပဲ”ဟု လက္ေစာင္းထက္အား ေျပာၾကားသြားသျဖင့္ မၾကာမီ ျမင္ေတြ႔ရမည့္ သမၼတမွာ ေသာၾကာ၊ ၾကာသပေတး၊ စေနနံသင့္သူ ျဖစ္ႏိုင္ေၾကာင္း တင္ျပလိုက္ရပါသည္။
လက္ေစာင္းထက္
.......................
NLD အစိုးရသစ်၏ သမ္မတလောင်းမှာ နေ့နံအရ ၆၅၇ - လက်စောင်းထက်
လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဝင်းထိန်နှင့် RFAသတင်းဌာနတို့ အင်တာဗျူးပြီးသည့်နောက် ရွေးကောက်ပွဲ အနိုင်ရ NLDပါတီ၏ သမ္မတလောင်း မည်သူဖြစ်မည်ကို တစ်နိုင်ငံလုံးက သိချင်လာကြသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် RFAမှ ဦးခင်မောင်စိုးတို့ မေးမြန်းခန်းတွင်လည်း ဦးခင်မောင်စိုး၏ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်မှ မစပ်စုရန် ပြောကြားပြီးသည့် နောက်ပိုင်း သမ္မတမည်သူ ဖြစ်လာမည်ကို လူတွေပိုသိချင်လာကြသည်။
အနိုင်ရ ဒီချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ခေါ်ယူမည့် ဒုတိယအကြိမ် အစည်းအဝေး မတိုင်ခင် ဇန်နဝါရီ ၂၄ရက်နေ့ ကတည်းက နေပြည်တော်သို့ ထွက်ခွာရမည်ဖြစ်ပြီး ယခု လွှတ်တော်သက်တမ်း၏ နောက်ဆုံး ရက်သတ္တပတ်အတွင်း On Job Training ဆင်းရမည်ဖြစ်သည်။ NLDပါတီ၏ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သလို လာမည့်လွှတ်တော် သက်တမ်းတွင်လည်း အနိုင်ရရှိခဲ့သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးက “ဖေဖော်ဝါရီလမှာစမည့် လွှတ်တော် အစည်းအဝေးတွေကနေ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတွေ၊ ဒုဥက္ကဋ္ဌတွေ ရွေးချယ်သွားမယ်လို့ သိရတယ်။ ပြည်သူတွေ သိချင်နေတဲ့ သမ္မတ ရွေးချယ်ပွဲကတော့ ဒုတိယ သမ္မတတွေကို ဖေဖော်ဝါရီလ တတိယ အပတ်လောက်မှ ရွေးချယ်ဖြစ်မယ်”ဟု ပြောကြားသွားခဲ့သည်။
အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီအနေဖြင့် လာမည့်ငါးနှစ်တာ ကာလအတွင်း ဒီမိုကရေစီ စနစ်နှင့် မလျော်ညီသော ဥပဒေများကို ပြင်ဆင်ရန် သာမက အားကောင်းသော အစိုးရအသစ်ကိုပါ ဖွဲ့စည်းပေးရမည်ဖြစ်သည်။ ဒီချုပ်ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အစိုးရ အသစ်ကို ဖွဲ့စည်းရာတွင် လက်ရှိအစိုးရအဖွဲ့၏ ဖောင်းပွနေသော ၀န်ကြီးဌာနများကို ဖျက်သိမ်းခြင်း ပေါင်းစည်းခြင်းများ ပြုလုပ်ပြီး ကျစ်လစ်သော အစိုးရအဖွဲ့ကို ဖွဲ့စည်းသွားမည်ဟုလည်း အရိပ်အမြွက် ပြောဆိုထားပြီး ဖြစ်သည်။ သို့သော် တပ်မတော် အစုအဖွဲ့မှ တင်မြှောက်မည့် ဒုတိယ သမ္မတ တစ်ဦးမှလွှဲ၍ NLDမှ ရွေးချယ်တင်မြှောက်မည့် ဒုသမ္မတ နှစ်ဦး၏ အမည်ကို ယခုတိုင် လျှို့ဝှက်ထားဆဲဖြစ်သည်။ ထို ဒုသမ္မတသုံးဦး အနက်မှ မြန်မာနိုင်ငံ၏ အဓိပတိ နိုင်ငံတော် သမ္မတ တစ်ဦးကို ရွေးချယ်တင်မြှောက် ပေးရမည်ဖြစ်သည်။
ယခင် နိုင်ငံရေး အခင်းအကျင်းအရ ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော်တို့သည် နိုဝင်ဘာလက ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် ဒီချုပ်ပါတီ အနေဖြင့် ပြတ်ပြတ်သားသား အောင်ပွဲခံမည်ဟု ထင်မှတ်မထားခဲ့ပေ။ လက်ရှိ တပ်မတော်၏ အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၁၆ခုနှစ်တွင် သက်ပြည့်ပင်စင်ယူရန် ရှိသည့်အတွက် ယခုလာမည့် အစိုးရ သက်တမ်းတွင် တပ်မတော် အစုအဖွဲ့မှ ရွေးချယ်သည့် ဒုသမ္မတ ဖြစ်လာဖွယ်ရာ ရှိသည်ဟု အများက ထင်ကြေးပေးခဲ့သည်။ သို့သော် NLD ပါတီက ရွေးကောက်ပွဲတွင် ရ၇ ရာခိုင်နှုန်းအထိ ပြတ်ပြတ်သားသား အောင်ပွဲခံလိုက်သောအခါ တပ်ချုပ်သည် နိုင်ငံရေးနယ်ပယ်သို့ လာရောက်ရန် တွန့်ဆုတ်သွားပြီး တပ်မတော်ကို မပြိုကွဲစေရန် စီမံအုပ်ချုပ်ရေး အတွက် ပိုပြီးအလေးသာသွားပုံရသည်။ ထို့ကြောင့် တပ်မတော်တွင် ကကန (ကောင်စီ)၏ သဘောတူ ထောက်ခံချက်ဖြင့် သက်တမ်းတိုးပြီး တပ်ကိုဦးဆောင်သွားရန် အလားအလာများနေသည်။ တပ်၏ ယခုကာလအတွင်း အပြောင်းအလဲဆို၍ ယခင် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်အား ရာထူးတိုး၍ ကာကွယ်ရေး အမှတ်(၁) တပ်မတော် စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ-၁) အဖြစ် တာဝန်ပေးလိုက်ခြင်းသာ ဖြစ်သည်။ နိုင်ငံတော် သမ္မတ၏ နာဂပွဲတော် ခရီးစဉ်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ဗိုလ်ချုပ် ထွန်းထွန်းနောင်နှင့် စအဖချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ခေါ်ဆောင်သွားခဲ့သည်။ ထိုကြောင့် တပ်မတော်၏ အနာဂတ် အပြောင်းအလဲတွင် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်တို့ နေရာ၌ အပြောင်းအလဲ ရှိလာမည် မဟုတ်ဘဲ လက်ရှိ စအဖချုပ်သည် နောင်အစိုးရ အဖွဲ့တွင် ကာကွယ်ရေး ဦးစီးချုပ်မှ ခန့်အပ်မည့် ပြည်ထဲရေးဝန်ကြီး ဖြစ်လာဖွယ်ရှိသည်။
အနိုင်ရ ဒီချုပ်ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံခဲ့သော်လည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပတ်သက်၍ သိသာထင်ရှားသော တိုးတက်မှု တစ်စုံတစ်ရာ မတွေ့ခဲ့ပေ။ အထူးသဖြင့် ပြည်ခိုင်ဖြိုးပါတီနှင့် လည်းကောင်း၊ တပ်မတော်နှင့်လည်းကောင်း ဆက်ဆံရေး အေးစက်နေသည်။ ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် နီးကပ်သော ဆက်ဆံရေးရှိနေသည့် အတွက် လက်ရှိအစိုးရနှင့် တပ်မတော်သည် အနိုင်ရပါတီကို သတိကြီးကြီးဖြင့် ဆက်ဆံနေသည့် အနေအထားရှိသည်။ NLDကလည်း အနိုင်ရ ကိုယ်စားလှယ်များ အားလုံးကို ကြပ်ကြပ်မတ်မတ် ကိုင်တွယ်နေပြီး အာဏာလွှဲပြောင်းရေး အထစ်အငေါ့ မရှိအောင် ဂရုစိုက်လျက်ရှိသည်။ ထိုအခြေအနေအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် သူရဦးရွှေမန်းနှင့်အတူ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား သွားရောက်တွေ့ဆုံခဲ့သည့်အပေါ် လက်ရှိတပ်မတော် ခေါင်းဆောင်ပိုင်းက နှစ်နှစ်ကာကာ မရှိလှပေ။ ထို့အပြင် စစ်ဘက်အရပ်ဘက် ဆက်ဆံရေး ပိုမိုကောင်းမွန် လာစေရန်အတွက် ယုံကြည်မှု တည်ဆောက်ရမည့် ကာလတွင် ကာ/လုံဥပဒေကြမ်းကို တင်သွင်းလာသည်မှာ တပ်မတော်၏ စိုးရိမ်ပူပန်မှုများကို ဖော်ပြလျှက်ရှိသည်။ အထူးသဖြင့် နေပြည်တော်၌ ကျင်းပခဲ့သည့် ငြိမ်းချမ်းရေး ညီလာခံတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အဖွင့်မိန့်ခွန်းများ ပြောကြားခဲ့ရာတွင် အချင်းချင်း အပြန်အလှန် ဆက်ဆံရေးမှာ အေးစက်လျှက်ရှိသည်။ နိုင်ငံတော် သမ္မတက ပထမဦးဆုံး မိန့်ခွန်းပြောကြားပြီး သမ္မတမိန့်ခွန်း ပြောကြားသည့် စင်နှင့်ပန်းအလှများကို ပြန်လည်သိမ်းဆည်းပြီး ကျန်သူများပြောကြားမည့် စင်အသေးတစ်ခုဖြင့် လဲလှယ်ခဲ့ခြင်းမှာ မလုပ်သင့်မလုပ်ထိုက်သော ကိစ္စဖြစ်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် စိတ်ပျက်ဖွယ် ကောင်းလှသည်။
ထိုသို့သော အခြေအနေတွင် အနိုင်ရ ဒီချုပ်ပါတီ အနေဖြင့် မကြာမီ လွှတ်တော်သစ်ကို ခေါ်ယူရတော့မည် ဖြစ်ပါသည်။ လွှတ်တော်တွင် တိုင်းပြည်၏ အရေးကြီးသည့် ရာထူးနေရာများ အတွက် ရွေးချယ် ရတော့မည် ဖြစ်သည့်အတွက် ယခုကတည်းက NLD ဗဟို အလုပ်အမှုဆောင်များသည် နေပြည်တော်၌ တံခါးပိတ် အစည်းအဝေးများကို ကျင်းပပြီး အလုပ်များလျှက်ရှိသည်။ ပြီးခဲ့သည့် အစည်းအဝေးတွင် အစိုးရအဖွဲ့ ဖွဲ့စည်းရေး လျာထားမှုများမှာ မပြီးပြတ်သေးဟု သိရှိရသည်။ မီဒီယာများနှင့် နိုင်ငံသားများကလည်း အနာဂတ် တိုင်းပြည်ကို တာဝန်ယူမည့် လူပုဂ္ဂိုလ်များကို သိချင်နေကြသည်။ တချို့ကလည်း ဖြစ်နိုင်ဖွယ်ရှိသော လူပုဂ္ဂိုလ်များကို ခန့်မှန်းပြီး မီဒီယာများတွင် ဝေဖန်ရေးသားလျှက်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ရန် ပိတ်ပင်တားဆီးထားသော ၅၉(စ)အား ပြည်ထောင်စု လွှတ်တော်၌ မပြင်ဆင်နိုင်သေးဘဲ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော် သမ္မတအဖြစ် လျာထား၍ မဖြစ်နိုင်သေးပေ။ ထိုကြောင့် ဒေါ်အောင်ဆန်းစုကြည် ယုံကြည်စိတ်ချသည့် ပုဂ္ဂိုလ်များထဲမှ တစ်ဦးကတော့ လာမည့် ဖေဖော်ဝါရီလအတွင်း ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ သမ္မတအဖြစ် ပေါ်ပေါက်လာတော့မည် ဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက် NLDပါတီ စတင်ထူထောင်စဉ် ကတည်းက သစ္စာရှိရှိပါ၀င်ခဲ့သော ၀ါရင့်ပုဂ္ဂိုလ်တစ်ဦးက “ဘယ်သူတွေကို ဘယ်နေရာမှာ စဉ်းစားနေသလဲဆိုတာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗဟိုအလုပ်အမှုဆောင်တွေပဲသိမယ်။ တလောက သတင်းထွက်လာတဲ့ လျာထားတဲ့ သမ္မတလောင်း ငါးဦးအနက် သုံးဦးက ငြင်းပယ်တယ်ဆိုတာ မှန်ပါတယ်။ အခု နောက်ဆုံးကျန်နေတဲ့ နှစ်ဦးထဲက သမ္မတ ဖြစ်နိုင်ချေ အရှိဆုံးသူရဲ့ အမည်ကို နေ့နံနဲ့သဲလွန်စ ပေးရရင်တော့ ၆၅၇ဗျာ။ ဒါပဲ”ဟု လက်စောင်းထက်အား ပြောကြားသွားသဖြင့် မကြာမီ မြင်တွေ့ရမည့် သမ္မတမှာ သောကြာ၊ ကြာသပတေး၊ စနေနံသင့်သူ ဖြစ်နိုင်ကြောင်း တင်ပြလိုက်ရပါသည်။
လက်စောင်းထက်
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Saturday, January 23, 2016
NLD အစိုးရသစ္၏ သမၼတေလာင္းမွာ ေန႔နံအရ ၆၅၇ - လက္ေစာင္းထက္
NLD အစိုးရသစ္၏ သမၼတေလာင္းမွာ ေန႔နံအရ ၆၅၇ - လက္ေစာင္းထက္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 23, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment