Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, January 7, 2016

NLD ဦးဝင္းထိန္၊ လူဆိုးလား

အေတြးအျမင္  ေဆာင္းပါး
စည္သူေအာင္ျမင့္

အခုရက္ပိုင္း သတင္းမီဒီယာ သမားေတြအၾကား၊ ျပည္သူေတြအၾကား အေျပာမ်ားေနတဲ့ ကိစၥ တစ္ခုကေတာ့ NLD ေခါင္းေဆာင္ ဦးဝင္းထိန္နဲ႔ အေမရိကန္ႏိုင္ငံ ဝါရွင္တန္အေျခစိုက္ အာရ္အက္ဖ္ ေအ သတင္းဌာန အင္တာဗ်ဴး ကိစၥပါ။ အင္တာဗ်ဴး ၿပီးဆံုးခ်ိန္ ဦးဝင္းထိန္ ေျပာလိုက္တဲ့ “ေက်းဇူးတင္ မေနနဲ႔။ ခင္ဗ်ားတို႔ေမးတဲ့ ေမးခြန္းေတြကို စဥ္းစဥ္းစားစား ေမးၾက” ဆိုတဲ့ စကားအေပၚမွာ ေဝဖန္မႈ မ်ားသြား တာျဖစ္ပါတယ္။ ဒီကေန႔ အဲဒီအေၾကာင္း ေဆြးေႏြးၾကည့္ၾကရေအာင္။

ပထမ အဲဒီအင္တာဗ်ဴး ေမးခြန္းေတြအေၾကာင္း အရင္ ေဆြးေႏြးၾကည့္ရေအာင္ပါ။ အင္တာဗ်ဴး ကို အစခ်ီထားတာ “ေဖေဖာ္ဝါရီလဆန္းမွာ လႊတ္ေတာ္သစ္ စတင္ ေခၚယူႏုိင္ဖြယ္ရွိတာေၾကာင့္ NLD ပါတီက တင္သြင္းမယ့္ သမၼတေလာင္းနဲ႔ အစုိးရအဖြဲ႔ဝင္ စာရင္းေတြ အမ်ားျပည္သူသိေအာင္ ထုတ္ျပန္ ေၾကညာသင့္ၿပီလုိ႔ ႏုိင္ငံေရး ေလ့လာသူတခ်ိဳ႕က ေထာက္ျပေနၾကပါတယ္” လို႔ ဖြင့္ထားပါတယ္။

ဘယ္လို ႏုိင္ငံေရး ေလ့လာသူေတြလည္း ဆိုတာကေတာ့ မပါပါဘူး။ ဒီအခ်က္ဟာ တကယ္ပဲ ႏုိင္ငံ ေရး ေလ့လာသူေတြ ေထာက္ျပေနတဲ့ အခ်က္ျဖစ္သလား၊ ဒါမွမဟုတ္ သတင္းဌာနက လုပ္ခ်င္တဲ့ Story Idea ျဖစ္ေနသလား မသဲကြဲပါဘူး။

ေနာက္ စၿပီးေမးတာက “ NLD ရဲ႕ သမၼတ၊ အစိုးရအဖဲြ႔ေတြမွာ ဘယ္သူေတြပါမယ္ ဘယ္သူ ေတြနဲ႔ ဖဲြ႔စည္းပါမယ္ဆိုတာ မေၾကျငာႏိုင္ေသးတဲ့အေပၚမွာ တစ္ခ်ဳိ႕လည္း ေမးခြန္းေတြ ထုတ္ေနၾကတာ ေတြ႔ရပါ တယ္ ခင္ဗ်ား။ ၿပီးေတာ့ အားမလို အားမရလည္း ျဖစ္ေနၾကပါတယ္ခင္ဗ်။ တကယ္ပဲ အန္ကယ္တို႔ဖက္ အခ်ိန္ေစာေနေသးတယ္ဆိုၿပီး မထုတ္ႏိုင္တာလား အခက္အခဲေတြေၾကာင့္ အဆင္သင့္ မျဖစ္တာ လားသိပါရေစလား ခင္ဗ်ား” တဲ့။ ဒါလည္း ေစာေစာက အတုိင္းပါပဲ။ တကယ္ပဲ ျပည္သူ ေတြက ေမးခြန္းထုတ္ေနၾကသလား ဆိုတာကလည္း ျပန္ေမးခြန္းထုတ္စရာ ေကာင္းပါတယ္။

ဒီ အင္တာဗ်ဴးမွာ အေရးအႀကီးဆံုး အခ်က္တစ္ခ်က္ ရွိပါတယ္။ အဲဒါကေတာ့ အင္တာဗ်ဴးၿပီး လို႔ ေက်းဇူးတင္ေၾကာင္း ေျပာခ်ိန္ ဦးဝင္းထိန္က မီဒီယာေတြကို ျပန္ေဝဖန္လိုက္တဲ့ စကားကို အေသအျခာ ရည္ရြယ္ခ်က္ရွိရွိ ေဖာ္ျပေပးလိုက္တာပါ။ ဒါနဲ႔ ပတ္သက္ရင္ သတင္းမီဒီယာ တင္ဆက္ သူေတြဘက္က အမ်ိဳးမ်ိဳး လုပ္ပိုင္ခြင့္ ရွိပါတယ္။ ဦးဝင္းထိန္ရဲ႕ အဲဒီ ေျပာဆိုခ်က္ကို တည္းျဖတ္ေပး လိုက္ၿပီး အင္တာဗ်ဴးကို ေဖာ္ျပေပးရင္လည္း ရပါတယ္။ အဲဒါဆို ခုလို ဦးဝင္းထိန္အေပၚ ဟိုလိုေျပာ ဒီလိုေျပာ အျငင္းပြားမႈမ်ိဳး ျဖစ္ေပၚလာေတာ့မွာ မဟုတ္ပါဘူး။

ၿပီးမွ ဦး၀င္းထိန္ကို ကၽြန္ေတာ္တို႔ ေမးတာေတြက ျပည္သူေတြက သိခ်င္လို႔ ေမးတာပါ၊ ဘာညာ ေျပာခ်င္လည္း ေျပာလို႔ ရပါေသးတယ္။ ဒါေပမယ့္ အခု အင္တာဗ်ဴးမွာေတာ့ သတင္းဌာနဟာ ဦးဝင္းထိန္ရဲ႕ အဲဒီ ေျပာစကားကို ႀကံရြယ္ခ်က္ရွိ ရွိ ထည့္ေပးလိုက္တယ္လို႔ပဲ ယူဆ ရပါတယ္။

အင္တာဗ်ဴးမွာ ဦးဝင္းထိန္ ေျဖခဲ့တာေတြကေတာ့ ဘာမွ အျငင္းပြားစရာ မရွိပါဘူး။ တကယ္ ေတာ့ ျပည္သူေတြေရာ၊ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အင္န္အယ္လ္ဒီပါ အမွားအယြင္း အထိအခိုက္မခံ တဲ့ အေျခအေန တစ္ခုကို ျဖတ္သန္းေနၾကရတာပါ။ အမ်ားျပည္သူေတြ စိုးရိမ္ၾကသလို ေဒၚေအာင္ ဆန္းစုၾကည္ကိုယ္တိုင္ အေတာ္စိုးရိမ္တဲ့ ပံုေပၚပါတယ္။ အဲလို စိုးရိမ္ရတာကလည္း ခုိင္လံုတဲ့ အေၾကာင္းေတြ ရွိလို႔ပဲျဖစ္ပါတယ္။

ဒါေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ရာနဲ႔ခ်ီရွိတဲ့ သူ႕ရဲ႕ ေရြးေကာက္ခံ အမတ္ေတြကို ေျပာေရးဆိုခြင့္ ပိတ္ပင္ထားပါတယ္။ ဒါဟာ ဒီမိုကေရစီ နည္းလမ္း မက်ဘူးလို႔ ယူဆရေပမယ့္ တုိင္းျပည္ အက်ိဳးစီးပြား၊ ျပည္သူေတြ အက်ိဳးစီးပြားအတြက္ အေရးၾကီးတ့ဲ အခ်ိန္အခါ ျဖတ္သန္းေနရလို႔ အဲလို လုပ္ရတာလို႔ ေကာက္ခ်က္ခ်ႏိုင္ပါတယ္။

ဒီအတြက္ ေဒၚေအာင္ဆန္းစုၾကည္ဟာ သူ စိတ္ခ်ယံုၾကည္ရသူ ၃-၄ ေယာက္ေလာက္ကိုပဲ သတင္းမီဒီယာေတြနဲ႔ ေတြ႔ခြင့္၊ ေျဖခြင့္ ေပးထားပါတယ္။ ဦးဝင္းထိန္၊ ဦးဥာဏ္ဝင္းတို႔ေလာက္ ျဖစ္ပါ တယ္။ တစ္ခ်ိဳ႕ ေျပာခြင့္ရသူေတြကေတာ့ မလုပ္မ႐ႈတ္ မျပဳတ္ လမ္းစဥ္ က်င့္သံုးတာေၾကာင့္ ေမးသမွ် မီဒီယာ အဲဒီ အဖိုးႀကီးႏွစ္ေယာက္ပဲ ဒိုင္ခံေျဖရတဲ့အေျခအေန ေရာက္သြားပါတယ္။ ေနာက္ထပ္ ျပႆနာတစ္ခုက အဲဒီ အဖိုးႀကီးႏွစ္ေယာက္ဟာ အဲဒီ တာဝန္ေတြခ်ည္းပဲလည္း မဟုတ္ေသးပါဘူး။

အစည္းအေ၀းေတြ တက္တာ အျပင္ ေဒၚေအာင္ဆန္းစုၾကည္က ခုိင္းတဲ့ အျခား တာ၀န္ေတြကိုလည္း လုပ္ရပါေသးတယ္။ ေျပာရရင္ သူတို႔ေတြဟာ ေလ့က်င့္သားျပည့္၀ေနတဲ့ “ေျပာေရးဆိုခြင့္ရွိသူ” ေတြ မဟုတ္ၾကပါဘူး။ ဒါေၾကာင့္လည္း သူတို႔ေတြဟာ မီဒီယာေတြကို ေတြ႕ဆံုတဲ့အခါ ပေရာ္ဖက္ရွင္နယ္ ေျပာေရးဆိုခြင့္ရွိသူေတြလို ပရိယာယ္ႂကြယ္ႂကြယ္၊ မာယာႂကြယ္ႂကြယ္ ေျပာဆိုတာမ်ိဳး မလုပ္ပဲ ႐ိုး႐ိုး ႏုိင္ငံေရး သမားေတြလိုပဲ ကိုယ့္စ႐ုိက္အတိုင္း ေျပာဆိုတာ ေတြ႕ႏုိင္ပါတယ္။ ဒါကလြဲရင္ သူတို႔ကို ေပးထားတဲ့ တာ၀န္အရ ေမးသမွ်ကိုေတာ့ ေျဖတာခ်ည္းပါပဲ။

ဒီလူေတြကို ေျပာေရးဆိုခြင့္ ေနရာေပး ထားတဲ့ ကိစၥ အျပစ္တင္ျခင္း တင္မယ္ဆိုရင္ ေဒၚေအာင္ဆန္းစုၾကည္ကို အျပစ္တင္ဖို႔ပဲ ရွိပါတယ္။ ဒါေပမယ့္ ဘယ္မီဒီယာသမား ဘယ္လူပုဂၢိဳလ္ကမွ ေဒၚေအာင္ဆန္းစုၾကည္ကို မထိရဲၾကပါဘူး။

အခု အင္တာဗ်ဴးမွာလည္း ဦးဝင္းထိန္ ျပန္ေျဖသမွ်ဟာ တုိင္းျပည္အက်ိဳးစီးပြား၊ ျပည္သူလူထု အက်ိဳးစီးပြားဘက္က ရပ္ခံ ေျဖသြားတာခ်ည္းပါ။ ဘာျပႆနာမွ မရွိပါဘူး။ ေနာက္ပိုင္း အေမးအေျဖ ေတြနဲ႔ ပတ္သက္လို႔ကေတာ့ အားလံုးသိၾကၿပီး ျဖစ္တဲ့အတိုင္း ဦး၀င္းထိန္နဲ႔ အင္န္အယ္လ္ဒီ ဘက္က အသြင္ကူးေျပာင္းေရးကို ေခ်ာေခ်ာေမြ႕ေမြ႕ျဖစ္ေအာင္၊ ၁၉၉၀ တုန္းကလို ျပႆနာေတြ မေပၚေအာင္ ေဆာင္ရြက္ေနရတယ္ ဆိုတဲ့ သေဘာမ်ိဳး ေျဖသြားတာ ေတြ႕ႏုိင္ပါတယ္။ ဒီေနရာမွာ မီဒီယာေတြကို “ေမးတဲ့ ေမးခြန္းေတြကို စဥ္းစဥ္းစားစား ေမးၾက” ဆိုတာကသာ သူ႔ကို ေထာက္ျပစရာ ျဖစ္သြားေစတာ ပါ။ မီဒီယာေတြကေရာ တကယ္ပဲ သူေျပာသလို တိုင္းျပည္ အက်ိဳးစီးပြား၊ ျပည္သူလူထု အက်ိဳးစီးပြား ကို အဓိကထားၿပီး စဥ္းစဥ္းစားစား ေမးၾကသလား ေမးစရာ ရွိလာပါတယ္။

သိပ္မၾကာေသးခင္တုန္းကဆို ဘီဘီစီလို သတင္းဌာနႀကီးကေတာင္ “ဗိုလ္ခ်ဳပ္မွဴးႀကီးေဟာင္း သန္းေရႊကို အေရးယူသင့္သလား” ဆိုတဲ့ အစီအစဥ္မ်ိဳး လုပ္ခဲ့ပါေသးတယ္။ ျပည္တြင္းထုတ္ သတင္း စာ ဂ်ာနယ္ေတြမွာဆိုရင္လည္း အေျပာင္းအလဲ ကာလ ကို အခ်ိန္မေရြး ပ်က္စီးသြားေစႏုိင္တဲ့ ေဆာင္းပါးမ်ိဳးကလည္း အခ်ိန္မေရြး ေဖာ္ျပေနတာပါပဲ။ ဒီလို အေျခအေနမ်ိဳးမွာ သတင္းမီဒီယာေတြ အေနနဲ႔ ဦး၀င္းထိန္ကို အျပစ္တင္ေနမယ့္အစား ကိုယ္ကိုယ္တုိင္က တုိင္းျပည္အက်ိဳးစီးပြား၊ ျပည္သူလူ ထု အက်ိဳးစီးပြားကို ဦးထိပ္ထားပါရဲ႕လား၊ စာနယ္ဇင္း က်င့္ဝတ္ကို လိုက္နာ ေစာင့္ထိန္းပါရဲ႕လား၊ ကိုယ့္တာဝန္ ကိုယ္ေၾကၾကပါရဲ႕လား၊ ႏုိင္ငံေရးသမားေတြနဲ႔ ဘယ္သူ႔ကိုမွမခ်န္ ကေလာင္နဲ႔ ဟိုထိုး သည္ထိုး၊ ဟို႐ိုးသည္႐ိုး လုပ္ေနၿပီး ကိုယ့္ကို ေဝဖန္လာရင္ေတာ့ တရားစြဲမယ္ တစ္ၿခိမ္းၿခိမ္း ၿခိမ္းေျခာက္ၿပီး ဒီမိုကေရစီကို မ်က္ႏွာေျပာင္တိုက္ ဆန္႔က်င္ေနသလား ဆိုတာ ဆန္းစစ္ဖို႔ပဲ ရွိပါေၾကာင္း သံုးသပ္ တင္ျပလိုက္ရပါတယ္။

- See more at: http://mizzimaburmese.com/article/9533#sthash.eISzYp6K.okmjTqYd.dpuf
“NLD ဦးဝင်းထိန်၊ လူဆိုးလား”
အတွေးအမြင်  ဆောင်းပါး
စည်သူအောင်မြင့်

အခုရက်ပိုင်း သတင်းမီဒီယာ သမားတွေအကြား၊ ပြည်သူတွေအကြား အပြောများနေတဲ့ ကိစ္စ တစ်ခုကတော့ NLD ခေါင်းဆောင် ဦးဝင်းထိန်နဲ့ အမေရိကန်နိုင်ငံ ဝါရှင်တန်အခြေစိုက် အာရ်အက်ဖ် အေ သတင်းဌာန အင်တာဗျူး ကိစ္စပါ။ အင်တာဗျူး ပြီးဆုံးချိန် ဦးဝင်းထိန် ပြောလိုက်တဲ့ “ကျေးဇူးတင် မနေနဲ့။ ခင်ဗျားတို့မေးတဲ့ မေးခွန်းတွေကို စဉ်းစဉ်းစားစား မေးကြ” ဆိုတဲ့ စကားအပေါ်မှာ ဝေဖန်မှု များသွား တာဖြစ်ပါတယ်။ ဒီကနေ့ အဲဒီအကြောင်း ဆွေးနွေးကြည့်ကြရအောင်။

ပထမ အဲဒီအင်တာဗျူး မေးခွန်းတွေအကြောင်း အရင် ဆွေးနွေးကြည့်ရအောင်ပါ။ အင်တာဗျူး ကို အစချီထားတာ “ဖေဖော်ဝါရီလဆန်းမှာ လွှတ်တော်သစ် စတင် ခေါ်ယူနိုင်ဖွယ်ရှိတာကြောင့် NLD ပါတီက တင်သွင်းမယ့် သမ္မတလောင်းနဲ့ အစိုးရအဖွဲ့ဝင် စာရင်းတွေ အများပြည်သူသိအောင် ထုတ်ပြန် ကြေညာသင့်ပြီလို့ နိုင်ငံရေး လေ့လာသူတချို့က ထောက်ပြနေကြပါတယ်” လို့ ဖွင့်ထားပါတယ်။

ဘယ်လို နိုင်ငံရေး လေ့လာသူတွေလည်း ဆိုတာကတော့ မပါပါဘူး။ ဒီအချက်ဟာ တကယ်ပဲ နိုင်ငံ ရေး လေ့လာသူတွေ ထောက်ပြနေတဲ့ အချက်ဖြစ်သလား၊ ဒါမှမဟုတ် သတင်းဌာနက လုပ်ချင်တဲ့ Story Idea ဖြစ်နေသလား မသဲကွဲပါဘူး။

နောက် စပြီးမေးတာက “ NLD ရဲ့ သမ္မတ၊ အစိုးရအဖွဲ့တွေမှာ ဘယ်သူတွေပါမယ် ဘယ်သူ တွေနဲ့ ဖွဲ့စည်းပါမယ်ဆိုတာ မကြေငြာနိုင်သေးတဲ့အပေါ်မှာ တစ်ချို့လည်း မေးခွန်းတွေ ထုတ်နေကြတာ တွေ့ရပါ တယ် ခင်ဗျား။ ပြီးတော့ အားမလို အားမရလည်း ဖြစ်နေကြပါတယ်ခင်ဗျ။ တကယ်ပဲ အန်ကယ်တို့ဖက် အချိန်စောနေသေးတယ်ဆိုပြီး မထုတ်နိုင်တာလား အခက်အခဲတွေကြောင့် အဆင်သင့် မဖြစ်တာ လားသိပါရစေလား ခင်ဗျား” တဲ့။ ဒါလည်း စောစောက အတိုင်းပါပဲ။ တကယ်ပဲ ပြည်သူ တွေက မေးခွန်းထုတ်နေကြသလား ဆိုတာကလည်း ပြန်မေးခွန်းထုတ်စရာ ကောင်းပါတယ်။

ဒီ အင်တာဗျူးမှာ အရေးအကြီးဆုံး အချက်တစ်ချက် ရှိပါတယ်။ အဲဒါကတော့ အင်တာဗျူးပြီး လို့ ကျေးဇူးတင်ကြောင်း ပြောချိန် ဦးဝင်းထိန်က မီဒီယာတွေကို ပြန်ဝေဖန်လိုက်တဲ့ စကားကို အသေအခြာ ရည်ရွယ်ချက်ရှိရှိ ဖော်ပြပေးလိုက်တာပါ။ ဒါနဲ့ ပတ်သက်ရင် သတင်းမီဒီယာ တင်ဆက် သူတွေဘက်က အမျိုးမျိုး လုပ်ပိုင်ခွင့် ရှိပါတယ်။ ဦးဝင်းထိန်ရဲ့ အဲဒီ ပြောဆိုချက်ကို တည်းဖြတ်ပေး လိုက်ပြီး အင်တာဗျူးကို ဖော်ပြပေးရင်လည်း ရပါတယ်။ အဲဒါဆို ခုလို ဦးဝင်းထိန်အပေါ် ဟိုလိုပြော ဒီလိုပြော အငြင်းပွားမှုမျိုး ဖြစ်ပေါ်လာတော့မှာ မဟုတ်ပါဘူး။

ပြီးမှ ဦးဝင်းထိန်ကို ကျွန်တော်တို့ မေးတာတွေက ပြည်သူတွေက သိချင်လို့ မေးတာပါ၊ ဘာညာ ပြောချင်လည်း ပြောလို့ ရပါသေးတယ်။ ဒါပေမယ့် အခု အင်တာဗျူးမှာတော့ သတင်းဌာနဟာ ဦးဝင်းထိန်ရဲ့ အဲဒီ ပြောစကားကို ကြံရွယ်ချက်ရှိ ရှိ ထည့်ပေးလိုက်တယ်လို့ပဲ ယူဆ ရပါတယ်။

အင်တာဗျူးမှာ ဦးဝင်းထိန် ဖြေခဲ့တာတွေကတော့ ဘာမှ အငြင်းပွားစရာ မရှိပါဘူး။ တကယ် တော့ ပြည်သူတွေရော၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီပါ အမှားအယွင်း အထိအခိုက်မခံ တဲ့ အခြေအနေ တစ်ခုကို ဖြတ်သန်းနေကြရတာပါ။ အများပြည်သူတွေ စိုးရိမ်ကြသလို ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင် အတော်စိုးရိမ်တဲ့ ပုံပေါ်ပါတယ်။ အဲလို စိုးရိမ်ရတာကလည်း ခိုင်လုံတဲ့ အကြောင်းတွေ ရှိလို့ပဲဖြစ်ပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ရာနဲ့ချီရှိတဲ့ သူ့ရဲ့ ရွေးကောက်ခံ အမတ်တွေကို ပြောရေးဆိုခွင့် ပိတ်ပင်ထားပါတယ်။ ဒါဟာ ဒီမိုကရေစီ နည်းလမ်း မကျဘူးလို့ ယူဆရပေမယ့် တိုင်းပြည် အကျိုးစီးပွား၊ ပြည်သူတွေ အကျိုးစီးပွားအတွက် အရေးကြီးတဲ့ အချိန်အခါ ဖြတ်သန်းနေရလို့ အဲလို လုပ်ရတာလို့ ကောက်ချက်ချနိုင်ပါတယ်။

ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ စိတ်ချယုံကြည်ရသူ ၃-၄ ယောက်လောက်ကိုပဲ သတင်းမီဒီယာတွေနဲ့ တွေ့ခွင့်၊ ဖြေခွင့် ပေးထားပါတယ်။ ဦးဝင်းထိန်၊ ဦးဉာဏ်ဝင်းတို့လောက် ဖြစ်ပါ တယ်။ တစ်ချို့ ပြောခွင့်ရသူတွေကတော့ မလုပ်မရှုတ် မပြုတ် လမ်းစဉ် ကျင့်သုံးတာကြောင့် မေးသမျှ မီဒီယာ အဲဒီ အဖိုးကြီးနှစ်ယောက်ပဲ ဒိုင်ခံဖြေရတဲ့အခြေအနေ ရောက်သွားပါတယ်။ နောက်ထပ် ပြဿနာတစ်ခုက အဲဒီ အဖိုးကြီးနှစ်ယောက်ဟာ အဲဒီ တာဝန်တွေချည်းပဲလည်း မဟုတ်သေးပါဘူး။

အစည်းအဝေးတွေ တက်တာ အပြင် ဒေါ်အောင်ဆန်းစုကြည်က ခိုင်းတဲ့ အခြား တာဝန်တွေကိုလည်း လုပ်ရပါသေးတယ်။ ပြောရရင် သူတို့တွေဟာ လေ့ကျင့်သားပြည့်ဝနေတဲ့ “ပြောရေးဆိုခွင့်ရှိသူ” တွေ မဟုတ်ကြပါဘူး။ ဒါကြောင့်လည်း သူတို့တွေဟာ မီဒီယာတွေကို တွေ့ဆုံတဲ့အခါ ပရော်ဖက်ရှင်နယ် ပြောရေးဆိုခွင့်ရှိသူတွေလို ပရိယာယ်ကြွယ်ကြွယ်၊ မာယာကြွယ်ကြွယ် ပြောဆိုတာမျိုး မလုပ်ပဲ ရိုးရိုး နိုင်ငံရေး သမားတွေလိုပဲ ကိုယ့်စရိုက်အတိုင်း ပြောဆိုတာ တွေ့နိုင်ပါတယ်။ ဒါကလွဲရင် သူတို့ကို ပေးထားတဲ့ တာဝန်အရ မေးသမျှကိုတော့ ဖြေတာချည်းပါပဲ။

ဒီလူတွေကို ပြောရေးဆိုခွင့် နေရာပေး ထားတဲ့ ကိစ္စ အပြစ်တင်ခြင်း တင်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်ဖို့ပဲ ရှိပါတယ်။ ဒါပေမယ့် ဘယ်မီဒီယာသမား ဘယ်လူပုဂ္ဂိုလ်ကမှ ဒေါ်အောင်ဆန်းစုကြည်ကို မထိရဲကြပါဘူး။

အခု အင်တာဗျူးမှာလည်း ဦးဝင်းထိန် ပြန်ဖြေသမျှဟာ တိုင်းပြည်အကျိုးစီးပွား၊ ပြည်သူလူထု အကျိုးစီးပွားဘက်က ရပ်ခံ ဖြေသွားတာချည်းပါ။ ဘာပြဿနာမှ မရှိပါဘူး။ နောက်ပိုင်း အမေးအဖြေ တွေနဲ့ ပတ်သက်လို့ကတော့ အားလုံးသိကြပြီး ဖြစ်တဲ့အတိုင်း ဦးဝင်းထိန်နဲ့ အင်န်အယ်လ်ဒီ ဘက်က အသွင်ကူးပြောင်းရေးကို ချောချောမွေ့မွေ့ဖြစ်အောင်၊ ၁၉၉၀ တုန်းကလို ပြဿနာတွေ မပေါ်အောင် ဆောင်ရွက်နေရတယ် ဆိုတဲ့ သဘောမျိုး ဖြေသွားတာ တွေ့နိုင်ပါတယ်။ ဒီနေရာမှာ မီဒီယာတွေကို “မေးတဲ့ မေးခွန်းတွေကို စဉ်းစဉ်းစားစား မေးကြ” ဆိုတာကသာ သူ့ကို ထောက်ပြစရာ ဖြစ်သွားစေတာ ပါ။ မီဒီယာတွေကရော တကယ်ပဲ သူပြောသလို တိုင်းပြည် အကျိုးစီးပွား၊ ပြည်သူလူထု အကျိုးစီးပွား ကို အဓိကထားပြီး စဉ်းစဉ်းစားစား မေးကြသလား မေးစရာ ရှိလာပါတယ်။

သိပ်မကြာသေးခင်တုန်းကဆို ဘီဘီစီလို သတင်းဌာနကြီးကတောင် “ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေကို အရေးယူသင့်သလား” ဆိုတဲ့ အစီအစဉ်မျိုး လုပ်ခဲ့ပါသေးတယ်။ ပြည်တွင်းထုတ် သတင်း စာ ဂျာနယ်တွေမှာဆိုရင်လည်း အပြောင်းအလဲ ကာလ ကို အချိန်မရွေး ပျက်စီးသွားစေနိုင်တဲ့ ဆောင်းပါးမျိုးကလည်း အချိန်မရွေး ဖော်ပြနေတာပါပဲ။ ဒီလို အခြေအနေမျိုးမှာ သတင်းမီဒီယာတွေ အနေနဲ့ ဦးဝင်းထိန်ကို အပြစ်တင်နေမယ့်အစား ကိုယ်ကိုယ်တိုင်က တိုင်းပြည်အကျိုးစီးပွား၊ ပြည်သူလူ ထု အကျိုးစီးပွားကို ဦးထိပ်ထားပါရဲ့လား၊ စာနယ်ဇင်း ကျင့်ဝတ်ကို လိုက်နာ စောင့်ထိန်းပါရဲ့လား၊ ကိုယ့်တာဝန် ကိုယ်ကြေကြပါရဲ့လား၊ နိုင်ငံရေးသမားတွေနဲ့ ဘယ်သူ့ကိုမှမချန် ကလောင်နဲ့ ဟိုထိုး သည်ထိုး၊ ဟိုရိုးသည်ရိုး လုပ်နေပြီး ကိုယ့်ကို ဝေဖန်လာရင်တော့ တရားစွဲမယ် တစ်ခြိမ်းခြိမ်း ခြိမ်းခြောက်ပြီး ဒီမိုကရေစီကို မျက်နှာပြောင်တိုက် ဆန့်ကျင်နေသလား ဆိုတာ ဆန်းစစ်ဖို့ပဲ ရှိပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

- See more at: http://mizzimaburmese.com/article/9533#sthash.eISzYp6K.okmjTqYd.dpuf

No comments:

Post a Comment