Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, January 19, 2016

ရခိုင္ျပည္နယ္အစိုးရဖဲြ႕စည္းေရး NLD စတင္ျပင္ဆင္

ရခိုင္ျပည္နယ္ သံတဲြၿမိဳ႕ကိုေရာက္လာတဲ့ NLD ဥကၠဌေဒၚေအာင္ဆန္းစုၾကည္ကို ေထာက္ခံသူေတြႀကိဳဆိုေနၾကစဥ္ (ေအာက္တိုဘာ ၁၇ ရက္၊ ၂၀၁၅)
တိုင္းေဒသႀကီး၊ျပည္နယ္ အစိုးရေတြကို အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္က ဦးေဆာင္မယ္လို႔ NLD ပါတီက ေျပာဆိုထားၿပီး ရခုိင္ျပည္နယ္ စစ္ေတြၿမိဳ႕မွာ ၿမိဳ႕မိၿမိဳ႕ဖေတြ လူမႈေရး အဖြဲ႔အစည္းေတြနဲ႔ ေရြးေကာက္ခံ NLD ကိုယ္စားလွယ္ေတြ ေရွ႕လာမယ့္ ႏုိင္ငံေရး အခင္းအက်င္းနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးခဲ႔ၾကပါတယ္။ တခ်ိန္တည္းမွာဘဲ ရခုိင္ျပည္နယ္တြင္း အမ်ားစု အႏုိင္ရထားတဲ႔ ရခုိင္အမ်ိဳးသား ပါတီဘက္ကလည္း ျပည္နယ္ အစိုးရနဲ႔ လႊတ္ေတာ္မွာ အင္အားႀကီး NLD ပါတီက ဦးေဆာင္မႈရယူရင္ ဘယ္လို ပံုစံမ်ိဳးနဲ႔ ပူးေပါင္းေဆာင္ရြက္မလဲ ဆိုတာကို ေဆြးေႏြးၾကဖို႔ ျပင္ဆင္ေနပါတယ္။ မသိဂၤ ီထုိက္ စုစည္းတင္ျပထားပါတယ္။

အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD ပါတီက တႏုိင္ငံလံုးမွာ အမတ္ေနရာ အမ်ားစု အႏုိင္ရထားတယ္ဆိုေပမယ့္ ရခုိင္ျပည္နယ္ထဲမွာေတာ့ အနည္းစုဘဲ အႏုိင္ရခဲ႔တာ ျဖစ္ပါတယ္။ ဒါေပမယ့္ ျပည္ေထာင္စု အစိုးရဖြဲ႔စည္းမယ့္ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္က တိုင္းေဒသႀကီး၊ ျပည္နယ္ အစိုးရေတြကိုလည္း ဦးေဆာင္ဖြဲ႔စည္းမယ္လို႔ တရား၀င္ ထုတ္ေဖာ္ ေျပာဆုိထားၿပီး ျဖစ္တယ္လို႔ ရခုိင္ျပည္နယ္ ဂြ ၿမိဳ႕နယ္ရဲ႕ ေရြးေကာက္ခံ ျပည္နယ္လႊတ္ေတာ္အမတ္ ဦးညီပုက ေျပာပါတယ္။

“ကၽြန္ေတာ္တို႕ ဆီက ေျပာေရး ဆိုခြင့္ရွိတဲ့ ေဒၚနန္းခင္ေထြးျမင့္က ေျပာခဲ့တာ ရွိပါတယ္။ တိုင္းနဲ႕ ျပည္နယ္ေတြမွာ ကၽြန္ေတာ္တို႕ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ကပဲ အစိုးရကို ဦးေဆာင္ၿပီးေတာ့ ဖြဲ႕ စည္းသြားမယ္။အဲဒီ အစိုးရကို ဦးေဆာင္တဲ့ ပုဂၢိဳလ္ ဟာလည္းပဲ အမ်ိဳးသား ဒီမို ကေရစီအဖဲြ႕ ခ်ဳပ္ကပဲ ျဖစ္မယ္ဆိုတာ ေျပာထားပါတယ္။”

လႊတ္ေတာ္သစ္ေတြ ေခၚယူဖို႔ နီးကပ္လာခ်ိန္ အစိုးရသစ္ ဖြဲ႔စည္းဖို႔ တစ တစ နီးကပ္လာခ်ိန္မွာဘဲ ရခုိင္ျပည္နယ္ထဲက ေရြးေကာက္ခံ NLD ကိုယ္စားလွယ္ေတြနဲ႔ ဒါဇင္နဲ႔ခ်ီတဲ႔ စစ္ေတြၿမိဳ႕ခံ တခ်ိဳ႕လည္း မၾကာခင္ကေတြ႔ဆံုခဲ႔ၾကၿပီး NLD ရဲ႕ ရပ္တည္ခ်က္ကို ေဆြးေႏြးခဲ႔ၾကတယ္လို႔လည္း ဦးညီပုက ေျပာပါတယ္။

“လူမႈေရး အဖြဲ႕ အစည္းေတြပါတဲ့ အရပ္ဖက္ အဖြဲ႕ အစည္းေတြ၊ အရပ္ဘက္က ပုဂၢိဳလ္ေတြ၊ ႏိုင္ငံေရး ပါတီေတြ ေတာ္ေတာ္ စံုစံုလင္လင္ေလး ပါပါတယ္။ အခု ကၽြန္ေတာ္တို႕ ေတြ႕တဲ့ ေနရာမွာေတာ့ သိပ္ၿပီး ေတာ့ စိုးရိမ္တဲ့ အေနအထား သိပ္ၿပီးေတာ့ မေတြ႕ ပါဘူး။ ကၽြန္ေတာ္တို႕ တာ၀န္ယူခဲ့လို႕ ရွိရင္ ကၽြန္ေတာ္တို႕႕ နဲ႕ ပူးေပါင္း ေဆာင္ရြက္မယ့္ အေနအထားေတြ ေျပာတယ္။ သူတို႕ တတ္ႏိုင္ သမွ် အကူအညီေတြ အၾကံညဏ္ေတြ ေပးဖို႕ ကို ေျပာပါတယ္။ ကၽြန္ေတာ္တို႕ ဆက္လုပ္ဖို႕ ကို အားလံုးက ဆက္ၿပီးေတာ့ အားေပးၾကပါတယ္။”

ရခုိင္ျပည္နယ္ရဲ႕ လႊတ္ေတာ္ အမတ္ေနရာ အမ်ားစုကို အႏုိင္ရရွိထားၿပီး ျပည္နယ္ အစိုးရကို ဦးေဆာင္ႏုိင္ဖို႔ ေမွ်ာ္လင့္ထားတဲ႔ ရခုိင္အမ်ိဳးသား ပါတီဘက္ကေတာ့ တကယ္လို႔ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD ပါတီဘက္က ျပည္နယ္ အစိုးရကို ဦးေဆာင္လာရင္ ဘယ္လို မူ၀ါဒမ်ိဳးနဲ႔ ပူးေပါင္းေဆာင္ရြက္မလဲ ဆိုတာကို စည္းေ၀း ဆံုးျဖတ္ဖို႔ ျပင္ဆင္ေနၾကပါတယ္။ ရခုိင္အမ်ိဳးသား ပါတီရဲ႕ ေျပာခြင့္ရ ဦးခိုင္ျပည္စိုးက ပါတီရဲ႕ သေဘာထားကို အခုလို ေျပာပါတယ္။

“ကၽြန္ေတာ္တို႕ ပါတီရဲ႕ အစည္းအေ၀းမွာ NLD က ကမ္းလွမ္းလာလို႕ ရွိရင္ ကၽြန္ေတာ္တို႕ ပါတီက ေဆြးေႏြးမယ္ဆိုၿပီးေတာ့ ကၽြန္ေတာ္တို႕ ပါတီက သံုးေယာက္ကို ေရြးထားပါတယ္။ ဒါေပမယ့္ NLD က ကၽြန္ေတာ္တို႕ ပါတီနဲ႕ မေဆြးေႏြးပဲနဲ႕ ရခိုင္ျပည္နယ္မွာ စိတ္ထင္ရာကို လုပ္မယ္၊ သူတို႕ ၀န္ႀကီးခ်ဳပ္ေတြ လုပ္မယ္ ဟိုဟာလုပ္မယ္ ဒီဟာ လုပ္မယ္ဆိုၿပီးေတာ့ လိုင္းခ်တဲ့ ဟာကို စစ္ေတြၿမိဳ႕ က ပုဂိဳလ္ေတြနဲ႕ ေဆြးေႏြးတဲ့ အေပၚမွာ ကၽြန္ေတာ္က ေတာ့ ဘာမွ ေျပာဖို႕ မရွိပါဘူး။ အဲသလို လုပ္မယ္ဆိုရင္ ကၽြန္ေတာ္တို႕ အေနနဲ႔ ပူးေပါင္း ေဆာင္ရြက္မႈ လုပ္သင့္ မလုပ္သင့္ ဆိုတာကို ကၽြန္ေတာ္တို႕ ဒီလအတြင္းမွာ အစည္းအေ၀းရွိတယ္။ အဲဒီ အစည္းအေ၀းမွာပဲ ကၽြန္ေတာ္တို႕ ဆံုးျဖတ္မွာပါ။ ကၽြန္ေတာ္တို႕က ဘာသာေရးနဲ႕ လူမ်ိဳးေရး ျပႆ နာကို ဒီေလာက္ မစဥ္းစားပါဘူး။ ကၽြန္ေတာ္တို႕ က တန္းတူေရးနဲ႕ ကိုယ္ပိုင္ ျပဒါန္းခြင့္ရွိတဲ့ ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္မယ့္ အပိုင္းကိုပဲ တစ္စိုက္မတ္မတ္ သြားေနတဲ့ ပါတီပါ။”

 ရခုိင္ျပည္နယ္တြင္းမွာ အမ်ားစု အႏုိင္ရ ရခုိင္အမ်ိဳးသား ပါတီက ရခုိင္ျပည္နယ္ အစိုးရ ဖြဲ႔စည္းေရး အပါအ၀င္ အကူးအေျပာင္းကာလ အတြက္ တႏိုင္ငံလံုး အမ်ားစု အႏုိင္ရ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD နဲ႔ ေဆြးေႏြးညွိႏိႈင္းဖို႔ အတြက္ ကိုယ္စားလွယ္ေတြလည္း ေရြးခ်ယ္ထားတာပါ။ ဒါေပမယ့္ လႊတ္ေတာ္သစ္ေတြ ေခၚယူေတာ့မယ့္ အခ်ိန္၊ အစိုးရသစ္ ဖြဲ႔စည္းဖို႔ နီးကပ္လာခ်ိန္ထိ ႏွစ္ဘက္ ေဆြးေႏြးမႈေတြေတာ့ ထြက္ေပၚမလာေသးပါဘူး။

သိဂႌထုိက္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
......................................
 ရခိုင်ပြည်နယ် သံတွဲမြို့ကိုရောက်လာတဲ့ NLD ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေကြိုဆိုနေကြစဉ် (အောက်တိုဘာ ၁၇ ရက်၊ ၂၀၁၅)
တိုင်းဒေသကြီး၊ပြည်နယ် အစိုးရတွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်မယ်လို့ NLD ပါတီက ပြောဆိုထားပြီး ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မြို့မိမြို့ဖတွေ လူမှုရေး အဖွဲ့အစည်းတွေနဲ့ ရွေးကောက်ခံ NLD ကိုယ်စားလှယ်တွေ ရှေ့လာမယ့် နိုင်ငံရေး အခင်းအကျင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ တချိန်တည်းမှာဘဲ ရခိုင်ပြည်နယ်တွင်း အများစု အနိုင်ရထားတဲ့ ရခိုင်အမျိုးသား ပါတီဘက်ကလည်း ပြည်နယ် အစိုးရနဲ့ လွှတ်တော်မှာ အင်အားကြီး NLD ပါတီက ဦးဆောင်မှုရယူရင် ဘယ်လို ပုံစံမျိုးနဲ့ ပူးပေါင်းဆောင်ရွက်မလဲ ဆိုတာကို ဆွေးနွေးကြဖို့ ပြင်ဆင်နေပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက တနိုင်ငံလုံးမှာ အမတ်နေရာ အများစု အနိုင်ရထားတယ်ဆိုပေမယ့် ရခိုင်ပြည်နယ်ထဲမှာတော့ အနည်းစုဘဲ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြည်ထောင်စု အစိုးရဖွဲ့စည်းမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရတွေကိုလည်း ဦးဆောင်ဖွဲ့စည်းမယ်လို့ တရားဝင် ထုတ်ဖော် ပြောဆိုထားပြီး ဖြစ်တယ်လို့ ရခိုင်ပြည်နယ် ဂွ မြို့နယ်ရဲ့ ရွေးကောက်ခံ ပြည်နယ်လွှတ်တော်အမတ် ဦးညီပုက ပြောပါတယ်။

“ကျွန်တော်တို့ ဆီက ပြောရေး ဆိုခွင့်ရှိတဲ့ ဒေါ်နန်းခင်ထွေးမြင့်က ပြောခဲ့တာ ရှိပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေမှာ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကပဲ အစိုးရကို ဦးဆောင်ပြီးတော့ ဖွဲ့ စည်းသွားမယ်။အဲဒီ အစိုးရကို ဦးဆောင်တဲ့ ပုဂ္ဂိုလ် ဟာလည်းပဲ အမျိုးသား ဒီမို ကရေစီအဖွဲ့ ချုပ်ကပဲ ဖြစ်မယ်ဆိုတာ ပြောထားပါတယ်။”

လွှတ်တော်သစ်တွေ ခေါ်ယူဖို့ နီးကပ်လာချိန် အစိုးရသစ် ဖွဲ့စည်းဖို့ တစ တစ နီးကပ်လာချိန်မှာဘဲ ရခိုင်ပြည်နယ်ထဲက ရွေးကောက်ခံ NLD ကိုယ်စားလှယ်တွေနဲ့ ဒါဇင်နဲ့ချီတဲ့ စစ်တွေမြို့ခံ တချို့လည်း မကြာခင်ကတွေ့ဆုံခဲ့ကြပြီး NLD ရဲ့ ရပ်တည်ချက်ကို ဆွေးနွေးခဲ့ကြတယ်လို့လည်း ဦးညီပုက ပြောပါတယ်။

“လူမှုရေး အဖွဲ့ အစည်းတွေပါတဲ့ အရပ်ဖက် အဖွဲ့ အစည်းတွေ၊ အရပ်ဘက်က ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေး ပါတီတွေ တော်တော် စုံစုံလင်လင်လေး ပါပါတယ်။ အခု ကျွန်တော်တို့ တွေ့တဲ့ နေရာမှာတော့ သိပ်ပြီး တော့ စိုးရိမ်တဲ့ အနေအထား သိပ်ပြီးတော့ မတွေ့ ပါဘူး။ ကျွန်တော်တို့ တာဝန်ယူခဲ့လို့ ရှိရင် ကျွန်တော်တို့့ နဲ့ ပူးပေါင်း ဆောင်ရွက်မယ့် အနေအထားတွေ ပြောတယ်။ သူတို့ တတ်နိုင် သမျှ အကူအညီတွေ အကြံညဏ်တွေ ပေးဖို့ ကို ပြောပါတယ်။ ကျွန်တော်တို့ ဆက်လုပ်ဖို့ ကို အားလုံးက ဆက်ပြီးတော့ အားပေးကြပါတယ်။”

ရခိုင်ပြည်နယ်ရဲ့ လွှတ်တော် အမတ်နေရာ အများစုကို အနိုင်ရရှိထားပြီး ပြည်နယ် အစိုးရကို ဦးဆောင်နိုင်ဖို့ မျှော်လင့်ထားတဲ့ ရခိုင်အမျိုးသား ပါတီဘက်ကတော့ တကယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဘက်က ပြည်နယ် အစိုးရကို ဦးဆောင်လာရင် ဘယ်လို မူဝါဒမျိုးနဲ့ ပူးပေါင်းဆောင်ရွက်မလဲ ဆိုတာကို စည်းဝေး ဆုံးဖြတ်ဖို့ ပြင်ဆင်နေကြပါတယ်။ ရခိုင်အမျိုးသား ပါတီရဲ့ ပြောခွင့်ရ ဦးခိုင်ပြည်စိုးက ပါတီရဲ့ သဘောထားကို အခုလို ပြောပါတယ်။

“ကျွန်တော်တို့ ပါတီရဲ့ အစည်းအဝေးမှာ NLD က ကမ်းလှမ်းလာလို့ ရှိရင် ကျွန်တော်တို့ ပါတီက ဆွေးနွေးမယ်ဆိုပြီးတော့ ကျွန်တော်တို့ ပါတီက သုံးယောက်ကို ရွေးထားပါတယ်။ ဒါပေမယ့် NLD က ကျွန်တော်တို့ ပါတီနဲ့ မဆွေးနွေးပဲနဲ့ ရခိုင်ပြည်နယ်မှာ စိတ်ထင်ရာကို လုပ်မယ်၊ သူတို့ ၀န်ကြီးချုပ်တွေ လုပ်မယ် ဟိုဟာလုပ်မယ် ဒီဟာ လုပ်မယ်ဆိုပြီးတော့ လိုင်းချတဲ့ ဟာကို စစ်တွေမြို့ က ပုဂိုလ်တွေနဲ့ ဆွေးနွေးတဲ့ အပေါ်မှာ ကျွန်တော်က တော့ ဘာမှ ပြောဖို့ မရှိပါဘူး။ အဲသလို လုပ်မယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ ပူးပေါင်း ဆောင်ရွက်မှု လုပ်သင့် မလုပ်သင့် ဆိုတာကို ကျွန်တော်တို့ ဒီလအတွင်းမှာ အစည်းအဝေးရှိတယ်။ အဲဒီ အစည်းအဝေးမှာပဲ ကျွန်တော်တို့ ဆုံးဖြတ်မှာပါ။ ကျွန်တော်တို့က ဘာသာရေးနဲ့ လူမျိုးရေး ပြဿ နာကို ဒီလောက် မစဉ်းစားပါဘူး။ ကျွန်တော်တို့ က တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဒါန်းခွင့်ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ့် အပိုင်းကိုပဲ တစ်စိုက်မတ်မတ် သွားနေတဲ့ ပါတီပါ။”

 ရခိုင်ပြည်နယ်တွင်းမှာ အများစု အနိုင်ရ ရခိုင်အမျိုးသား ပါတီက ရခိုင်ပြည်နယ် အစိုးရ ဖွဲ့စည်းရေး အပါအဝင် အကူးအပြောင်းကာလ အတွက် တနိုင်ငံလုံး အများစု အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နဲ့ ဆွေးနွေးညှိနှိုင်းဖို့ အတွက် ကိုယ်စားလှယ်တွေလည်း ရွေးချယ်ထားတာပါ။ ဒါပေမယ့် လွှတ်တော်သစ်တွေ ခေါ်ယူတော့မယ့် အချိန်၊ အစိုးရသစ် ဖွဲ့စည်းဖို့ နီးကပ်လာချိန်ထိ နှစ်ဘက် ဆွေးနွေးမှုတွေတော့ ထွက်ပေါ်မလာသေးပါဘူး။

သိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment