Netflix သည္ ၎၏ဝန္ေဆာင္မႈကို ႏိုင္ငံသစ္ေပါင္း ၁၃၀ သုိ႔ တိုက္႐ိုက္ ထုတ္လႊင့္မႈ ျပဳလုပ္၍ ဝန္ေဆာင္မႈကို တုိးခ်ဲ႕သြားမည္ ျဖစ္သည္။ သို႔ရာတြင္ ၎ဝန္ေဆာင္မႈ ရရွိေသာ ႏိုင္ငံတြင္ တ႐ုတ္ႏိုင္ငံ မပါဝင္ေၾကာင္း သိရသည္။
Netflix ဝန္ေဆာင္မႈကို အဇာဘိုင္ဂ်န္မွ ဗီယက္နမ္ အထိတိုးခ်ဲ႕ထားၿပီး အဆိုပါနယ္နမိတ္အၾကားရွိ ႏိုင္ငံမ်ားစြာအေနျဖင့္ Netflix ကို အသုံးျပဳႏိုင္မည္ ျဖစ္သည္။ Netflix အမႈေဆာင္အရာရွိခ်ဳပ္ႏွင့္ တြဲဖက္ တည္ေထာင္သူ ရစ္ဒ္ဟတ္စတင္းက Netflix ကို ႏိုင္ငံေပါင္း ၁၃၀ ေက်ာ္သုိ႔ တိုးခ်ဲ႕ခဲ့ၿပီး တ႐ုတ္ႏိုင္ငံမွ လြဲ၍ ေနရာတိုင္းတြင္ တိုးတက္ေနလ်က္ ရွိေၾကာင္း ေျပာၾကားခဲ့သည္။ ယခုထုတ္ျပန္ခ်က္သည္ ယခင္က ႏိုင္ငံေပါင္း ၆၀ တြင္သာ အသုံးျပဳႏိုင္ေသာ ကုမၸဏီ၏ဝန္ေဆာင္မႈအတြက္ အႀကီးအက်ယ္တိုးခ်ဲ႕မႈ ျပဳလုပ္လုိက္ျခင္း ျဖစ္သည္။
“ယေန႔မွာ ခင္ဗ်ားတို႔အေနနဲ႔ ကမၻာလုံးဆိုင္ရာ တီဗီကြန္ရက္ တစ္ခု ေမြးဖြားျခင္းရဲ႕ မ်က္ျမင္သက္ေသ ျဖစ္လာပါၿပီ” ဟု လတ္စ္ဗီးဂတ္တြင္ က်င္းပခဲ့ေသာ CES ျပပြဲရွိ စတိတ္စင္ေပၚ၌ ရစ္ေဟစတင္က ေျပာၾကားခဲ့သည္။ Netflix မွ ထပ္မံ တုိးခ်ဲ႕လုိက္ေသာ ႏိုင္ငံမ်ားတြင္ ေတာင္ကိုရီးယား၊ အိႏၵိယ၊ ႏိုင္ဂ်ီးရီးယား၊ ပိုလန္၊ ႐ုရွား၊ ေဆာ္ဒီအာေရဗ်၊ စင္ကာပူႏွင့္ ျမန္မာတို႔ပါဝင္သည္။ Netflix အေနျဖင့္ အနာဂတ္တြင္ တ႐ုတ္ အထိ ေရာက္ရွိရန္ ေမွ်ာ္္လင့္ေၾကာင္း ေဟစတင္က ေျပာဆိုခဲ့သည္။
ကယ္လီဖိုးနီးယား ေလာ့စ္ဂါတို႔စ္ၿမိဳ႕အေျခစိုက္ကုမၸဏီသည္ ယခုႏွစ္ကုန္ပိုင္းတြင္ ႏိုင္ငံေပါင္း၂၀၀ သုိ႔ ဝန္ေဆာင္မႈတုိးခ်ဲ႕မည့္ ရည္မွန္းခ်က္ကို ခ်မွတ္ထားခဲ့သည္။ ယခုထုတ္ျပန္မႈသည္ Netflix က အခ်ိန္မတိုင္မီ သမိုင္းမွတ္တိုင္တစ္ခုသုိ႔ ေရာက္ရွိခဲ့ေသာေၾကာင့္ အံ့အားသင့္စရာ ျဖစ္ခဲ့သည္။
Ref: CNET
http://internetjournal.media/news/5134
xxxxxxxxxxxxxx
"တရုတ်နိုင်ငံမှလွဲ၍ မည်သည့်နေရာတွင်မဆို Netflix ကိုအသုံးပြုနိုင်မည်"
Netflix သည် ၎င်း၏ဝန်ဆောင်မှုကို နိုင်ငံသစ်ပေါင်း ၁၃၀ သို့ တိုက်ရိုက် ထုတ်လွှင့်မှု ပြုလုပ်၍ ဝန်ဆောင်မှုကို တိုးချဲ့သွားမည် ဖြစ်သည်။ သို့ရာတွင် ၎င်းဝန်ဆောင်မှု ရရှိသော နိုင်ငံတွင် တရုတ်နိုင်ငံ မပါဝင်ကြောင်း သိရသည်။
Netflix ဝန်ဆောင်မှုကို အဇာဘိုင်ဂျန်မှ ဗီယက်နမ် အထိတိုးချဲ့ထားပြီး အဆိုပါနယ်နမိတ်အကြားရှိ နိုင်ငံများစွာအနေဖြင့် Netflix ကို အသုံးပြုနိုင်မည် ဖြစ်သည်။ Netflix အမှုဆောင်အရာရှိချုပ်နှင့် တွဲဖက် တည်ထောင်သူ ရစ်ဒ်ဟတ်စတင်းက Netflix ကို နိုင်ငံပေါင်း ၁၃၀ ကျော်သို့ တိုးချဲ့ခဲ့ပြီး တရုတ်နိုင်ငံမှ လွဲ၍ နေရာတိုင်းတွင် တိုးတက်နေလျက် ရှိကြောင်း ပြောကြားခဲ့သည်။ ယခုထုတ်ပြန်ချက်သည် ယခင်က နိုင်ငံပေါင်း ၆၀ တွင်သာ အသုံးပြုနိုင်သော ကုမ္ပဏီ၏ဝန်ဆောင်မှုအတွက် အကြီးအကျယ်တိုးချဲ့မှု ပြုလုပ်လိုက်ခြင်း ဖြစ်သည်။
“ယနေ့မှာ ခင်ဗျားတို့အနေနဲ့ ကမ္ဘာလုံးဆိုင်ရာ တီဗီကွန်ရက် တစ်ခု မွေးဖွားခြင်းရဲ့ မျက်မြင်သက်သေ ဖြစ်လာပါပြီ” ဟု လတ်စ်ဗီးဂတ်တွင် ကျင်းပခဲ့သော CES ပြပွဲရှိ စတိတ်စင်ပေါ်၌ ရစ်ဟေစတင်က ပြောကြားခဲ့သည်။ Netflix မှ ထပ်မံ တိုးချဲ့လိုက်သော နိုင်ငံများတွင် တောင်ကိုရီးယား၊ အိန္ဒိယ၊ နိုင်ဂျီးရီးယား၊ ပိုလန်၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ စင်ကာပူနှင့် မြန်မာတို့ပါဝင်သည်။ Netflix အနေဖြင့် အနာဂတ်တွင် တရုတ် အထိ ရောက်ရှိရန် မျှော််လင့်ကြောင်း ဟေစတင်က ပြောဆိုခဲ့သည်။
ကယ်လီဖိုးနီးယား လော့စ်ဂါတို့စ်မြို့အခြေစိုက်ကုမ္ပဏီသည် ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံပေါင်း၂၀၀ သို့ ဝန်ဆောင်မှုတိုးချဲ့မည့် ရည်မှန်းချက်ကို ချမှတ်ထားခဲ့သည်။ ယခုထုတ်ပြန်မှုသည် Netflix က အချိန်မတိုင်မီ သမိုင်းမှတ်တိုင်တစ်ခုသို့ ရောက်ရှိခဲ့သောကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။
Ref: CNET
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Wednesday, January 6, 2016
တ႐ုတ္ႏိုင္ငံမွလြဲ၍ မည္သည့္ေနရာတြင္မဆို Netflix ကိုအသုံးျပဳႏိုင္မည္
တ႐ုတ္ႏိုင္ငံမွလြဲ၍ မည္သည့္ေနရာတြင္မဆို Netflix ကိုအသုံးျပဳႏိုင္မည္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 06, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment