Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 16, 2016

ၿဂိဳဟ္နီႀကီးေပၚသုိ႔ ပထမဆံုးအႀကိမ္ ေျခခ်ခြင့္ရရွိမည့္ NASA ၏ အမ်ိဳးသမီး အာကာသယာဥ္မွဴး ေလးဦး



၀ါရွင္တန္ ၊ ၁၆-၁-၂၀၁၆

အေမရိကန္ အာကာသ ေအဂ်င္စီ NASA သည္ လာမည့္ ၁၅ ႏွစ္အတြင္း ၿဂိဳဟ္နီႀကီး ဟု ေခၚတြင္သည့္ အဂၤါၿဂိဳဟ္ေပၚသို႔ လူသားမ်ား ေစလႊတ္ႏုိင္ေရး ျပင္ဆင္လ်က္ ရွိသည္။

သို႔ရာတြင္ လကမၻာေပၚသို႔ ေစလႊတ္မႈႏွင့္ မတူညီသည့္ အခ်က္မွာ အမ်ဳိးသမီး အာကာသ ယာဥ္မွဴးေလးဦးကို ေစလႊတ္ရန္ ၅ဝ ရာခိုင္ႏႈန္း ေသခ်ာေနျခင္း ျဖစ္သည္။

အာကာသ စစ္ဆင္ေရးသမိုင္း စာမ်က္ႏွာသစ္ကို ေရးထိုးခြင့္ ရဖြယ္ရွိသည့္ အမ်ဳိးသမီးေလးဦးမွာ နီကိုးလ္ၾသနာပူမန္း၊ အန္နီမကၠလိန္း၊ ဂ်က္ဆီကာမီယာ ႏွင့္ ခရစၥတီနာဟမ္း ေမာ့ခ္ေကာ့ခ်္ တို႔ပင္ျဖစ္သည္။

မကၠလိန္းသည္ အီရတ္ စစ္ေျမျပင္တြင္ ရဟတ္ယာဥ္ေမာင္း ဘဝျဖင့္ ၁၅ လေက်ာ္ တာဝန္ထမ္းေဆာင္ ခဲ့သူျဖစ္ၿပီး ဝိေရာဓိမ်ားျဖင့္ ျပည့္ႏွက္ေနသည့္ ကမၻာၿဂိဳဟ္ အတြက္ အာကာသစူးစမ္း ေလ့လာေရး သည္ ေမွ်ာ္လင့္ျခင္း မီးျပတိုက္တစ္ခု ျဖစ္လာႏုိင္ဖြယ္ ရွိသည္ဟု ေျပာၾကားထားသည္။

အဂၤါၿဂိဳဟ္ စစ္ဆင္ေရးသည္ NASA ႏွင့္ ပုဂၢလိက အာကာသယာဥ္ လႊတ္တင္ေရး ကုမၸဏီျဖစ္သည့္ Space X ကဲ့သို႔ အာကာသ အဖြဲ႕အစည္းမ်ာ းအတြက္သာမက ႐ုရွား၊ တ႐ုတ္ႏွင့္ ဥေရာပတို႔မွ အာကာသ ေအဂ်င္စီ
မ်ားအတြက္ ႀကီးမားေသာ ရည္မွန္းခ်က္ပန္းတိုင္ တစ္ခုျဖစ္သည္။

ထို႔ျပင္ အဂၤါၿဂိဳဟ္သို႔ လူလိုက္ပါေသာ အာကာသ ခရီးစဥ္သည္ ယခင္ ေစလႊတ္ခဲ့ဖူးေသာ လူလိုက္ပါသည့္ အာကာသ ခရီးစဥ္မ်ားထက္ ပိုမိုေဝးကြာ ေသာေၾကာင့္ ၿဂိဳဟ္နီႀကီး ေပၚသို႔ေရာက္ရွိရန္ အခ်ိန္ ေျခာက္လမွ ကိုးလ အထိ ၾကာျမင့္ႏုိင္ၿပီး အသြားအျပန္ ၾကာျမင့္ခ်ိန္မွာ ႏွစ္ႏွစ္မွ သံုးႏွစ္အတြင္း ျဖစ္သည္။

အာကာသယာဥ္မွဴးမ်ား အေနျဖင့္လည္း သဲမုန္တိုင္းမ်ား၊ ေရခဲမွတ္ေအာက္ ေအးသည့္ အပူခ်ိန္ႏွင့္ ကင္ဆာ ျဖစ္ေစႏုိင္သည့္ ဓာတ္ေရာင္ျခည္ ထုတ္လႊတ္မႈမ်ား ရွိေနသည့္ ၿဂိဳဟ္နီႀကီးေပၚ၌ ခရီးသြားလာ ရမည္ျဖစ္သည္။

ထိုသို႔ အေလ်ာ္အစား ႀကီးမားေသာ္လည္း အဂၤါၿဂိဳဟ္အေပၚ ၌ ေလ့လာျခင္း အားျဖင့္ မိမိတို႔ ကမၻာၿဂိဳဟ္၏ အတိတ္၊ ပစၥဳပၸန္ႏွင့္ အနာဂတ္ အေၾကာင္းကို ပိုမိုသိရွိႏုိင္မည္ ျဖစ္သည့္အျပင္ ထူးျခား ဆန္းျပားေသာ အေတြ႕အႀကံဳသစ္မ်ားကို ေပးစြမ္းႏုိင္မည္ ျဖစ္သည္ ဟု ဂ်က္ဆီကာမီယာ က ေျပာသည္။

ယခုအခါ အဆိုပါ အာကာသယာဥ္မွဴး မ်ားသည္ အခ်ိန္ကာလ မ်ားစြာ ၾကာျမင့္မည့္ အာကာသခရီးစဥ္ အတြက္ တကၠဆက္ျပည္နယ္ ဟ်ဴစတန္ၿမိဳ႕ရွိ NASA ေလ့က်င့္ေရးဌာန တြင္ ေလ့က်င့္မႈမ်ား ခံယူလ်က္ ရွိသည္။

#PyiChitThar

..........................................................

ဂြိုဟ်နီကြီးပေါ်သို့ ပထမဆုံးအကြိမ် ခြေချခွင့်ရရှိမည့် NASA ၏ အမျိုးသမီး အာကာသယာဉ်မှူး လေးဦး





၀ါရှင်တန် ၊ ၁၆-၁-၂၀၁၆

အမေရိကန် အာကာသ အေဂျင်စီ NASA သည် လာမည့် ၁၅ နှစ်အတွင်း ဂြိုဟ်နီကြီး ဟု ခေါ်တွင်သည့် အင်္ဂါဂြိုဟ်ပေါ်သို့ လူသားများ စေလွှတ်နိုင်ရေး ပြင်ဆင်လျက် ရှိသည်။

သို့ရာတွင် လကမ္ဘာပေါ်သို့ စေလွှတ်မှုနှင့် မတူညီသည့် အချက်မှာ အမျိုးသမီး အာကာသ ယာဉ်မှူးလေးဦးကို စေလွှတ်ရန် ၅ဝ ရာခိုင်နှုန်း သေချာနေခြင်း ဖြစ်သည်။

အာကာသ စစ်ဆင်ရေးသမိုင်း စာမျက်နှာသစ်ကို ရေးထိုးခွင့် ရဖွယ်ရှိသည့် အမျိုးသမီးလေးဦးမှာ နီကိုးလ်သြနာပူမန်း၊ အန်နီမက္ကလိန်း၊ ဂျက်ဆီကာမီယာ နှင့် ခရစ္စတီနာဟမ်း မော့ခ်ကော့ချ် တို့ပင်ဖြစ်သည်။

မက္ကလိန်းသည် အီရတ် စစ်မြေပြင်တွင် ရဟတ်ယာဉ်မောင်း ဘဝဖြင့် ၁၅ လကျော် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်ပြီး ဝိရောဓိများဖြင့် ပြည့်နှက်နေသည့် ကမ္ဘာဂြိုဟ် အတွက် အာကာသစူးစမ်း လေ့လာရေး သည် မျှော်လင့်ခြင်း မီးပြတိုက်တစ်ခု ဖြစ်လာနိုင်ဖွယ် ရှိသည်ဟု ပြောကြားထားသည်။

အင်္ဂါဂြိုဟ် စစ်ဆင်ရေးသည် NASA နှင့် ပုဂ္ဂလိက အာကာသယာဉ် လွှတ်တင်ရေး ကုမ္ပဏီဖြစ်သည့် Space X ကဲ့သို့ အာကာသ အဖွဲ့အစည်းမျာ းအတွက်သာမက ရုရှား၊ တရုတ်နှင့် ဥရောပတို့မှ အာကာသ အေဂျင်စီ
များအတွက် ကြီးမားသော ရည်မှန်းချက်ပန်းတိုင် တစ်ခုဖြစ်သည်။

ထို့ပြင် အင်္ဂါဂြိုဟ်သို့ လူလိုက်ပါသော အာကာသ ခရီးစဉ်သည် ယခင် စေလွှတ်ခဲ့ဖူးသော လူလိုက်ပါသည့် အာကာသ ခရီးစဉ်များထက် ပိုမိုဝေးကွာ သောကြောင့် ဂြိုဟ်နီကြီး ပေါ်သို့ရောက်ရှိရန် အချိန် ခြောက်လမှ ကိုးလ အထိ ကြာမြင့်နိုင်ပြီး အသွားအပြန် ကြာမြင့်ချိန်မှာ နှစ်နှစ်မှ သုံးနှစ်အတွင်း ဖြစ်သည်။

အာကာသယာဉ်မှူးများ အနေဖြင့်လည်း သဲမုန်တိုင်းများ၊ ရေခဲမှတ်အောက် အေးသည့် အပူချိန်နှင့် ကင်ဆာ ဖြစ်စေနိုင်သည့် ဓာတ်ရောင်ခြည် ထုတ်လွှတ်မှုများ ရှိနေသည့် ဂြိုဟ်နီကြီးပေါ်၌ ခရီးသွားလာ ရမည်ဖြစ်သည်။

ထိုသို့ အလျော်အစား ကြီးမားသော်လည်း အင်္ဂါဂြိုဟ်အပေါ် ၌ လေ့လာခြင်း အားဖြင့် မိမိတို့ ကမ္ဘာဂြိုဟ်၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ် အကြောင်းကို ပိုမိုသိရှိနိုင်မည် ဖြစ်သည့်အပြင် ထူးခြား ဆန်းပြားသော အတွေ့အကြုံသစ်များကို ပေးစွမ်းနိုင်မည် ဖြစ်သည် ဟု ဂျက်ဆီကာမီယာ က ပြောသည်။

ယခုအခါ အဆိုပါ အာကာသယာဉ်မှူး များသည် အချိန်ကာလ များစွာ ကြာမြင့်မည့် အာကာသခရီးစဉ် အတွက် တက္ကဆက်ပြည်နယ် ဟျူစတန်မြို့ရှိ NASA လေ့ကျင့်ရေးဌာန တွင် လေ့ကျင့်မှုများ ခံယူလျက် ရှိသည်။

#PyiChitThar

No comments:

Post a Comment