Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 25, 2016

MTTAF ကဦးစီးၿပီး ျမန္မာႏုိင္ငံမွာ ပထမဆံုး က်င္းပ ျပဳလုပ္တဲ့ ျမန္မာ့ဟန္ ျမန္႕မာရိုးရာ ေဆးမင္ေၾကာင္ဖန္တီးမႈ ျပိဳင္ပြဲ





ဒီေန႕ေခတ္ ဒီေန႕အခါမွာ တက္တူးကို အရုိင္းအစိုင္းအရာတစ္ခုလို႕ျမင္ေနၾကတဲ့ လူအခ်ိဳ႕ရဲ႕ အျမင္ကုိေျပာင္းျပန္လွန္ခ်င္တဲ့အတြက္ရယ္၊ တက္တူးဆိုတာကုိ အမ်ားအျမင္မွာေပါက္ေရာက္ေစခ်င္တဲ့အတြက္ရယ္၊ တက္တူးဆိုတာက ျမန္မာ့ယဥ္ေက်းမႈ အႏုပညာတစ္ခုျဖစ္တယ္ ဆိုတာကုိ ျပသခ်င္တဲ့ ရည္ရြယ္ခ်က္ေတြနဲ႕ Myanmar Traditional Tattoo Artist Family ( MTTAF ) က ပထမဆံုး ၾကီးမွဴးက်င္းပတဲ့ ေဆးမင္ေၾကာင္ ( tattoo ) ပညာရွင္မ်ား ပါ၀င္ယွဥ္ျပိဳင္မယ့္ ျမန္မာ့ဟန္ ျမန္မာ့ရိုးရာ ေဆးမင္ေၾကာင္ ဖန္တီးမႈျပိဳင္ပြဲကုိ ဇန္န၀ါရီလ ၂၃ ရက္ေန႕တြင္ ရန္ကုန္ျမိဳ႕ ကန္ေတာ္ၾကီးအနီး ကန္ရိပ္သာလမ္းရွိ Hotel Esperado ( 10th floor ) တြင္နံနက္ ၁၁နာရီမွ ည၁၁ နာရီအထိက်င္းပခဲ့ပါတယ္။





အဆုိပါတက္တူးပြဲနဲ႕ပတ္သက္ၿပီး ၾကီးမွဴးက်င္းပသူမ်ားထဲမွ တစ္ဦးအပါအ၀င္ျဖစ္သလို တက္တူး ထုိးလာတဲ့ သက္တမ္း ၁၁ ႏွစ္ရွိၿပီျဖစ္တဲ့ ကုိႏုိင္ၾကီး ( G three ) က "ဒီေန႕ပြဲကုိ လုပ္ျဖစ္ခဲ့တာက ကၽြန္ေတာ္တုိ႕ ( MTTAF ) က ၾကီးမွဴးၿပီးလုပ္တဲ့ ပြဲေလးပါ။ ကၽြန္ေတာ္တို႕Member ေတြ သီးသန္႕လုပ္တဲ့ပြဲပါ။ ကၽြန္ေတာ္တုိ႕Member ၀င္ ၅၂ ေယာက္ရွိတယ္။ အဲ့ဒီအဖြဲ႕၀င္ေတြက ေနာက္တက္လူငယ္ေတြအတြက္ လုပ္ေပးတဲ့ ပြဲေလးတစ္ပြဲပါ။ ဒီပြဲကို admin ၅ ေယာက္က ဦးစီးၿပီးလုပ္တယ္။ ကုိတြတ္ပီ၊ ကုိေဇၾကီး၊ ကုိကုလား၊ ကုိရဲေက်ာ္နဲ႕ ကၽြန္ေတာ္အပါအ၀င္ ငါးေယာက္ဦးစီးၿပီးလုပ္ျဖစ္တယ္။ ဒီပြဲက ဆုေၾကးဆုိတာထက္ ဒီပြဲလုပ္ရျခင္းရည္ရြယ္ခ်က္က ကၽြန္ေတာ္တို႕ တက္တူးဆိုတာကို အမ်ားအျမင္မွာ ေပါက္ေရာက္ေစခ်င္တဲ့အတြက္ ျမန္မာႏုိင္ငံမွာ ပထမဆံုးအေနနဲ႕လဲျဖစ္တယ္။ ေနာက္ၿပီး ကၽြန္ေတာ္တို႕သြားခဲ့တဲ့ ႏုိင္ငံျခားပြဲေတြရဲ႕ ပံုစံအတုိင္း ကၽြန္ေတာ္တုိ႕ဒီမွာျပန္လုပ္ေပးတဲ့ သေဘာပါ။ ကၽြန္ေတာ္တို႕ဒီပြဲကို လုပ္ဖုိ႕အတြက္ ရည္ရြယ္ထားတာၾကာၿပီ။ Member ဖြဲ႕ထားတာကေတာ့ ေျခာက္လေလာက္ရွိၿပီ။ ဒီပြဲကိုလုပ္ဖုိ႕အတြက္ ႏုိင္ငံျခားပြဲ ၂ ပြဲ၊ ၃ပြဲကို ကၽြန္ေတာ္တို႕သြားခဲ့ရတယ္။ ပထမပြဲက ထုိင္းပတၱရာကို သြားတယ္။ ေနာက္စင္ကာပူ၊ ေနာက္ရွန္ဟိုင္းရယ္၊ ေပက်င္းရယ္၊ ေဟာင္ေကာင္ရယ္ေပါ့။ အဲ့ဒီဟာေတြရဲ႕ အေတြ႕အၾကံဳ ကိုျပန္လည္မွ်ေ၀တဲ့ သေဘာနဲ႕ဒီပြဲေလးကိုလုပ္ျဖစ္ခဲ့တယ္။ " လို႕ သူက ေျပာျပပါတယ္။
                  
ဒါ့အျပင္ ဒီလိုပြဲမ်ိဳးကို ႏွစ္စဥ္ႏွစ္တိုင္းလုပ္သြားဖို႕ရွိတယ္လို႕လည္း သူက ထပ္ေျပာလာတာေၾကာင့္ ေမးၾကည့္လိုက္ေတာ့ "ဒီပြဲမ်ိဳး ႏွစ္တုိင္းလုပ္သြားမွာပါ။ ေနာက္ပိုင္းပြဲေတြက်ရင္ Opening ဖြင့္မယ္။ ပြဲကိုဒီ့ထက္ၾကီးေအာင္ လုပ္မယ္။ တက္တူးဆိုတာမ်ိဳးက သူ႕ပရိသတ္နဲ႕ သူအႏုပညာကို ခံစားတတ္တဲ့ပရိသတ္ အပိုင္းအပုိင္းေလးေတြခြဲသြားဖို႕လဲရွိပါတယ္"တဲ့။
ခုပြဲနဲ႕ ပတ္သက္ျပီး ေပးခဲ့တဲ့ ဆုက ၈ဆုပါ။ အဲ့ဒါကိုေတာ့ ကိုႏိုင္ၾကီးကပဲ "ကၽြန္ေတာ္တို႕ခြဲထားတဲ့ Subject ေလးမ်ိဳးထဲမွာမွ ပ၊ ဒုပဲေပးပါတယ္။ ပ၊ ဒုမွာ ေသး ၄ဆု နဲ႕ အၾကီး ၄ ဆုေပးပါတယ္။ ပ၊ဒုေပးတဲ့အခါမွာလဲ လက္ရွိျမန္မာႏုိင္ငံမွာအေတြ႕အၾကံဳရင့္တဲ့ တက္တူးဆရာေတြနဲ႕၊ ဒီဖက္ေခတ္ လက္ရွိတက္တူးဆရာေတြေပါင္းၿပီးေတာ့ ဒုိင္ေတြကေနၿပီး အမွတ္ေပးခဲ့ပါတယ္။ ဆုေၾကးဆိုတာထက္ သမိုင္းတြင္မယ့္ အမွတ္တရေလးေပါ့။ ဥပမာ Artist တစ္ေယာက္ရဲ႕ ေနာက္ဆံုး ဆုေၾကးတစ္ခုခုေပးတာထက္စာရင္ သူ႕အတြက္ အမွတ္တရရမယ့္ဟာ တစ္ခုခုကိုပဲ ကၽြန္ေတာ္တို႕ေပးမွာပါ။ ဒီျပိဳင္ပြဲမွာ ရန္ကုန္မွာရွိတဲ့ တက္တူးဆရာေတာ္ေတာ္မ်ားမ်ား လဲ ပါ၀င္ယွဥ္ျပိဳင္ၾကတယ္။ အဓိက ကမ်ိဳးဆက္သစ္ေတြျပန္႕ပြားဖို႕အတြက္၊ ဒီေခါင္းစဥ္က Myanmar Culture ကိုဦးစားေပးၿပီး ျမန္မာ့ယဥ္ေက်းမႈကုိေပၚလြင္ဖို႕အတြက္ရယ္၊ ေနာက္တက္တူးဆိုတာ အႏုပညာတစ္ခုျဖစ္တယ္ဆိုတာကို လူတုိင္းကုိ သိေစခ်င္တဲ့အတြက္ရယ္ေၾကာင့္ပါ။ ျပိဳင္ပြဲ၀င္ ၂၈ ဦးရွိတယ္။ Subject ကေလးမ်ိဳးခြဲထားပါတယ္။ အဲ့ဒီေလးမ်ိဳးစလံုးက ျမန္မာ့ယဥ္ေက်းမႈနဲ႕ကိုက္ညီေနရမယ္။ အားလံုးကျမန္မာ့ရိုးရာနဲ႕ ပတ္သက္တဲ့ ဒီဇိုင္းေတြကို ပဲေရးထိုးေပးရမယ္။ ကၽြန္ေတာ္တို႕ေန႕လည္၁၂ နာရီကေန ညေန ၆ နာရီထိကို ၾကိဳက္တဲ့ Subject ကိုေရးခြင့္ရွိတယ္။ နားခ်င္လဲနား၊ ေရးခ်င္လဲေရး မိမိၾကိဳက္ႏွစ္သက္သလုိ အႏုပညာကုိဖန္တီးခြင့္ရွိတယ္။"လို႕ ေျပာျပသြားပါတယ္။
ဒီပြဲမွာ ပထမဆုကုိ ရရွိသြားတဲ့သူေတြက ကုိမွန္ၾကီး ၊ Aso Tattoostudio Aso ၊ မင္းသုေ၀  ၊ ကိုကို တို႕ျဖစ္ျပီး ဒုတိယဆုကုိ ရရွိသြားတဲ့သူေတြကေတာ့  ၀င္းထြဋ္၊ ဖုိးသား၊ ရဲၾကီးနဲ႕ Brinn TZ တုိ႕ျဖစ္ပါတယ္။
http://www.trend.com.mm/2016/01/25/news-8663
.......................................................................................
MTTAF ကဦးစီးပြီး မြန်မာနိုင်ငံမှာ ပထမဆုံး ကျင်းပ ပြုလုပ်တဲ့ မြန်မာ့ဟန် မြန့်မာရိုးရာ ဆေးမင်ကြောင်ဖန်တီးမှု ပြိုင်ပွဲ
ခင်ဆွေသက်
ဒီနေ့ခေတ် ဒီနေ့အခါမှာ တက်တူးကို အရိုင်းအစိုင်းအရာတစ်ခုလို့မြင်နေကြတဲ့ လူအချို့ရဲ့ အမြင်ကိုပြောင်းပြန်လှန်ချင်တဲ့အတွက်ရယ်၊ တက်တူးဆိုတာကို အများအမြင်မှာပေါက်ရောက်စေချင်တဲ့အတွက်ရယ်၊ တက်တူးဆိုတာက မြန်မာ့ယဉ်ကျေးမှု အနုပညာတစ်ခုဖြစ်တယ် ဆိုတာကို ပြသချင်တဲ့ ရည်ရွယ်ချက်တွေနဲ့ Myanmar Traditional Tattoo Artist Family ( MTTAF ) က ပထမဆုံး ကြီးမှူးကျင်းပတဲ့ ဆေးမင်ကြောင် ( tattoo ) ပညာရှင်များ ပါ၀င်ယှဉ်ပြိုင်မယ့် မြန်မာ့ဟန် မြန်မာ့ရိုးရာ ဆေးမင်ကြောင် ဖန်တီးမှုပြိုင်ပွဲကို ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ ကန်တော်ကြီးအနီး ကန်ရိပ်သာလမ်းရှိ Hotel Esperado ( 10th floor ) တွင်နံနက် ၁၁နာရီမှ ည၁၁ နာရီအထိကျင်းပခဲ့ပါတယ်။
အဆိုပါတက်တူးပွဲနဲ့ပတ်သက်ပြီး ကြီးမှူးကျင်းပသူများထဲမှ တစ်ဦးအပါအဝင်ဖြစ်သလို တက်တူး ထိုးလာတဲ့ သက်တမ်း ၁၁ နှစ်ရှိပြီဖြစ်တဲ့ ကိုနိုင်ကြီး ( G three ) က "ဒီနေ့ပွဲကို လုပ်ဖြစ်ခဲ့တာက ကျွန်တော်တို့ ( MTTAF ) က ကြီးမှူးပြီးလုပ်တဲ့ ပွဲလေးပါ။ ကျွန်တော်တို့Member တွေ သီးသန့်လုပ်တဲ့ပွဲပါ။ ကျွန်တော်တို့Member ၀င် ၅၂ ယောက်ရှိတယ်။ အဲ့ဒီအဖွဲ့ဝင်တွေက နောက်တက်လူငယ်တွေအတွက် လုပ်ပေးတဲ့ ပွဲလေးတစ်ပွဲပါ။ ဒီပွဲကို admin ၅ ယောက်က ဦးစီးပြီးလုပ်တယ်။ ကိုတွတ်ပီ၊ ကိုဇေကြီး၊ ကိုကုလား၊ ကိုရဲကျော်နဲ့ ကျွန်တော်အပါအဝင် ငါးယောက်ဦးစီးပြီးလုပ်ဖြစ်တယ်။ ဒီပွဲက ဆုကြေးဆိုတာထက် ဒီပွဲလုပ်ရခြင်းရည်ရွယ်ချက်က ကျွန်တော်တို့ တက်တူးဆိုတာကို အများအမြင်မှာ ပေါက်ရောက်စေချင်တဲ့အတွက် မြန်မာနိုင်ငံမှာ ပထမဆုံးအနေနဲ့လဲဖြစ်တယ်။ နောက်ပြီး ကျွန်တော်တို့သွားခဲ့တဲ့ နိုင်ငံခြားပွဲတွေရဲ့ ပုံစံအတိုင်း ကျွန်တော်တို့ဒီမှာပြန်လုပ်ပေးတဲ့ သဘောပါ။ ကျွန်တော်တို့ဒီပွဲကို လုပ်ဖို့အတွက် ရည်ရွယ်ထားတာကြာပြီ။ Member ဖွဲ့ထားတာကတော့ ခြောက်လလောက်ရှိပြီ။ ဒီပွဲကိုလုပ်ဖို့အတွက် နိုင်ငံခြားပွဲ ၂ ပွဲ၊ ၃ပွဲကို ကျွန်တော်တို့သွားခဲ့ရတယ်။ ပထမပွဲက ထိုင်းပတ္တရာကို သွားတယ်။ နောက်စင်ကာပူ၊ နောက်ရှန်ဟိုင်းရယ်၊ ပေကျင်းရယ်၊ ဟောင်ကောင်ရယ်ပေါ့။ အဲ့ဒီဟာတွေရဲ့ အတွေ့အကြုံ ကိုပြန်လည်မျှဝေတဲ့ သဘောနဲ့ဒီပွဲလေးကိုလုပ်ဖြစ်ခဲ့တယ်။ " လို့ သူက ပြောပြပါတယ်။
ဒါ့အပြင် ဒီလိုပွဲမျိုးကို နှစ်စဉ်နှစ်တိုင်းလုပ်သွားဖို့ရှိတယ်လို့လည်း သူက ထပ်ပြောလာတာကြောင့် မေးကြည့်လိုက်တော့ "ဒီပွဲမျိုး နှစ်တိုင်းလုပ်သွားမှာပါ။ နောက်ပိုင်းပွဲတွေကျရင် Opening ဖွင့်မယ်။ ပွဲကိုဒီ့ထက်ကြီးအောင် လုပ်မယ်။ တက်တူးဆိုတာမျိုးက သူ့ပရိသတ်နဲ့ သူအနုပညာကို ခံစားတတ်တဲ့ပရိသတ် အပိုင်းအပိုင်းလေးတွေခွဲသွားဖို့လဲရှိပါတယ်"တဲ့။
ခုပွဲနဲ့ ပတ်သက်ပြီး ပေးခဲ့တဲ့ ဆုက ၈ဆုပါ။ အဲ့ဒါကိုတော့ ကိုနိုင်ကြီးကပဲ "ကျွန်တော်တို့ခွဲထားတဲ့ Subject လေးမျိုးထဲမှာမှ ပ၊ ဒုပဲပေးပါတယ်။ ပ၊ ဒုမှာ သေး ၄ဆု နဲ့ အကြီး ၄ ဆုပေးပါတယ်။ ပ၊ဒုပေးတဲ့အခါမှာလဲ လက်ရှိမြန်မာနိုင်ငံမှာအတွေ့အကြံုရင့်တဲ့ တက်တူးဆရာတွေနဲ့၊ ဒီဖက်ခေတ် လက်ရှိတက်တူးဆရာတွေပေါင်းပြီးတော့ ဒိုင်တွေကနေပြီး အမှတ်ပေးခဲ့ပါတယ်။ ဆုကြေးဆိုတာထက် သမိုင်းတွင်မယ့် အမှတ်တရလေးပေါ့။ ဥပမာ Artist တစ်ယောက်ရဲ့ နောက်ဆုံး ဆုကြေးတစ်ခုခုပေးတာထက်စာရင် သူ့အတွက် အမှတ်တရရမယ့်ဟာ တစ်ခုခုကိုပဲ ကျွန်တော်တို့ပေးမှာပါ။ ဒီပြိုင်ပွဲမှာ ရန်ကုန်မှာရှိတဲ့ တက်တူးဆရာတော်တော်များများ လဲ ပါ၀င်ယှဉ်ပြိုင်ကြတယ်။ အဓိက ကမျိုးဆက်သစ်တွေပြန့်ပွားဖို့အတွက်၊ ဒီခေါင်းစဉ်က Myanmar Culture ကိုဦးစားပေးပြီး မြန်မာ့ယဉ်ကျေးမှုကိုပေါ်လွင်ဖို့အတွက်ရယ်၊ နောက်တက်တူးဆိုတာ အနုပညာတစ်ခုဖြစ်တယ်ဆိုတာကို လူတိုင်းကို သိစေချင်တဲ့အတွက်ရယ်ကြောင့်ပါ။ ပြိုင်ပွဲဝင် ၂၈ ဦးရှိတယ်။ Subject ကလေးမျိုးခွဲထားပါတယ်။ အဲ့ဒီလေးမျိုးစလုံးက မြန်မာ့ယဉ်ကျေးမှုနဲ့ကိုက်ညီနေရမယ်။ အားလုံးကမြန်မာ့ရိုးရာနဲ့ ပတ်သက်တဲ့ ဒီဇိုင်းတွေကို ပဲရေးထိုးပေးရမယ်။ ကျွန်တော်တို့နေ့လည်၁၂ နာရီကနေ ညနေ ၆ နာရီထိကို ကြိုက်တဲ့ Subject ကိုရေးခွင့်ရှိတယ်။ နားချင်လဲနား၊ ရေးချင်လဲရေး မိမိကြိုက်နှစ်သက်သလို အနုပညာကိုဖန်တီးခွင့်ရှိတယ်။"လို့ ပြောပြသွားပါတယ်။
ဒီပွဲမှာ ပထမဆုကို ရရှိသွားတဲ့သူတွေက ကိုမှန်ကြီး ၊ Aso Tattoostudio Aso ၊ မင်းသုဝေ  ၊ ကိုကို တို့ဖြစ်ပြီး ဒုတိယဆုကို ရရှိသွားတဲ့သူတွေကတော့  ၀င်းထွဋ်၊ ဖိုးသား၊ ရဲကြီးနဲ့ Brinn TZ တို့ဖြစ်ပါတယ်။
http://www.trend.com.mm/2016/01/25/news-8663


No comments:

Post a Comment