ပညာသင္ၾကားေနေသာ ကေလးငယ္မ်ားအား ေတြ႔ရစဥ္ (ဆင္ဟြာ) |
ျမန္မာႏိုင္ငံတြင္ သူငယ္တန္း သင္႐ုိး ညႊန္းတမ္း သစ္ကို ၂ဝ၁၆-၂ဝ၁၇ ပညာသင္ႏွစ္မွစ၍ သင္ၾကားေပး မည္ျဖစ္ၿပီး အျခား သင္႐ုိးညႊန္းတမ္းသစ္မ်ားကိုလည္း ပညာသင္ႏွစ္မ်ား၏ တန္းစဥ္အလိုက္ တစ္ႏွစ္လွ်င္ တစ္တန္းစီ ေျပာင္းလဲ သင္ၾကားေပးသြားမည္ ေၾကာင္း၊ ယခုႏွစ္ ဇြန္တြင္ စတင္ေက်ာင္းတက္သည္႔ ကေလးမ်ားသည္ KG+12 ပညာေရးစနစ္ကို ေျပာင္းလဲမည္ျဖစ္ေၾကာင္း ဘက္စံုလႊမ္းၿခံဳနုိင္ေသာ ပညာေရးက႑ ေလ႔လာသံုးသပ္ေရးလုပ္ငန္း (CESR) မွ တာဝန္ရွိသူက ဆင္ဟြာကို ယေန႔ေျပာၾကားသည္။
CESR မွတာဝန္ရွိသူက “ ကၽြန္ေတာ္တို႔ ပညာေရးစနစ္ေျပာင္းတာမဟုတ္ဘူး။ KG (သူငယ္တန္း) ဆိုတာ နဂိုကတည္းက ရွိၿပီးသားပါ။ သင္ရိုးပဲ ေျပာင္းသြားတာပါ။ ဆင္ျခင္တုံတရားနဲ႔ သင္ၾကားနည္းစနစ္ကို ေျပာင္းနုိင္ေအာင္လုပ္ေနတယ္။ ကၽြန္ေတာ္တို႔ အေနနဲ႔ သူငယ္တန္း သင္ရိုးေတြကို ရွင္းလင္းပြဲေလးေတြ လိုက္ၿပီး လုပ္ေနပါတယ္။’’ ဟုေျပာသည္။
အဆိုပါ သင္ရိုးအသစ္ေျပာင္းလဲရန္ ပညာရွင္မ်ား အေနျဖင္႔ လြန္ခဲ႔သည္႔ သံုးေလး ႏွစ္ ေလာက္ကစ၍ ေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ႔ေၾကာင္း သိရသည္။ ၂၀၁၆ ခုႏွစ္ ဇြန္လတြင္ စတက္မည္႔ ကေလးမ်ားအတြက္ သင္ရိုးေျပာင္းလဲျခင္းျဖစ္ၿပီး လက္ရွိ ေက်ာင္း တက္ေနသည္႔ ကေလးမ်ားအတြက္ သင္ရိုးေျပာင္းလဲမႈ မရွိေၾကာင္း ၎ကဆိုသည္။
၎တာဝန္ရွိသူကပင္ “ ၂၀၁၇ ခုႏွစ္ မတ္မွာ ၁၀တန္း ေျဖမယ္႔ သူေတြနဲ႔ အခုသင္ရိုးသစ္က မဆိုင္ပါဘူး။ ၂၀၁၆ ခုႏွစ္ ဇြန္လ မွ ေက်ာင္းစတက္မယ္႔ ကေလးနဲ႔ ပဲဆိုင္ပါတယ္။ KG+12 ကို ျပဌာန္းလိုက္ေတာ႔ ၁၃ တန္း ျဖစ္သြားတာေပါ႔။’’ ဟုေျပာသည္။
ယခုလ ၈ ရက္ေန႔မွ စတင္ၿပီး တစ္နုိင္ငံလံုး၌ KG သင္ရိုးကို လုိက္မိတ္ဆက္ေၾကာင္း၎ကဆိုသည္။
ယခင္ကဲ႔သို႔ အလြတ္က်က္ စာသင္ျခင္း ႏွင္႔ စမလုပ္ေတာ႔႔ဘဲ သင္ရိုးသစ္တြင္ ေဆာ႔ကစားတာကေန သင္ၾကားသြားမည္ျဖစ္ေၾကာင္း ၊ Kg ၿပီးလွ်င္ Grade 1 လာမည္ျဖစ္ေၾကာင္း ၊ လက္ရွိတြင္ ဆရာမ်ားအား ထရိန္နင္ေပးေနေၾကာင္း၊ အလြတ္က်က္စနစ္ မဟုတ္ေတာ႔ေၾကာင္း ၎ကေျပာခဲ႔သည္။
“ သင္ရိုးသစ္က စဥ္းစားဥာဏ္နဲ႔ပဲ လုပ္ရမွာ။ သူငယ္တန္းဆိုရင္ စာေမးပြဲမရွိေတာ႔ဘူး။ မတတ္တတ္ေအာင္သင္ရမယ္႔စနစ္ ေပါ႔။ တျဖည္းျဖည္း ေျပာင္းလဲသြားမွာျဖစ္တယ္။ ကေလး အလြတ္က်က္တာ ေလ်ာ႔သြားမယ္။ သူ႔ဘာသာသူ ဝါသနာ ပါတဲ႔အပိုင္းကို ေရြးခ်ယ္သြားလို႔ ရတဲ႔ စနစ္မ်ဳိးျဖစ္သြားမွာ။’’ ဟု ၎ ကဆက္ေျပာသည္။
သူငယ္တန္းတြင္ ျမန္မာ၊ အဂၤလိပ္၊ သခ်ာၤ ဆိုသည္႔ ဘာသာရပ္မ်ား ရွိေတာ႔မည္ မဟုတ္ေၾကာင္း၊ ၁ တန္းတြင္မူ လူမႈေရး၊ အားကစားတို႔က႔ မသင္မေနရ သင္ရမည္ျဖစ္ေၾကာင္း၊ KG (သူငယ္တန္း) အစပိုင္းတြင္ ဂီတ၊ အားကစား၊ ပံုျပင္မ်ားေျပာရင္း သင္ၾကားမည္ျဖစ္ၿပီး၊ ေနာက္ဆံုး ၃ လ မွ ဗ်ည္း ၂၅ လံုး ႏွင္႔ ၁ မွ ၁၀ အထိ သင္မည္ျဖစ္ေၾကာင္း သိရသည္။ ၅ ႏွစ္ျပည္႔သည္ ႏွင္႔ အစိုးရေက်ာင္း တြင္ စတက္ရမည္ျဖစ္ၿပီး၊ အေျခခံပညာေက်ာင္းမ်ား အားလံုးကို တိုင္း နွင္႔ ျပည္နယ္ ၁၄ ခုလံုး ၌ အဆိုပါသင္ရိုးသစ္အား စတင္ေျပာင္းလဲမည္ ျဖစ္ေၾကာင္း သိရသည္။ တစ္ေျပးညီသင္ရိုး ႏွင္႔ သင္ေထာက္ကူပစၥည္းမ်ားအား (အရုပ္ေလးေတြ) ေပးအပ္သြားမည္ ျဖစ္ေၾကာင္းလည္း သိရသည္။ အာဆီယံနိုင္ငံမ်ား ႏွင့္ အိမ္နီးခ်င္းႏိုင္ငံမ်ားတြင္ပါ Kg +12 စနစ္အား က်င္႔သံုးလ်က္ရွိေၾကာင္း သိရသည္။
(Xinhua)
http://www.xinhuamyanmar.com
...............
ပညာသင်ကြားနေသော ကလေးငယ်များအား တွေ့ရစဉ် (ဆင်ဟွာ)
ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် သူငယ်တန်း သင်ရိုး ညွှန်းတမ်း သစ်ကို ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်မှစ၍ သင်ကြားပေး မည်ဖြစ်ပြီး အခြား သင်ရိုးညွှန်းတမ်းသစ်များကိုလည်း ပညာသင်နှစ်များ၏ တန်းစဉ်အလိုက် တစ်နှစ်လျှင် တစ်တန်းစီ ပြောင်းလဲ သင်ကြားပေးသွားမည် ကြောင်း၊ ယခုနှစ် ဇွန်တွင် စတင်ကျောင်းတက်သည့် ကလေးများသည် KG+12 ပညာရေးစနစ်ကို ပြောင်းလဲမည်ဖြစ်ကြောင်း ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း (CESR) မှ တာဝန်ရှိသူက ဆင်ဟွာကို ယနေ့ပြောကြားသည်။
CESR မှတာဝန်ရှိသူက “ ကျွန်တော်တို့ ပညာရေးစနစ်ပြောင်းတာမဟုတ်ဘူး။ KG (သူငယ်တန်း) ဆိုတာ နဂိုကတည်းက ရှိပြီးသားပါ။ သင်ရိုးပဲ ပြောင်းသွားတာပါ။ ဆင်ခြင်တုံတရားနဲ့ သင်ကြားနည်းစနစ်ကို ပြောင်းနိုင်အောင်လုပ်နေတယ်။ ကျွန်တော်တို့ အနေနဲ့ သူငယ်တန်း သင်ရိုးတွေကို ရှင်းလင်းပွဲလေးတွေ လိုက်ပြီး လုပ်နေပါတယ်။’’ ဟုပြောသည်။
အဆိုပါ သင်ရိုးအသစ်ပြောင်းလဲရန် ပညာရှင်များ အနေဖြင့် လွန်ခဲ့သည့် သုံးလေး နှစ် လောက်ကစ၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ၂၀၁၆ ခုနှစ် ဇွန်လတွင် စတက်မည့် ကလေးများအတွက် သင်ရိုးပြောင်းလဲခြင်းဖြစ်ပြီး လက်ရှိ ကျောင်း တက်နေသည့် ကလေးများအတွက် သင်ရိုးပြောင်းလဲမှု မရှိကြောင်း ၎င်းကဆိုသည်။
၎င်းတာဝန်ရှိသူကပင် “ ၂၀၁၇ ခုနှစ် မတ်မှာ ၁၀တန်း ဖြေမယ့် သူတွေနဲ့ အခုသင်ရိုးသစ်က မဆိုင်ပါဘူး။ ၂၀၁၆ ခုနှစ် ဇွန်လ မှ ကျောင်းစတက်မယ့် ကလေးနဲ့ ပဲဆိုင်ပါတယ်။ KG+12 ကို ပြဌာန်းလိုက်တော့ ၁၃ တန်း ဖြစ်သွားတာပေါ့။’’ ဟုပြောသည်။
ယခုလ ၈ ရက်နေ့မှ စတင်ပြီး တစ်နိုင်ငံလုံး၌ KG သင်ရိုးကို လိုက်မိတ်ဆက်ကြောင်း၎င်းကဆိုသည်။
ယခင်ကဲ့သို့ အလွတ်ကျက် စာသင်ခြင်း နှင့် စမလုပ်တော့့ဘဲ သင်ရိုးသစ်တွင် ဆော့ကစားတာကနေ သင်ကြားသွားမည်ဖြစ်ကြောင်း ၊ Kg ပြီးလျှင် Grade 1 လာမည်ဖြစ်ကြောင်း ၊ လက်ရှိတွင် ဆရာများအား ထရိန်နင်ပေးနေကြောင်း၊ အလွတ်ကျက်စနစ် မဟုတ်တော့ကြောင်း ၎င်းကပြောခဲ့သည်။
“ သင်ရိုးသစ်က စဉ်းစားဉာဏ်နဲ့ပဲ လုပ်ရမှာ။ သူငယ်တန်းဆိုရင် စာမေးပွဲမရှိတော့ဘူး။ မတတ်တတ်အောင်သင်ရမယ့်စနစ် ပေါ့။ တဖြည်းဖြည်း ပြောင်းလဲသွားမှာဖြစ်တယ်။ ကလေး အလွတ်ကျက်တာ လျော့သွားမယ်။ သူ့ဘာသာသူ ဝါသနာ ပါတဲ့အပိုင်းကို ရွေးချယ်သွားလို့ ရတဲ့ စနစ်မျိုးဖြစ်သွားမှာ။’’ ဟု ၎င်း ကဆက်ပြောသည်။
သူငယ်တန်းတွင် မြန်မာ၊ အင်္ဂလိပ်၊ သချာင်္ ဆိုသည့် ဘာသာရပ်များ ရှိတော့မည် မဟုတ်ကြောင်း၊ ၁ တန်းတွင်မူ လူမှုရေး၊ အားကစားတို့က့ မသင်မနေရ သင်ရမည်ဖြစ်ကြောင်း၊ KG (သူငယ်တန်း) အစပိုင်းတွင် ဂီတ၊ အားကစား၊ ပုံပြင်များပြောရင်း သင်ကြားမည်ဖြစ်ပြီး၊ နောက်ဆုံး ၃ လ မှ ဗျည်း ၂၅ လုံး နှင့် ၁ မှ ၁၀ အထိ သင်မည်ဖြစ်ကြောင်း သိရသည်။ ၅ နှစ်ပြည့်သည် နှင့် အစိုးရကျောင်း တွင် စတက်ရမည်ဖြစ်ပြီး၊ အခြေခံပညာကျောင်းများ အားလုံးကို တိုင်း နှင့် ပြည်နယ် ၁၄ ခုလုံး ၌ အဆိုပါသင်ရိုးသစ်အား စတင်ပြောင်းလဲမည် ဖြစ်ကြောင်း သိရသည်။ တစ်ပြေးညီသင်ရိုး နှင့် သင်ထောက်ကူပစ္စည်းများအား (အရုပ်လေးတွေ) ပေးအပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။ အာဆီယံနိုင်ငံများ နှင့် အိမ်နီးချင်းနိုင်ငံများတွင်ပါ Kg +12 စနစ်အား ကျင့်သုံးလျက်ရှိကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
No comments:
Post a Comment