အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားျပည္နယ္မွ ေရာင္းခ်ခဲ့တဲ့ Powerball ထီလက္မွတ္မ်ား ထဲမွာ အၾကီးဆံုးေပါက္မဲျဖစ္ တဲ့ Jackpot ေပါက္မဲပါ၀င္သြားျပီ လို႕ ျပည္နယ္ထီဌာနမွအရာရွိမ်ားက twitter တြင္ ဇန္န၀ါရီ ၁၃ရက္ က ေျပာၾကားသြားပါတယ္။ ေပါက္မဲနံပါတ္ ၆ ခုရွိျပီး 08, 27,34, 04, 19 နဲ႕ Powerball နံပါတ္ 10 တို႕ျဖစ္ပါတယ္။ ကယ္လီဖိုးနီးယားျပည္နယ္ အတြင္းမွာပဲ ပထမေပါက္ ဂဏန္းနံပါတ္ (၅) လံုး တူေနတဲ့သူ ၁၂ ဦးရွိေၾကာင္း သိရပါတယ္။
ကမၻာ့အျမင့္ဆံုးထီဆုျဖစ္တဲ့ Jackpot ကို ရရွိ္တဲ့ကံထူးရွင္ကိုေတာ့ ခုထိမသိရေသးပါဘူး။ ကံထူးရွင္ဟာ တစ္ေယာက္တည္းလည္းျဖစ္ႏိုင္သလို အမ်ားလည္းျဖစ္ႏုိင္ပါတယ္။
Jackpot ထီဆုဟာ ကန္ေဒၚလာ ၁.၅၈၆ ဘီလီယံဆုျဖစ္ျပီး ဆုေငြကို ၂၉ ႏွစ္အတြင္း အလီလီခြဲေ၀ ထုတ္ယူရမွာျဖစ္ပါတယ္။ တကယ္လို႕ ကံထူးရွင္ဟာ တစ္ဦးတည္းျဖစ္ကာ တစ္ၾကိမ္တည္းနဲ႕ အကုန္ထုတ္ယူ လိုပါက ၉၃၀ မီလီယံပဲ ရမွာျဖစ္ပါတယ္။ ျပည္နယ္ေပါင္း ၄၄ ႏိုင္ငံ အတြင္း ျဖန္႕ေ၀ေရာင္းခ်တဲ့ Powerball ထီဟာ ေရာင္းအားအလြန္ေကာင္း ကာ ေဖေဖၚ၀ါရီ ၁၃ရက္ ဗုဒၶဟူးေန႕အထိ ေရာင္းရတဲ့ထီအေစာင္ေရဟာ ၃၀၀ မီလီယံေက်ာ္ခဲ့ပါတယ္။ ေပါက္မဲနံပါတ္ထြက္ေပၚလာႏုိင္ေျခဟာလည္း အၾကိမ္ေရ ၂၉၂ မီလီယံမွာ ၁ ၾကိမ္ပဲျဖစ္ႏုိင္ေျခ ရွိတာေၾကာင့္ သမၼတျဖစ္ႏုိင္ေျခထက္ေတာင္ ၂၅ ဆပိုခက္တယ္လို႕ သိရပါတယ္။
ေပါက္မဲလက္မွတ္ကိုေရာင္းခဲ့တဲ့ 7-Eleven store က ဆုေၾကးအေနနဲ႕ ကန္ေဒၚလာ ၁ မီလီယံရ
မွာျဖစ္ေၾကာင္း သိရွိရပါတယ္။
အခုဆုိရင္ေတာ့ အေမရိကန္သမုိင္းတစ္ေလွ်ာက္ စံခ်ိန္တင္ဆုေငြရမယ့္ Jackpot ဆုအတြက္ ကံထူးရွင္ေတြကုိ အေမရိကန္တစ္ႏုိင္ငံလုံးက စိတ္၀င္စားစြာ ေစာင့္ေမွ်ာ္ေနၾကပါတယ္။
Ref : CNBC
စံ၀န္းနီ (႐ိုးရာေလး)
..........................
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီယားထီမှ ကန်ဒေါ်လာ ၁.၅၈၆ ဘီလီယံ Jackpot ကံထူးရှင်ပေါ်ပေါက်ပြီ
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှ ရောင်းချခဲ့တဲ့ Powerball ထီလက်မှတ်များ ထဲမှာ အကြီးဆုံးပေါက်မဲဖြစ် တဲ့ Jackpot ပေါက်မဲပါ၀င်သွားပြီ လို့ ပြည်နယ်ထီဌာနမှအရာရှိများက twitter တွင် ဇန်နဝါရီ ၁၃ရက် က ပြောကြားသွားပါတယ်။ ပေါက်မဲနံပါတ် ၆ ခုရှိပြီး 08, 27,34, 04, 19 နဲ့ Powerball နံပါတ် 10 တို့ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် အတွင်းမှာပဲ ပထမပေါက် ဂဏန်းနံပါတ် (၅) လုံး တူနေတဲ့သူ ၁၂ ဦးရှိကြောင်း သိရပါတယ်။ ကမ္ဘာ့အမြင့်ဆုံးထီဆုဖြစ်တဲ့ Jackpot ကို ရရှိ်တဲ့ကံထူးရှင်ကိုတော့ ခုထိမသိရသေးပါဘူး။ ကံထူးရှင်ဟာ တစ်ယောက်တည်းလည်းဖြစ်နိုင်သလို အများလည်းဖြစ်နိုင်ပါတယ်။
Jackpot ထီဆုဟာ ကန်ဒေါ်လာ ၁.၅၈၆ ဘီလီယံဆုဖြစ်ပြီး ဆုငွေကို ၂၉ နှစ်အတွင်း အလီလီခွဲဝေ ထုတ်ယူရမှာဖြစ်ပါတယ်။ တကယ်လို့ ကံထူးရှင်ဟာ တစ်ဦးတည်းဖြစ်ကာ တစ်ကြိမ်တည်းနဲ့ အကုန်ထုတ်ယူ လိုပါက ၉၃၀ မီလီယံပဲ ရမှာဖြစ်ပါတယ်။ ပြည်နယ်ပေါင်း ၄၄ နိုင်ငံ အတွင်း ဖြန့်ဝေရောင်းချတဲ့ Powerball ထီဟာ ရောင်းအားအလွန်ကောင်း ကာ ဖေဖေါ်ဝါရီ ၁၃ရက် ဗုဒ္ဓဟူးနေ့အထိ ရောင်းရတဲ့ထီအစောင်ရေဟာ ၃၀၀ မီလီယံကျော်ခဲ့ပါတယ်။ ပေါက်မဲနံပါတ်ထွက်ပေါ်လာနိုင်ခြေဟာလည်း အကြိမ်ရေ ၂၉၂ မီလီယံမှာ ၁ ကြိမ်ပဲဖြစ်နိုင်ခြေ ရှိတာကြောင့် သမ္မတဖြစ်နိုင်ခြေထက်တောင် ၂၅ ဆပိုခက်တယ်လို့ သိရပါတယ်။
ပေါက်မဲလက်မှတ်ကိုရောင်းခဲ့တဲ့ 7-Eleven store က ဆုကြေးအနေနဲ့ ကန်ဒေါ်လာ ၁ မီလီယံရမှာဖြစ်ကြောင်း သိရှိရပါတယ်။
အခုဆိုရင်တော့ အမေရိကန်သမိုင်းတစ်လျှောက် စံချိန်တင်ဆုငွေရမယ့် Jackpot ဆုအတွက် ကံထူးရှင်တွေကို အမေရိကန်တစ်နိုင်ငံလုံးက စိတ်ဝင်စားစွာ စောင့်မျှော်နေကြပါတယ်။
Ref : CNBC
စံဝန်းနီ (ရိုးရာလေး)
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment