Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 21, 2016

ISIS အဖွဲ့ဝင်များ၏ လစာထက်ဝက် လျှော့ချမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်


ဘေရွတ် ၊ ၂၁-၁-၂၀၁၆

ဆီးရီးယားနိုင်ငံနှင့် အီရတ်နိုင်ငံ တို့ရှိ ISIS စစ်သွေးကြွ အဖွဲ့ဝင်များ၏ လစာငွေကို လျှော့ချသွားရန် စီစဉ်ထားကြောင်း အစ္စလာမ္မစ်နိုင်ငံ အကြမ်းဖက်အုပ်စု (ISIS) က ယမန်နေ့တွင် သတင်းထုတ်ပြန် ခဲ့သည်။

ISIS စစ်သွေးကြွ အုပ်စု လက်ရှိရင်ဆိုင် နေရသော ချွင်းချက် ပြဿနာ များကြောင့် ဆီရီးယားနှင့် အီရတ်နိုင်ငံ တို့ရှိ ISIS စစ်သွေးကြွ မူဂျာဟေဒင် စစ်သည်များ၏ လစာကို ထက်ဝက် လျှော့ချရန် ဆုံးဖြတ်ထားကြောင်း ISIS စစ်သွေးကြွ အုပ်စုက အာရေဗျ ဘာသာဖြင့် ထုတ်ပြန်ထားသော ကြေညာချက် တွင် ဖော်ပြခဲ့သည်။

အလားတူ လစာ လျှော့ချရေး အစီအစဉ်တွင် ရာထူးကြီးသူ၊ ငယ်သူအားလုံး အကျုံးဝင်မည် ဖြစ်ပြီး စားနပ်ရိက္ခာကို မူလအတိုင်း တစ်လနှစ်ကြိမ် ထုတ်ပေး သွားမည်ဟူ၍ ISIS စစ်သွေးကြွ အုပ်စုက ကြေညာ ခဲ့သည်။

လစာငွေ လျှော့ချရေး အစီအစဉ်အရ ယခင်က တစ်လလျှင် အမေရိကန် ဒေါ်လာ ၄ဝဝ လစာအဖြစ် ရရှိထားသော ဆီးရီးယားနှင့် အီရတ်ရှိ ISIS စစ်သွေးကြွ အုပ်စုဝင်များသည် ယခုအခါ အမေရိကန် ဒေါ်လာ ၂ဝဝ သာ ရရှိတော့မည် ဖြစ်ကြောင်း ဗြိတိန်အခြေစိုက် ဒေးလီး တယ်လီဂရပ် သတင်းစာက ဖော်ပြခဲ့သည်။

ဆီးရီးယား စစ်သွေးကြွ များထက် လစာနှစ်ဆ ပိုရသည့် ပြည်ပ တိုက်ခိုက်ရေး သမားများသည် ISIS စစ်သွေးကြွ အုပ်စု၏ လစာလျှော့ချရေး အစီအစဉ်အရ အမေရိကန် ဒေါ်လာ ၄ဝဝ သာ ရရှိတော့မည် ဖြစ်ကြောင်း သိရသည်။

ကာလီဖိတ် လှုပ်ရှားမှု၏ အဓိကဝင်ငွေ အရင်းအမြစ် ဖြစ်သည့် ရေနံလုပ်ငန်းနှင့် အခြေခံ အဆောက်အအုံ များကို အဓိကထား၍ ရုရှားနှင့် အမေရိကန် အပါအဝင် ကမ္ဘာ့နိုင်ငံများက လေကြောင်း ထိုးစစ်ဆင်နွှဲ လာမှုကြောင့် ဘဏ္ဍာရေး ပြဿနာနှင့် ရင်ဆိုင် နေရသည့် ISIS စစ်သွေးကြွ  အုပ်စု အနေဖြင့် အဖွဲ့ဝင်များ လစာကို ထက်ဝက် လျှော့ချခြင်း ဖြစ်နိုင်ကြောင်း သတင်းများ၌ ဖော်ပြ ထားသည်ဟု သိရသည်။

#PyiChitThar


...........................................................................................................




မော်စကို ၊ ၂၁-၁-၂၀၁၆

ကမ္ဘာဂြိုဟ်သို့ ဦးတည်လာသည့် ဥက္ကာခဲများကို နျူကလီးယားဗုံးများ ဖောက်ခွဲခြင်း ဖြင့် လမ်းကြော င်းပြောင်း စေမည့် အစီအစဉ် တစ်ရပ်ကို လုပ်ဆောင်လျက် ရှိကြောင်း ရုရှားအာကာသ အေဂျင်စီ က အတည်ပြု ထုတ်ပြန် ထားသည်။

အဆိုပါ စီမံကိန်းကို ဥရောပ ကော်မရှင်က ငွေကြေးထောက်ပံ့ ပေးထားခြင်း ဖြစ်ပြီး ကမ္ဘာဂြိုဟ်သို့ ဦးတည်လာသည့် ဥက္ကာခဲများကို ဖျက်ဆီးမည့် NEOShield ဟုအမည် ပေးထားသော အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း သိရသည်။

''ဒီစီမံကိန်းမှာ နိုင်ငံပေါင်းစုံနဲ့ အဖွဲ့အစည်း ပေါင်းစုံကလူများ ပါဝင်ပြီးတော့ ရုရှားနိုင်ငံက ၂ဝ၁၂ နဲ့ ၂ဝ၁၅ ခုနှစ်တို့မှာ လုပ်ဆောင်ခဲ့တဲ့ အာကာသ အတွင်းမှ အန္တရာယ်ရှိသော အရာဝတ္ထုများကို နျူကလီးယားဖြင့်ဖောက်ခွဲခြင်းဖြင့် ၄င်းတို့၏ လမ်းကြောင်း ပြောင်းလဲသွား စေသည့် လုပ်ဆောင်မှုကို ဆက်လက် လုပ်ဆောင်ရန် စီစဉ်နေခြင်း ဖြစ်ပါတယ်'' ဟု ရုရှားအာကာသ အေဂျင်စီမှ ဗဟိုသိပ္ပံ သုတေသနဌာန က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

၁၉၆၇ ခုနှစ် အာကာသ သဘောတူ စာချုပ်အရ နျူကလီးယား လက်နက်များကို အာကာသအတွင်း တပ်ဖြန့်ခြင်းနှင့် အသုံးပြုခြင်းတို့ကို တားမြစ်ထား သော်လည်း ယခုကဲ့သို့ လုပ်ဆောင်မှုသည် အမှန်တကယ် လိုအပ်ကြောင်း သိရှိလာပါက အဆိုပါ တားမြစ်မှုများကို ပယ်ဖျက်ပေးနိုင်ဖွယ် ရှိကြောင်း ရုရှားအာကာသ အေဂျင်စီက သုံးသပ်ထားသည်။

ထို့ပြင် ယင်းလုပ်ဆောင်မှု သည် အာကာသအတွင်းရှိ ဥက္ကာခဲများကို ဖောက်ခွဲခြင်း မဟုတ်ဘဲ ၄င်းဥက္ကာခဲများ လမ်းကြောင်းပြောင်း စေရန်ရည်ရွယ်၍ လုံခြုံစိတ်ချ ရမှုရှိသော နျူကလီးယား ဖောက်ခွဲမှုကို လုပ်ဆောင်ရန် ဖြစ်သည်ဟု ရုရှားအာကာသ အေဂျင်စီက ပြောကြားထားသည်။

#PyiChitThar


No comments:

Post a Comment