Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 27, 2016

အိႏၵိယအစုိးရ၏ သတင္းအခ်က္အလက္ မ်ားကုိ ရယူေပးႏုိင္မည့္ ဟက္ကာလူငယ္ မ်ားအား ISIS အဖဲြ႕ရွာေဖြလ်က္ရွိ


နယူးေဒလီ ၊ ၂၈-၁-၂၀၁၆

ISIS စစ္ေသြးၾကြ အဖြဲ႕သည္ အိႏၵိယအစိုးရ၏ သတင္း အခ်က္အလက္ မ်ားကို ထိုးေဖာက္ရယူ ႏိုင္ၿပီး ၄င္းတို႔အဖြဲ႕ ထံသို႔ ယင္း သတင္း အခ်က္အလက္ မ်ား ေပးပို႔ႏိုင္ေသာ အိႏၵိယလူငယ္ မ်ားအား အျပင္းအထန္ ရွာေဖြလ်က္ ရွိေၾကာင္း သိရသည္။

ISIS စစ္ေသြးၾကြ အဖြဲ႕သည္ အဆိုပါ လူငယ္မ်ားကို ေဖ့စ္ဘြတ္ႏွင့္ တြစ္တာ ဝက္ဘ္ဆိုက္ မ်ားမွတစ္ဆင့္ ဆက္သြယ္ ရွာေဖြလ်က္ရွိၿပီး ၄င္းတို႔ထံသို႔ အစိုးရ၏ သတင္း အခ်က္အလက္မ်ား ေပးပို႔ႏိုင္ပါက အေမရိကန္ ေဒၚလာ ၁ဝဝဝဝ ေပးအပ္ သြားမည္ဟု ေျပာၾကာ းထားေၾကာင္း Mail Today သတင္းဌာန က ထုတ္ျပန္ထားသည္။

အၾကမ္းဖက္ သမားမ်ားသည္ အစိုးရ အဖြဲ႕၏ အခ်က္အလက္ မ်ားအား ခိုးယူရန္ အတြက္ အက်ဳိးအျမတ္ မ်ားေသာ ကမ္းလွမ္းမႈ မ်ားကို လုပ္ေဆာင္ေနၿပီး ယင္း ကမ္းလွမ္းမႈ မ်ားကို အိႏၵိယႏိုင္ငံ အတြင္းသို႔ ပ်ံ႕ႏွံ႔ေစရန္ အတြက္ ႀကိဳးပမ္းလ်က္ ရွိေၾကာင္း ဆိုက္ဘာ ရာဇဝတ္မႈ ဆိုင္ရာ ကြၽမ္းက်င္ ပညာရွင္ ကစ္ေလးေခ်ာ့ဟာရီ က ေျပာၾကား ထားသည္။

အစိုးရ သတင္း အခ်က္အလက္မ်ား ခိုးယူမႈသည္ အိႏၵိယႏိုင္ငံ အား တိုက္ခိုက္ေရး အတြက္ ISIS စစ္ေသြးၾကြ မ်ား၏ မဟာဗ်ဴဟာ တစ္ရပ္ပင္ျဖစ္ၿပီး ၄င္းတို႔သည္ အိႏၵိယႏိုင္ငံမွ လူငယ္ ေကာလိပ္ ေက်ာင္းသား ၃ဝဝဝဝ ေက်ာ္ ကို ဆက္သြယ္ထားၿပီး ျဖစ္ေၾကာင္းႏွင့္ တခ်ဳိ႕မွာ စစ္ေသြးၾကြ မ်ား၏ ကမ္းလွမ္းခ်က္ကို လက္ခံေနၿပီ ျဖစ္ေၾကာင္း ေခ်ာ့ဟာရီ က ထပ္ေလာင္း ေျပာၾကားသည္။

#PyiChitThar

...............................................

အိန္ဒိယအစိုးရ၏ သတင်းအချက်အလက် များကို ရယူပေးနိုင်မည့် ဟက်ကာလူငယ် များအား ISIS အဖွဲ့ရှာဖွေလျက်ရှိ

နယူးဒေလီ ၊ ၂၈-၁-၂၀၁၆

ISIS စစ်သွေးကြွ အဖွဲ့သည် အိန္ဒိယအစိုးရ၏ သတင်း အချက်အလက် များကို ထိုးဖောက်ရယူ နိုင်ပြီး ၄င်းတို့အဖွဲ့ ထံသို့ ယင်း သတင်း အချက်အလက် များ ပေးပို့နိုင်သော အိန္ဒိယလူငယ် များအား အပြင်းအထန် ရှာဖွေလျက် ရှိကြောင်း သိရသည်။

ISIS စစ်သွေးကြွ အဖွဲ့သည် အဆိုပါ လူငယ်များကို ဖေ့စ်ဘွတ်နှင့် တွစ်တာ ဝက်ဘ်ဆိုက် များမှတစ်ဆင့် ဆက်သွယ် ရှာဖွေလျက်ရှိပြီး ၄င်းတို့ထံသို့ အစိုးရ၏ သတင်း အချက်အလက်များ ပေးပို့နိုင်ပါက အမေရိကန် ဒေါ်လာ ၁ဝဝဝဝ ပေးအပ် သွားမည်ဟု ပြောကြာ းထားကြောင်း Mail Today သတင်းဌာန က ထုတ်ပြန်ထားသည်။

အကြမ်းဖက် သမားများသည် အစိုးရ အဖွဲ့၏ အချက်အလက် များအား ခိုးယူရန် အတွက် အကျိုးအမြတ် များသော ကမ်းလှမ်းမှု များကို လုပ်ဆောင်နေပြီး ယင်း ကမ်းလှမ်းမှု များကို အိန္ဒိယနိုင်ငံ အတွင်းသို့ ပျံ့နှံ့စေရန် အတွက် ကြိုးပမ်းလျက် ရှိကြောင်း ဆိုက်ဘာ ရာဇဝတ်မှု ဆိုင်ရာ ကျွမ်းကျင် ပညာရှင် ကစ်လေးချော့ဟာရီ က ပြောကြား ထားသည်။

အစိုးရ သတင်း အချက်အလက်များ ခိုးယူမှုသည် အိန္ဒိယနိုင်ငံ အား တိုက်ခိုက်ရေး အတွက် ISIS စစ်သွေးကြွ များ၏ မဟာဗျူဟာ တစ်ရပ်ပင်ဖြစ်ပြီး ၄င်းတို့သည် အိန္ဒိယနိုင်ငံမှ လူငယ် ကောလိပ် ကျောင်းသား ၃ဝဝဝဝ ကျော် ကို ဆက်သွယ်ထားပြီး ဖြစ်ကြောင်းနှင့် တချို့မှာ စစ်သွေးကြွ များ၏ ကမ်းလှမ်းချက်ကို လက်ခံနေပြီ ဖြစ်ကြောင်း ချော့ဟာရီ က ထပ်လောင်း ပြောကြားသည်။

#PyiChitThar

No comments:

Post a Comment