၀ါရွင္တန္ ၊ ၁၃-၁-၂၀၁၆
အေမရိကန္၏ ေလေၾကာင္း တိုက္ခိုက္မႈေၾကာင့္ အီရတ္ႏုိင္ငံရွိ ISIS အစၥလာမၼစ္ စစ္ေသြးၾကြ မ်ား၏ ေငြေၾကး သိုေလွာင္ထားသည့္ အေဆာက္အအံု တစ္ခု ပ်က္စီးခဲ့ေၾကာင္း အေမရိကန္ ကာကြယ္ေရး ဝန္ႀကီးဌာနမွ တာဝန္ရွိသူ မ်ားက ထုတ္ေဖာ္ ေျပာၾကားသည္။
အေမရိကန္ တပ္ဖြဲ႕သည္ ISIS အစၥလာမၼစ္ စစ္ေသြးၾကြ မ်ား သိမ္းပိုက္ထားေသာ မိုဆူးလ္ၿမိဳ႕ အတြင္းရွိ ေငြေၾကးမ်ား သိုေလွာင္ထားရာ အေဆာက္အအံုကို ဇန္နဝါရီ ၁ဝ ရက္ အ႐ုဏ္တက္ခ်ိန္က ေလေၾကာင္း မွ တုိက္ခိုက္ခဲ့ျခင္း ျဖစ္ေၾကာင္း အမည္ မေဖာ္လိုသည့္ တာဝန္ရွိသူ တစ္ဦးက အေမရိကန္႐ုပ္သံ ဌာနတစ္ခုသို႔ ေျပာၾကားသည္။
ခန္႔မွန္းေျခအရ အဆုိပါ အေဆာက္အအံု အတြင္း၌ ေငြေၾကး အေမရိကန္ ေဒၚလာ သန္းေပါင္းမ်ားစြာ ရွိႏုိင္ၿပီး ISIS တုိ႔သည္ ေရနံတရားမဝင္ ေရာင္းခ်မႈ၊ တုိက္ခိုက္ လုယူမႈႏွင့္ ၿခိမ္းေျခာက္၍ ေငြညႇစ္မႈ အစရွိသည့္ လုပ္ရပ္မ်ားျဖင့္ ေငြေၾကးမ်ား ကို စုေဆာင္းထားျခင္း ျဖစ္ေၾကာင္း ၄င္းက ထပ္ေလာင္း ေျပာၾကားသည္။
၄င္း အေဆာက္အအံုမွာ အရပ္သားမ်ား အမ်ားဆံုး ေနထိုင္သည့္ ေဒသအတြင္း တည္ရွိေနသျဖင့္ အရပ္သား အနည္းဆံုး ရွိမည့္အခ်ိန္ကို ေသခ်ာ တြက္ခ်က္၍ ေလေၾကာင္းမွ ဗံုးႀကဲတုိက္ခိုက္ ခဲ့ျခင္းျဖစ္ေၾကာင္း၊ ISIS တုိ႔၏ အဓိက အေရးႀကီးဆံုး ျဖစ္သည့္ ေငြေၾကးစီးဆင္း ေနသည့္ ေနရာမ်ားကို ပစ္မွတ္ထား တုိက္ခိုက္ရန္ စီစဥ္ခဲ့ျခင္း ျဖစ္ေၾကာင္း တာဝန္ရွိသူ မ်ားက ထပ္ေလာင္း ေျပာၾကား ခဲ့သည္ဟု သိရသည္။
အေမရိကန္ ဦးေဆာင္ေသာ ၫြန႔္ေပါင္း တပ္ဖြဲ႕သည္ ၂ဝ၁၅ ခုႏွစ္ ဒီဇင္ဘာ ၃ဝ ရက္ ကလည္း အီရတ္ႏုိင္ငံ အတြင္း ေလေၾကာင္း တုိက္ခိုက္မႈမ်ားကို ၁၇ ႀကိမ္တုိင္တုိင္ လုပ္ေဆာင္ ခဲ့သည္။ ေလေၾကာင္း တုိက္ခိုက္မႈ
၁၇ ႀကိမ္အနက္ ငါးႀကိမ္မွာ မၾကာေသးမီက အီရတ္ တပ္ဖြဲ႕ဝင္မ်ား ျပန္လည္ သိမ္းပိုက္ႏုိင္ေသာ ရာမာဒီၿမိဳ႕ အနီးတြင္ လုပ္ေဆာင္ ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
U.S. bombs 'millions' in ISIS currency holdings
#PyiChitThar
......................................................................
အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း ISIS အဖွဲ့၏ ငွေကြေးသိုလှောင်ရာ အဆောက်အုံပျက်စီး
၀ါရှင်တန် ၊ ၁၃-၁-၂၀၁၆
အမေရိကန်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အီရတ်နိုင်ငံရှိ ISIS အစ္စလာမ္မစ် စစ်သွေးကြွ များ၏ ငွေကြေး သိုလှောင်ထားသည့် အဆောက်အအုံ တစ်ခု ပျက်စီးခဲ့ကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ များက ထုတ်ဖော် ပြောကြားသည်။
အမေရိကန် တပ်ဖွဲ့သည် ISIS အစ္စလာမ္မစ် စစ်သွေးကြွ များ သိမ်းပိုက်ထားသော မိုဆူးလ်မြို့ အတွင်းရှိ ငွေကြေးများ သိုလှောင်ထားရာ အဆောက်အအုံကို ဇန်နဝါရီ ၁ဝ ရက် အရုဏ်တက်ချိန်က လေကြောင်း မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အမည် မဖော်လိုသည့် တာဝန်ရှိသူ တစ်ဦးက အမေရိကန်ရုပ်သံ ဌာနတစ်ခုသို့ ပြောကြားသည်။
ခန့်မှန်းခြေအရ အဆိုပါ အဆောက်အအုံ အတွင်း၌ ငွေကြေး အမေရိကန် ဒေါ်လာ သန်းပေါင်းများစွာ ရှိနိုင်ပြီး ISIS တို့သည် ရေနံတရားမဝင် ရောင်းချမှု၊ တိုက်ခိုက် လုယူမှုနှင့် ခြိမ်းခြောက်၍ ငွေညှစ်မှု အစရှိသည့် လုပ်ရပ်များဖြင့် ငွေကြေးများ ကို စုဆောင်းထားခြင်း ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။
၄င်း အဆောက်အအုံမှာ အရပ်သားများ အများဆုံး နေထိုင်သည့် ဒေသအတွင်း တည်ရှိနေသဖြင့် အရပ်သား အနည်းဆုံး ရှိမည့်အချိန်ကို သေချာ တွက်ချက်၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း၊ ISIS တို့၏ အဓိက အရေးကြီးဆုံး ဖြစ်သည့် ငွေကြေးစီးဆင်း နေသည့် နေရာများကို ပစ်မှတ်ထား တိုက်ခိုက်ရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း တာဝန်ရှိသူ များက ထပ်လောင်း ပြောကြား ခဲ့သည်ဟု သိရသည်။
အမေရိကန် ဦးဆောင်သော ညွန့်ပေါင်း တပ်ဖွဲ့သည် ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၃ဝ ရက် ကလည်း အီရတ်နိုင်ငံ အတွင်း လေကြောင်း တိုက်ခိုက်မှုများကို ၁၇ ကြိမ်တိုင်တိုင် လုပ်ဆောင် ခဲ့သည်။ လေကြောင်း တိုက်ခိုက်မှု
၁၇ ကြိမ်အနက် ငါးကြိမ်မှာ မကြာသေးမီက အီရတ် တပ်ဖွဲ့ဝင်များ ပြန်လည် သိမ်းပိုက်နိုင်သော ရာမာဒီမြို့ အနီးတွင် လုပ်ဆောင် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
U.S. bombs 'millions' in ISIS currency holdings
#PyiChitThar
No comments:
Post a Comment