Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 11, 2016

ေလေၾကာင္း တုိက္ခုိက္မႈအတြင္း ISIS ေခါင္းေဆာင္တစ္ဦး ေသဆုံး

Isis deputy leader Assi Ali Mohammed Nasser al-Obeidi 'killed in Iraqi air strike'

Members of Iraq's elite counter-terrorism service hold a captured Islamic State flag and flash the V for victory signAhamad al-Rubaye

ဘဂၢဒက္ ၊ ၁၁-၁-၂ဝ၁၆

အီရတ္ႏုိင္ငံ အေနာက္ပုိင္းတြင္ ISIS စစ္ေသြးၾကြ မ်ားအား ပစ္မွတ္ထား တုိက္ခိုက္ေသာ ေလေၾကာင္း တုိက္ခိုက္မႈအတြင္း စစ္ေသြးၾကြ အဖြဲ႕မွ ထိပ္တန္း ေခါင္းေဆာင္ တစ္ဦး ေသဆုံးခဲ့ေၾကာင္း အီရတ္တပ္ဖြဲ႕၏ ထုတ္ေဖာ္ ေျပာၾကားခ်က္ အရ သိရသည္။

အီရတ္ေလတပ္မွ တိုက္ေလယာဥ္ မ်ားသည္ အန္ဘာျပည္နယ္ အေနာက္ပုိင္း အာဝါနက္ခ်္ၿမိဳ႕ ရွိ စစ္ေသြးၾကြ ေခါင္းေဆာင္ ေအဆီအယ္လီ မုိဟာမက္ နာဆာအယ္လ္ အုိေဘဒီ တည္ရွိမည့္ ေနရာ ကို ေလေၾကာင္းမွ တုိက္ခုိက္ခဲ့ျခင္း ျဖစ္ေၾကာင္း အီရတ္ ကာကြယ္ေရး ဝန္ႀကီးဌာနက ဇန္နဝါရီ ၉ ရက္တြင္ ထုတ္ျပန္ေသာ အစီရင္ခံစာ တစ္ေစာင္၌ ေဖာ္ျပထားသည္။

အီရတ္တပ္ဖြဲ႕၏ ေလေၾကာင္း တုိက္ခိုက္မႈ အတြင္း ေသဆုံး သြားခဲ့ေသာ အုိေဘဒီ သည္ ISIS စစ္ေသြးၾကြ အဖြဲ႕မွ ေခါင္းေဆာင္ဟု မိမိကုိယ္မိမိ ေၾကြးေၾကာ္ထားေသာ အဘူဘာကာ အယ္လ္ဘဂၢဒါဒီ ၏ ဒုတိယ လက္ေထာက္ ျဖစ္သည္ဟု သိရသည္။

#PyiChitThar

................................................................

လေကြောင်း တိုက်ခိုက်မှုအတွင်း ISIS ခေါင်းဆောင်တစ်ဦး သေဆုံး

 
Isis deputy leader Assi Ali Mohammed Nasser al-Obeidi 'killed in Iraqi air strike'

 
Members of Iraq's elite counter-terrorism service hold a captured Islamic State flag and flash the V for victory signAhamad al-Rubaye

ဘဂ္ဂဒက် ၊ ၁၁-၁-၂ဝ၁၆

အီရတ်နိုင်ငံ အနောက်ပိုင်းတွင် ISIS စစ်သွေးကြွ များအား ပစ်မှတ်ထား တိုက်ခိုက်သော လေကြောင်း တိုက်ခိုက်မှုအတွင်း စစ်သွေးကြွ အဖွဲ့မှ ထိပ်တန်း ခေါင်းဆောင် တစ်ဦး သေဆုံးခဲ့ကြောင်း အီရတ်တပ်ဖွဲ့၏ ထုတ်ဖော် ပြောကြားချက် အရ သိရသည်။

အီရတ်လေတပ်မှ တိုက်လေယာဉ် များသည် အန်ဘာပြည်နယ် အနောက်ပိုင်း အာဝါနက်ချ်မြို့ ရှိ စစ်သွေးကြွ ခေါင်းဆောင် အေဆီအယ်လီ မိုဟာမက် နာဆာအယ်လ် အိုဘေဒီ တည်ရှိမည့် နေရာ ကို လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အီရတ် ကာကွယ်ရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၉ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာ တစ်စောင်၌ ဖော်ပြထားသည်။

အီရတ်တပ်ဖွဲ့၏ လေကြောင်း တိုက်ခိုက်မှု အတွင်း သေဆုံး သွားခဲ့သော အိုဘေဒီ သည် ISIS စစ်သွေးကြွ အဖွဲ့မှ ခေါင်းဆောင်ဟု မိမိကိုယ်မိမိ ကြွေးကြော်ထားသော အဘူဘာကာ အယ်လ်ဘဂ္ဂဒါဒီ ၏ ဒုတိယ လက်ထောက် ဖြစ်သည်ဟု သိရသည်။

#PyiChitThar

No comments:

Post a Comment