CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Friday, January 1, 2016
ISIS အဖြဲ႔ထဲ၀င္ၿပီးမွ ထြက္ေျပးရင္း အသတ္ခံခဲ့ရသူ မိန္းကေလးဟာ လိင္ကၽြန္အျဖစ္ ေစခိုင္းခံခဲ့ရ
၂၀၁၄ ခုႏွစ္ ဧၿပီလတုန္းက ISIS အဖြဲ႔နဲ႔ပူးေပါင္းဖို႔ ဆီးရီးယားႏိုင္ငံကို သြားေရာက္ခဲ့တဲ့ ၾသစႀတီးယား ႏိုင္ငံသူ ဆယ္ေက်ာ္သက္ ေကာင္မေလးဟာ အစြန္းေရာက္တပ္ဖြဲ႔၀င္ေတြရဲ ႔ေသသည္အထိရိုက္ႏွက္ျခင္းမခံရခင္မွာ လိင္ကၽြန္တစ္ေယာက္အျဖစ္ အသံုးျပဳခံခဲ့ရေသးတယ္လို႔ ISIS အဖြဲ႔ ရဲ ႔ေထာင္သားေဟာင္းတစ္ေယာက္ ကဆိုပါတယ္။
အသက္ ၁၇ ႏွစ္အရြယ္ Samra Kesinovic ဟာ သူမေနထိုင္ရာ ၾသစႀတီးယားႏိုင္ငံကေန ISIS အဖြဲ႔ရွိရာသို႔ သြားေရာက္ၿပီး သူမရဲ ႔သူငယ္ခ်င္းျဖစ္သူ Sabina Selimovic နဲ႔အတူ ISIS အဖြဲ႔ ရဲ ႔"ပိုစတာမိန္းကေလး" အျဖစ္ လုပ္ကိုင္ခဲ့ပါတယ္။
ဒါေပမယ့္ သူမေရာက္ရွိၿပီး ၆ လခန္႔အၾကာမွာ သူမဟာ ISIS အဖြဲ႔လက္ေအာက္ကေန ထြက္ေျပးခ်င္တယ္လို႔ ယံုၾကည္လာတဲ့အတြက္ သူမဟာ Raqqa ၿမိဳ ႔က ထြက္ေျပးဖို႔ ႀကိဳးစားစဥ္မွာ အသတ္ခံလိုက္ရတာျဖစ္ပါတယ္။ သူမဟာ အႀကိမ္ႀကိမ္ ထြက္ေျပးႏိုင္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ သူမရဲ ႔ေနာက္ဆံုး ႀကိဳးစားမႈ မွာေတာ့ အဖမ္းခံလိုက္ရၿပီး တူ နဲ႔ မေသမခ်င္း ထုရိုက္ခံခဲ့ရတာျဖစ္ပါတယ္။
ISIS အဖြဲ႔ က ဖမ္းဆီး အက်ဥ္းခ်ထားျခင္း ခံေနရတဲ့ တူနီရွားႏိုင္ငံသား အက်ဥ္းသားတစ္ဦးက ေျပာျပခဲ့တာကေတာ့ Samra ဟာ ISIS အဖြဲ႔ ရဲ ႔ တိုက္ခိုက္ေရးသမား အသစ္ေတြအတြက္ လိင္ကၽြန္တစ္ေယာက္ ျဖစ္ခဲ့ရပါတယ္။ သူမနဲ႔ သူမရဲ ႔သူငယ္ခ်င္းျဖစ္သူ Sabina တို႔ဟာ ေဘာ့စနီးယား မ်ိဳးႏြယ္၀င္ေတြျဖစ္ၾကၿပီး သူတို႔ရဲ ႔မိသားစုေတြဟာလည္း ၾသစႀတီးယားႏိုင္ငံမွာ ဒုကၡသည္ အျဖစ္ ခိုလံႈေနရတယ္လို႔ သိရပါတယ္။
သူမတို႔၂ေယာက္ ဥေရာပတိုက္က ေနထြက္ခြာလာတ့ဲအခ်ိန္မွာ "ငါတို႔ကိုမၾကည့္ပါနဲ႔။ငါတို႔ဟာ အလႅာ အတြက္ တာ၀န္ထမ္းေဆာင္ၿပီး သူ႔အတြက္ပဲ ေသၾကမွာပါ" လို႔ မွတ္တမ္းစာတစ္ေစာင္ ေရးသားခဲ့တယ္လို႔သိရၿပီး သူတို႔ ၂ ေယာက္ ဆီးရီးယားကို ေရာက္ခါစမွာလည္း AK 47 ေသနတ္ေတြကို ကိုင္ေဆာင္ၿပီး ဓါတ္ပံု တင္ထားတဲ့အတြက္ သူမတို႔၂ေယာက္ဟာ ISIS တိုက္ခိုက္ေရးသမားေတြနဲ႔ လက္ထပ္လိုက္တယ္လို႔ က်န္မိသားစု၀င္ေတြက ယံုၾကည္လိုက္ၾကတာျဖစ္ပါတယ္။
( Mario )
#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com
Ref : Metro
....................................................
ISIS အဖွဲ့ထဲဝင်ပြီးမှ ထွက်ပြေးရင်း အသတ်ခံခဲ့ရသူ မိန်းကလေးဟာ လိင်ကျွန်အဖြစ် စေခိုင်းခံခဲ့ရ
၂၀၁၄ ခုနှစ် ဧပြီလတုန်းက ISIS အဖွဲ့နဲ့ပူးပေါင်းဖို့ ဆီးရီးယားနိုင်ငံကို သွားရောက်ခဲ့တဲ့ သြစတြီးယား နိုင်ငံသူ ဆယ်ကျော်သက် ကောင်မလေးဟာ အစွန်းရောက်တပ်ဖွဲ့ဝင်တွေရဲ ့သေသည်အထိရိုက်နှက်ခြင်းမခံရခင်မှာ လိင်ကျွန်တစ်ယောက်အဖြစ် အသုံးပြုခံခဲ့ရသေးတယ်လို့ ISIS အဖွဲ့ ရဲ ့ထောင်သားဟောင်းတစ်ယောက် ကဆိုပါတယ်။
အသက် ၁၇ နှစ်အရွယ် Samra Kesinovic ဟာ သူမနေထိုင်ရာ သြစတြီးယားနိုင်ငံကနေ ISIS အဖွဲ့ရှိရာသို့ သွားရောက်ပြီး သူမရဲ ့သူငယ်ချင်းဖြစ်သူ Sabina Selimovic နဲ့အတူ ISIS အဖွဲ့ ရဲ ့"ပိုစတာမိန်းကလေး" အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။
ဒါပေမယ့် သူမရောက်ရှိပြီး ၆ လခန့်အကြာမှာ သူမဟာ ISIS အဖွဲ့လက်အောက်ကနေ ထွက်ပြေးချင်တယ်လို့ ယုံကြည်လာတဲ့အတွက် သူမဟာ Raqqa မြို ့က ထွက်ပြေးဖို့ ကြိုးစားစဉ်မှာ အသတ်ခံလိုက်ရတာဖြစ်ပါတယ်။ သူမဟာ အကြိမ်ကြိမ် ထွက်ပြေးနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် သူမရဲ ့နောက်ဆုံး ကြိုးစားမှု မှာတော့ အဖမ်းခံလိုက်ရပြီး တူ နဲ့ မသေမချင်း ထုရိုက်ခံခဲ့ရတာဖြစ်ပါတယ်။
ISIS အဖွဲ့ က ဖမ်းဆီး အကျဉ်းချထားခြင်း ခံနေရတဲ့ တူနီရှားနိုင်ငံသား အကျဉ်းသားတစ်ဦးက ပြောပြခဲ့တာကတော့ Samra ဟာ ISIS အဖွဲ့ ရဲ ့ တိုက်ခိုက်ရေးသမား အသစ်တွေအတွက် လိင်ကျွန်တစ်ယောက် ဖြစ်ခဲ့ရပါတယ်။ သူမနဲ့ သူမရဲ ့သူငယ်ချင်းဖြစ်သူ Sabina တို့ဟာ ဘော့စနီးယား မျိုးနွယ်ဝင်တွေဖြစ်ကြပြီး သူတို့ရဲ ့မိသားစုတွေဟာလည်း သြစတြီးယားနိုင်ငံမှာ ဒုက္ခသည် အဖြစ် ခိုလှုံနေရတယ်လို့ သိရပါတယ်။
သူမတို့၂ယောက် ဥရောပတိုက်က နေထွက်ခွာလာတဲ့အချိန်မှာ "ငါတို့ကိုမကြည့်ပါနဲ့။ငါတို့ဟာ အလ္လာ အတွက် တာဝန်ထမ်းဆောင်ပြီး သူ့အတွက်ပဲ သေကြမှာပါ" လို့ မှတ်တမ်းစာတစ်စောင် ရေးသားခဲ့တယ်လို့သိရပြီး သူတို့ ၂ ယောက် ဆီးရီးယားကို ရောက်ခါစမှာလည်း AK 47 သေနတ်တွေကို ကိုင်ဆောင်ပြီး ဓါတ်ပုံ တင်ထားတဲ့အတွက် သူမတို့၂ယောက်ဟာ ISIS တိုက်ခိုက်ရေးသမားတွေနဲ့ လက်ထပ်လိုက်တယ်လို့ ကျန်မိသားစုဝင်တွေက ယုံကြည်လိုက်ကြတာဖြစ်ပါတယ်။
( Mario )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : Metro
ISIS အဖြဲ႔ထဲ၀င္ၿပီးမွ ထြက္ေျပးရင္း အသတ္ခံခဲ့ရသူ မိန္းကေလးဟာ လိင္ကၽြန္အျဖစ္ ေစခိုင္းခံခဲ့ရ
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 01, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment