Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 3, 2016

ျမန္မာႏိုင္ငံထဲ ေရာက္ရွိေနေသာ IS အၾကမ္းဖက္အဖြဲ႕ဝင္ အိႏၵိယႏိုင္ငံသားကို ဖမ္းမိေရး အပူတျပင္း စုံစမ္း


ရန္ကုန္၊ ဇန္နဝါရီ ၃
အိႏၵိယႏိုင္ငံ အေျခစိုက္ အၾကမ္းဖက္အဖြဲ႕ဝင္အသက္ ၃၀ အ႐ြယ္ရွိ အိႏၵိယႏို င္ငံသားအမ်ိဳးသားတစ္ဦးမွာ ျမန္မာႏိုင္ငံအတြင္းသို႔ ေရာက္ရွိ
ေနေၾကာင္း ခိုင္လုံေသာ သတင္းမ်ား ရရွိထားမႈေၾကာင့္ ႏိုင္ငံတဝွမ္းရွိ ၿမိဳ႕ဝင္ ၿမိဳ႕ထြက္ လမ္းေၾကာင္းမ်ား၊ ေလဆိပ္ ၊ သေဘၤာဆိပ္မ်ားကို လုံၿခဳံေရး အထူး တိုးျမႇင့္ကာ ၎ကို ဖမ္းဆီးရမိေရးအတြက္ အပူတျပင္း စုံစမ္းေနေၾကာင္း လုံၿခဳံေရးပိုင္းဆိုင္ရာ အႀကီးတန္း အရာရွိ တစ္ဦးက ေျပာၾကားသည္။
အဆိုပါ အိႏၵိယႏိုင္ငံသား Fareed Khan မွာ ရန္ကုန္ႏွင့္ မႏၲေလးၿမိဳ႕မ်ားတြင္ ပတၱျမားေက်ာက္ အေရာင္းအဝယ္ ကိစၥျဖင့္ ျမန္မာႏိုင္ငံထဲသို႔ မၾကာခဏ လာေရာက္ခဲ့သူျဖစ္ၿပီး လြန္ခဲ့ေသာ ဆယ္ရက္ခန္႔က ၎မွာ အိႏၵိယႏိုင္ငံ အေျခ စိုက္ အၾကမ္းဖက္အဖြဲ႕၏ Cell ( အဖြဲ႕ဝင္) တစ္ခုျဖစ္ေၾကာင္း သတင္းရရွိထားသျဖင့္ အျမန္ဆုံး ဖမ္းမိႏိုင္ေရး အတြက္ အပူတျပင္း စုံစမ္းရွာေဖြေနေၾကာင္း ၎က ဆက္လက္ ေျပာၾကားသည္။
“IS အၾကမ္းဖက္ဝင္လို႔ သတင္းရခဲ့သူက တရားဝင္ဗီဇာနဲ႔ ျမန္မာႏိုင္ငံထဲ ဝင္လာခဲ့သူလား၊ဒါမွမဟုတ္နယ္စပ္လမ္းေၾကာင္းကတရားမဝင္
ေရာက္လာတာလား သိရေအာင္ လတ္တေလာ စုံစမ္းေနတယ္၊
ဖမ္းမိဖို႔ အပူတျပင္း ရွာေဖြေနဆဲပါ” ဟု ၎က ထပ္မံ ေျပာၾကားသည္။
ယင္းအၾကမ္းဖက္အဖြဲ႕ဝင္ အိႏၵိယႏိုင္ငံသား အမ်ိဳးသားမွာ ပတၱျမားေက်ာက္ အေရာင္းအဝယ္လုပ္ငန္းျဖင့္ ျမန္မာ ႏိုင္ငံအတြင္းသို႔ မၾကာခဏ လာေရာက္ ခဲ့ၿပီး First Activity လုပ္ငန္းမ်ားကို လုပ္ေဆာင့္ရန္ စီစဥ္ေနသူျဖစ္ကာ ၎၏ Data မ်ားကို http:www. Facebook.com/fkindia.77 တြင္ ေလ့လာစုံစမ္းႏိုင္ေၾကာင္း သိရွိရသည္။
“ အၾကမ္းဖက္အဖြဲ႕ဝင္ေတြ ျမန္မာႏိုင္ငံထဲကို နယ္စပ္လမ္းေၾကာင္းကေန ခိုးဝင္လာတယ္ဆိုတာ ဒီဇင္ဘာလဆန္းပိုင္းထဲက သတင္းေတြ ထြက္လာလို႔ ရန္ကုန္ၿမိဳ႕ရဲ႕လုံၿခဳံေရးကိုအထူးတိုးျမႇင့္ၿပီးလက္ရွိ ေရာက္ေနတဲ့ ျပည္ပ ႏိုင္ငံသားေတြရဲ႕ သြားလာလႈပ္ရွားမႈေတြကို ေစာင့္ၾကည့္ခိုင္းထားတယ္၊ သူတို႔ရဲ႕ ဗီဇာေတြကို ျပန္လည္စစ္ေဆးမႈေတြပါေဆာင္႐ြက္ခိုင္းထားပတယ္ ” ဟု ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးက ေျပာၾကားသည္။
ရန္ကုန္အပါအဝင္ မႏၲေလးႏွင့္ ေနျပည္ေတာ္တို႔တြင္ ျမန္မာႏိုင္ငံအတြင္းသို႔ IS အၾကမ္းဖက္ အဖြဲ႕ဝင္မ်ား ဝင္ေရာက္လာေၾကာင္း သတင္း ထြက္ေပၚခဲ့မႈေၾကာင့္ ဗီဇာမ်ိဳးစုံျဖင့္ ေရာက္ရွိေနေသာ ႏိုင္ငံျခားသားမ်ား၏ သြားလာလႈပ္ရွားမႈမ်ားကို ေစာင့္ၾကည့္ေနေၾကာင္း၊ ယင္းအျပင္ အၾကမ္းဖက္အဖြဲ႕ဝင္မ်ား ဓာတ္ပုံႏွင့္ ကိုယ္ေရးအခ်က္အလက္ မ်ားကို ခ႐ိုင္ႏွင့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး႐ုံးမ်ားထံ ေပးပို႔ကာ ျပည္သူအမ်ား သိရွိကာ သတင္းေပးႏိုင္ေရး အတြက္ ျဖန္႔ေဝေပးရန္ စီစဥ္ေနေၾကာင္း ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕မႉး႐ုံးထံမွ သိရွိရသည္။
The Voice Weekly
......................
မြန်မာနိုင်ငံထဲ ရောက်ရှိနေသော IS အကြမ်းဖက်အဖွဲ့ဝင် အိန္ဒိယနိုင်ငံသားကို ဖမ်းမိရေး အပူတပြင်း စုံစမ်း

ရန်ကုန်၊ ဇန်နဝါရီ ၃
အိန္ဒိယနိုင်ငံ အခြေစိုက် အကြမ်းဖက်အဖွဲ့ဝင်အသက် ၃၀ အရွယ်ရှိ အိန္ဒိယနို င်ငံသားအမျိုးသားတစ်ဦးမှာ မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိ
နေကြောင်း ခိုင်လုံသော သတင်းများ ရရှိထားမှုကြောင့် နိုင်ငံတဝှမ်းရှိ မြို့ဝင် မြို့ထွက် လမ်းကြောင်းများ၊ လေဆိပ် ၊ သင်္ဘောဆိပ်များကို လုံခြုံရေး အထူး တိုးမြှင့်ကာ ၎င်းကို ဖမ်းဆီးရမိရေးအတွက် အပူတပြင်း စုံစမ်းနေကြောင်း လုံခြုံရေးပိုင်းဆိုင်ရာ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။
အဆိုပါ အိန္ဒိယနိုင်ငံသား Fareed Khan မှာ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ပတ္တမြားကျောက် အရောင်းအဝယ် ကိစ္စဖြင့် မြန်မာနိုင်ငံထဲသို့ မကြာခဏ လာရောက်ခဲ့သူဖြစ်ပြီး လွန်ခဲ့သော ဆယ်ရက်ခန့်က ၎င်းမှာ အိန္ဒိယနိုင်ငံ အခြေ စိုက် အကြမ်းဖက်အဖွဲ့၏ Cell ( အဖွဲ့ဝင်) တစ်ခုဖြစ်ကြောင်း သတင်းရရှိထားသဖြင့် အမြန်ဆုံး ဖမ်းမိနိုင်ရေး အတွက် အပူတပြင်း စုံစမ်းရှာဖွေနေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“IS အကြမ်းဖက်ဝင်လို့ သတင်းရခဲ့သူက တရားဝင်ဗီဇာနဲ့ မြန်မာနိုင်ငံထဲ ဝင်လာခဲ့သူလား၊ဒါမှမဟုတ်နယ်စပ်လမ်းကြောင်းကတရားမဝင်
ရောက်လာတာလား သိရအောင် လတ်တလော စုံစမ်းနေတယ်၊
ဖမ်းမိဖို့ အပူတပြင်း ရှာဖွေနေဆဲပါ” ဟု ၎င်းက ထပ်မံ ပြောကြားသည်။
ယင်းအကြမ်းဖက်အဖွဲ့ဝင် အိန္ဒိယနိုင်ငံသား အမျိုးသားမှာ ပတ္တမြားကျောက် အရောင်းအဝယ်လုပ်ငန်းဖြင့် မြန်မာ နိုင်ငံအတွင်းသို့ မကြာခဏ လာရောက် ခဲ့ပြီး First Activity လုပ်ငန်းများကို လုပ်ဆောင့်ရန် စီစဉ်နေသူဖြစ်ကာ ၎င်း၏ Data များကို http:www. Facebook.com/fkindia.77 တွင် လေ့လာစုံစမ်းနိုင်ကြောင်း သိရှိရသည်။
“ အကြမ်းဖက်အဖွဲ့ဝင်တွေ မြန်မာနိုင်ငံထဲကို နယ်စပ်လမ်းကြောင်းကနေ ခိုးဝင်လာတယ်ဆိုတာ ဒီဇင်ဘာလဆန်းပိုင်းထဲက သတင်းတွေ ထွက်လာလို့ ရန်ကုန်မြို့ရဲ့လုံခြုံရေးကိုအထူးတိုးမြှင့်ပြီးလက်ရှိ ရောက်နေတဲ့ ပြည်ပ နိုင်ငံသားတွေရဲ့ သွားလာလှုပ်ရှားမှုတွေကို စောင့်ကြည့်ခိုင်းထားတယ်၊ သူတို့ရဲ့ ဗီဇာတွေကို ပြန်လည်စစ်ဆေးမှုတွေပါဆောင်ရွက်ခိုင်းထားပတယ် ” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ရန်ကုန်အပါအဝင် မန္တလေးနှင့် နေပြည်တော်တို့တွင် မြန်မာနိုင်ငံအတွင်းသို့ IS အကြမ်းဖက် အဖွဲ့ဝင်များ ဝင်ရောက်လာကြောင်း သတင်း ထွက်ပေါ်ခဲ့မှုကြောင့် ဗီဇာမျိုးစုံဖြင့် ရောက်ရှိနေသော နိုင်ငံခြားသားများ၏ သွားလာလှုပ်ရှားမှုများကို စောင့်ကြည့်နေကြောင်း၊ ယင်းအပြင် အကြမ်းဖက်အဖွဲ့ဝင်များ ဓာတ်ပုံနှင့် ကိုယ်ရေးအချက်အလက် များကို ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများထံ ပေးပို့ကာ ပြည်သူအများ သိရှိကာ သတင်းပေးနိုင်ရေး အတွက် ဖြန့်ဝေပေးရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
The Voice Weekly


No comments:

Post a Comment