Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 24, 2016

ခံတြင္းရွိ HPV ပိုးဟာ ဦးေခါင္းနွင့္လည္ေခ်ာင္းကင္ဆာျဖစ္ပြားမႈနႈန္းကို တိုးေစနိုင္


ေလ့လာေတြ႕ရွိခ်က္အသစ္ေတြအရ လူေတြမွာ HPVပိုးရိွေနျခင္းဟာ ဦးေခါင္းနွင့့္လည္ေခ်ာင္းကင္ဆာ ျဖစ္ပြားမႈနႈန္းကို ပိုမိုျမင့္မားေစတယ္လို႔ သိရွိရပါတယ္။

ခံတြင္းရွိ HPV-16ပိုးက ကင္ဆာျဖစ္ပြားမႈနႈန္းကို အဓိကအားျဖင့္တိုးေစတယ္လို႔ သိရိွထားခဲ့ပါတယ္။ အျခား HPVပိုးအမ်ိဳးအစားေတြကလည္း ကင္ဆာေရာဂါျဖစ္နိုင္ေျချမင့္မားတာနဲ႔ ဆက္ႏြယ္ေနပါတယ္။

အရင္ကျပဳလုပ္ခဲ့တဲ့ သုေသသနျပဳလုပ္မႈေတြအရေတာ့ HPV ပိုးက အမ်ိဳးသမီးေတြမွာ ေမြးလမ္းေၾကာင္းနဲ႔ဆိုင္တဲ့ ကင္ဆာကိုျဖစ္ေစၿပီး အမ်ိဳးသားမ်ားမွာဆိုရင္ လည္ေခ်ာင္းကင္ဆာကိုျဖစ္ေစနိုင္တယ္ဆိုတာ သိရွိၿပီးျဖစ္ပါတယ္။ ဒါေၾကာင့္ ဆယ္ေက်ာ္သက္အ႐ြယ္မတိုင္ခင္ကထဲက ကာကြယ္ေဆးကို ေပးဖို႔လမ္းၫြန္ခ်က္ေတြ တုိုးၿပီးလုပ္ေဆာင္လာၾကပါတယ္။

ေလ့လာေတြရိွခ်က္အသစ္မ်ားအေပၚအေျခခံကာ သုေသသနျပဳသူေတြက ပလုတ္က်င္းျခင္းျဖင့္ ဦးေခါင္းနွင့္လည္ေခ်ာင္းကင္ဆာေတြ ျဖစ္ပြားႏိုင္မႈႏႈန္းကို ရိုးရွင္းစြာကာကြယ္နိုင္ပါတယ္လုိ႔ ရွင္းလင္းလမ္းညႊန္ေပးထားပါတယ္။

ဓါတ္ခြဲစမ္းသပ္မႈနမူနာမ်ားထဲမွာေတာ့ HPV 16 ပိုးေတြ႕ရိွတဲ့လူေတြဟာ ပိုးမေတြ႕ရတဲ့သူေတြထက္ ခံတြင္းကင္ဆာျဖစ္ပြားနိုင္ေျခ ၂၂ဆပိုမ်ားတယ္လို႔ ေတြ႕ရိွရပါတယ္။ သုေသသနျပဳသူေတြက အေရျပားေပၚတြင္ပံုမွန္ေတြ႕ရိွရတဲ့ Beta-gamma-HPVs ပိုးကလည္း ကင္ဆာျဖစ္ပြားမူနဲ႔ ဆက္ႏြယ္ေနတယ္ ဆိုတာကိုေတြ႕ရိွခဲ့ၾကပါတယ္။


( Michelle )

#သစ္ထူးလြင္(က်န္းမာေရး)
#health.thithtoolwin.com

Ref : UPI

................................................

ခံတွင်းရှိ HPV ပိုးဟာ ဦးခေါင်းနှင့်လည်ချောင်းကင်ဆာဖြစ်ပွားမှုနှုန်းကို တိုးစေနိုင်


လေ့လာတွေ့ရှိချက်အသစ်တွေအရ လူတွေမှာ HPVပိုးရှိနေခြင်းဟာ ဦးခေါင်းနှင့့်လည်ချောင်းကင်ဆာ ဖြစ်ပွားမှုနှုန်းကို ပိုမိုမြင့်မားစေတယ်လို့ သိရှိရပါတယ်။

ခံတွင်းရှိ HPV-16ပိုးက ကင်ဆာဖြစ်ပွားမှုနှုန်းကို အဓိကအားဖြင့်တိုးစေတယ်လို့ သိရှိထားခဲ့ပါတယ်။ အခြား HPVပိုးအမျိုးအစားတွေကလည်း ကင်ဆာရောဂါဖြစ်နိုင်ခြေမြင့်မားတာနဲ့ ဆက်နွယ်နေပါတယ်။

အရင်ကပြုလုပ်ခဲ့တဲ့ သုသေသနပြုလုပ်မှုတွေအရတော့ HPV ပိုးက အမျိုးသမီးတွေမှာ မွေးလမ်းကြောင်းနဲ့ဆိုင်တဲ့ ကင်ဆာကိုဖြစ်စေပြီး အမျိုးသားများမှာဆိုရင် လည်ချောင်းကင်ဆာကိုဖြစ်စေနိုင်တယ်ဆိုတာ သိရှိပြီးဖြစ်ပါတယ်။ ဒါကြောင့် ဆယ်ကျော်သက်အရွယ်မတိုင်ခင်ကထဲက ကာကွယ်ဆေးကို ပေးဖို့လမ်းညွန်ချက်တွေ တိုုးပြီးလုပ်ဆောင်လာကြပါတယ်။

လေ့လာတွေရှိချက်အသစ်များအပေါ်အခြေခံကာ သုသေသနပြုသူတွေက ပလုတ်ကျင်းခြင်းဖြင့် ဦးခေါင်းနှင့်လည်ချောင်းကင်ဆာတွေ ဖြစ်ပွားနိုင်မှုနှုန်းကို ရိုးရှင်းစွာကာကွယ်နိုင်ပါတယ်လို့ ရှင်းလင်းလမ်းညွှန်ပေးထားပါတယ်။

ဓါတ်ခွဲစမ်းသပ်မှုနမူနာများထဲမှာတော့ HPV 16 ပိုးတွေ့ရှိတဲ့လူတွေဟာ ပိုးမတွေ့ရတဲ့သူတွေထက် ခံတွင်းကင်ဆာဖြစ်ပွားနိုင်ခြေ ၂၂ဆပိုများတယ်လို့ တွေ့ရှိရပါတယ်။ သုသေသနပြုသူတွေက အရေပြားပေါ်တွင်ပုံမှန်တွေ့ရှိရတဲ့ Beta-gamma-HPVs ပိုးကလည်း ကင်ဆာဖြစ်ပွားမူနဲ့ ဆက်နွယ်နေတယ် ဆိုတာကိုတွေ့ရှိခဲ့ကြပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com


Ref : UPI

No comments:

Post a Comment