အင္းစိန္ စက္မႈလက္မႈသိပၸံ GTI ေက်ာင္းကို ေတြ႕ရစဥ္ ။ ဓါတ္ပံု - ကိုထြန္းသူ |
မိတၳီလာၿမိဳ႔နယ္မဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ဦး၀င္းထိန္က အင္းစိန္စက္မႈလက္မႈသိပၸံ GTI ကုိ နယ္ပယ္စုံ စက္မႈအတတ္သင္သိပၸံအျဖစ္ ျပန္လည္ထိန္းသိမ္းၿပီး သင္တန္းေက်ာင္းအေနနဲ႔ အေကာင္အထည္ေဖာ္ဖို႔ အစီအစဥ္ ရွိ မရွိ ျပည္သူ႔လႊတ္ေတာ္မွာ ေမးျမန္းရာမွာ ဒုတိယ၀န္ႀကီး ေဒါက္တာေဇာ္မင္းေအာင္က ျပန္လည္ေျဖ ၾကားခဲ့တာျဖစ္ပါတယ္။
"အင္းစိန္ GTI ႀကီးကို က်ေနာ္တို႔က Polytechnic Institute အျဖစ္ ဖြင့္လွစ္သြားနိုင္ေရးအတြက္ အင္းစိန္ GTI ပင္မေဆာင္မွာ ရံုးလုပ္ငန္း အတတ္ပညာသင္ သင္တန္းမ်ား၊ ဟိုတယ္နဲ႔ ခရီးဆိုင္ရာသင္တန္းမ်ား၊ အျခား အသက္ေမြးဝမ္းပညာဆိုင္ရာ သင္တန္းမ်ား စသျဖင့္ ပံုမွန္သင္တန္းမ်ားအျပင္ ကြ်မ္းက်င္မႈဆိုင္ရာ စံႏႈန္း အဆင့္ဆင့္နဲ႔အညီ ကာလတိုသင္တန္းမ်ား၊ ကာလရွည္သင္တန္းမ်ားကိုပါ ဖြင့္လႊစ္ေဆာင္ရြက္သြားရန္ လ်ာထားပါတယ္၊ အင္းစိန္ၿမိဳ႕နယ္မွာရွိတဲ့ စက္မႈလက္မႈသိပၸံ GTI ကို Polytechnic အျဖစ္ အေကာင္ အထည္ေဖာ္ ေဆာင္ရြက္သြားရန္ ညိွႏိႈင္းေဆာင္ရြက္လွ်က္ရွိပါေၾကာင္း ရွင္းလင္းေျဖၾကားအပ္ပါတယ္"
GTI ၀င္းထဲက အေဆာက္အဦးေတြကုိ ၿပီးခဲ႔တဲ့ စစ္အစုိးရ လက္ထက္က ပုဂၢလိကလုပ္ငန္းရွင္ေတြကုိ ဌားရမ္းလုပ္ပုိင္ခြင့္ေပးခဲ့သလုိ အခ်ဳပ္ခန္းအျဖစ္လည္း အသုံးျပဳခဲ့ေၾကာင္း ဦး၀င္းထိန္က ထည့္သြင္းေျပာသြားပါတယ္။
အင္းစိန္ GTI ကုိ ကုိလုိနီေခတ္က ဖြင္႔လွစ္ခဲ့တာျဖစ္ၿပီး အခုဆိုရင္ ႏွစ္ေပါင္း ၁၂၀ ျပည့္သြားၿပီ ျဖစ္ပါတယ္။
RFA Burmese
http://www.rfa.org/burmese
....................
အင်းစိန် စက်မှုလက်မှုသိပ္ပံ GTI ကျောင်းကို တွေ့ရစဉ် ။ ဓါတ်ပုံ - ကိုထွန်းသူ
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို ့နယ်မှာရှိတဲ့ စက်မှုလက်မှုသိပ္ပံ GTI ကျောင်းမှာ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကို ကာလတို၊ ကာလရှည်သင်တန်းတွေ ဖွင့်လှစ်ပြီး သင်ကြားပေးသွားမယ်လို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်က ပြောပါတယ်။
မိတ္ထီလာမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က အင်းစိန်စက်မှုလက်မှုသိပ္ပံ GTI ကို နယ်ပယ်စုံ စက်မှုအတတ်သင်သိပ္ပံအဖြစ် ပြန်လည်ထိန်းသိမ်းပြီး သင်တန်းကျောင်းအနေနဲ့ အကောင်အထည်ဖော်ဖို့ အစီအစဉ် ရှိ မရှိ ပြည်သူ့လွှတ်တော်မှာ မေးမြန်းရာမှာ ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်က ပြန်လည်ဖြေ ကြားခဲ့တာဖြစ်ပါတယ်။
"အင်းစိန် GTI ကြီးကို ကျနော်တို့က Polytechnic Institute အဖြစ် ဖွင့်လှစ်သွားနိုင်ရေးအတွက် အင်းစိန် GTI ပင်မဆောင်မှာ ရုံးလုပ်ငန်း အတတ်ပညာသင် သင်တန်းများ၊ ဟိုတယ်နဲ့ ခရီးဆိုင်ရာသင်တန်းများ၊ အခြား အသက်မွေးဝမ်းပညာဆိုင်ရာ သင်တန်းများ စသဖြင့် ပုံမှန်သင်တန်းများအပြင် ကျွမ်းကျင်မှုဆိုင်ရာ စံနှုန်း အဆင့်ဆင့်နဲ့အညီ ကာလတိုသင်တန်းများ၊ ကာလရှည်သင်တန်းများကိုပါ ဖွင့်လွှစ်ဆောင်ရွက်သွားရန် လျာထားပါတယ်၊ အင်းစိန်မြို့နယ်မှာရှိတဲ့ စက်မှုလက်မှုသိပ္ပံ GTI ကို Polytechnic အဖြစ် အကောင် အထည်ဖော် ဆောင်ရွက်သွားရန် ညှိနှိုင်းဆောင်ရွက်လျှက်ရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်"
GTI ၀င်းထဲက အဆောက်အဦးတွေကို ပြီးခဲ့တဲ့ စစ်အစိုးရ လက်ထက်က ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ဌားရမ်းလုပ်ပိုင်ခွင့်ပေးခဲ့သလို အချုပ်ခန်းအဖြစ်လည်း အသုံးပြုခဲ့ကြောင်း ဦးဝင်းထိန်က ထည့်သွင်းပြောသွားပါတယ်။
အင်းစိန် GTI ကို ကိုလိုနီခေတ်က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အခုဆိုရင် နှစ်ပေါင်း ၁၂၀ ပြည့်သွားပြီ ဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
No comments:
Post a Comment