GoPro ရဲ့  ရောင်အားကျဆင်းမှုဟာ ၂၀၁၄ ခုနှစ်နဲ့ နှိုင်းယှဉ်တဲ့အခါမှာလည်း ၃၁ ရာခိုင်နှုန်းခန့်အထိရောင်းအားကျဆင်းခဲ့သလို GoPro ရဲ့  ရှယ်ယာ တန်ဖိုးတွေဟာလည်း ၂၀၁၄ ခုနှစ်မှာ ရှယ်ယာ တစ်စုကို ၂၄ ဒေါ်လာခန့် တန်ဖိုးရှိခဲ့ရာကနေ လက်ရှိအချိန်မှာ GoPro ရဲ့ ရှယ်ယာတန်ဖိုးဟာ ရှယ်ယာတစ်စုကို ၁၄.၆၁ ဒေါ်လာအထိ ကျဆင်းသွားတဲ့အတွက် ၁၂ လအတွင်း ရှယ်ယာတန်ဖိုး ၇၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ခြင်းပဲဖြစ်ပါတယ်။
( Mario )
#သစ်ထူးလွင်(နည်းပညာ)
Ref : Gadgets 360
................................................
ရောင်းအားကျဆင်းမှုကြောင့် GoPro ရဲ ့ ၀န်ထမ်း ၁၀၀ ခန့်ကို အလုပ်ဖြုတ်
လှုပ်ရှားမှု ကင်မရာ ထုတ်လုပ်ရေး လုပ်ငန်းတစ်ခုဖြစ်တဲ့ GoPro ဟာ ၂၀၁၅ ခုနှစ်ရဲ ့ နောက်ဆုံး ၃လ မှာ ကုန်ပစ္စည်းရောင်းအားတွေဟာ မျှော်လင့်ထားတဲ့ အတိုင်း မပြည့်မှီပဲ ကျဆင်းလာတဲ့အတွက် ၀န်ထမ်း ရာထူး ၁၀၀ ခန့်ကို အလုပ်ဖြုတ်ခဲ့တယ်လို့ သိရပါတယ်။
GoPro ရဲ ့ ပြောကြားချက်အရတော့ သူတို့ဟာ အောက်တိုဘာလတုန်းက နောက်ဆုံး ၃ လ ရောင်းအားကို ဒေါ်လာ သန်း၅၀၀ ကနေ သန်း ၅၅၀ ကြားရရှိမယ်လို့ မျှော်လင့်ခဲ့ပေမယ့် တစ်ကယ်တမ်းမှာတော့ ဒေါ်လာ ၄၃၅ သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။ GoPro ကုမ္မဏီဟာ သူတို့ရဲ ့ နောက်ဆုံးထုတ် ကင်မရာသစ်ဖြစ်တဲ့ Hero4 Session ကင်မရာကိုလည်း စျေးကြီးတယ်လို့ ဆိုကြတဲ့အတွက် စျေးနှုန်းတွေကို လျှော့ချခဲ့ပါသေးတယ်။
ကယ်လီဖိုးနီယားပြည်နယ် ဆန်မာတီယို မြို ့မှာ အခြေစိုက်တဲ့ GoPro ကုမ္မဏီဟာ ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ ၀န်ထမ်းသစ် ၅၀၀ ကို အားဖြည့်ခန့်အပ်ပြီးတဲ့နောက် စုစုပေါင်း ၀န်ထမ်း ၁၅၀၀ ခန့်ရှိတဲ့ လုပ်ငန်းတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုတော့ ရောင်းအားကျဆင်းမှုအတွက် ၀န်ထမ်း ရ ရာခိုင်နှုန်း(တစ်နည်းအားဖြင့် ရာထူး နေရာ ၁၀၀ ) ကို အလုပ်ဖြုတ်ခဲ့တာပဲဖြစ်ပါတယ်။
GoPro ရဲ ့ ရောင်အားကျဆင်းမှုဟာ ၂၀၁၄ ခုနှစ်နဲ့ နှိုင်းယှဉ်တဲ့အခါမှာလည်း ၃၁ ရာခိုင်နှုန်းခန့်အထိရောင်းအားကျဆင်းခဲ့သလို GoPro ရဲ ့ ရှယ်ယာ တန်ဖိုးတွေဟာလည်း ၂၀၁၄ ခုနှစ်မှာ ရှယ်ယာ တစ်စုကို ၂၄ ဒေါ်လာခန့် တန်ဖိုးရှိခဲ့ရာကနေ လက်ရှိအချိန်မှာ GoPro ရဲ ့ရှယ်ယာတန်ဖိုးဟာ ရှယ်ယာတစ်စုကို ၁၄.၆၁ ဒေါ်လာအထိ ကျဆင်းသွားတဲ့အတွက် ၁၂ လအတွင်း ရှယ်ယာတန်ဖိုး ရ၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ခြင်းပဲဖြစ်ပါတယ်။
( Mario )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Gadgets 360
No comments:
Post a Comment