Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 23, 2016

Gone With the Wind Trail: Road to Tara Museum



ရသစာပေဖတ်ရှုရတာနှစ်ခြိုက်မြတ်နိုးသူတိုင်း စာရေးဆရာကြီးမြသန်းတင့်ဘာသာပြန်တဲ့ လေရူးသုန်သုန်ဝတ္တုကြီးကိုဖတ်ရှုဖူးကြမယ်ထင်ပါတ...
Posted by City Life Buffalo on Saturday, January 23, 2016
ရသစာပေဖတ်ရှုရတာနှစ်ခြိုက်မြတ်နိုးသူတိုင်း စာရေးဆရာကြီးမြသန်းတင့်ဘာသာပြန်တဲ့ လေရူးသုန်သုန်ဝတ္တုကြီးကိုဖတ်ရှုဖူးကြမှာပါ။ အမေရိကန်ပြည်တွင်းစစ်ကိုနောက်ခံရေးဖွဲ့ ထားတဲ့ ဒီဝတ္တုထဲက အဓိကဇတ်ကောင်ဖြစ်တဲ့စကားလက်အိုဟာရာချစ်မြတ်နိုးတဲ့" မြိုင်သာယာ" ယာတောအိမ်ကို သွားရာဖြစ်တဲ့ ဂျုန်းဘာရို ဘူတာရုံကိုရောက်သွားခဲ့စဉ် ဗီဒီယိုရိုက်ကူးခဲ့ ပါတယ်။ စကားလက်ဟာ သူ့ ဇာတိ "မြိုင်သာယာ" ယာတောအိမ်ကို ပြန်မယ်ဆိုရင်အတ္တလန်မြို့ ကနေ ရထားစီးပြီး ဒီဘူတာရုံမှာဆင်းကာ မြင်းရထားနဲ့  ခရီးဆက်ရပါတယ်။ ဒီနေရာကိုရောက်လာတော့ မြိုင်သာယာအ၀င်လမ်းမှ တောင်တမာပင်တန်းများ၊ဂျော်ဂျီယာနယ်ကစိုစွတ်သည့်မြေနီရဲရဲ၊၀ါပင်တန်းတွေ၊ပန်းနုရောင်အပွင့်တွေနဲ့ မက်မုံပင်တန်း၊ဂျုန်းဘာရိုက ၀က်သစ်ချတော ...စတဲ့ ၀တ္တုထဲက စကားလုံးတွေ အတွေးထဲပေါ်လာပါတယ်။ ဒီဒေသမှာ ရာသီဥတုကပူပါတယ်။ ကိုယ့်လိုပဲ ဒီနေရာကို အရောက်လာပြီး လေရူးသုန်သုန်ထဲက အရိပ်တွေ၊အတိတ်တွေကို အတွေးနဲ့ ရှာဖွေမြင်ယောင်ကာအရသာခံသူတွေကိုလည်းတွေ့ ရပါရဲ့။ ဒီပြတိုက်သေးသေးလေးကို ၀င်ခွင့်က ၇ ဒေါ်လာပါ။ ကံမကောင်းစွာပဲ ဒီပြတိုက်ကိုရောက်တော့ ပြတိုက်ပိတ်တဲ့နေ့ ဖြစ်နေပါတယ်။ ကံကောင်းချင်တော့ ပြန်မယ်အလုပ်မှာ တိုးရစ်တသိုက်ဝင်လာတာနဲ့ အချိန်ကိုက်ဖြစ်ပြီး ၀င်ကြေးပေးစရာမလိုပဲ အခမဲ့ ဝင်ခွင့်ရခဲ့ပါတယ်။ လေရူးသုန်သုန် ၀တ္တုကို နှစ်ခြိုက်သူများ အတွက် ၀တ္တုထဲက အရပ်ဒေသကိုအရောက်သွားပြီး အရသာခံရိုက်ခဲ့တဲ့ဗီဒီုယိုလေးကို ပြန်ရှယ်လိုက်ပါတယ်။

No comments:

Post a Comment