CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, January 16, 2016
( Mario )
#သစ်ထူးလွင်(နည်းပညာ)
Ref : Tech Arrive
...............................................
ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ သက်တမ်း ၁၂ နှစ်ပြည့်မယ့် Facebook
Facebook တည်ထောင်သူ လူငယ် မီလျံနာ Mark Zuckerberg ဟာ သင့်ကို Facebook ရဲ ့ နှစ်ပတ်လည်နေ့ကို ခင်မင်မှုနေ့ (Friendship Day) အဖြစ် သတ်မှတ်ပြီး ဂုဏ်ပြုပေးစေချင်နေပါတယ်။ Zuckerberg ဟာ Facebook သုံးစွဲသူ ၁.၅ ဘီလီယံ ခန့်ကို လူမှုကွန်ရက်ရဲ ့ သက်တမ်း ၁၂ နှစ်ပြည့် နှစ်ပတ်လည်ပွဲကို ခင်မင်မှုနေ့ အဖြစ် ဂုဏ်ပြုပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
Facebook ဟာ လာမယ့် ဖေဖော်ဝါရီ ၄ ရက်နေ့မှာ သက်တမ်း ၁၂ နှစ်ပြည့်မှာဖြစ်ပါတယ်။
Zuckerberg ဟာ ၂၀၀၄ ခုနှစ် ဇန်နဝါရီလမှာ Facebook အတွက် ပထမဆုံး ကုဒ်ကို ရေးသားခဲ့ပါတယ်။ သူဟာ သူတက်ရောက်ခဲ့တဲ့ ကောလိပ်အတွင်းမှာရှိတဲ့ ကျောင်းသားတွေအချင်းချင်း ချိတ်ဆက် နိုင်အောင် ကူညီပေးခဲ့ရာကနေ ကမ္ဘာပေါ်က သန်းပေါင်းများစွာသော လူထုကို သူငယ်ချင်းတွေနဲ့ချိတ်ဆက်ဖို့အတွက် Facebook က လွှမ်းမိုးလာနိုင်ခဲ့ပါတယ်။
"ဖေဖော်ဝါရီ၄ ရက်နေ့မှာ သင်တို့အားလုံး ကျွန်တော်နဲ့အတူ ခင်မင်မှုနေ့ကို ဂုဏ်ပြုရာမှာ ပါ၀င်ကြမယ်လို့ မျှော်လင့်ပါတယ်။ သင့်ဘဝမှာ ခြားနားမှုတစ်ခုဖြစ်စေခဲ့တဲ့ ခင်မင်မှုတွေကို ဂုဏ်ပြုရမယ့် အခိုက်အတန့်တစ်ခုပါ။သင်တို့မှာ ခင်မင်မှုနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတစ်ပုဒ်ရှိမယ်ဆိုရင် ကျွန်တော်လည်း နားထောင်ချင်ပါတယ်။ အဲဒါကို ဝေမျှပေးကြပါ။ကျွန်တော် တတ်နိုင်သလောက် ဖတ်သွားမှာပါ" လို့ အသက် ၃၁ နှစ်အရွယ် ဘီလျံနာ Mark Zuckerberg က ဆိုပါတယ်။
( Mario )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Tech Arrive
Reviewed by MP4 YoU
on
January 16, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment