Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, January 8, 2016

တရုတ္ႏုိင္ငံ က ထုတ္လုပ္လိုက္ေသာ ကမာၻ႕ပထမဆံုး လူစီး ဒရုန္းအား လက္စ္ဗီးဂပ္စ္ တြင္ က်င္းပသည့္ CES ပြဲ၌ ျပသ

တရုတ္ႏုိင္ငံ က ထုတ္လုပ္လိုက္ေသာ ကမာၻ႕ပထမဆံုး လူစီး ဒရုန္းအား ေတြ႕ရစဥ္ (ဆင္ဟြာ)
    လက္စ္ဗီးဂပ္စ္၊ ဇန္နဝါရီ ၈ ရက္ (ဆင္ဟြာ)

    တရုတ္ႏိုင္ငံ ေမာင္းသူမဲ့ ဒရုန္းေလယာဥ္ ထုတ္လုပ္ေရး Ehang က ဇန္နဝါရီလ ၆ ရက္တြင္ ခရီးသည္ တစ္ဦး လိုက္ပါ စီးနင္းႏိုင္သည့္ ကမာၻ႕ပထမဆံုး လူစီး ဒရုန္း Ehang 184အား လက္စ္ဗီးဂပ္စ္ တြင္ က်င္းပသည့္ လူသံုးကုန္ အီလက္ထေရာနစ္ ပစၥည္းမ်ား ျပပြဲ (CES) ၌ ျပသခဲ့ေၾကာင္း ႏွင့္ ၄င္းဒရုန္း ယာဥ္ပ်ံသည္ အနာဂါတ္တြင္ ေမွ်ာ္မွန္းထားသည့္ ေန႕စဥ္ အကြာအေဝးတို၊ အကြာအေဝးလတ္ အလိုအေလ်ာက္ ပ်ံသန္းမႈ ခရီးစဥ္မ်ား အေကာင္အထည္ ေဖာ္ႏိုင္ရန္ ကူညီေပးႏုိင္မည္ ျဖစ္ေၾကာင္း သိရသည္။

လွ်ပ္စစ္ ဓါတ္အားသံုး Ehang 184 သည္ အေလးခ်ိန္ ၁၀၀ ကီလိုဂရမ္ ရွိေသာ ခရီးသည္ တစ္ဦးကို တင္ေဆာင္ႏိုင္ကာ တစ္နာရီလွ်င္ အျမန္ႏႈန္း ၁၀၀ ကီလိုမီတာ ျဖင့္ ၂၃ မိနစ္ၾကာ ပ်ံသန္းႏုိင္မည္ ျဖစ္ေၾကာင္း ကုမၸဏီက ေျပာၾကားခဲ့သည္။

အဆိုပါ ယာဥ္ပ်ံတြင္ ပ်ံသန္းမႈ ခရီးစဥ္အား သတ္မွတ္ၿပီးပါက ခရီးသည္အေနျဖင့္ ကိုယ္တိုင္ ေမာင္းႏွင္ရန္ မလိုဘဲ ယာဥ္ပ်ံတြင္ ပါရွိသည့္ Tablet ကို အသံုးျပဳ၍ “Take off” ႏွင့္ “Land” အမိန္႕မ်ားကို ခလုတ္ တစ္ခုတည္း အသံုးျပဳကာ အလိုရွိရာ ေနရာတြင္ ဆင္းႏုိင္၊ တက္ႏုိင္ေၾကာင္း သိရသည္။ ထို႕အျပင္ ၄င္း ဒရုန္း ယာဥ္ပ်ံသည္ ေဒါင္လုိက္ ဆင္းႏုိုင္၊ တက္ႏိုင္ေသာေၾကာင့္ ေျပးလမ္း မလိုအပ္ေၾကာင္း သိရသည္။

ပ်ံသန္း ေနစဥ္အတြင္း ထိခိုက္မႈ တစံုတရာ ရွိပါက ခရီးသည္၏ လံုျခံဳေရးအတြက္ သင့္ေလ်ာ္သည့္ ဆံုးျဖတ္ခ်က္ကို အလိုအေလ်ာက္ ခ်မွတ္ေပးႏိုင္သည့္ စနစ္ ပါရွိသည့္အျပင္္ ခရီးသည္ အေနျဖင့္လည္း ခလုတ္ တစ္ခ်က္ ႏွိပ္ကာ ပ်ံသန္းမႈကို ရပ္တန္႕ႏိုင္ျခင္း၊ ေလထဲ ၌ ရပ္တန္႕ေနျခင္းတို႕ကို လုပ္ေဆာင္ ႏိုင္ေၾကာင္း သိရသည္။

Ehang ၏ တြဲဖက္ တည္ေဆာက္သူ၊ ေစ်းကြက္ရွာေဖြေရး အႀကီးအကဲ Derrick Xiong က ကုမၸဏီသည္ Ehang 184 အား ၂၀၁၆ ခုႏွစ္ ေႏွာင္းပိုင္း တြင္ တစ္စီးလွ်င္ အေမရိကန္ ေဒၚလာ ၂၀၀,၀၀၀ မွ ၃၀၀,၀၀၀ အတြင္း ေရာင္းခ် ေပးသြားမည္ေၾကာင္း ေျပာၾကားခဲ့သည္။

(Xinhua)
http://www.xinhuamyanmar.com
..............
 တရုတ်နိုင်ငံ က ထုတ်လုပ်လိုက်သော ကမ္ဘာ့ပထမဆုံး လူစီး ဒရုန်းအား တွေ့ရစဉ် (ဆင်ဟွာ)
    လက်စ်ဗီးဂပ်စ်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

    တရုတ်နိုင်ငံ မောင်းသူမဲ့ ဒရုန်းလေယာဉ် ထုတ်လုပ်ရေး Ehang က ဇန်နဝါရီလ ၆ ရက်တွင် ခရီးသည် တစ်ဦး လိုက်ပါ စီးနင်းနိုင်သည့် ကမ္ဘာ့ပထမဆုံး လူစီး ဒရုန်း Ehang 184အား လက်စ်ဗီးဂပ်စ် တွင် ကျင်းပသည့် လူသုံးကုန် အီလက်ထရောနစ် ပစ္စည်းများ ပြပွဲ (CES) ၌ ပြသခဲ့ကြောင်း နှင့် ၄င်းဒရုန်း ယာဉ်ပျံသည် အနာဂါတ်တွင် မျှော်မှန်းထားသည့် နေ့စဉ် အကွာအဝေးတို၊ အကွာအဝေးလတ် အလိုအလျောက် ပျံသန်းမှု ခရီးစဉ်များ အကောင်အထည် ဖော်နိုင်ရန် ကူညီပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

လျှပ်စစ် ဓါတ်အားသုံး Ehang 184 သည် အလေးချိန် ၁၀၀ ကီလိုဂရမ် ရှိသော ခရီးသည် တစ်ဦးကို တင်ဆောင်နိုင်ကာ တစ်နာရီလျှင် အမြန်နှုန်း ၁၀၀ ကီလိုမီတာ ဖြင့် ၂၃ မိနစ်ကြာ ပျံသန်းနိုင်မည် ဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။

အဆိုပါ ယာဉ်ပျံတွင် ပျံသန်းမှု ခရီးစဉ်အား သတ်မှတ်ပြီးပါက ခရီးသည်အနေဖြင့် ကိုယ်တိုင် မောင်းနှင်ရန် မလိုဘဲ ယာဉ်ပျံတွင် ပါရှိသည့် Tablet ကို အသုံးပြု၍ “Take off” နှင့် “Land” အမိန့်များကို ခလုတ် တစ်ခုတည်း အသုံးပြုကာ အလိုရှိရာ နေရာတွင် ဆင်းနိုင်၊ တက်နိုင်ကြောင်း သိရသည်။ ထို့အပြင် ၄င်း ဒရုန်း ယာဉ်ပျံသည် ဒေါင်လိုက် ဆင်းနိုုင်၊ တက်နိုင်သောကြောင့် ပြေးလမ်း မလိုအပ်ကြောင်း သိရသည်။

ပျံသန်း နေစဉ်အတွင်း ထိခိုက်မှု တစုံတရာ ရှိပါက ခရီးသည်၏ လုံခြုံရေးအတွက် သင့်လျော်သည့် ဆုံးဖြတ်ချက်ကို အလိုအလျောက် ချမှတ်ပေးနိုင်သည့် စနစ် ပါရှိသည့်အပြင်် ခရီးသည် အနေဖြင့်လည်း ခလုတ် တစ်ချက် နှိပ်ကာ ပျံသန်းမှုကို ရပ်တန့်နိုင်ခြင်း၊ လေထဲ ၌ ရပ်တန့်နေခြင်းတို့ကို လုပ်ဆောင် နိုင်ကြောင်း သိရသည်။

Ehang ၏ တွဲဖက် တည်ဆောက်သူ၊ စျေးကွက်ရှာဖွေရေး အကြီးအကဲ Derrick Xiong က ကုမ္ပဏီသည် Ehang 184 အား ၂၀၁၆ ခုနှစ် နှောင်းပိုင်း တွင် တစ်စီးလျှင် အမေရိကန် ဒေါ်လာ ၂၀၀,၀၀၀ မှ ၃၀၀,၀၀၀ အတွင်း ရောင်းချ ပေးသွားမည်ကြောင်း ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com

No comments:

Post a Comment