Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 24, 2016

Buffalo Psychiatric Hospital


ဒီအဆောက်အဦးဘေးက မကြာခဏဖြတ်သန်းသွားဖူးပြီး ဖြတ်သွားတိုင်းလည်း စိတ်ထဲ ညို့ ညို့ မှိုင်းမှိုင်းနဲ့  တမျိုးတမည်ခံစားမှု ဖြစ...
Posted by The Melting Pot 4 U on Saturday, 23 January 2016
ဒီအဆောက်အဦးဘေးက မကြာခဏဖြတ်သန်းသွားဖူးပြီး ဖြတ်သွားတိုင်းလည်း စိတ်ထဲ ညို့ ညို့ မှိုင်းမှိုင်းနဲ့  တမျိုးတမည်ခံစားမှု ဖြစ်သွားရပါတယ်။ဒီအဆောက်အဦးက
ရှေးဟောင်းခရစ်ယာန်ဘုရားကျောင်းနဲ့ တူပေမယ့် ဘုရားကျောင်းရဲ့  ငြိမ်းချမ်းခြင်းအငွေ့ 
အသက်ကိုမရပဲ စိတ်ထဲကြောက်သလို၊ရွံ့ သလိုခံစားရပါတယ်။
စိတ်ဝင်စားလို့  ဒီအဆောက်အဦအကြောင်းရှာဖွေဖတ်ရှုကြည့်တော့ ဒါ လွန်ခဲ့တဲ့နှစ်ပေါင်း
၁၄၀ ကျော်လောက်က တည်ဆောက်ခဲ့တဲ့ စိတ်ရောဂါသည်တွေကိုထားတဲ့ထောင်လို့ သိရပါတယ်။
ရစ်ချာ့ ဒ်ဆိုးနီးယန်းရိုမန်နက်စ်ဗိသုကာပုံစံတည်ဆောက်ထားတဲ့ဒီဆေးရုံဟာ ဗိသုကာပညာ
ရှင် တွေရဲ့ အမြင်မှာတော့ အဖိုးမဖြတ်နိုင်တဲ့ ဗိသုကာပညာလေ့လာစရာအဆောက်အဦးဖြစ်ပါတယ်။
လေကောင်းလေသန့် နဲ့ နေရောင်ခြည်ကို လူနာတိုင်းရဲ့ အခန်းမှာလုံလုံလောက်လောက်
ရဖို့  သေသေချာချာဒီဇိုင်းဆွဲပြီးတည်ဆောက်ခဲ့ပါတယ်။
ဒါပေမယ့် ၁၉ရာစုလောက်က တည်ဆောက်ခဲ့တဲ့ စိတ်ရောဂါကုဆေးရုံတွေမှာ လူနာတွေ
ဟာ ညှင်းပန်းနှိပ်စက်မှုနဲ့ မခြားတဲ့ ကုသမှုတွေခံယူရပြီးတိရိစ္ဆာန်တွေလို လှောင်အိမ်ထဲ
ပိတ်လှောင်ခြင်းခံခဲ့ကြရတယ်လို့ သိရပါတယ်။
ဒီဆေးရုံကြီးရဲ့  မိုးထိအောင်လွင့်နေတဲ့အစိမ်းရောင်အမိုးနှစ်ခုဟာ ဆေးရုံတရုံဆိုတာထက်
သွေးစုပ်ဖုတ်ကောင်ဇတ်ကားတွေထဲက နောက်ခံကန့် လန့် ကာအစိမ်းရောင်နဲ့ ပိုပြီးဆင်
တူနေပါတယ်။
အဲဒီကာလမှာဖွင့်လှစ်ခဲ့တဲ့တခြားစိတ်ရောဂါကုထောင်တွေနာမည်ပြောင်းသလိုပဲနောက်ပိုင်းမှာ H.H. Richardson Complex လို့  အမည်ပြောင်းခဲ့ပါတယ်။
ရံပုံငွေမလုံလောက်မှု၊လူနာအဆမတန်များပြားမှုစတာတွေကြောင့် နောက်ပိုင်းမှာလူနာတွေကို သေသေချာချာဂရုမစိုက်နိုင်တော့ပါဘူး။
စိတ်ရောဂါဝေဒနာသည်တွေကိုကုသမှု နည်းစနစ်တွေဟာလည်း လူမဆန်တဲ့နည်းလမ်းတွေ
နဲ့ မခြားပါဘူး။ဆရာဝန် တွေကလူနာရဲ့ ဦးနှောက်ထဲကအစိတ်အပိုင်းတစ်ခုကို ဖြတ်တောက်တဲ့နည်းလမ်းနဲ့ ကုသခြင်းဖြင့် ဝေဒနာရှင်တွေဟာ သက်ရှိ ဖုတ်ကောင်တွေအဖြစ်ကို ပြောင်းလဲသွားကြတော့တာပါပဲ။
ကုသနည်းတွေထဲမှာ ဦးနှောက်ကို လျှပ်စစ်နဲ့ ကင်တာ၊ရေချိုးကန်ထဲမှာ နာရီပေါင်းများစွာထားတာ စတဲ့နည်းတွေပါဝင်ပါတယ်။
ဒီစိတ်ရောဂါသည်တွေအတွက်ထောင်ကိုတော့ ၁၉၇၄ ခုနှစ်မှာ ပိတ်ပစ်ခဲ့ပါတယ်။
ဒီထောင်မှာသေဆုံးသွားသူတွေရဲ့ တီးတိုးစကားသံတွေကို နံရံတွေနောက်မှာကြားနေရဆဲလို့ ဆိုပါတယ်။ တချို့  ဒီလိုထိတ်လန့် ဖွယ်နေရာတွေကို သွားရောက်စူးစမ်းသူတွေက ဒီအဆောက်အဦးထဲကို ခိုးပြီးဝင်ရောက်ခဲ့ရာမှာစင်္ကြန်လမ်းတစ်လျှောက် သွေးပျက်ဖွယ်အော်ဟစ်သံတွေကို ကြားခဲ့ရတယ်လို့ ဆိုပါတယ်။
ခုလို စိတ်ရောဂါကုဆေးရုံတွေဟာဘာကြောင့်ခြောက်လှန့် ရသလဲဆိုတော့ သေဆုံးသွားသူတွေဟာ
အသက်ရှင်စဉ်မှာ ထိတ်လန့် ဖွယ်နာကျင်မှု၊ကြောက်ရွံ့ မှုတွေနဲ့ ညှင်းပန်းခံခဲ့ရတဲ့အတွက် သူတို့ သေဆုံးသွားခဲ့ပြီလား၊ရှင်သန်ဆဲလားဆိုတာ မကွဲပြားတော့ပါဘူးတဲ့။ ဒါကြောင့် ကြောက်ရွံ့ ဖွယ်နာကျင်ခံစားခဲ့ရတဲ့ အချိန်တွေထဲမှာ ပိတ်မိနေကြပြီး ကြေကွဲဖွယ်ဘ၀မှာပဲဆက်
လက်နေထိုင်နေကြတော့တယ်။
သနားဖို့ ကောင်းတဲ့ ၀ိညာဉ်တွေဟာ ဂေါသစ်ကျောက်တုံးနံရံတွေနောက်မှာ ပိတ်မိနေကြပြီး
စိတ်တွေထုံကျင်သွားတဲ့အထိခံစားရတဲ့နေ့ စဉ်ခံစားမှုတွေဟာအဆုံးသတ်မယ်မဟုတ်တော့
ပါဘူးတဲ့။
ဒီနေ့  ဒီဆေးရုံအကြောင်း ရေးသားထားတဲ့ Buffalo State Hospital: A History of the Institution in Light and Shadow,”စာအုပ်ထုတ်ဝေတဲ့ အခမ်းအနားကိုသွားခဲ့ပါတယ်။
အောက်ကဗီဒီယိုကတော့ အဲဒီဆေးရုံမှာ တက်ရောက်ကုသခံဖူးတဲ့ လူနာတစ်ဦးနဲ့  ဆေးရုံ
ဝန်ထမ်းတစ်ဦးတို့ ရဲ့ ဆေးရုံအကြောင်းပြန်ပြောင်းပြောကြားမှုတွေဖြစ်ပါတယ်။

တနေ့ ကရောက်ခဲ့တဲ့ နိုင်ယာဂရာရေတံခွန်က ညီအမသုံးဖော်ကျွန်း။တချို့ နေရာတွေမှာ စီးနေတဲ့ရေတွေတောင်ခဲလို့ ။ရာသီဥတုဆိုးလို့  ...

Posted by City Life Buffalo on Friday, 15 January 2016

No comments:

Post a Comment