Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 17, 2016

ရန္ကုန္-မႏၱေလးကားလမ္းေပၚတြင္ ယာဥ္သံုးစီးတုိက္


ေရတာရွည္ ဇန္နဝါရီ ၁၆

ပဲခူးတုိင္းေဒသႀကီး ေရတာရွည္ ၿမိဳ႕တြင္း ရန္ကုန္-မႏၲေလးကားလမ္း ေပၚတြင္ ဇန္နဝါရီ ၁၄ ရက္ ည ၁ဝ နာရီခြဲခန္႔၌ ေရွ႕မွသြားေနသည့္ ယာဥ္တစ္စီးက လမ္းေဘးသို႔ ေကြ႕စဥ္ ေနာက္မွ ေမာင္းႏွင္လာသည့္ ယာဥ္က ဘရိတ္အုပ္ရာ ယာဥ္သံုးစီး တုိက္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ေရတာရွည္ၿမိဳ႕ အမွတ္(၄)ရပ္ကြက္ ရန္ကုန္-မႏၲေလး ကားလမ္း၌ ေတာင္မွေျမာက္သို႔ သန္းစိုး(၅၅)ႏွစ္ ေက်ာက္ပန္းေတာင္း ၿမိဳ႕ေနသူ ေမာင္းႏွင္လာသည့္ 8J/------နီဆန္း(၁၂)ဘီးကုန္တင္ ယာဥ္သည္ မိုင္တိုင္ (၁၉ဝ/၁ႏွင့္ ၂) ၾကားအေရာက္ ေရွ႕မွသြားေနေသာ ယာဥ္က လမ္း၏အေရွ႕ဘက္သို႔ ေကြ႕သည္ကို ေတြ႕ရွိသျဖင့္ အရွိန္ ေလွ်ာ့ ဘရိတ္အုပ္လုိက္စဥ္ ေနာက္မွ သန္႔ဇင္(၃၆)ႏွစ္ (၂)ရပ္ကြက္ ေအာင္ပန္းၿမိဳ႕ေနသူ ေမာင္းႏွင္လာ သည့္ ၂စ/----- CHANLONG (၂၂)ဘီးကုန္တင္ယာဥ္က ဝင္တုိက္မိခဲ့ၿပီး ကားလမ္းအေရွ႕ဘက္၌ ရပ္တန္႔ ထားသည့္ 5H/-----CHACMAN ေျခာက္ဘီး ႀကံတင္ယာဥ္၏ ဝဲဘက္ ျခမ္းကိုပါ တုိက္မိခဲ့သည္။

ေရွ႕မွသြားေနေသာ ယာဥ္မွာ ေနာက္ပိုင္းအနည္းငယ္သာ ပ်က္စီးခဲ့ၿပီး ေနာက္ဘက္မွဝင္တိုက္သည့္ (၂၂)ဘီးကုန္တင္ယာဥ္မွာ ေရွ႕ေခါင္း တစ္ခုလံုးပ်က္စီးသြားခဲ့ကာ ေျခာက္ဘီး ႀကံတင္ယာဥ္၏ ဝဲဘက္ျခမ္းအနည္းငယ္ပ်က္စီးသြားခဲ့၍ ေရတာရွည္ၿမိဳ႕မ ရဲစခန္းက အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားေၾကာင္း သိရသည္။

ကိုလြင္(ဆြာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
............


ရေတာရှည် ဇန်နဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီး ရေတာရှည် မြို့တွင်း ရန်ကုန်-မန္တလေးကားလမ်း ပေါ်တွင် ဇန်နဝါရီ ၁၄ ရက် ည ၁ဝ နာရီခွဲခန့်၌ ရှေ့မှသွားနေသည့် ယာဉ်တစ်စီးက လမ်းဘေးသို့ ကွေ့စဉ် နောက်မှ မောင်းနှင်လာသည့် ယာဉ်က ဘရိတ်အုပ်ရာ ယာဉ်သုံးစီး တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရေတာရှည်မြို့ အမှတ်(၄)ရပ်ကွက် ရန်ကုန်-မန္တလေး ကားလမ်း၌ တောင်မှမြောက်သို့ သန်းစိုး(၅၅)နှစ် ကျောက်ပန်းတောင်း မြို့နေသူ မောင်းနှင်လာသည့် 8J/------နီဆန်း(၁၂)ဘီးကုန်တင် ယာဉ်သည် မိုင်တိုင် (၁၉ဝ/၁နှင့် ၂) ကြားအရောက် ရှေ့မှသွားနေသော ယာဉ်က လမ်း၏အရှေ့ဘက်သို့ ကွေ့သည်ကို တွေ့ရှိသဖြင့် အရှိန် လျှော့ ဘရိတ်အုပ်လိုက်စဉ် နောက်မှ သန့်ဇင်(၃၆)နှစ် (၂)ရပ်ကွက် အောင်ပန်းမြို့နေသူ မောင်းနှင်လာ သည့် ၂စ/----- CHANLONG (၂၂)ဘီးကုန်တင်ယာဉ်က ဝင်တိုက်မိခဲ့ပြီး ကားလမ်းအရှေ့ဘက်၌ ရပ်တန့် ထားသည့် 5H/-----CHACMAN ခြောက်ဘီး ကြံတင်ယာဉ်၏ ဝဲဘက် ခြမ်းကိုပါ တိုက်မိခဲ့သည်။

ရှေ့မှသွားနေသော ယာဉ်မှာ နောက်ပိုင်းအနည်းငယ်သာ ပျက်စီးခဲ့ပြီး နောက်ဘက်မှဝင်တိုက်သည့် (၂၂)ဘီးကုန်တင်ယာဉ်မှာ ရှေ့ခေါင်း တစ်ခုလုံးပျက်စီးသွားခဲ့ကာ ခြောက်ဘီး ကြံတင်ယာဉ်၏ ဝဲဘက်ခြမ်းအနည်းငယ်ပျက်စီးသွားခဲ့၍ ရေတာရှည်မြို့မ ရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

ကိုလွင်(ဆွာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment