Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 17, 2016

အစိုးရသစ္ကုိ စာရင္းဇယားမ်ားလႊဲရန္ ဝန္ႀကီးဌာနမ်ားအတြက္ အခ်ိန္သတ္မွတ္

ႏုုိင္ငံေတာ္ အႀကီးအကဲတာ၀န္နဲ႔ အစိုုးရအဖြဲ႕တာ၀န္ စနစ္တက် လႊဲေျပာင္းေရးဆိုုင္ရာ ညိွႏိႈင္းအစည္းအေ၀းကိုု ဒီဇင္ဘာလ ၁၆ ရက္ေန႔က ေနျပည္ေတာ္မွာျပဳလုပ္စဥ္ Photo: U Ye Htut Facebook
ျပည္ေထာင္စုဝန္ႀကီးဌာနေတြ အေနနဲ႔ အစိုးရသစ္ဆီလႊဲေျပာင္းေပးရမယ့္ စာရင္းဇယားေတြကို လာမယ့္ မတ္လ ၁၅ ရက္ေန႔ ေနာက္ဆံုးထားၿပီး ႏိုင္ငံေတာ္ သမၼတရံုးဆီ တင္ျပရမယ္လို႔ ႏိုင္ငံေတာ္ သမၼတရံုး ညႊန္ၾကားေရးမႈး က ေျပာၾကားလိုက္ပါတယ္။

အေသးစိတ္အခ်က္အလတ္ေတြကို လာမယ့္သီတင္းပတ္မွာ ထုတ္ျပန္ေပးသြားမယ္လို႔ ႏိုင္ငံေတာ္သမၼတရံုး ညႊန္ၾကားေရးမႈး ဦးေဇာ္ေဌးက ေျပာပါတယ္။

"မွန္ပါတယ္၊ အခုေလာေလာဆယ္ေတာ့ က်ေနာ္တို႔ေျပာလို႔မရေသးဘူး၊ ေနာက္သတင္းထုတ္မယ္ဗ်၊ ေနာက္အပတ္ထဲေတာ့"

၂၀၁၅ ေရြးေကာက္ပြဲမွာ အႏိုင္ရထားတဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီကို အစိုးရ တာ၀န္လႊဲ ေျပာင္းေပးဖို႔အတြက္ အစိုးရဘက္က တာ၀န္လႊဲေျပာင္း အေထာက္ကူျပဳေကာ္မတီကို ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၁၀ ရက္ေန႔က ဖဲ႔ြစည္းခဲ့ၿပီးျဖစ္ပါတယ္။

တာ၀န္လႊဲေျပာင္း အေထာက္အကူျပဳေကာ္မတီထဲမွာ ျပည္ေထာင္စု၀န္ႀကီး ဦးလွထြန္းက ဥကၠဌအျဖစ္ တာ၀န္ယူထားၿပီး ျပန္ၾကားေရး၀န္ႀကီးဌာန ျပည္ေထာင္စု ၀န္ႀကီး ဦးရဲထြဋ္၊ နိုင္ငံေတာ္သမၼတရံုး ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးလွထြန္း၊ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေမာင္ေမာင္အုန္းနဲ႔ နိုင္ငံေတာ္ သမၼတရံုး ညႊန္ၾကားေရးမွဴး ဦးေဇာ္ေဌးတို႔ ပါဝင္ပါတယ္။

NLD ပါတီရဲ့ အသြင္ကူးေျပာင္းေရးအဖြဲ႔မွာေတာ့ ဗဟိုအလုပ္မႈေဆာင္အဖြဲ႔၀င္ ဦး၀င္းထိန္၊ ေဒါက္တာ မ်ိဴးေအာင္နဲ႔ ရန္ကုန္တကၠသိုလ္ ပါေမာကၡခ်ဳပ္ (အၿငိမ္းစား) ေဒါက္တာေအာင္သူတို႔ ပါ၀င္ၾကပါတယ္။

RFA Burmese
http://www.rfa.org/burmese
..........
 နုုိင်ငံတော် အကြီးအကဲတာဝန်နဲ့ အစိုုးရအဖွဲ့တာဝန် စနစ်တကျ လွှဲပြောင်းရေးဆိုုင်ရာ ညှိနှိုင်းအစည်းအဝေးကိုု ဒီဇင်ဘာလ ၁၆ ရက်နေ့က နေပြည်တော်မှာပြုလုပ်စဉ် Photo: U Ye Htut Facebook
ပြည်ထောင်စုဝန်ကြီးဌာနတွေ အနေနဲ့ အစိုးရသစ်ဆီလွှဲပြောင်းပေးရမယ့် စာရင်းဇယားတွေကို လာမယ့် မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံတော် သမ္မတရုံးဆီ တင်ပြရမယ်လို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှုး က ပြောကြားလိုက်ပါတယ်။

အသေးစိတ်အချက်အလတ်တွေကို လာမယ့်သီတင်းပတ်မှာ ထုတ်ပြန်ပေးသွားမယ်လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှုး ဦးဇော်ဌေးက ပြောပါတယ်။

"မှန်ပါတယ်၊ အခုလောလောဆယ်တော့ ကျနော်တို့ပြောလို့မရသေးဘူး၊ နောက်သတင်းထုတ်မယ်ဗျ၊ နောက်အပတ်ထဲတော့"

၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို အစိုးရ တာဝန်လွှဲ ပြောင်းပေးဖို့အတွက် အစိုးရဘက်က တာဝန်လွှဲပြောင်း အထောက်ကူပြုကော်မတီကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့က ဖွဲ့စည်းခဲ့ပြီးဖြစ်ပါတယ်။

တာဝန်လွှဲပြောင်း အထောက်အကူပြုကော်မတီထဲမှာ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ဥက္ကဌအဖြစ် တာဝန်ယူထားပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးရဲထွဋ်၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်းနဲ့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့ ပါဝင်ပါတယ်။

NLD ပါတီရဲ့ အသွင်ကူးပြောင်းရေးအဖွဲ့မှာတော့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်၊ ဒေါက်တာ မျိူးအောင်နဲ့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် (အငြိမ်းစား) ဒေါက်တာအောင်သူတို့ ပါ၀င်ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment