စမ္းေခ်ာင္းၿမိဳ႕နယ္ မဟာၿမိဳင္လမ္းတြင္ ဇန္နဝါရီလ ၂၃ ရက္ ည ၈ နာရီ ၄၅ မိနစ္ခန္႔က အလုပ္မွေနအိမ္သို႔လမ္းေလွ်ာက္ျပန္လာသည့္ ရန္ကုန္တိုင္းေဒသႀကီး လုံၿခံဳေရးရဲတပ္ဖြဲ႔ခြဲမွ ဒုရဲမွဴးေဒၚမိုးသူဇာကို ေမာ္ေတာ္ဆိုင္ကယ္တစ္စီးေပၚမွ အမ်ိဳးသားႏွစ္ဦးက တြန္းလွဲကာ လက္ကိုင္အိတ္လုယူထြက္ေျပးခဲ့ေၾကာင္း စမ္းေခ်ာင္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႔မွ ရဲမွဴးဝင္းျမင့္ဦးက ဆိုသည္။
အဆိုပါလုယက္ခံရသည့္ လက္ကိုင္အိတ္အတြင္းတြင္ ဒုရဲမွဴးကိုင္ေဆာင္သည့္ လက္ကိုင္ဖုန္းႏွစ္လံုးပါရွိသျဖင့္ ရဲတပ္ဖြဲ႔က ဆက္သြယ္ေရးနည္းပညာျဖင့္ ေျခရာခံလိုက္ခဲ့ရာ ယင္းညတြင္ပင္ လုယက္မႈက်ဴးလြန္ခဲ့သူႏွစ္ဦးမွ အသက္ ၁၉ ႏွစ္ အရြယ္ မ်ိဳးမင္းထြန္းကို ကမာရြတ္ၿမိဳ႕နယ္အတြင္း သက္ေသခံပစၥည္းမ်ားႏွင့္အတူ ဖမ္းမိခဲ့ေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။
“ဒုရဲမႉးက အရပ္ဝတ္နဲ႔ ေနအိမ္ျပန္လာခ်ိန္ ေနာက္ကဆိုင္ကယ္နဲ႔လိုက္လာၿပီး လူကိုတြန္းလွဲခ်ၿပီး လက္ကိုင္အိတ္လုယူသြားတာ၊ လုယက္သူႏွစ္ဦးရဲ႕ အဝတ္အစားနဲ႔ ဆိုင္ကယ္အမ်ိဳးအစားကို ဒုရဲမႉးက မွတ္မိလိုက္တယ္၊ သတင္း ရရခ်င္း ဆိုင္ကယ္ေမာင္းေျပးႏိုင္တဲ့ လမ္းေၾကာင္းေတြကို ပိတ္ဆို႔ခိုင္းၿပီး စုံစမ္းရာက လုယက္မႈ က်ဴးလြန္သူႏွစ္ေယာက္က တစ္ေယာက္ကို ဖမ္းမိခဲ့တယ္ ” ဟု ၎က ထပ္မံေျပာၾကားသည္။
အဆိုပါ လုယက္မႈက်ဴးလြန္သူႏွစ္ဦးမွာ ေ႐ႊျပည္သာၿမိဳ႕နယ္ ၁/ ၁၇ ရပ္ကြက္ရွိ က်ဴးေက်ာ္ေနအိမ္မ်ားတြင္ ေနထိုင္သူမ်ားျဖစ္ၿပီး ၎တို႔ကို ျပစ္မႈပုဒ္မ ၃၈၂ ျဖင့္ အမႈဖြင့္ စုံစမ္းစစ္ေဆးေနေၾကာင္း ရန္ကုန္အေနာက္ပိုင္းခ႐ိုင္
ရဲတပ္ဖြဲ႕မႉး႐ုံးထံမွ သိရွိရသည္။
The Voice Weekly
.................
စမ်းချောင်းတွင် ဒုရဲမှူးတစ်ဦး လုယက်ခံရ
စမ်းချောင်းမြို့နယ် မဟာမြိုင်လမ်းတွင် ဇန်နဝါရီလ ၂၃ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်က အလုပ်မှနေအိမ်သို့လမ်းလျှောက်ပြန်လာသည့် ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ဒုရဲမှူးဒေါ်မိုးသူဇာကို မော်တော်ဆိုင်ကယ်တစ်စီးပေါ်မှ အမျိုးသားနှစ်ဦးက တွန်းလှဲကာ လက်ကိုင်အိတ်လုယူထွက်ပြေးခဲ့ကြောင်း စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးဝင်းမြင့်ဦးက ဆိုသည်။
အဆိုပါလုယက်ခံရသည့် လက်ကိုင်အိတ်အတွင်းတွင် ဒုရဲမှူးကိုင်ဆောင်သည့် လက်ကိုင်ဖုန်းနှစ်လုံးပါရှိသဖြင့် ရဲတပ်ဖွဲ့က ဆက်သွယ်ရေးနည်းပညာဖြင့် ခြေရာခံလိုက်ခဲ့ရာ ယင်းညတွင်ပင် လုယက်မှုကျူးလွန်ခဲ့သူနှစ်ဦးမှ အသက် ၁၉ နှစ် အရွယ် မျိုးမင်းထွန်းကို ကမာရွတ်မြို့နယ်အတွင်း သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ဒုရဲမှူးက အရပ်ဝတ်နဲ့ နေအိမ်ပြန်လာချိန် နောက်ကဆိုင်ကယ်နဲ့လိုက်လာပြီး လူကိုတွန်းလှဲချပြီး လက်ကိုင်အိတ်လုယူသွားတာ၊ လုယက်သူနှစ်ဦးရဲ့ အဝတ်အစားနဲ့ ဆိုင်ကယ်အမျိုးအစားကို ဒုရဲမှူးက မှတ်မိလိုက်တယ်၊ သတင်း ရရချင်း ဆိုင်ကယ်မောင်းပြေးနိုင်တဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ခိုင်းပြီး စုံစမ်းရာက လုယက်မှု ကျူးလွန်သူနှစ်ယောက်က တစ်ယောက်ကို ဖမ်းမိခဲ့တယ် ” ဟု ၎င်းက ထပ်မံပြောကြားသည်။
အဆိုပါ လုယက်မှုကျူးလွန်သူနှစ်ဦးမှာ ရွှေပြည်သာမြို့နယ် ၁/ ၁၇ ရပ်ကွက်ရှိ ကျူးကျော်နေအိမ်များတွင် နေထိုင်သူများဖြစ်ပြီး ၎င်းတို့ကို ပြစ်မှုပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးနေကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင်
ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
The Voice Weekly
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment