ကမၻာ့အေတာ္ဆုံး သိပၸံပညာရွင္ ၁၀၀ မွာပါတဲ့ ပါေမာကၡေဒါက္တာေစာေ၀လွက သူ႔ရဲ႕ဘ၀ျဖတ္သန္းမႈအေတြ႕အႀကဳံေတြကို ရန္ကုန္ၿမိဳ႕မွာ ပထမဆုံးအႀကိမ္ ေဟာေျပာသြားမယ္လို႔ သိရပါတယ္။
ဗဟန္းၿမိဳ႕နယ္ တကၠသိုလ္ရိပ္သာလမ္းသစ္နဲ႔ ဆရာစံလမ္းေထာင့္က CB Center ငါးလႊာမွာ ဒီေန႔ (ဇန္နဝါရီလ ၁၀ ရက္) မြန္းလြဲ ၂ နာရီကေန ညေန ၅ နာရီအထိ ေဟာေျပာသြားမွာပါ။
ပါေမာကၡေဒါက္တာေစာေ၀လွရဲ႕ မိဘႏွစ္ပါးလုံးက စစ္ေတြဇာတိျဖစ္ၿပီး ရခုိင္လူမ်ဳိးေတြလို႔ သိရပါတယ္။
ျမန္မာလူမ်ဳိးထဲမွာ ထူးထူး ခၽြန္ခၽြန္ရွိလုိ႔ ေဟာေျပာပြဲစီစဥ္ၿပီး ဂုဏ္ျပဳတာလို႔လည္း မဟာႏြယ္ေဖာင္ေဒးရွင္းက ပြဲစီစဥ္သူ ေဒၚျမသဇင္ၫြန္႔က ေျပာပါတယ္။
အသက္ ၅၃ ႏွစ္အရြယ္ ပါေမာကၡေဒါက္တာေစာေ၀လွဟာ ၁၉၉၃ မွာ ပါရဂူေက်ာင္းသားဘ၀စခဲ့ၿပီး ဂ်ာမနီဘာလင္တကၠသုိလ္မွာ ဧည့္ပါေမာကၡအေနနဲ႔သင္ျပေပးဖို႔ ကမ္းလွမ္းခံခဲ့ရပါတယ္။
ဘာလင္တကၠသိုလ္မွာ နာႏုိ႐ူပေဗဒကို ေလ့လာရင္း Chemical Reaction ကို ေမာ္လီက်ဴးတစ္လုံးတည္းနဲ႔ ထုတ္လုပ္ႏုိင္တဲ့နည္းကို ရွာေဖြေတြ႕ရွိခဲ့သူပါ။
ကမၻာေပၚမွာဘယ္ သိပၸံပညာရွင္မွ မေအာင္ျမင္ေသးတာကို ေဒါက္တာေစာေ၀လွက ပထမဆုံးအႀကိမ္ ေအာင္ျမင္ခဲ့ၿပီး ၂၀၀၀ ျပည့္ႏွစ္မွာ ကမၻာ့ထိပ္တန္းသိပၸံပညာရွင္ ၁၀၀ စာရင္းဝင္ခဲ့တာပါ။
လက္ရွိအခ်ိန္မွာ အုိဟုိင္းယုိးတကၠသိုလ္ရဲ႕ ရာသက္ပန္ပါေမာကၡ တစ္ဦးျဖစ္တဲ့ ေဒါက္တာေစာေဝလွဟာ အေမရိကန္ႏုိင္ငံ စြမ္းအင္၀န္ႀကီးဌာနရဲ႕ စီမံကိန္းေတြမွာလည္း တာ၀န္ထမ္းေဆာင္ေနပါတယ္။
Source : 7Day Daily
Photo : Robert Hardin
Credit: duwun
.....................
မြန်မာနိုင်ငံမှာ ဟောပြောပွဲလုပ်မယ့် ကမ္ဘာ့အတော်ဆုံး သိပ္ပံပညာရှင်စာရင်းဝင် ဒေါက်တာစောဝေလှ
ကမ္ဘာ့အတော်ဆုံး သိပ္ပံပညာရှင် ၁၀၀ မှာပါတဲ့ ပါမောက္ခဒေါက်တာစောဝေလှက သူ့ရဲ့ဘဝဖြတ်သန်းမှုအတွေ့အကြုံတွေကို ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ် ဟောပြောသွားမယ်လို့ သိရပါတယ်။
ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းသစ်နဲ့ ဆရာစံလမ်းထောင့်က CB Center ငါးလွှာမှာ ဒီနေ့ (ဇန်နဝါရီလ ၁၀ ရက်) မွန်းလွဲ ၂ နာရီကနေ ညနေ ၅ နာရီအထိ ဟောပြောသွားမှာပါ။
ပါမောက္ခဒေါက်တာစောဝေလှရဲ့ မိဘနှစ်ပါးလုံးက စစ်တွေဇာတိဖြစ်ပြီး ရခိုင်လူမျိုးတွေလို့ သိရပါတယ်။
မြန်မာလူမျိုးထဲမှာ ထူးထူး ချွန်ချွန်ရှိလို့ ဟောပြောပွဲစီစဉ်ပြီး ဂုဏ်ပြုတာလို့လည်း မဟာနွယ်ဖောင်ဒေးရှင်းက ပွဲစီစဉ်သူ ဒေါ်မြသဇင်ညွန့်က ပြောပါတယ်။
အသက် ၅၃ နှစ်အရွယ် ပါမောက္ခဒေါက်တာစောဝေလှဟာ ၁၉၉၃ မှာ ပါရဂူကျောင်းသားဘဝစခဲ့ပြီး ဂျာမနီဘာလင်တက္ကသိုလ်မှာ ဧည့်ပါမောက္ခအနေနဲ့သင်ပြပေးဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။
ဘာလင်တက္ကသိုလ်မှာ နာနိုရူပဗေဒကို လေ့လာရင်း Chemical Reaction ကို မော်လီကျူးတစ်လုံးတည်းနဲ့ ထုတ်လုပ်နိုင်တဲ့နည်းကို ရှာဖွေတွေ့ရှိခဲ့သူပါ။
ကမ္ဘာပေါ်မှာဘယ် သိပ္ပံပညာရှင်မှ မအောင်မြင်သေးတာကို ဒေါက်တာစောဝေလှက ပထမဆုံးအကြိမ် အောင်မြင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှာ ကမ္ဘာ့ထိပ်တန်းသိပ္ပံပညာရှင် ၁၀၀ စာရင်းဝင်ခဲ့တာပါ။
လက်ရှိအချိန်မှာ အိုဟိုင်းယိုးတက္ကသိုလ်ရဲ့ ရာသက်ပန်ပါမောက္ခ တစ်ဦးဖြစ်တဲ့ ဒေါက်တာစောဝေလှဟာ အမေရိကန်နိုင်ငံ စွမ်းအင်ဝန်ကြီးဌာနရဲ့ စီမံကိန်းတွေမှာလည်း တာဝန်ထမ်းဆောင်နေပါတယ်။
Source : 7Day Daily
Photo : Robert Hardin
Credit: duwun
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Saturday, January 9, 2016
ျမန္မာႏိုင္ငံမွာ ေဟာေျပာပြဲလုပ္မယ့္ ကမၻာ့အေတာ္ဆုံး သိပၸံပညာရွင္စာရင္း၀င္ ေဒါက္တာေစာေ၀လွ
ျမန္မာႏိုင္ငံမွာ ေဟာေျပာပြဲလုပ္မယ့္ ကမၻာ့အေတာ္ဆုံး သိပၸံပညာရွင္စာရင္း၀င္ ေဒါက္တာေစာေ၀လွ
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 09, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment