CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Friday, January 15, 2016
ကမာၻ႔ အဆိပ္အျပင္းဆုံး သစ္ပင္
ေပၚထြန္း
ဒီ ေတာင္အေမရိက ေပါက္ အပင္က ကမာၻမွာ အဆိပ္အေတာက္ အျပင္းရွဆုံး အပင္အျဖစ္ Guinness Book of Records မွာ တရားဝင္ မွတ္တမ္းတင္ခံထားပါတယ္။ အသီးကို Manchineel "hippomane mancinella" လုိ႔ ေခၚျပီး လွပ၊ အရည္ရႊန္းတဲ့ ပန္းသီး သို႔မဟုတ္ သံပုယုိသီးတစ္လုံးနဲ႔ ဆင္တူေပမယ့္ စားၾကည့္လုုိက္မယ္ဆုိရင္ ဘဝမွာ ေနာက္ဆုံး စားတဲ့ အစားအစာ ျဖစ္သြားႏိုင္ပါတယ္။
ေတာင္အေမရိကမွာ သူ႔ကို "Tree of Death" ေသမင္းတမံ သစ္ပင္ လုိ႔လည္း ေခၚပါတယ္။ ဒီ အသက္ ေသေစႏုိင္တဲ့ သစ္ပင္က အဆိပ္အရမ္းျပင္းလြန္းတာေၾကာင့္ မိုးရြာတဲ့အခ်ိန္ ေဘးနား ရပ္ေနရင္ေတာင္ အဆိပ္သင့္ ခံရႏုိင္ပါတယ္။
ဒီအပင္ကေန သီးတဲ့ အသီးက အဆိပ္ျပင္းထန္လြန္းတာေၾကာင့္ တစ္ခ်က္ ကိုက္ရုံနဲ႔ က်န္းမာေရးျပသနာ ဆုိးရြားစြာ ျဖစ္ေစပါလိမ့္မယ္။ ပထမ တစ္ကုိက္က ဓာတ္မတည့္မႈမ်ဳိး အသက္ရွဴမြန္းက်ပ္ေစမယ္။ အကုန္စားလုိက္ ရင္ေတာ့ ေသမင္း မုခ် ေရာက္လာေတာ့တာ ပါပဲ။ ဒါ့ေၾကာင့္ ကမာၻလွည့္ခရီးသြားမ်ား အသက္လုံျခဳံမႈအတြက္ ဒီအပင္ကို အနီေရာင္ "X" စလုံးနဲ႔ အသီးေတြ မစားၾကည့္ဖုိ႔ သတိေပးပါတယ္။
ဒါေပမယ့္ ဒီအသက္ေစႏုိင္တဲ့ အပင္မွာ အက်ဳိးျပဳတဲ့ အပုိင္းလည္း ရိွေနျပန္ပါတယ္။ ေျမဆီလႊာတုိက္စားျခင္းမွာ ကာကြယ္ေပးတယ္။ ေနာက္ျပီး ေဂဟစနစ္တစ္ခုလုံးအတြက္ အလြန္အေရးၾကီးတယ္။ ဒါ့ေၾကာင့္ ဒီအပင္ကို ခုတ္လဲွ ဖ်က္ဆီးျခင္းကို ႏုိင္ငံအမ်ားစုမွာ ဥပေဒနဲ႔ တားျမစ္ထားပါတယ္။
Ref:healthyfoodstar
http://www.trend.com.mm/2016/01/15/environment-8586
.............................................................................
ကမ္ဘာ့ အဆိပ်အပြင်းဆုံး သစ်ပင်
ပေါ်ထွန်း
ဒီ တောင်အမေရိက ပေါက် အပင်က ကမ္ဘာမှာ အဆိပ်အတောက် အပြင်းရှဆုံး အပင်အဖြစ် Guinness Book of Records မှာ တရားဝင် မှတ်တမ်းတင်ခံထားပါတယ်။ အသီးကို Manchineel "hippomane mancinella" လို့ ခေါ်ပြီး လှပ၊ အရည်ရွှန်းတဲ့ ပန်းသီး သို့မဟုတ် သံပုယိုသီးတစ်လုံးနဲ့ ဆင်တူပေမယ့် စားကြည့်လုုိက်မယ်ဆိုရင် ဘဝမှာ နောက်ဆုံး စားတဲ့ အစားအစာ ဖြစ်သွားနိုင်ပါတယ်။
တောင်အမေရိကမှာ သူ့ကို "Tree of Death" သေမင်းတမံ သစ်ပင် လို့လည်း ခေါ်ပါတယ်။ ဒီ အသက် သေစေနိုင်တဲ့ သစ်ပင်က အဆိပ်အရမ်းပြင်းလွန်းတာကြောင့် မိုးရွာတဲ့အချိန် ဘေးနား ရပ်နေရင်တောင် အဆိပ်သင့် ခံရနိုင်ပါတယ်။
ဒီအပင်ကနေ သီးတဲ့ အသီးက အဆိပ်ပြင်းထန်လွန်းတာကြောင့် တစ်ချက် ကိုက်ရုံနဲ့ ကျန်းမာရေးပြသနာ ဆိုးရွားစွာ ဖြစ်စေပါလိမ့်မယ်။ ပထမ တစ်ကိုက်က ဓာတ်မတည့်မှုမျိုး အသက်ရှူမွန်းကျပ်စေမယ်။ အကုန်စားလိုက် ရင်တော့ သေမင်း မုချ ရောက်လာတော့တာ ပါပဲ။ ဒါ့ကြောင့် ကမ္ဘာလှည့်ခရီးသွားများ အသက်လုံခြုံမှုအတွက် ဒီအပင်ကို အနီရောင် "X" စလုံးနဲ့ အသီးတွေ မစားကြည့်ဖို့ သတိပေးပါတယ်။
ဒါပေမယ့် ဒီအသက်စေနိုင်တဲ့ အပင်မှာ အကျိုးပြုတဲ့ အပိုင်းလည်း ရှိနေပြန်ပါတယ်။ မြေဆီလွှာတိုက်စားခြင်းမှာ ကာကွယ်ပေးတယ်။ နောက်ပြီး ဂေဟစနစ်တစ်ခုလုံးအတွက် အလွန်အရေးကြီးတယ်။ ဒါ့ကြောင့် ဒီအပင်ကို ခုတ်လှဲ ဖျက်ဆီးခြင်းကို နိုင်ငံအများစုမှာ ဥပဒေနဲ့ တားမြစ်ထားပါတယ်။
Ref:healthyfoodstar
http://www.trend.com.mm/2016/01/15/environment-8586
ကမာၻ႔ အဆိပ္အျပင္းဆုံး သစ္ပင္
Reviewed by MP4 YoU
on
January 15, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment