Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 10, 2016

၇၈ ႀကိမ္ေျမာက္ ကရင္ႏွစ္သစ္ကူးေန႔အခမ္းအနား အထူးစည္ကား

ကရင္ႏွစ္သစ္ကူးပြဲေတာ္ ေဖ်ာ္ေျဖပြဲ ျမင္ကြင္းတခု။ ဇန္န၀ါရီ ၁၀၊ ၂၀၁၆။
ျပည္ေထာင္စုတစ္ခုလံုးအတြက္ အေရးႀကီးၿပီး ကရင္လူမ်ိဳးေတြလည္း လိုလားေတာင့္တေနတဲ႔ ျငိမ္းခ်မ္းေရးကိစၥကို ရင္ဆိုင္ ေျဖရွင္းၾကဖို႔ ကရင္ႏွစ္သစ္ကူးေန႔ေပးပို႔တဲ့သ၀ဏ္လႊာထဲမွာ ေဒၚေအာင္ဆန္းစုၾကည္က တိုက္တြန္းေျပာၾကားထားပါတယ္။ ၇၉ ၾကိမ္ေျမာက္ ကရင္ႏွစ္သစ္ကူးပဲြေတာ္ေတြကိုေတာ့ ရန္ကုန္ျမိဳ႔ အင္းစိန္ျမိဳ႔နယ္ အာလိန္ငါးဆင့္ေက်ာင္းမွာ ဇန္န၀ါရီလ ၉ ရက္ ေန႔ကေန ၁၁ ရက္ေန႔အထိ ၃ ရက္တာက်င္းပေနတာပါ။ ကရင္ဒံုးအကျပိဳင္ပဲြေတာ္၊ ကရင္ရိုးရာ လက္ေ၀ွ႔ျပိဳင္ပဲြေတြနဲ႔ ကရင္ ျပည္နယ္က ရင္တိုင္းရင္းသားေတြအေၾကာင္း ပံုေဖာ္ထားတဲ႔ ပန္းခ်ီကားေတြလည္း ဒီပဲြေတာ္မွာ ခင္းက်င္းျပသထားပါတယ္။ ကရင္ႏွစ္သစ္ကူးပြဲေတာ္ က်င္းပတဲ့ေနရာမွာ ကိုယ္တိုင္သြားၿပီး သတင္းယူခဲ့တဲ့ ဗီြအိုေအ ျမန္မာပိုင္း သတင္းေထာက္ ကိုထက္ေအာင္က ဆက္ေျပာျပပါမယ္။

ဒီကေန႔ က်ေရာက္တဲ႔ ၇၈ ၾကိမ္ေျမာက္ ကရင္ႏွစ္သစ္ကူးပဲြေတာ္ကို ကရင္ျပည္နယ္နဲ႔ ရန္ကုန္ျမိဳ႔အပါအ၀င္ တျခား နယ္ျမိဳ႔ေတြမွာလည္း စည္စည္ကားကား သို္က္သိုက္၀န္း၀န္း က်င္းပေနပါတယ္။ ဒီႏွစ္သစ္ကူးပဲြေတာ္အထိမ္းအမွတ္အျဖစ္ အမ်ိဳးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ကလည္း ႏွစ္သစ္ကူး သ၀ဏ္လႊာေပးပို႔ခဲ႔တယ္လို႔ ရန္ကုန္တိုင္း ကရင္ႏွစ္သစ္ကူးက်င္းပေရး ေကာ္မဏီက အေထာက္အကူျပဳနာယက ဦးမန္းဖိုးေစာက ေျပာပါတယ္။

“အထူးသျဖင့္ NLD က ဥကၠ႒ႀကီး ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ သူ ႏွစ္သစ္ကူးသဝဏ္လႊာ က်ေနာ္တို႔ကို ေပးပို႔ပါတယ္။”

ေဒၚေအာင္ဆန္းစုၾကည္ ေပးပို႔တဲ႔ ႏွစ္သစ္ကူးသ၀ဏ္လႊာထဲမွာေတာ႔ ေနာက္ႏွစ္သစ္မွာ အားလံုး မထိေတြ႔ရေသးတဲ႔ ႏိုင္ငံေရး အေျခအေနသစ္တစ္ခုကို ၾကံဳေတြ႔ရေတာ့မွာျဖစ္သလို ကရင္တစ္မ်ိဳးသားလံုးလည္း လိုလားေတာင့္တေနျပီး ျပည္ေထာင္စု တစ္ခုလံုးအတြက္လည္း အေရးၾကီးတဲ႔ ျငိမ္းခ်မ္းေရး ကိစၥကိုလည္း ရင္ဆိုင္ေျဖရွင္းၾကဖို႔ တိုက္တြန္း ေျပာၾကားထားတာပါ။

ရန္ကုန္ျမိဳ႔ အင္းစိန္ၿမိဳ႕နယ္မွာရွိတဲ႔ အာလိမ္ငါးဆင့္ေက်ာင္းမွာလည္း ဒီပဲြေတာ္ကို ဇန္န၀ါရီလ ၉ ရက္ေန႔ကေန ၁၁ ရက္ေန႔အထိ ၃ ရက္တာ က်င္းပေနတာပါ။ ဒီပဲြေတာ္မွာ ကရင္ဒံုးျပိဳင္ပဲြေတြ၊ ကရင္ရိုးရာ လက္ေ၀ွ႔ျပိဳင္ပဲြေတြ၊ အားကစားျပီဳင္ပဲြေတြအပါအ၀င္ ကရင္ျပည္နယ္ ကရင္တိုင္းရင္းသားေတြအေၾကာင္း ပံုေဖာ္ထားတဲ႔ ပန္းခ်ီကားေတြလည္း ဒီပဲြေတာ္မွာ ေတြ႔ရပါတယ္။ဒီႏွစ္ကရင္ႏွစ္သစ္ကူးပဲြမွာ အရင္ႏွစ္ေတြကထက္ လူပိုျပီး စည္တယ္လို႔ ဦးမန္းဖိုးေစာက ေျပာပါတယ္။

“လူအင္အားအေနနဲ႔ကေတာ့ က်ေနာ္တို႔ ေသာင္းဂဏန္းေလာက္ ခ်ီလိမ့္မယ္လို႔ေတာ့ ထင္တယ္ေနာ္။ လူကေတာ့ က်ေနာ္တို႔ခန္႔မွန္းလို႔ေတာင္မရဘူး၊ လူေပါင္းက ေျမာက္မ်ားစြာ။ က်ေနာ္တို႔ ကရင္တမ်ိဳးသားတည္းမဟုတ္ဘူး တျခားတိုင္းရင္းသားေတြလည္းလာၾကတယ္ မနက္က။ ရခိုင္ေတြေရာ ေနာက္တခါ ရွမ္းေတြေရာ က်ေနာ္တို႔ တိုင္းရင္းသားေတြ၊ ဖိတ္ၾကားထားတဲ့လူေတြေရာက္လာၾကတယ္။ ေရာက္လာၾကတဲ့အခါက်ေတာ့ ေတာ္ေတာ္ေလးကို ဒီႏွစ္ပိုၿပီးေတာ့ စီကားတယ္လို႔ က်ေနာ္ေတာ့ ျမင္ပါတယ္။”

ဒီႏွစ္ကူးပဲြေတာ္မွာ ကရင္လူမ်ိဳးအျပား လာေရာက္ ဆင္ႏြဲၾကသလို ဘိုးဘြားေတြ ျဖတ္သန္းခဲ႔ရတဲ႔ ဘ၀ေတြ ထင္ဟပ္ေပၚလြင္ေစတဲ႔ အ၀တ္အစားေတြ ၊ အသံုးအေဆာင္ေတြ၊ ကရင္လူမ်ိဳးေတြရဲ႔ ေရွးေဟာင္းယဥ္ေက်းမႈေတြဟာ ဒီပဲြထူးျခားခ်က္ျဖစ္တယ္လို႔ ဒီပဲြလာေရာက္တဲ႔ သူေတြက ေျပာပါတယ္။

“လံုး၀ ၾကည္ႏူးပါတယ္။ တကယ္ ၾကည္ႏူးပါတယ္။ အဲဒီလို ကရင္အခ်င္းခ်င္းႏွတ္ဆက္တာေတြကအစ လံုး၀ ၾကည္ႏူးပါတယ္။ ေပ်ာ္လည္းေပ်ာ္မိပါတယ္။ ဒီပြဲမွာေတာ့ အဲဒီလို ေရွးေဟာင္းပစၥည္းေလးေတြေပါ့ေနာ္၊ ဒီလို အလွအပေလးေတြေပါ့ေနာ္။ ဟိုးတုန္းက ၀တ္ခဲ့တဲ့ ကရင္ အ၀တ္အစားေလးေတြ အဲဒါမ်ိဳးေလးေတြ ပိုၿပီးေတာ့ ထူးခ်ားခ်က္ေတြ ေတြ႔ေနရပါတယ္။”

“ဒီပြဲက တႏွစ္မွ တခါဆိုေတာ့ အရမ္းကို စိတ္လႈပ္ရွားတယ္။ တခါမွ မႀကံဳဖူးဘူးေပါ့ေနာ္။ အဲဒါေၾကာင့္မို႔လို႔ ဒီကိုလာျဖစ္တာေပါ့ေနာ္။ အရမ္းလည္းစိတ္၀င္စားတဲ့အတြက္ ဒီလိုမ်ိဳးေရွးေဟာင္းပစၥည္းေတြကို တခါမွလည္း မေတြ႔ဖူးဘူးေပါ့ေနာ္။ ငယ္ငယ္ကဆိုရင္ သိပ္ၿပီးမျမင္ဘူးဖူးေပါ့ေနာ္။ အဲဒါေၾကာင့္မို႔လို႔ ဒီဟာေတြကို အခုလို ခင္းက်င္းျပသထားတဲ့အတြက္ အရမ္းကို စိတ္၀င္စားတဲ့အတြက္လာၾကည့္တာပါ။”

ဧရာ၀တီတိုင္း ပန္းတေနာ္ျမိဳ႔ကေန လာတဲ႔ ကရင္တိုင္းရင္းသား လူငယ္ ကိုေက်ာ္ဇင္စိုးနဲ႔ မသက္မာလင္းတို႔ ေျပာဆိုသြားခဲ႔တာပါ။

ဒီႏွစ္ကူးပဲြေတာ္ကို ႏွစ္စဥ္လာေရာက္ျဖစ္တဲ႔ မေနာ္ေအးေအးခိုင္ကေတာ႔ ဒီႏွစ္ကူးကစလို႔ ကရင္တစ္မ်ိဳးသားလံုး ျငိမ္းခ်မ္းဖို႔ ဆႏၵရွိေနတာပါ။

“ႏွစ္သစ္ကူး အေနနဲ႔ကေတာ့ က်မတို႔ ကရင္လူမ်ိဳးအားလံုး ၿငိမ္းခ်မ္းပါေစလို႔”

ရန္ကုန္ျမိဳ႔မွာက်င္းပတဲ႔ ကရင္ႏွစ္သစ္ကူးပဲြေတာ္မွာ မနက္အေစာပိုင္းမွာ အလံတင္ အခမ္းအနားက်င္းပခဲ႔သလို ရန္ကုန္တိုင္းက ကရင့္ေရးရာ၀န္ၾကီးကလည္း အမွာစကားေျပာဆိုခဲ႔ပါတယ္။ ဒါ့အျပင္ သမၼတ ဦးသိန္းစိန္ကလည္း ဘားအံျမိဳ႔မွာ က်င္းပတဲ႔ ကရင္ႏွစ္သစ္ကူးအခမ္းအနား တတ္ေရာက္ခဲ႔တာပါ။ ကရင္လူမ်ိဳးေတြရဲ႔ ဘ၀ဓေလ႔နဲ႔ ကိုက္ညီတဲ႔ ယဥ္ေက်းမႈ အေမြအႏွစ္ေတြကို ခ်စ္ျမတ္ႏို္းျပီးေတာ႔ ထိန္းသိမ္းတတ္ဖို႔ ႏွစ္သစ္ကူးပဲြေတာ္ကို ႏွစ္စဥ္က်င္းပသြားမယ္လို႔ ကရင္တိုင္းရင္းသားေတြက ဆိုေနၾကပါတယ္။

ထက္ေအာင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
................
 ကရင်နှစ်သစ်ကူးပွဲတော် ဖျော်ဖြေပွဲ မြင်ကွင်းတခု။ ဇန်နဝါရီ ၁၀၊ ၂၀၁၆။
ပြည်ထောင်စုတစ်ခုလုံးအတွက် အရေးကြီးပြီး ကရင်လူမျိုးတွေလည်း လိုလားတောင့်တနေတဲ့ ငြိမ်းချမ်းရေးကိစ္စကို ရင်ဆိုင် ဖြေရှင်းကြဖို့ ကရင်နှစ်သစ်ကူးနေ့ပေးပို့တဲ့သဝဏ်လွှာထဲမှာ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားထားပါတယ်။ ရ၉ ကြိမ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်တွေကိုတော့ ရန်ကုန်မြို့ အင်းစိန်မြို့နယ် အာလိန်ငါးဆင့်ကျောင်းမှာ ဇန်နဝါရီလ ၉ ရက် နေ့ကနေ ၁၁ ရက်နေ့အထိ ၃ ရက်တာကျင်းပနေတာပါ။ ကရင်ဒုံးအကပြိုင်ပွဲတော်၊ ကရင်ရိုးရာ လက်ဝှေ့ပြိုင်ပွဲတွေနဲ့ ကရင် ပြည်နယ်က ရင်တိုင်းရင်းသားတွေအကြောင်း ပုံဖော်ထားတဲ့ ပန်းချီကားတွေလည်း ဒီပွဲတော်မှာ ခင်းကျင်းပြသထားပါတယ်။ ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပတဲ့နေရာမှာ ကိုယ်တိုင်သွားပြီး သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က ဆက်ပြောပြပါမယ်။

ဒီကနေ့ ကျရောက်တဲ့ ရ၈ ကြိမ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်ကို ကရင်ပြည်နယ်နဲ့ ရန်ကုန်မြို့အပါအဝင် တခြား နယ်မြို့တွေမှာလည်း စည်စည်ကားကား သို်က်သိုက်ဝန်းဝန်း ကျင်းပနေပါတယ်။ ဒီနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း နှစ်သစ်ကူး သဝဏ်လွှာပေးပို့ခဲ့တယ်လို့ ရန်ကုန်တိုင်း ကရင်နှစ်သစ်ကူးကျင်းပရေး ကော်မဏီက အထောက်အကူပြုနာယက ဦးမန်းဖိုးစောက ပြောပါတယ်။

“အထူးသဖြင့် NLD က ဥက္ကဋ္ဌကြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သူ နှစ်သစ်ကူးသဝဏ်လွှာ ကျနော်တို့ကို ပေးပို့ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် ပေးပို့တဲ့ နှစ်သစ်ကူးသဝဏ်လွှာထဲမှာတော့ နောက်နှစ်သစ်မှာ အားလုံး မထိတွေ့ရသေးတဲ့ နိုင်ငံရေး အခြေအနေသစ်တစ်ခုကို ကြုံတွေ့ရတော့မှာဖြစ်သလို ကရင်တစ်မျိုးသားလုံးလည်း လိုလားတောင့်တနေပြီး ပြည်ထောင်စု တစ်ခုလုံးအတွက်လည်း အရေးကြီးတဲ့ ငြိမ်းချမ်းရေး ကိစ္စကိုလည်း ရင်ဆိုင်ဖြေရှင်းကြဖို့ တိုက်တွန်း ပြောကြားထားတာပါ။

ရန်ကုန်မြို့ အင်းစိန်မြို့နယ်မှာရှိတဲ့ အာလိမ်ငါးဆင့်ကျောင်းမှာလည်း ဒီပွဲတော်ကို ဇန်နဝါရီလ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ၃ ရက်တာ ကျင်းပနေတာပါ။ ဒီပွဲတော်မှာ ကရင်ဒုံးပြိုင်ပွဲတွေ၊ ကရင်ရိုးရာ လက်ဝှေ့ပြိုင်ပွဲတွေ၊ အားကစားပြီုင်ပွဲတွေအပါအဝင် ကရင်ပြည်နယ် ကရင်တိုင်းရင်းသားတွေအကြောင်း ပုံဖော်ထားတဲ့ ပန်းချီကားတွေလည်း ဒီပွဲတော်မှာ တွေ့ရပါတယ်။ဒီနှစ်ကရင်နှစ်သစ်ကူးပွဲမှာ အရင်နှစ်တွေကထက် လူပိုပြီး စည်တယ်လို့ ဦးမန်းဖိုးစောက ပြောပါတယ်။

“လူအင်အားအနေနဲ့ကတော့ ကျနော်တို့ သောင်းဂဏန်းလောက် ချီလိမ့်မယ်လို့တော့ ထင်တယ်နော်။ လူကတော့ ကျနော်တို့ခန့်မှန်းလို့တောင်မရဘူး၊ လူပေါင်းက မြောက်များစွာ။ ကျနော်တို့ ကရင်တမျိုးသားတည်းမဟုတ်ဘူး တခြားတိုင်းရင်းသားတွေလည်းလာကြတယ် မနက်က။ ရခိုင်တွေရော နောက်တခါ ရှမ်းတွေရော ကျနော်တို့ တိုင်းရင်းသားတွေ၊ ဖိတ်ကြားထားတဲ့လူတွေရောက်လာကြတယ်။ ရောက်လာကြတဲ့အခါကျတော့ တော်တော်လေးကို ဒီနှစ်ပိုပြီးတော့ စီကားတယ်လို့ ကျနော်တော့ မြင်ပါတယ်။”

ဒီနှစ်ကူးပွဲတော်မှာ ကရင်လူမျိုးအပြား လာရောက် ဆင်နွဲကြသလို ဘိုးဘွားတွေ ဖြတ်သန်းခဲ့ရတဲ့ ဘဝတွေ ထင်ဟပ်ပေါ်လွင်စေတဲ့ အဝတ်အစားတွေ ၊ အသုံးအဆောင်တွေ၊ ကရင်လူမျိုးတွေရဲ့ ရှေးဟောင်းယဉ်ကျေးမှုတွေဟာ ဒီပွဲထူးခြားချက်ဖြစ်တယ်လို့ ဒီပွဲလာရောက်တဲ့ သူတွေက ပြောပါတယ်။

“လုံးဝ ကြည်နူးပါတယ်။ တကယ် ကြည်နူးပါတယ်။ အဲဒီလို ကရင်အချင်းချင်းနှတ်ဆက်တာတွေကအစ လုံးဝ ကြည်နူးပါတယ်။ ပျော်လည်းပျော်မိပါတယ်။ ဒီပွဲမှာတော့ အဲဒီလို ရှေးဟောင်းပစ္စည်းလေးတွေပေါ့နော်၊ ဒီလို အလှအပလေးတွေပေါ့နော်။ ဟိုးတုန်းက ၀တ်ခဲ့တဲ့ ကရင် အဝတ်အစားလေးတွေ အဲဒါမျိုးလေးတွေ ပိုပြီးတော့ ထူးချားချက်တွေ တွေ့နေရပါတယ်။”

“ဒီပွဲက တနှစ်မှ တခါဆိုတော့ အရမ်းကို စိတ်လှုပ်ရှားတယ်။ တခါမှ မကြံုဖူးဘူးပေါ့နော်။ အဲဒါကြောင့်မို့လို့ ဒီကိုလာဖြစ်တာပေါ့နော်။ အရမ်းလည်းစိတ်ဝင်စားတဲ့အတွက် ဒီလိုမျိုးရှေးဟောင်းပစ္စည်းတွေကို တခါမှလည်း မတွေ့ဖူးဘူးပေါ့နော်။ ငယ်ငယ်ကဆိုရင် သိပ်ပြီးမမြင်ဘူးဖူးပေါ့နော်။ အဲဒါကြောင့်မို့လို့ ဒီဟာတွေကို အခုလို ခင်းကျင်းပြသထားတဲ့အတွက် အရမ်းကို စိတ်ဝင်စားတဲ့အတွက်လာကြည့်တာပါ။”

ဧရာဝတီတိုင်း ပန်းတနော်မြို့ကနေ လာတဲ့ ကရင်တိုင်းရင်းသား လူငယ် ကိုကျော်ဇင်စိုးနဲ့ မသက်မာလင်းတို့ ပြောဆိုသွားခဲ့တာပါ။

ဒီနှစ်ကူးပွဲတော်ကို နှစ်စဉ်လာရောက်ဖြစ်တဲ့ မနော်အေးအေးခိုင်ကတော့ ဒီနှစ်ကူးကစလို့ ကရင်တစ်မျိုးသားလုံး ငြိမ်းချမ်းဖို့ ဆန္ဒရှိနေတာပါ။

“နှစ်သစ်ကူး အနေနဲ့ကတော့ ကျမတို့ ကရင်လူမျိုးအားလုံး ငြိမ်းချမ်းပါစေလို့”

ရန်ကုန်မြို့မှာကျင်းပတဲ့ ကရင်နှစ်သစ်ကူးပွဲတော်မှာ မနက်အစောပိုင်းမှာ အလံတင် အခမ်းအနားကျင်းပခဲ့သလို ရန်ကုန်တိုင်းက ကရင့်ရေးရာဝန်ကြီးကလည်း အမှာစကားပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် သမ္မတ ဦးသိန်းစိန်ကလည်း ဘားအံမြို့မှာ ကျင်းပတဲ့ ကရင်နှစ်သစ်ကူးအခမ်းအနား တတ်ရောက်ခဲ့တာပါ။ ကရင်လူမျိုးတွေရဲ့ ဘဝဓလေ့နဲ့ ကိုက်ညီတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ချစ်မြတ်နို်းပြီးတော့ ထိန်းသိမ်းတတ်ဖို့ နှစ်သစ်ကူးပွဲတော်ကို နှစ်စဉ်ကျင်းပသွားမယ်လို့ ကရင်တိုင်းရင်းသားတွေက ဆိုနေကြပါတယ်။

ထက်အောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment