သမၼတႀကီး ဦးသိန္စိန္ အဖြဲ႕ ဂ်ာမဏီကိုေရာက္စဥ္ကလည္း ယခုစာအုပ္ေရးသားသူ ဂ်က္လိုင္ဒါကိုယ္တိုင္ သမၼတႀကီးနဲ႔အဖြဲ႕ကို ရွင္းလင္းျပသခဲ့ဖူးပါတယ္။
ဂ်ာမဏီအစိုးရလည္း ျမန္မာျပည္နဲ႔ ခ်စ္ၾကည္ေရးအျဖစ္ ယခု ေရႊေပလႊာပံုစံအတိုင္း မိတၱဴတစ္ခုကို ျပဳလုပ္လႉဒါန္းခဲ့ပါတယ္။ ထို႔အတူ ပညာရွင္ ဂ်က္လိုင္ဒါကလည္း သူျပဳစုထားတဲ့ ေရႊေပလႊာအေၾကာင္းစာမူကိုလည္း ျမန္မာျပည္ကို ေပးခဲ့ပါတယ္။
ဒါေပမယ့္ ျမန္မာအစိုးရက ထင္သေလာက္ တက္ၾကြမႉမရိွပါဘူး။ သူ႔စာမူကိုလည္း စာအုပ္အျဖစ္ေရာက္ေအာင္ မလုပ္ႏုိ္င္ခဲ့သလို ေရႊေပလႊာနဲ႔ ပတ္သက္ၿပီး လႉပ္လႉပ္ရွားရွား တစ္ခုမွ မလုပ္ခဲ့ပါဘူး။
ဒီလိုနဲ႔ ေနာက္ဆံုးေတာ့ ဟိုလည္ဒီလည္နဲ႔ စာမူဟာ ဆရာမ၀င့္ၿပံဳးျမင့္ဆီေရာက္သြားၿပီး ဆရာမကေနမွ တဆင့္ ကြၽန္ေတာ့္ဆီေရာက္လာပါတယ္။ ကြၽန္ေတာ္နဲ႔ ဂ်က္လိုင္ဒါတို႔လည္း ရန္ကုန္ၿမိဳ႕မွာ ေတြ႕ခဲ့ပါတယ္။ သူ႔အေနနဲ႔ ဒီစာအုပ္ကို ျပဳစုရတာနဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ့္ကို ျပည့္ျပည့္စံုစံုရွင္းျပသြားပါတယ္။
အမွန္ေတာ့ ဒီစာအုပ္ဟာ ျမန္မာသမိုင္းအတြက္ လြန္စြာအေရးႀကီးပါတယ္။ ျမန္မာလိုသာမက အဂၤလိပ္လိုပါ ထုတ္သင့္ပါတယ္။ ႏိုင္ငံတကာ သမိုင္းပညာရွင္အမ်ားစုဟာ အေလာင္းမင္းတရားႀကီးကို စစ္ရမၼတ္ႀကီးသူ၊ ေဒါသႀကီးသူအျဖစ္ ပံုေဖာ္ၾကပါတယ္။ ဒါေပမယ့္ ဒီစာအုပ္နဲ႔ ဒီေရႊေပလႊာအရ အေလာင္းမင္းတရားႀကီးဟာ သံခင္းတံမန္ခင္းကို တက္ကြၽမ္းသလို အဂၤလိပ္တို႔ဘက္ကို ပထမဆံုး သံတမန္ဆက္သြယ္ဖို႔ ႀကိဳးစားခဲ့ေၾကာင္း ေပၚလြင္ခဲ့ပါတယ္။
ဒီေနရာမွာ လက္ရိွအစိုးရနဲ႔ ယဥ္ေက်းမႉ ၀န္ႀကီးဌာန၊ ျပန္ၾကားေရး၀န္ႀကီးဌာနတို႔ရဲ႕ သမိုင္းတန္ဖိုး သိရွိအေလးထားမႉ အားနည္းပံုကို ထင္ထင္ရွားရွားျမင္ရပါတယ္။ အမွန္ဆို ဒီလို စာအုပ္မ်ိဳးကို ျမန္မာ - အဂၤလိပ္ႏွစ္ဘာသာနဲ႔ အစိုးရကထုတ္ရပါမယ္။ ၿပီးရင္ ျပည္တြင္းမွာေရာ ျပည္ပမွာေရာ စာအုပ္ပြဲေတြ၊ ေရႊေပလႊာနဲ႔ ပတ္သက္တဲ့ အထိမ္းအမွတ္ပြဲေတြ ျပဳသင့္ပါတယ္။ ဒါမွ ျပည္တြင္းကေရာ ျပည္ပကပါ ျမန္မာဘုရင္မ်ားရဲ႕ သံခင္းတမန္ခင္း အဆင့္ ဘယ္ေလာက္ျမင့္မားခဲ့သလိုုဆိုတာ လူပိုသိလာမွာပါ။
အခုေတာ့ ကြၽန္ေတာ့္လုိ ထုတ္ေ၀သူ ပိစိေကြးေလးကေန ထုတ္လိုက္ရေတာ့ ႏုိင္ငံေတာ္အဆင့္လဲ မေရာက္ပါဘူး။ ထင္ထင္ရွားရွားျဖစ္ေအာင္လည္း မလုပ္ႏုိင္ခဲ့ပါဘူး။ အမွန္ဆို ေနျပည္ေတာ္မွာရိွတဲ့ ေရႊေပလႊာ မိတၱဴနဲ႔အတူ စာအုပ္မိတ္ဆက္ပြဲေတြလုပ္။ ႏုိင္ငံတကာက သမိုင္းပညာရွင္ေတြ ဖိတ္ေခၚ။ ေဆြးေႏြးပြဲေတြလုပ္ရင္ တိုင္းျပည္အတြက္အမ်ားႀကီး အက်ိဳးရိွပါတယ္။
ယဥ္ေက်းမႉ ထိန္းသိမ္းတယ္ဆိုတာ စကဒ္အတိုေတြ ေဘာင္းဘီအတိုေတြ၊မ၀တ္ေအာင္ထိန္းသိမ္းတာကို ေခၚတာမဟုတ္ပါဘူး။ တကယ့္ တိုင္းျပည္ရဲ႕ ယဥ္ေက်းမႉ ရတနာေတြကို စနစ္တက်ထိန္းသိမ္းတာမွ ယဥ္ေက်းမႉ ထိန္းသိမ္းတာပါ။ ေရွးေဟာင္ၿမိဳ႕ေတြ ေရွးေဟာင္းပစၥည္းေတြရဲ႕ တန္ဖိုးကို နားလည္မွ ယဥ္ေက်းမႉရဲ႕ တန္ဖိုးကို နားလည္မွာပါ။ ေရွးေဟာင္းစာေပေတြ သမိုင္း၀င္ အထိမ္းအမွတ္ေတြကို ေဖာ္ထုတ္ႏိုင္မွ ျမန္မာ့ရိုးရာယဥ္ေက်းမႉကို ေဖာ္ထုတ္ႏိုင္မွာပါ။ ေမာ္ဒယ္ေတြ ဖင္ေပၚေခါင္းေပၚ ၀တ္တာေလာက္ကို လုိက္ၾကည့္၊ လိုက္တားၿပီး ယဥ္ေက်းမႉကို ထိန္းသိမ္းတယ္ဆိုရင္ေတာ့ အဲဒီလို ထိန္းသိမ္းတဲ့ သူေတြေရာ၊ ထိန္းသိမ္းတဲ့ အဖြဲ႕ေရာ မေယာင္ရာဆီးလူးၿပီး တိုင္းျပည္ရဲ႕ ေငြေၾကးေတြ ျဖဳန္းတီးေနရာ ေရာက္ေနပါေၾကာင္း....
ေျမမႈန္လြင္
................
အခုစာအုပ်ရဲ့ နောက်ကွယ်မှာ အဖြစ်အပျက်အပေါင်းများစွာ ရှိခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ ဒီစာအုပ်ရဲ့ မူရင်းစာရေးဆရာ ဂျက်လိုင်ဒါဟာ ဒီရွှေပေလွှာကို မြန်မာဘုရင်ရဲ့ ရွှေပေလွှာဖြစ်ကြောင်း ပထမဆုံး ဖော်ထုတ်နိုင်တဲ့ ပညာရှင်ပါ။ အခု ရွှေပေလွှာဟာ ဂျာမဏီနိုင်ငံ ဟန်နိုဗာ မြို့က စာကြည့်တိုက်တစ်ခုမှာ ရှိပါတယ်။ ကာလပေါက်စျေး တန်ဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးများပြီး ယူနက်စကိုကလည်း ကမ္ဘာယဉ်ကျေးမှူ အမွေအနှစ်အဖြစ် သတ်မှတ်ပေးထားပါတယ်။
သမ္မတကြီး ဦးသိန်စိန် အဖွဲ့ ဂျာမဏီကိုရောက်စဉ်ကလည်း ယခုစာအုပ်ရေးသားသူ ဂျက်လိုင်ဒါကိုယ်တိုင် သမ္မတကြီးနဲ့အဖွဲ့ကို ရှင်းလင်းပြသခဲ့ဖူးပါတယ်။
ဂျာမဏီအစိုးရလည်း မြန်မာပြည်နဲ့ ချစ်ကြည်ရေးအဖြစ် ယခု ရွှေပေလွှာပုံစံအတိုင်း မိတ္တူတစ်ခုကို ပြုလုပ်လှူဒါန်းခဲ့ပါတယ်။ ထို့အတူ ပညာရှင် ဂျက်လိုင်ဒါကလည်း သူပြုစုထားတဲ့ ရွှေပေလွှာအကြောင်းစာမူကိုလည်း မြန်မာပြည်ကို ပေးခဲ့ပါတယ်။
ဒါပေမယ့် မြန်မာအစိုးရက ထင်သလောက် တက်ကြွမှူမရှိပါဘူး။ သူ့စာမူကိုလည်း စာအုပ်အဖြစ်ရောက်အောင် မလုပ်နို်င်ခဲ့သလို ရွှေပေလွှာနဲ့ ပတ်သက်ပြီး လှူပ်လှူပ်ရှားရှား တစ်ခုမှ မလုပ်ခဲ့ပါဘူး။
ဒီလိုနဲ့ နောက်ဆုံးတော့ ဟိုလည်ဒီလည်နဲ့ စာမူဟာ ဆရာမဝင့်ပြုံးမြင့်ဆီရောက်သွားပြီး ဆရာမကနေမှ တဆင့် ကျွန်တော့်ဆီရောက်လာပါတယ်။ ကျွန်တော်နဲ့ ဂျက်လိုင်ဒါတို့လည်း ရန်ကုန်မြို့မှာ တွေ့ခဲ့ပါတယ်။ သူ့အနေနဲ့ ဒီစာအုပ်ကို ပြုစုရတာနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို ပြည့်ပြည့်စုံစုံရှင်းပြသွားပါတယ်။
အမှန်တော့ ဒီစာအုပ်ဟာ မြန်မာသမိုင်းအတွက် လွန်စွာအရေးကြီးပါတယ်။ မြန်မာလိုသာမက အင်္ဂလိပ်လိုပါ ထုတ်သင့်ပါတယ်။ နိုင်ငံတကာ သမိုင်းပညာရှင်အများစုဟာ အလောင်းမင်းတရားကြီးကို စစ်ရမ္မတ်ကြီးသူ၊ ဒေါသကြီးသူအဖြစ် ပုံဖော်ကြပါတယ်။ ဒါပေမယ့် ဒီစာအုပ်နဲ့ ဒီရွှေပေလွှာအရ အလောင်းမင်းတရားကြီးဟာ သံခင်းတံမန်ခင်းကို တက်ကျွမ်းသလို အင်္ဂလိပ်တို့ဘက်ကို ပထမဆုံး သံတမန်ဆက်သွယ်ဖို့ ကြိုးစားခဲ့ကြောင်း ပေါ်လွင်ခဲ့ပါတယ်။
ဒီနေရာမှာ လက်ရှိအစိုးရနဲ့ ယဉ်ကျေးမှူ ၀န်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနတို့ရဲ့ သမိုင်းတန်ဖိုး သိရှိအလေးထားမှူ အားနည်းပုံကို ထင်ထင်ရှားရှားမြင်ရပါတယ်။ အမှန်ဆို ဒီလို စာအုပ်မျိုးကို မြန်မာ - အင်္ဂလိပ်နှစ်ဘာသာနဲ့ အစိုးရကထုတ်ရပါမယ်။ ပြီးရင် ပြည်တွင်းမှာရော ပြည်ပမှာရော စာအုပ်ပွဲတွေ၊ ရွှေပေလွှာနဲ့ ပတ်သက်တဲ့ အထိမ်းအမှတ်ပွဲတွေ ပြုသင့်ပါတယ်။ ဒါမှ ပြည်တွင်းကရော ပြည်ပကပါ မြန်မာဘုရင်များရဲ့ သံခင်းတမန်ခင်း အဆင့် ဘယ်လောက်မြင့်မားခဲ့သလိုုဆိုတာ လူပိုသိလာမှာပါ။
အခုတော့ ကျွန်တော့်လို ထုတ်ဝေသူ ပိစိကွေးလေးကနေ ထုတ်လိုက်ရတော့ နိုင်ငံတော်အဆင့်လဲ မရောက်ပါဘူး။ ထင်ထင်ရှားရှားဖြစ်အောင်လည်း မလုပ်နိုင်ခဲ့ပါဘူး။ အမှန်ဆို နေပြည်တော်မှာရှိတဲ့ ရွှေပေလွှာ မိတ္တူနဲ့အတူ စာအုပ်မိတ်ဆက်ပွဲတွေလုပ်။ နိုင်ငံတကာက သမိုင်းပညာရှင်တွေ ဖိတ်ခေါ်။ ဆွေးနွေးပွဲတွေလုပ်ရင် တိုင်းပြည်အတွက်အများကြီး အကျိုးရှိပါတယ်။
ယဉ်ကျေးမှူ ထိန်းသိမ်းတယ်ဆိုတာ စကဒ်အတိုတွေ ဘောင်းဘီအတိုတွေ၊မဝတ်အောင်ထိန်းသိမ်းတာကို ခေါ်တာမဟုတ်ပါဘူး။ တကယ့် တိုင်းပြည်ရဲ့ ယဉ်ကျေးမှူ ရတနာတွေကို စနစ်တကျထိန်းသိမ်းတာမှ ယဉ်ကျေးမှူ ထိန်းသိမ်းတာပါ။ ရှေးဟောင်မြို့တွေ ရှေးဟောင်းပစ္စည်းတွေရဲ့ တန်ဖိုးကို နားလည်မှ ယဉ်ကျေးမှူရဲ့ တန်ဖိုးကို နားလည်မှာပါ။ ရှေးဟောင်းစာပေတွေ သမိုင်းဝင် အထိမ်းအမှတ်တွေကို ဖော်ထုတ်နိုင်မှ မြန်မာ့ရိုးရာယဉ်ကျေးမှူကို ဖော်ထုတ်နိုင်မှာပါ။ မော်ဒယ်တွေ ဖင်ပေါ်ခေါင်းပေါ် ၀တ်တာလောက်ကို လိုက်ကြည့်၊ လိုက်တားပြီး ယဉ်ကျေးမှူကို ထိန်းသိမ်းတယ်ဆိုရင်တော့ အဲဒီလို ထိန်းသိမ်းတဲ့ သူတွေရော၊ ထိန်းသိမ်းတဲ့ အဖွဲ့ရော မယောင်ရာဆီးလူးပြီး တိုင်းပြည်ရဲ့ ငွေကြေးတွေ ဖြုန်းတီးနေရာ ရောက်နေပါကြောင်း....
မြေမှုန်လွင်
No comments:
Post a Comment