CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Saturday, January 2, 2016
ေအာင္ဘာေလထီမူၾကမ္း အတည္ျပဳၿပီးပါက အြန္လိုင္းမွတစ္ဆင့္ ေရာင္းခ်မည္
ေအာင္ဘာေလထီ ဥပေဒမူၾကမ္း အတည္ျပဳၿပီးပါက ၂၀၁၆ ခုႏွစ္အတြင္း ထီမ်ားကို
အြန္လိုင္းမွ တစ္ဆင့္ e-Lottery စနစ္ျဖင့္ ေရာင္းခ် ေပးသြားမည္ျဖစ္ေၾကာင္း
ျပည္တြင္း အခြန္မ်ားဦးစီးဌာနမွ သိရွိရသည္။
“ဥပေဒမူၾကမ္း အတည္ျပဳၿပီးသြားရင္ေတာ့ အြန္လိုင္းကေနၿပီး ထီေရာင္းခ်သြားဖို႔
စီစဥ္ေနတယ္။ အြန္လိုင္းကေနေတာ့ လက္မွတ္နဲ႔ မဟုတ္ေတာ့ဘူး။ ကိန္းဂဏန္းကိုပဲ
ထိုးရမွာျဖစ္တယ္။ မူၾကမ္း အတည္ျပဳၿပီးသြားတဲ့အခါ အဲ့ဒီစနစ္ လုပ္ေဆာင္ျဖစ္ရင္
ေတာ့ ႏိုင္ငံျခားကုမၸဏီနဲ႔ ဖက္စပ္လုပ္ကိုင္သြားမယ္။ အခုလက္ရွိမွာ လက္မွတ္စနစ္နဲ႔
ေရာင္းခ်ေနတဲ့ ေအာင္ဘာေလကလည္း ဒီအတိုင္းပဲ ဆက္လက္ လုပ္ေဆာင္သြား
မယ္”ဟု ျပည္တြင္းအခြန္ မ်ားဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ျမန္မာႏိုင္ငံတြင္ e-Lottery စနစ္ အေကာင္အထည္ေဖာ္ ေဆာင္ႏိုင္ရန္ ႏိုင္ငံျခား
ကုမၸဏီမ်ားကို တင္ဒါ ေခၚယူ သြားမည္ျဖစ္ၿပီး တင္ဒါေအာင္ျမင္သည့္ ကုမၸဏီမွ
ေငြေၾကး အရင္းအႏွီးႏွင့္ နည္းပညာကို ကုမၸဏီမွ ေဆာင္ရြက္သြားရမည္ ျဖစ္ေၾကာင္း
သိရသည္။
“ဥပေဒက အတည္ မျဖစ္ေသးေတာ့ ေျပာလို႔ မရေသးဘူး။ အြန္လိုင္းကေနေတာ့
ေရာင္းခ်ဖို႔အတြက္ အစီအစဥ္ေတာ့ မရွိေသးပါဘူး။ ဒီစနစ္ လုပ္ေဆာင္ျဖစ္ရင္လည္း
လက္မွတ္စနစ္နဲ႔ ေရာင္းခ်တာ ကိုေတာ့ ထိခိုက္မႈမရွိႏိုင္ပါဘူး။ လက္မွတ္စနစ္
ကေတာ့ သတ္ဆိုင္ရာ အခြန္ဦးစီးဌာနမွာ လိုခ်င္ သေလာက္တင္ျပရတယ္။
ၿပီးေတာ့မွ တစ္ဦးကို ဘယ္ေလာက္ႏႈန္းဆိုၿပီး ျပန္ၿပီးေတာ့ ခဲြေဝေပးတာ ျဖစ္တယ္”
ဟု ေအာင္ဘာေလ သိန္းဆုဌာနခဲြ ညႊန္ၾကားေရးမွဴး ဦးထြန္းထြန္းေအာင္က
ေျပာသည္။
လက္ရွိတြင္ e-Lottery စနစ္ အေကာင္အထည္ ေဖာ္ေဆာင္ႏိုင္ရန္ ေအာင္ေလထီ
မူၾကမ္းကို ျပည္ေထာင္စု လႊတ္ေတာ္သို႔ ၂၀၁၅ ခုႏွစ္ ေအာက္တိုဘာလအတြင္းက
တင္ျပထားၿပီး လက္ရွိ အခ်ိန္အထိ ေဆြးေႏြးမႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း
သိရသည္။
လက္ရွိ ျမန္မာႏိုင္ငံတြင္ မိုးယံ၊ ေရႊလမင္းႏွင့္ ျမတ္ဆုကေဋထီဆိုင္၊ ေရႊျမန္မာ
ထီဆိုင္မ်ားက တရား၀င္ ဖြင့္လွစ္ ေရာင္းခ်လ်က္ရွိေၾကာင္း သိရသည္။
သတင္း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies/
...................
အောင်ဘာလေထီ ဥပဒေမူကြမ်း အတည်ပြုပြီးပါက ၂၀၁၆ ခုနှစ်အတွင်း ထီများကို
အွန်လိုင်းမှ တစ်ဆင့် e-Lottery စနစ်ဖြင့် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း
ပြည်တွင်း အခွန်များဦးစီးဌာနမှ သိရှိရသည်။
“ဥပဒေမူကြမ်း အတည်ပြုပြီးသွားရင်တော့ အွန်လိုင်းကနေပြီး ထီရောင်းချသွားဖို့
စီစဉ်နေတယ်။ အွန်လိုင်းကနေတော့ လက်မှတ်နဲ့ မဟုတ်တော့ဘူး။ ကိန်းဂဏန်းကိုပဲ
ထိုးရမှာဖြစ်တယ်။ မူကြမ်း အတည်ပြုပြီးသွားတဲ့အခါ အဲ့ဒီစနစ် လုပ်ဆောင်ဖြစ်ရင်
တော့ နိုင်ငံခြားကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်သွားမယ်။ အခုလက်ရှိမှာ လက်မှတ်စနစ်နဲ့
ရောင်းချနေတဲ့ အောင်ဘာလေကလည်း ဒီအတိုင်းပဲ ဆက်လက် လုပ်ဆောင်သွား
မယ်”ဟု ပြည်တွင်းအခွန် များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် e-Lottery စနစ် အကောင်အထည်ဖော် ဆောင်နိုင်ရန် နိုင်ငံခြား
ကုမ္ပဏီများကို တင်ဒါ ခေါ်ယူ သွားမည်ဖြစ်ပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ
ငွေကြေး အရင်းအနှီးနှင့် နည်းပညာကို ကုမ္ပဏီမှ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း
သိရသည်။
“ဥပဒေက အတည် မဖြစ်သေးတော့ ပြောလို့ မရသေးဘူး။ အွန်လိုင်းကနေတော့
ရောင်းချဖို့အတွက် အစီအစဉ်တော့ မရှိသေးပါဘူး။ ဒီစနစ် လုပ်ဆောင်ဖြစ်ရင်လည်း
လက်မှတ်စနစ်နဲ့ ရောင်းချတာ ကိုတော့ ထိခိုက်မှုမရှိနိုင်ပါဘူး။ လက်မှတ်စနစ်
ကတော့ သတ်ဆိုင်ရာ အခွန်ဦးစီးဌာနမှာ လိုချင် သလောက်တင်ပြရတယ်။
ပြီးတော့မှ တစ်ဦးကို ဘယ်လောက်နှုန်းဆိုပြီး ပြန်ပြီးတော့ ခွဲဝေပေးတာ ဖြစ်တယ်”
ဟု အောင်ဘာလေ သိန်းဆုဌာနခွဲ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းအောင်က
ပြောသည်။
လက်ရှိတွင် e-Lottery စနစ် အကောင်အထည် ဖော်ဆောင်နိုင်ရန် အောင်လေထီ
မူကြမ်းကို ပြည်ထောင်စု လွှတ်တော်သို့ ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်းက
တင်ပြထားပြီး လက်ရှိ အချိန်အထိ ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း
သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မိုးယံ၊ ရွှေလမင်းနှင့် မြတ်ဆုကဋေထီဆိုင်၊ ရွှေမြန်မာ
ထီဆိုင်များက တရားဝင် ဖွင့်လှစ် ရောင်းချလျက်ရှိကြောင်း သိရသည်။
သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies/
ေအာင္ဘာေလထီမူၾကမ္း အတည္ျပဳၿပီးပါက အြန္လိုင္းမွတစ္ဆင့္ ေရာင္းခ်မည္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 02, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment