Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, January 28, 2016

ခံုေကာင္စီ ဖ်က္သိမ္းေပးဖို႔ အလုပ္ သမားေခါင္းေဆာင္ေတြ ေတာင္းဆုိ

29 January 2016 

ထိပ္တန္းျမန္မာအထည္ခ်ဳပ္စက္ရံုက အလုပ္သမား ၂ဝဝ ေက်ာ္ဟာ လုပ္ခလစာ အျပည့္မရရွိတာေၾကာင့္ ဇန္နဝါရီလ ၇ ရက္ေန႔က လမ္းေလွ်ာက္ဆႏၵျပၾကစဥ္ Photo: Thiha Tun/RFA
ရန္ကုန္တုိင္းေဒသႀကီး လႈိင္သာယာနဲ႔ ေတာင္ဒဂံုစက္မႈဇုန္က စက္ရံု ၁ဝ ရံုမွာရွိတဲ့ အလုပ္သမားေတြက အလုပ္ရွင္နဲ႔ အလုပ္သမားၾကား အျငင္းပြားမႈေတြကို ေျဖရွင္းေပးတဲ့ ခံုေကာင္စီအဖဲြ႔ကို ဖ်က္သိမ္းေပးဖို႔ ဒီေန႔ သတင္းစာရွင္းလင္းပဲြမွာ ေတာင္းဆုိလိုက္ပါတယ္။

လိႈင္သာယာၿမိဳ႕နယ္ အလုပ္သမားသင္တန္းေက်ာင္းရံုးမွာ စက္ရံု ၁ဝ ရံုက အလုပ္သမားေခါင္းေဆာင္ေတြ စုေပါင္းသတင္းစာရွင္းလင္းပဲြ က်င္းပတာျဖစ္ပါတယ္။ ခံုေကာင္စီဟာ အလုပ္ရွင္ေတြဘက္ကေန ရပ္တည္ေပးေနတဲ့အတြက္ ဆံုးျဖတ္ခ်က္ေတြဟာ မမွ်တဘူးလို႔ Yes One အထည္ခ်ဳပ္စက္ရံုက အလုပ္သမား မဝင္းသိဂီ ၤစိုးက ေျပာပါတယ္။

"ခံုေကာင္စီ ဆံုျဖတ္ခ်က္ေတြက မမွန္ကန္လို႔ေပါ့ေနာ္ ခံုေကာင္စီကိုဖ်က္သိမ္းေပးပါေပါ့၊ တကယ္လို႔ မဖ်က္သိမ္းေပးဘူးဆိုရင္ေပါ့ က်မတို႔ အလုပ္သမားေတြအေနနဲ႔ ေရွရွည္ဆက္လက္ရပ္တည္ဖို႔က မျဖစ္ႏိုင္ေတာ့လို႔ ဒီဆံုးျဖတ္ခ်က္ေတြက ဥပေဒထက္ကိ္ု ေဘာင္ေက်ာ္လြန္ၿပီးေတာ့ ဆံုျဖတ္ေပးေနလို႔ အလုပ္ရွင္ေတြဘက္ကေနၿပီးေတာ့ ဆံုးျဖတ္ေပးေနလို႔ ခံုေကာင္စီကို အဓိကဖ်က္သိမ္းခိုင္းတာ"

သတင္းစာရွင္းလင္းပြဲကို North Shore၊ ထိပ္တန္းျမန္မာ၊ က်ားမင္း၊ ေငြျခေသၤ့၊ Myanmar Handsome နဲ႔ Yes One စတဲ့ စက္ရံု ၁ဝ ရံုက အလုပ္သမား ၅ဝ ေလာက္ တက္ေရာက္ခဲ့ၾကပါတယ္။

လႈိင္သာယာစက္မႈဇုန္က ထိပ္တန္းျမန္မာ အထည္ခ်ဳပ္စက္ရံုမွာ ၿပီးခဲ့တဲ့ႏွစ္ကုန္ေလာက္က လုပ္ခလစာ အျပည့္မရလို႔ စက္ရံုအျပင္မွာ ဆႏၵျပတာေတြရွိခဲ့သလို စက္ရံုတြင္းမွာ အလုပ္လုပ္ရင္း ဆႏၵျပသူေတြလည္း ရွိတယ္လို႔ သိရပါတယ္။ အ့ဲဒီကိစၥမွာ ခံုေကာင္စီက ဆႏၵျပအလုပ္သမားေတြရဲ႕ ေတာင္းဆုိခ်က္ေတြ ကိုသာ ေျဖရွင္းေပးၿပီး စက္ရံုတြင္းက အလုပ္သမားေတြရဲ႕ ေတာင္းဆုိခ်က္ကို ေဆာင္ရြက္ေပးတာမရွိဘူးလို႔ သတင္းစာရွင္းလင္းပဲြကို တက္ေရာက္ခဲ့တဲ့ ထိပ္တန္းျမန္မာစက္ရံု အလုပ္သမားေတြက ေျပာပါတယ္။

ခံုေကာင္စီဟာ အလုပ္ရွင္၊ အလုပ္သမားၾကား အျငင္းပြားမႈေတြ တုိင္ၾကားမႈေတြကို ေျဖရွင္းေဆာင္ရြက္ေပး ရတာျဖစ္ၿပီး ခံုေကာင္စီရဲ႕ ဆံုးျဖတ္ခ်က္အတိုင္း လိုက္နာရတာ ျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese

.......................................................

ခုံကောင်စီ ဖျက်သိမ်းပေးဖို့ အလုပ် သမားခေါင်းဆောင်တွေ တောင်းဆို
29 January 2016 
ထိပ်တန်းမြန်မာအထည်ချုပ်စက်ရုံက အလုပ်သမား ၂ဝဝ ကျော်ဟာ လုပ်ခလစာ အပြည့်မရရှိတာကြောင့် ဇန်နဝါရီလ ရ ရက်နေ့က လမ်းလျှောက်ဆန္ဒပြကြစဉ် Photo: Thiha Tun/RFA
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာနဲ့ တောင်ဒဂုံစက်မှုဇုန်က စက်ရုံ ၁ဝ ရုံမှာရှိတဲ့ အလုပ်သမားတွေက အလုပ်ရှင်နဲ့ အလုပ်သမားကြား အငြင်းပွားမှုတွေကို ဖြေရှင်းပေးတဲ့ ခုံကောင်စီအဖွဲ့ကို ဖျက်သိမ်းပေးဖို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုလိုက်ပါတယ်။

လှိုင်သာယာမြို့နယ် အလုပ်သမားသင်တန်းကျောင်းရုံးမှာ စက်ရုံ ၁ဝ ရုံက အလုပ်သမားခေါင်းဆောင်တွေ စုပေါင်းသတင်းစာရှင်းလင်းပွဲ ကျင်းပတာဖြစ်ပါတယ်။ ခုံကောင်စီဟာ အလုပ်ရှင်တွေဘက်ကနေ ရပ်တည်ပေးနေတဲ့အတွက် ဆုံးဖြတ်ချက်တွေဟာ မမျှတဘူးလို့ Yes One အထည်ချုပ်စက်ရုံက အလုပ်သမား မဝင်းသိဂီ င်္စိုးက ပြောပါတယ်။

"ခုံကောင်စီ ဆုံဖြတ်ချက်တွေက မမှန်ကန်လို့ပေါ့နော် ခုံကောင်စီကိုဖျက်သိမ်းပေးပါပေါ့၊ တကယ်လို့ မဖျက်သိမ်းပေးဘူးဆိုရင်ပေါ့ ကျမတို့ အလုပ်သမားတွေအနေနဲ့ ရှေရှည်ဆက်လက်ရပ်တည်ဖို့က မဖြစ်နိုင်တော့လို့ ဒီဆုံးဖြတ်ချက်တွေက ဥပဒေထက်ကိ်ု ဘောင်ကျော်လွန်ပြီးတော့ ဆုံဖြတ်ပေးနေလို့ အလုပ်ရှင်တွေဘက်ကနေပြီးတော့ ဆုံးဖြတ်ပေးနေလို့ ခုံကောင်စီကို အဓိကဖျက်သိမ်းခိုင်းတာ"

သတင်းစာရှင်းလင်းပွဲကို North Shore၊ ထိပ်တန်းမြန်မာ၊ ကျားမင်း၊ ငွေခြင်္သေ့၊ Myanmar Handsome နဲ့ Yes One စတဲ့ စက်ရုံ ၁ဝ ရုံက အလုပ်သမား ၅ဝ လောက် တက်ရောက်ခဲ့ကြပါတယ်။

လှိုင်သာယာစက်မှုဇုန်က ထိပ်တန်းမြန်မာ အထည်ချုပ်စက်ရုံမှာ ပြီးခဲ့တဲ့နှစ်ကုန်လောက်က လုပ်ခလစာ အပြည့်မရလို့ စက်ရုံအပြင်မှာ ဆန္ဒပြတာတွေရှိခဲ့သလို စက်ရုံတွင်းမှာ အလုပ်လုပ်ရင်း ဆန္ဒပြသူတွေလည်း ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီကိစ္စမှာ ခုံကောင်စီက ဆန္ဒပြအလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေ ကိုသာ ဖြေရှင်းပေးပြီး စက်ရုံတွင်းက အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို ဆောင်ရွက်ပေးတာမရှိဘူးလို့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ ထိပ်တန်းမြန်မာစက်ရုံ အလုပ်သမားတွေက ပြောပါတယ်။

ခုံကောင်စီဟာ အလုပ်ရှင်၊ အလုပ်သမားကြား အငြင်းပွားမှုတွေ တိုင်ကြားမှုတွေကို ဖြေရှင်းဆောင်ရွက်ပေး ရတာဖြစ်ပြီး ခုံကောင်စီရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာရတာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment