CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, January 10, 2016
ဗမာပြည် ၇ဲ့  အများဆုံး သစ်ခုတ်ခွင့်ရ ထိပ်တန်းကုမ္ပဏီ ၁၀ ခု
၁ ။ မြတ်နိုးသူ
၂ ။ တင်ဝင်းထွန်း
၃ ။ Nature Timber
၎ ။ ထူး
၅ ။ IGE ( MRT )
၆ ။ Global Star
၇ ။ Lucre Wood
၈ ။ Momentum
၉ ။ Wood World
၁၀။ ထွန်းမြတ်အောင်
ဒီ ဧရာမကုမ္ပဏီကြီး တွေကို ကမကထပြုလုပ်နေတဲ့ သူကြွယ်ခရိုနီကြီးတွေကို လေ့လာကြည့်ရအောင်ပါ။
၁ ။ မြတ်နိုးသူ ကုမ္ပဏီ ကို ဦးကျော်စိုးလွင် ပိုင်ဆိုင်ပါတယ် ။ နံမည်သိပ်မထွက်ပေမယ့်  ထိပ်ဆုံးမှာလုပ်ပိုင်ခွင့်အများဆုံးရထားသူပါ။
၂ ။ တင်ဝင်းထွန်း ကုမ္ပဏီ ကတော့ ဗမာပြည်အထက်ပိုင်းမုံရွာမြို့မှာအခြေစိုက်တဲ့ ဦးတင်ဝင်းက ဦးစီး လုပ်ကိုင်ပါ တယ်။
၃ ။ Nature Timber ကုမ္ပဏီ ကတော့ Jewellery Luck ကိုလုပ်ကိုင်နေတဲ့ ဦးကျော်စိန်နဲ့ ဆက်စပ်ပါတယ်။
၎ ။ ထူး ကုမ္ပဏီ ကတော့ အများသိတဲ့အတိုင်း ကမ္ဘာကျော် ' သူကြွယ်ကြီးဦးတေဇ 'ကပိုင်ဆိုင်ပါတယ် ။ ထူး ကုမ္ပဏီ အနေနဲ့ ကတော့ ၂၀၁၃ ခုနှစ်နောက်ပိုင်းမှာ သစ်ထုတ်ခြင်းမပြုတော့ပါဘူး။
၅ ။ IGE ရဲ့ MRT< Myanmar Rice Trading > ကုမ္ပဏီ ကတော့ သွားလေသူ ဦးအောင်သောင်းရဲ့သားဦးနေအောင်ပိုင်ဆိုင်ကြောင်းပါ။
၆ ။ Global Star ကုမ္ပဏီ ကတော့ Dragon Group of Companies ကို တည်ထောင်လုပ်ကိုင်နေတဲ့ UMFCCI ရဲ့  လက်ရှိ ဥက္ကဌ ဦးဝင်းအောင်ရဲ့ ကုမ္ပဏီ ပါ။
၇ ။ Lucre Wood ကတော့ ကမ္ဘာကျော် ဘိန်းဘုရင်လော်စစ်ဟန်ရဲ့ Asia World ကို ဖခင်မရှိတော့တဲ့နောက်ပိုင်း တာဝန်ယူ လုပ်ကိုင်နေတဲ့ လော်စစ်ဟန် ရဲ့သား Steven Law ခေါ် ဦးထွန်းမြင့်နိုင် ရဲ့ ကုမ္ပဏီ ခွဲတစ်ခုပါ။
၈ ။ Momentum ကုမ္ပဏီ ရဲ့ ဒါရိုက်တာ စာရင်းမှာတော့ ဦးချိန်းစိန့်အိန် ၊ ဦးချစ်မောင် ၊ ဦးကြည်ဆွေ ၊ ဦး သိန်းဟန် ၊ ဒေါ်မျိုးမျိုးခိုင် နဲ့အခြားသူတွေပါဝင်သလို ကယားဖူး ဦးကြည်စိန် နဲ့ ပတ်သက်တဲ့ ကုမ္ပဏီ ပါ။
၉ ။ World Wood ကုမ္ပဏီ ရဲ့ဒါရိုက်တာ စာရင်းမှာလည်း ဦးချိန်းစိန့်အိန် ပါဝင်ပါတယ် ။
၁၀ ။ ထွန်းမြတ်အောင် ကုမ္ပဏီ ရဲ့ ဒါရိုက်တာ စာရင်းမှာ တော့ ဦးဌေးအောင် ၊ ဦးစိုင်းထွန်းမြတ် တို့ပါဝင်ပါတယ်။ဦးစိုင်းထွန်းမြတ် ရဲ့နောက်နာမည် 'ထွန်းမြတ်'နဲ့ ဦးဌေးအောင် ရဲ့ နောက်နာမည်' အောင်' ကို ပေါင်းပြီး 'ထွန်းမြတ်အောင်' ကုမ္ပဏီ လို့ခေါ်တွင်အမည်ပေးခဲ့တာလို့ယူဆရပါတယ်။
သစ်တောပြုန်းတီးရခြင်းမှာ သစ်ခုတ်ခွင့်ရ ကုမ္ပဏီတွေသာမကဘဲ ဝန်ကြီးဌာန ရဲ့တာဝန်ရှိသူတွေပါဝင်ပတ်သက်နေတာတွေ့ရမှာပါ ။
အရင်အစိုးရတောင်မပေးရဲခဲ့တဲ့ပမာဏထိတိုးပြီးစံချိန်တင်သစ်ခုတ် ခွင့်ပေးခဲ့ပါတယ်။ ခုတ်ခွင့်ပေးတဲ့သူက နောက်မတွန့်ဘဲ ရှေ့ ဆက်တိုးပြီး ချပေးတဲ့အတွက်ခုတ်ခွင့်ရသူကလည်း လက်မတွန့်ဘဲ ခုတ်တာဖြစ်လို့ အဓိကတာဝန်ရှိသူက ပါမစ်ချပေးတဲ့သူ နောက်ထပ်တာဝန်ရှိသူက တစ်ကယ်သစ်ခုတ်တဲ့သူသာဖြစ်တယ်။
Source by Eleven Media.
ဗမာပြည် ၇ဲ့  အများဆုံး သစ်ခုတ်ခွင့်ရ ထိပ်တန်းကုမ္ပဏီ ၁၀ ခု
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 10, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment